ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Home solar system ကို စနစ်တကျ တွက်ချက်တပ်ဆင်ခြင်း

Home solar system ကို စနစ်တကျ တွက်ချက်တပ်ဆင်ခြင်း
************************************************************
Home solar  system တွေ  ဟာ နှစ်ပေါင်း ၂၀ လောက် ကြာရှည်ခံပါတယ် ။ မှန်ကန်ပြီးကြာရှည်ခံတဲ့ design ကိုရဖို့ ဒါတွေ ကို တွက်တတ်ရပါမယ် ။ solar နှင့် Electrical distribution system ကိုကောင်းစွာ သိရပါမယ် ။
• Solar panel အရေ အတွက် ( rating ပါရပါမယ် )
• Battery တွေရဲ့ capacity ( Ah and voltage )
• Battery တွေ က အချိန် ဘယ်လောက် သုံးမလဲ ဆိုတဲ့ back up time
• Battery တွေ ကို အားဖြည့် ရမဲ့ အားသွင်းတဲ့ ( charging current )
• Battery တွေ ကို အားဖြည့် ရမဲ့ အားသွင်းတဲ့ အချိန် ( charging time )
• Solar charger controller ရဲ့ ampere and voltage  ( capacity )
• Solar power ရဲ့ စုစု ပေါင်း အသုံးပြုသင့်တဲ့ watt အား
• သင့်တော်တဲ့ solar system and power distribution  ( voltage level )
• သင့်တော်တဲ့ လျပ်စစ် ၀ါယာကြိုး ဆိုဒ်များ ( cable size volt drop calculation )
• လျပ်စစ်တည်ဆောက်ရေး ဆိုင်တဲ့ နည်းစနစ် ( electrical installation system )
• Inverter type နဲ့ သင့်တော်တဲ့ capacity
• Solar နဲ့ လျပ်စစ် ဓါတ် အား အတွက် သင့်တော်တဲ့ ကာကွယ်ရေးစနစ် ( electrical safety ) ပစ္စည်း များ
• ကောင်းမွန်စိတ်ချ ရတဲ့ solar နဲ့ ဆက်စပ် ပစ္စည်းများ brand ရွေးချယ်မှု
အစရှိတာတွေ ကို စနစ် တကျ လေ့လာ တပ်ဆင် ကျရပါမယ် ။ တခုခြင်း ဆီ မှာ စနစ် တကျ လုပ်ဆောင်မှ အားလုံး ကောင်းမွန်တဲ့ နည်းစနစ် ကို ရမှာပါ ။ တခုထဲ ကောင်းလို့ အဆင် မပြေပါဖူး ။
ဒါကို Solar Panel design installation, calculation Note လို့ သိကျပါတယ်။ တခု နဲ့ တခု က ကွဲ ပြားခြားနားပါတယ် ။ ပုံတူကူးလို့ မရပါဖူး ။
တခု ကောင်းတာက solar system တွေမှာ capacity ( လိုအပ်တဲ့ အား ) ကို တိုးရတာ လွယ် ပါတယ် ။ ဒါကြောင့်မို့ Minimum တပ်ဆင်ပြီးမှ လို အပ်ရင် ထပ်တပ်လို့ရပါတယ် ။
ဘာလို့လဲ ဆိုတော့ solar ဆက်စပ် ပစ္စည်းတွေ ဆိုတာ ဈေးကြီးပါတယ် ။ဒါပေမဲ့ ရည်ရှည် သုံးနိုင်ရင် သက်သာ ပါတယ် ။

Credit..
ASPIRE solar service group

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html