ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆပ်​ပြာလုပ်​ခြင်းအကျိုး

homemade ဆပ်ပြာ ကို
ကိုယ်တိုင် ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးနှင့် သတိပြုရမည့်အရာများ



ဟန်းမိတ်ဆပ်ပြာကို ပြုလုပ် သုံးစွဲရာမှာ ရရှိလာတဲ့ အကျိုးရလာဒ်တွေကတော့ အံ့မခန်းပါပဲ ဒါပေမယ့် သတိပြုလုပ်ဆောင်ရမယ့် အချက်လေးတွေကိုလဲ သတိထားပေးဖို့ လိုပါတယ်။ ပထမဆုံး အကျိုးကျေးဇူးဘာရှိလဲ ကြည့်ကြရအောင်…
လောလောဆယ် ကိုယ့်ရေချိုးခန်းထဲက ဆပ်ပြာတုံးကို ပြေးကြည့်လိုက်ပါ။ စက်ရုံထုတ် ဆပ်ပြာ ဖြစ်နေခဲ့တယ်ဆိုရင်တော့ သူတို့ကို ဆပ်ပြာအစစ်လို့ ခေါ်လို့ မရပါဘူး။
သူတို့ဟာ ဓါတုပစ္စည်းတွေ ပေါင်းစပ်ပြုလုပ်ထားတဲ့ ဂျေးချွတ်ဆေးတွေသာ ဖြစ်ကြပါတယ်။ ရေနံကရတဲ့ ဓါတုပစ္စည်းတွေ၊ အမြှုပ်ထွက်စေအောင်ပြုလုပ်ပေးတဲ့ ဓါတုပစ္စည်းတွေ နဲ့ တခြား ကျွန်တော်တို့စာလုံးတောင်မပေါင်းတတ်နိုင်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ ဒီဂျေးချွတ်ဆေးတွေဟာ အသားအရည်ကို မာကြောကြမ်းတမ်းစေတဲ့အပြင် အရေပြားပေါ်က သဘာဝအဆီ နဲ့ အစိုဓါတ်ကိုပါ ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ အရေပြားဆိုတာဟာ တစ်ကိုယ်လုံးရဲ့ အကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် လေထု ရေထု ညစ်ညမ်းမှုတွေကနေ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ ပထမဆုံးသော အလွှာဖြစ်ပါတယ်။ ကျွန်တော်တို့ အရေပြားဟာ သူ့ပေါ်ကိုရောက်လာသမျှ အဆိပ်ဖြစ်စေတဲ့အရာရော သဘာဝ ပစ္စည်းတိုင်းရော အားလုံးကို စုပ်ယူတတ်တဲ့ သဘာဝရှိနေပါတယ်။

ဆပ်ပြာစစ်စစ်ဆိုတာဘာလဲ သိချင်ရင် ဆက်ဖတ်ကြည့်ကြရအောင်..
ဆပ်ပြာစစ်စစ် စတင်ပြုလုပ်ရင် အဆီ၊ အရည် နဲ့ ဆိုဒီယမ် ဟိုက်ဒရောဆိုက် လို့ခေါ်တဲ့ (Lye) တို့ အချိုးညီစွာပေါင်းစပ်ရာကနေ 'trace' လို့ခေါ်တဲ့ အခြေအနေထိရောက်ရှိလာပါတယ်။ ဒီသုံးမျိုးပေါင်း trace ထူလာတာနဲ့အမျှ ပူတင်းလိုဖြစ်လာရင်း ဆပ်ပြာအကြမ်းထည်ကို ရရှိပါတယ်။ ဒီဆပ်ပြာကြမ်းရည်ကို မို (ပုံစံခွက်) ထဲလောင်းထည့်ပြီး 24 နာရီအတွင်း ဆပ်ပြာဖြစ်စဉ်ဖြစ်ပေါ်ပါတယ်။ ပြီးတဲ့နောက် မိုထဲကထုတ် 4 ပါတ်ကနေ 6 ပါတ်ကြားကြာရင် သုံးစွဲဖို့ရာ အဆင်သင့်ဖြစ်ပါပြီ။ စောင့်ရတာ ကြာတယ်ထင်ရပေမယ့်  အကျိုးမယုတ်စေရပါဘူး။
သဘာဝဆပ်ပြာ (Natural Soap) ကို သဘာဝကရတဲ့ ပစ္စည်းတွေနဲ့သာလုပ်ပါတယ်။
Natural Soap တွေကို အသားအရည်ကို စိုပြေကျန်းမာစေတဲ့ natural oils, အဆီ၊ ထောပတ် တွေနဲ့သာ ပြုလုပ်ပါတယ်။ အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေသုံးလေလေ ကိုယ့်ဆပ်ပြာ အရည်အသွေး ကောင်းလေလေပါပဲ။ ဥပမာ organic oil တွေသုံးလို့ရပါတယ်။

တချို့ကလဲ ဆပ်ပြာလုပ်ရာမှာ တိရစ္ဆာန်ဆီမသုံး ပဲလုပ်ကြပေမယ့် ၀က်ဆီ၊ အမဲဆီ တွေနဲ့ လုပ်တဲ့ ဆပ်ပြာတွေဟာလဲ အကျိုးကျေးဇူးများပါတယ်။ ဒီဆီတွေက ဈေးလဲ မကြီး၊ ၀ယ်ရလဲလွယ်ပါတယ်။ တခြား ဆီနဲ့လဲ ရောသုံးပေါ့နော်။ တိရစ္ဆာန်ကရတဲ့ ဆီမသုံးချင်ရင်တော့ စားအုန်းဆီကို အစားထိုးသုံးစွဲလို့ ရပါတယ်။
ဆပ်ပြာလုပ်ရာမှာ အရည်မျိုးစုံကို သုံးပြီးလုပ်လို့ရပါတယ်။ အများစုကတော့ ရေကိုသုံးကြပါတယ်။ ဒါပေမယ့် တခြား အရည်တွေသုံးမယ်ဆို သုံးလို့ရပါတယ်။ Herbal tea ကိုသုံးရင် သူ့ရဲ့ Herbal ကရလာမယ့် အကျိုးကျေးဇူးကို ဆပ်ပြာကတဆင့် ရနိုင်ပါတယ်။ နို့ကို သုံးရင်တော့ သူ့မှာပါဝင်တဲ့ ကြွယ်ဝတဲ့ အဆီဓါတ်တွေဟာ အကောင်းဆုံးဆပ်ပြာဖြစ်လာစေနိုင်ပါတယ်။
#handmade ဆပ်ပြာတွေမှာ တချို့ကလဲ အရောင်နဲ့ အနံ့ဆီတွေထည့်သုံးကြပါသေးတယ်။ သတိထားရမှာက သဘာဝကရလာတဲ့ အရောင်နဲ့ essential oils (သဘာဝအနံ့ဆီ) တွေကသာ အရေပြား  ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာပါပဲ။ အလုပ်ကပြန်အလာ lavender essential oil လေးနဲ့လုပ်တဲ့ဆပ်ပြာနဲ့ ရေချိုးမယ်ဆို လူကို relax ဖြစ်စေမှာပါ။ မနက်အိပ်ယာထ peppermint essential oil အနံ့နဲ့ရေချိုးရင် လန်းဆန်းစေပါလိမ့်မယ်။
အရောင်အနံ့အသုံးပြုတာတော့ ကိုယ့်ရွေးချယ်မှုပါ။ သဘာဝအရောင်ကိုမှသုံးချင်တယ်ဆိုရင် အပင်တွေ ပန်းပွင့်တွေက ရတဲ့ အရောင်တွေသုံးလို့ရပါတယ်။ တစ်ချို့အရောင်တွေကလဲ မိုထဲမှာရှိနေစဉ်မှာပဲ အရောင်ပျယ်၊ အနံ့ပျယ်သွားတတ်ပါတယ်။ သုံးတဲ့ဆီရဲ့ အရောင်ကလဲ ဆပ်ပြာအရောင်မှာ စကားပြောပါသေးတယ်။ ဆိတ်နို့ ကနေလုပ်တဲ့ ဆပ်ပြာဆိုရင်တော့ ခရင်မ်ရောင် အညိုရောင်ဖျော့ဖျော့ရောင်ဘက်ကို ရောက်သွားတတ်ပါတယ်။
ဂရစ်စလင်းဟာ handmade ဆပ်ပြာလုပ်ရင် saponification ဖြစ်စဉ်မှာ သူ့အလိုလိုထွက်လာတဲ့အရာဖြစ်လို့ သပ်သပ်ထပ်ထည့်စရာမလိုအပ်ပါဘူး။ ဂလစ်စရင်းဟာ ပတ်ဝန်းကျင်က ရေငွေ့ကိုစုပ်ယူပြီး အရေပြားကို ခြောက်သွေ့ပျက်ဆီး ခြင်းမှ ကာကွယ်ပေးပါတယ်။ အိုမင်းရင့်ရော်မှုကနေတောင်ကာကွယ်ပေးနိုင်ပါတယ်။
ဆပ်ပြာလုပ်ဖို့ formula တွေဟာ မရေမတွက်နိုင်အောင်ရှိပါတယ်။ သံလွင်ဆီတစ်မျိုးထဲ သုံးပြီးလုပ်တဲ့ဆပ်ပြာ(castile soap လို့ ခေါ်ပါတယ်။ ကျွန်တော်တောင် ကွကိုယ်သုံးဖို့ လုပ်ထားသေးတယ် :P ) မှ ဆီ ၇ မျိုးနဲ့ အထက်သုံးပြီးလုပ်ထားတဲ့ ဆပ်ပြာတွေ အပြင် အဆီတွေ ထောပတ်တွေ ကနေလုပ်တဲ့ ဆပ်ပြာတွေ အထိရှိကြပါတယ်။ အများဆုံးအသုံးပြုကြတာကတော့ အုန်းဆီ၊သံလွင်ဆီ နဲ့ စားအုန်းဆီ သုံးမျိုးဖြစ်ပါတယ်။ ဒီဆီတစ်မျိုးဆီမှာ ကွဲပြားခြားနားတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေလို့ ကိုယ့်စိတ်ကြိုက် စပ်သုံးပြီး အရေပြားကို ကျန်းမာလာအောင် ပြုလုပ်ယူလို့ ရပါတယ်။

သဘာဝ အလျောက် အရေပြားကို ကျန်းမာစိုပြေတဲ့စေတဲ့ ချောမွတ်နူးညံ့တဲ့ ဆပ်ပြာတစ်တုံးကို ဆီနဲ့ ထောပတ်တွေ အသုံးပြုပြီး ကိုယ်တိုင်ဖန်တီးလိုက်ပါ။ ဆီဟာလဲ သဘာဝဆေးပင်ဆေးမြစ်တွေထဲမှာ စိမ့်ဝင်နိုင်လို့ ဆပ်ပြာမလုပ်သေးခင် ဆီထဲဆေးမြစ်စိမ်ထားမယ်ဆိုရင် အရေပြားပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆပ်ပြာဖြစ်လာပါလိမ့်မယ်။
#handmade ဆပ်ပြာကိုယ်တိုင်လုပ်သူတစ်ချို့ဆိုရင် သူတို့ခံစားနေရတဲ့ အရေပြားအဖုအပိန့်ထခြင်း၊ ၀က်ခြံနဲ့ တခြားအရေပြား ပြသနာများကို သက်သာပျောက်ကင်းစေတဲ့ ဆပ်ပြာ formula ကိုရှာတွေ့ခဲ့ကြပါတယ်။ ဟန်းမိတ် ဆပ်ပြာတွေဟာ စက်ရုံထုတ် ဂျေးချွတ်ဆေး တွေလို အရေပြားကို ခြောက်သွေ့ပျက်စီးစေခြင်းအဖြစ်မျိုး မရှိစေနိုင်ပါဘူး။
သတိပြုရမယ့် အချက်
ဆပ်ပြာလုပ်ရာမှာ သတိထားရမယ့် အချက်ကတော့ ဆိုဒီယမ် ဟိုက်ဒရောဆိုက် (lye) ကို အသုံးပြုရင် သတိထားကိုင်တွယ်ဖို့ပါပဲ။ သူဟာ လူ့အရေပြားကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆပ်ပြာလုပ်နေစဉ်မှာလဲ မျက်စိထဲ ၀င်တာမျိုးဖြစ်နိုင်ပါတယ်။ အရေပြားကို lye ထိခဲ့မယ်ဆိုရင် ဆပ်ပြာနဲ့ ဆေးလို့မရပါဘူး။ vinegar (ရှာလကာရည်) နဲ့ ခဏလိမ်းထား ပြီးမှ ရေဆေးချရပါတယ်။
ဆပ်ပြာလုပ်နေစဉ်မှာ
-မျက်မှန်တပ်၊ လက်အိတ်စွပ်၊ အကျီလက်ရှည်ဝတ်၊ ဖိနပ် ခြေပိတ်စီး ပြီးမှသာလုပ်ရပါမယ်။
-မိုထဲကနေ ဆပ်ပြာကို ထုတ်ချိန်မှာလဲ လက်အိတ်စွပ်ပါ။
-စားပွဲပေါ်ကို သတင်းစာစက္ကူစုတ် သုံးလေးထပ်ခင်းပြီးလုပ်ပါ။ အားလုံးပြီးပြီဆိုရင် လိပ်ပြီး လွှင့်ပစ်လိုက်ပါ။
- ဆပ်ပြာလုပ်တဲ့ နေရာကို ကလေးတွေ၊ ခွေးတွေ ကြောင်တွေ မလာပါစေနဲ့။
- ဆပ်ပြာလုပ်တဲ့ ပစ္စည်းပစ္စယတွေကို နာမည်တွေထိုးထားပါ။
-lye ကို ကလေးတွေ လက်လှမ်းမမှီတဲ့ နေရာမှာ ထားပါ။
-lye နဲ့အရည် ရောစပ်ချိန်မှာ lye ကို အရည်ထဲ ထည့်ရပါမယ်။ အရည်ကို lye ထဲ လောင်းမထည့်ရပါ။ (အပေါ်ကိုဆူတက်လာတတ်ပါတယ်)
-လေ၀င်လေထွက်ကောင်းတဲ့ နေရာမှာ lye နဲ့ အရည်နဲ့ ရောပါ။ ထွက်လာတဲ့ အငွေ့ကို မရှူမိပါစေနဲ့။
-ဆပ်ပြာပြုလုပ်ရာမှာ ဆီလီကွန်ယောင်းမ၊ စတီးအိုး/ဖန်အိုး ကိုသာ အသုံးပြုပါ။ အလူမီနီယံအိုး ဒန်အိုးများအသုံးမပြုပါနဲ့။


cred
Pan Wai Paing

Ref; https://selfreliantschool.com/benefits-and-risks-of-making-soap/https://selfreliantschool.com/benefits-and-risks-of-making-soap/





Websites .. blogger.. domain ရှိသူများအတွက် အလွယ်ဆုံးဝင်ငွေ ရှာနည်း အကောင့်  လျောက်ရန်


Blogger သို့မဟုတ်​ websites -- domain များမှာ ​ကြော်​ငြာထည့်​ပီး Online ဝင်​​ငွေရှာနည်း အ​ကောင့်​​လျောက်နည်း ​လေ့လာရန်​ ​အောက်​ကလင့်​ https://www-maharluthar.blogspot.com/2017/09/blogger-websites-domain.htmlြေ ကာ်​ငြာနမူနာ ​အောက်​ကပုံ နိုပ်​ကြည့်​​ပေးပါ အဆင်​​ပြေကြပါ​စေ Like share လုပ်​ခြင်းဖြင့်​ ကူကြပါ.. အား​ပေးမှုကို ​ကျေးဇူးတက်​လျက်​ပါ.. Supporting Myanpay---
For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


SEE YOU AGAIN , GOOD LUCK,

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html