##ညီလေးတို့အတွက်ကားအဲကွန်းအကြောင်းကို
#Chapter-1
အဲကွန်းရဲ့တကယ့်အခြေ ခံကနေ
တဆင့်ခြင်းအခန်းဆက်တင်ပြသွားပါမယ်။
နောက် Post တွေမှာကျန်တာတွေဆက်တင်သွားပါမယ်။
ပင်လယ်ရေမျက်နှာပြင်အမြင့်မှာရှိတဲ့
လေထုဖိအားကို(Atospheric pressure At sea level)ကို
သုညဖိအား O PSI အဖြစ် တိုင်းတဲ့ ဂိတ်
(Pressure guage)တွေမှာဖော်ပြကြပါတယ်။
(Pressure guage)တွေမှာဖော်ပြကြပါတယ်။
လေထုရဲ့ အရာဝတ္ထုတွေပေါ်မှာသက်ရောက်တဲ့ ဖိအားဟာ အဲဒီအရာဝတ္ထုတွေရဲ့ အရည်ပျော်တဲ့၊
အငွေ့ပျံတဲ့ ၊ခဲတဲ့
အပူပမာဏ၊အပူချိန်နဲ့ ရေဆူမှတ်(Boiling point)
တွေကို ပြောင်းလဲစေပါတယ်။
အငွေ့ပျံတဲ့ ၊ခဲတဲ့
အပူပမာဏ၊အပူချိန်နဲ့ ရေဆူမှတ်(Boiling point)
တွေကို ပြောင်းလဲစေပါတယ်။
ကမ္ဘာမြေကြီးရဲ့ ကုန်းမြေအနိမ့်အမြင့် လိုက်လို့
လေထုရဲ့ ဖိအားတွေက ကွာဟသွားပါတယ်။
လေထုရဲ့ ဖိအားတွေက ကွာဟသွားပါတယ်။
မြင့်သွားလေလေထုဖိအား နည်းသွားလေပါ။
အဲဒါကြောင့် မြေပြန့်ကလူတွေတောင်ပေါ်
စတက်ရင် နားထဲကလေထွက်တယ်ဆိုတဲ့
အဲဒါကြောင့် မြေပြန့်ကလူတွေတောင်ပေါ်
စတက်ရင် နားထဲကလေထွက်တယ်ဆိုတဲ့
ခံစားချက်ကိုခံစားရတာပါ။
ဒါက
ခန္ဓာကိုယ်အပေါ်သက်ရောက်နေတဲ့
မြေပြန့်တောင်ပေါ်၊လေထုလေဖိအားကွာသွားလို့
ခန္ဓာကို ယ်တွင်းမှာအပြောင်းအလဲခံစားရတာပါ။
ခန္ဓာကို ယ်တွင်းမှာအပြောင်းအလဲခံစားရတာပါ။
ဥပမာအားဖြင့်
ပြင်ဦးလွင်နဲ့ ရန်ကုန် ဆိုရင်
ပြင်ဦးလွင်နဲ့ ရန်ကုန် ဆိုရင်
ရေတလီတာကို ဆူအောင်အပူပေးကြည့်မယ်ဆိုပါတော့။
ပြင်ဦးလွင်ဟာ ရန်ကုန်မြို့ထက် လေဖိအားပိုနည်းတဲ့အတွက်
ရေတလီတာဆူဖို့
ရန်ကုန်မှာပေးရသလောက်အပူသိပ်မပေးရသေးပဲ
ဆူသွားပါလိမ့်မယ်။
ဆိုလိုချင်တာက ရေဟာ ပတ်ဝန်းကျင်လေထုဖိအား
ပေါ်မူတည်ပြီး ဆူမှတ်(Boiling point)- ငွေ့ရည်ဖွဲ့မှတ်(Condensation point)အပြောင်းအလဲ
ရှိတယ်လို့ပြောချင်တာပါ။
ပေါ်မူတည်ပြီး ဆူမှတ်(Boiling point)- ငွေ့ရည်ဖွဲ့မှတ်(Condensation point)အပြောင်းအလဲ
ရှိတယ်လို့ပြောချင်တာပါ။
အဲဒီလိုပဲ အဲကွန်းတွေမှာသုံးတဲ့
ဓာတ်ငွေ့တွေဟာ သာမာန် လေထုထဲမှာ(အိုးထဲမှာမထားဘူးဆိုရင်) ရေဆူမှတ်အရမ်းနိမ့်ပါတယ်။ဆိုချင်တာက ကားအဲကွန်းထဲမှာသုံးတဲ့ ဓာတ်ငွေ့ဖြစ်တဲ့
R-134a ဓာတ်ငွေ့ဟာ ရေဆူမှတ်
ာ(-26.3'C)ပါ။
အပူချိန် 85'F လောက်ရှိတဲ့ ကျနော်တို့ပတ်ဝန်းကျင်လေထု(ဖိအား 14.7 PSI)ထဲမှာဆိုရင်
အငွေ့ပျံမှတ်အထက် အများကြီးမြင့်လို့ လေထုထဲလွှတ်လိုက်တာနဲ့ မမြင်လိုက်ရပဲတခါထဲအငွေပျံပျောက်သွားမှာပါ။
ပတ်ဝန်းကျင်လေထုဖိအားထက် အများကြီးမြင့်တဲ့
(100 PSI)ဝန်းကျင်ဖိအားမြင့်အောင်လုပ်ပြီးအိုးထဲ
ထည့်ထားလို့ သူ့ရဲ့ရေဆူမှတ်ပြောင်းသွားတာပါ။

အဓိကပြောချင်တာကတော့ အချုပ်အနေနဲ့ဆိုရင်
အဲကွန်းပိုက်လိုင်းထဲမှာရှိနေတဲ့ ဖိအားကို
ပြင်ပလေထုရဲ့ဖိအားနဲ့မတူအောင်
မြှင်သင့်တာမြှင့် နှိမ့်သင်တဲ့အချိန်နှိမ့်ပြီး
လိုသလိုကစားရင် အပူစုခြင်းအပူထုတ်ခြင်းဖြင့်
ဓာတ်ငွေကိုအရည်ဖြစ်လိုက်အငွေ့ဖြစ်လိုက်
ဖြစ်အောင်လုပ်ထားလို့ရတယ်ဆိုလိုချင်တာပါ။

ပုံမှာလည်း ရေတိုင်ကီထဲကရေဟာ ပတ်ဝန်းကျင်လေထုဖိအားလိုက်ပြီပတ်ဝန်းကျင်လေထုဖိအားလိုက်ပြီး ရေဆူတဲ့အပူချိန်ပြောင်းလဲတဲ့အကြောင်းသိနိုင်ပါတယ်။
#ကိုနန္ဒမိုး
နန္ဒမိုး
ညီလေးတို့အတွက်ကားအဲကွန်း အပိုင်း(၂)
Chapter (2)
ကားအဲကွန်း၊အိမ်သုံးအဲကွန်း၊လုပ်ငန်းသုံး
Chiller ၊ ရေခဲသေတ္တာ ဘာပဲဖြစ်ဖြစ်
သူ့ရဲ့အေ ခြခံအလုပ်လုပ်ပုံ ကအတူတူပါပဲ။
စက်ကြီးတာသေးတာ၊ အဲကွန်းအဖြစ်သုံးတာ
အအေးခန်းအဖြစ်သုံးတာ၊ ကားမှာသုံးတာ
အိမ်မှာသုံးတာ စသည်ဖြင့် သုံးစွဲတဲ့နေရာအလိုက်
အပူချိန်လိုအပ်ချက် ကွာဟမှုရှိသလို ပြောင်းထာတာပဲ ကွာပါတယ်။ ပါဝင်တဲ့အဓိကအစိတ်အပိုင်းတွေရဲ့
အလုပ်လုပ်ပုံအတူတူပါပဲ။ အပူစုပ်ခြင်း၊ထုတ်ခြင်းအတွက်၊အပူချိန်ကိုလိုသလိုကစားပြီး အသုံးချသွားတာက အဓိကကျပါတယ် အဲဒါကြောင့်
အဲကွန်းပြင်ဖို့ဆင်ဖို့ဆိုရင် တကယ့်ကျွမ်းကျင်သူဖြစ်ဖို့ အပူနဲ့အပူချိန်အကြောင်း ကမသိမဖြစ်ပါ။အဲဒါကြောင့်ဒီနေရာမှာ အဲဒီအကြောင်းလေးကို ထပ်ပြီး
ဖော်ပြပေးလိုက်ပါတယ်။

#အပူ(Heat )နှင့်
#အပူချိန်(Temperature)
#အပူချိန်(Temperature)
#အပူ(Heat)ဆိုတာ
ကမ္ဘာပေါ်မှာရှိနေတဲ့
လျှပ်စစ် စွမ်းအင်၊ အလင်းစွမ်းအင်၊အသံစွမ်းအင်
တို့လို စွမ်းအင်တမျိုးပါပဲ။
ကမ္ဘာပေါ်မှာရှိနေတဲ့
လျှပ်စစ် စွမ်းအင်၊ အလင်းစွမ်းအင်၊အသံစွမ်းအင်
တို့လို စွမ်းအင်တမျိုးပါပဲ။
ဥပမာ..
ဗြိတိသျှအတိုင်းအတာ(Imperial unit or FPS)
နဲ့ဆို BTU နဲ့တိုင်းပါတယ်။
နိုင်ငံတကာယူနစ်(SI unit)နဲ့ဆို
Jouleနဲ့တိုင်းပါတယ်။
ဥရောပနဲ့တချိုနိုင်ငံတွေသုံးယူနစ်(CGS)နဲ့ဆို
ကီလို ကယ်လိုရီ
Kilo-calories နဲ့တိုင်းတာပြီးနှိုင်းယှဉ်ပြောလေ့ရှိကြပါတယ်။

အဲဒီယူနစ်တွေဟာ အရာဝတ္ထု သို့မဟုတ် နေရာတနေရာ အခန်းတခန်းမှာ အပူစွမ်းအင်ပမာဏဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လောက်တိုးလာတယ်ဆိုတာ
ဘယ်လောက်လျော့သွားတယ်ဆိုတာကို
နိုင်ငံတွေအလိုက်ကိုယ့်အထာနဲ့ကိုတိုင်းတာတဲ့ယူနစ်တွေပါ။
ဘယ်လောက်လျော့သွားတယ်ဆိုတာကို
နိုင်ငံတွေအလိုက်ကိုယ့်အထာနဲ့ကိုတိုင်းတာတဲ့ယူနစ်တွေပါ။
ဥပမာ=1 BTU ဆိုပါတော့
ရေတပေါင်ကို နဂိုရှိရင်းစွဲအပူချိန် ကနေ
တစ်ဒီဂရီဖာရင်ဟိုက်(1 'F)တိုးလာအောင်
လုပ်ဖို့လိုအပ်တဲ့ အပူကိုခေါ်တာပါ။
ရေတပေါင်ကို နဂိုရှိရင်းစွဲအပူချိန် ကနေ
တစ်ဒီဂရီဖာရင်ဟိုက်(1 'F)တိုးလာအောင်
လုပ်ဖို့လိုအပ်တဲ့ အပူကိုခေါ်တာပါ။
သာမိုမီတာလို့ခေါ်တဲ့ ကျနော်တို့ဖျားရင်တိုင်းတဲ့ မီတာတံ လိုမျိုး အပူချိနု တိုင်းပစ္စည်းနဲ့တိုင်းရင်
26'F အပူချိန်ရှိတဲ့ ရေတပေါင်ကို 27'F ထိပူလာအောင် သုံးလိုက်ရတဲ့ အပူစွမ်းအင်နဲ့ညီတဲ့အပူပမာဏကိုပြောတာပါ။
26'F အပူချိန်ရှိတဲ့ ရေတပေါင်ကို 27'F ထိပူလာအောင် သုံးလိုက်ရတဲ့ အပူစွမ်းအင်နဲ့ညီတဲ့အပူပမာဏကိုပြောတာပါ။
ရေ ၅-ပေါင်ကို 1'F နဂိုထက်တိုးအောင်လုပ်နိုင်ဖို့. 5 BTU လိုမယ်ပေါ့။ဒါကဥပမာပါ။
ရေပမာဏအလိုက်။အပူချိန်အနည်းအများအလိုက်
BTU ပမာဏပြောင်းသွားမှာပါ။
BTU ပမာဏပြောင်းသွားမှာပါ။
လိုရင်းကတော့
BTU တို့, Calories တို့ Watts တို့ဆိုတာ
နိုင်ငံအလိုက်အပူစွမ်းအင်ကို တိုင်းတာဖို့ သတ်မှတ်ထားတဲ့ ယူနစ်အခေါ်အဝေါ်တွေလို့သိရင်ရပါပြီ။
BTU တို့, Calories တို့ Watts တို့ဆိုတာ
နိုင်ငံအလိုက်အပူစွမ်းအင်ကို တိုင်းတာဖို့ သတ်မှတ်ထားတဲ့ ယူနစ်အခေါ်အဝေါ်တွေလို့သိရင်ရပါပြီ။
ကျနော်တို့နိုင်ငံမှာ ကြက်သားဝယ်ရင်
ပိဿာ နဲ့ ၊နိုင်ငံတကာမှာ ကီလိုဂရမ်နဲ့ ဝယ်ရသလိုမျိုး သတ်မှတ်ချက်ဆိုတာ သိဖို့ဆိုလိုခြင်းပါ။
ပိဿာ နဲ့ ၊နိုင်ငံတကာမှာ ကီလိုဂရမ်နဲ့ ဝယ်ရသလိုမျိုး သတ်မှတ်ချက်ဆိုတာ သိဖို့ဆိုလိုခြင်းပါ။
အဲဒါကြောင့်အဲကွန်းတွေမှာ အခန်းတခန်း
နေရာတနေရာကနေ အဲဒီစက်ရဲ့အပူထုတ်နိုင်စွမ်းကို
BTU, Kilories , Kilowatts စတာတွေနဲ့ဖော်ပြထားတာတွေ့ရမှာပါ။
အဲကွန်း တစ်တန်စက် (1.5 Hp) ဆိုတာ
ရေခဲ တစ်တန် (2000 Lb) ကို ၂၄ နာရီအတွင်း
အရည်ပျော်ဖို့လိုအပ်တဲ့ အပူပမာဏတခုလိုတယ်ဆိုပါစို့။အဲဒီပမာဏဟာ (288000)BTU/24 hrလိုပါတယ်။
အဲဒီအပူပမာဏနဲ့ညီတဲ့အပူကို အဲဒီအချိန်အတွင်း
အခန်းထဲကနေ ဆွဲထုတ်ပစ်နိုင်တဲ့ စွမ်းရည်ရှိတဲ့စက်ကိုပြောတာပါ။တခြားယူနစ်တွေနဲ့သိချင်ရင်တော့
ယူနစ် ဆက်သွယ်ချက်(Unit Conversion)ကနေ
တွက်ယုံပါပဲ။
ဒါကအပူအကြောင်းသိဖို့ပါ။

#အပူချိန် (Temperature)
အပူချိန်ဆိုတာကတော့..အပူရဲ့ပြောင်းလဲနေတဲ့
အခြေအနေကို ဖော်ပြချက်ပါ။
အပူနဲ့ကွာပါတယ်။
ယေဘုယျအနေနဲ့ အရာဝတ္ထုနှစ်ခုရဲ့အလေးချိန်ဒြပ်ထုတူတဲ့အချိန်မှာ အပူချိန်(temperature)ကွဲနေခဲ့ရင် အပူချိန်မြင့်တဲ့အရာဝတ္ထုက အပူပမာဏပိုပါတယ်။
ဥပမာပြောရရင် ရေသန်တဘူးစာ ရေပမာဏတူတယ်ဆိုပါတော့
တဘူးက 40'Cရှိပြီး နောက်တဘူးက 60'Cရှိနေရင်
အပူချိန်ပိုမြင့်တဲ့ရေသန့်ဘူးထဲမှာ အပူပမာဏ
ပိုရှိနေတယ်လို့ယေဘုယျဆိုနိုင်ပါမယ်။

နောက်ဥပမာတခုပြောရရင်
လီတာ၁၀၀ ရှိတဲ့ရေတိုင်ကီတလုံးက အပူချိန်30'Cပဲရှိတဲ့အချိန် ကျနော်တို့သောက်တဲ့
ရေသန့်ဘူးတလီတာဘူးက အပူချိန်
100'C (ရေဆူနေပေမယ့်)ရှိနေပေမယ့်အပူပမာဏအနေနဲ့ဆိုရင် ဂါလံတရာ ရေတိုင်ကီက ပိုပါပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ဒြပ်ထုထည်ပမာဏကအများကြီးကွာလို့ပါ။
ဆိုချင်တာက အပူချိန်များတိုင်း အပူပမာဏမများပါဘူး။အပူချိန်ဘယ်လောက်များများ အဲဒီအရာဝတ္ထုထဲက အပူစွမ်းအင်ပမာဏဟာ ဒြပ်ထုအပေါ်မူတည်နေတယ်ဆိုတာသိဖို့ပါပဲ။
ဆူနေတဲ့ရေသန့်ဘူးဟာ ရေခဲသေတ္တာထဲထည့်လိုက်ရင် နှစ်နာရီလောက်အတွင်းသူ့ထဲကအပူတွေကို
ရေခဲသေတ္တာကစုပ်ထုတ်လိုက်လို့ ရေခဲဖစ်သွားနိုင်ပေမယ့်။အဲဒီရေခဲသေတ္တာထဲကို လီတာ၁၀၀ ရေတိုင်ကထည့်လိုက်ရင်တိုင်ကီထဲကရေတွေအကုန်ခဲဖို့ အချိန်အများကြီးနာရီများစွာပေးရပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့..လီတာ တရာ ရေတိုင်ကီးထဲကရေမှာရှိတဲ့ အပူပမာဏက... ဆူနေတဲ့ရေတလီတာထဲကရေထက် အပူပမာဏအများကြီး
ရှိနေလို့ပါ။
အဲဒါနမူနာပါ။
ဒါကြောင့် အပူချိန်ဆိုတာ အရာဝတ္ထုတခုခြင်းစီရဲ့
အပူစွမ်းအင်ပမာဏအဆင့်ဘယ်လောက်ရှိတယ်ဆိုတာကို ပြောတာဖြစ်ပြီး အပူပမာဏကိုပြောတာမဟုတ်ကြောင်းသိဖို့လိုရင်းပါပဲ။
ဒါပေမယ့် အရာဝတ္ထုနှစ်ဟာ အထဲမှာသိုလှောင်တည်ရှိနေတဲ့အပူပမာဏ ဘယ်လောက်ရှိနေပါစေ
အပူချိန်(Temperature)တူညီနေရင်တခုနဲ့တခု
ယေဘုယျအနေနဲ့အပူကူးပြောင်းခြင်း (Heat transfer)မဖြစိပါဘူး။အပူပမာဏတခုကို
အရာဝတ္ထု တခုကနေနောက်တခုကို
ပြောင်းပေးချင်ရင်
အရာဝတ္ထုတခုကိုနောက်တခုထက်လအပူချိန်ပိုများအောင်လုပ်ပေးရပါတယ်။အဲဒါမှသာ
အပူချိန်မြင့်တဲ့အရာဝတ္ထုကနေလနိမ့်တဲ့အရာဝတ္ထုကို အပူကူးပြောင်းခြင်း(heat transfer)ဖြစ်မှာပါ။

ဥပမာ
အပူချိန် 100'C ရှိနေတဲ့ဆူနေတဲ့ရေနွေးအပြည့်
ရှိနေတဲ့ဖန်ခွက်တခုကို
အပူချိန် 30'Cရှိတဲ့ ဂါလံတစ်ရာရေတိုင်ကီနဲ့
ပူးကပ်ထားရင် တိုင်ကီထဲမှာ အပူပမာဏအနေနဲ့
ရေနွေးဖန်ခွက်ထဲကအပူထက် အများကြီးသာပေမယ့် အပူချိန်နည်းတဲ့အတွက် ရေနွေးဖန်ခွက်ထဲကအပူက တိုင်ကီထဲကို ကူးသွားမှာပါ။

အဓိကမှတ်ရမှာက အပူပမာဏကိုတနေရာကနေ
နောက်တနေရာကို ကူးပြောင်းဖို့ တခုက
အပူချိန်မြင့်ရတယ်။အဲဒါမှအပူကိုကူးပြောင်းလိုရတယ်လို့ဆိုချင်တာပါ။
အပူချိန်မြင့်နေပေမယ့် အပူပမာဏအတိုင်းအတာကတော့အရာဝတ္ထုရဲ့ ဒြပ်ထုထည်ပေါ်မူတည်တယ်ဆိုတာပါပဲ။
နောက်တနေရာကို ကူးပြောင်းဖို့ တခုက
အပူချိန်မြင့်ရတယ်။အဲဒါမှအပူကိုကူးပြောင်းလိုရတယ်လို့ဆိုချင်တာပါ။
အပူချိန်မြင့်နေပေမယ့် အပူပမာဏအတိုင်းအတာကတော့အရာဝတ္ထုရဲ့ ဒြပ်ထုထည်ပေါ်မူတည်တယ်ဆိုတာပါပဲ။
အဲဒါလေးကိုသုံးပြီး
အဲကွန်းတို့၊အပူပေးစက်တို့ကိုတည်ဆောက်ထားခြင်းပါ။
အဲကွန်းတို့၊အပူပေးစက်တို့ကိုတည်ဆောက်ထားခြင်းပါ။
#အရာဝတ္ထုတွေဟာအပူပမာဏများတိုင်း အပူချိန်နည်းချင်နည်းနိုင်တယ်။
#အပူပမာဏနည်းသည်ဖြစ်စေ များသည်ဖြစ်စေ
တနေရာကအပူကို နောက်တနေရာကို ကူးပြောင်းဖို့ ကူးပြောင်းစေချင်တဲ့ အရာဝတ္ထုဟာ လှောင်ထားနိုင်တဲ့အပူပမာဏအနေနဲ့ ကူးပြောင်းမည့် အရာဝတ္ထုထက်နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
အပူချိန်တော့မြင့်မှရတယ်။အဲဒါမှ ဟိုဖက်ကိုအပူကူးပြောင်းနိုင်မယ်။

#အပူဟာ အပူပမာဏ နည်းသည်ဖြစ်စေ
များသည်ဖြစ်စေအပူချိန်မြင့်ရာမှ နိမ့်ရာကိုကူးပြောင်းတယ်
များသည်ဖြစ်စေအပူချိန်မြင့်ရာမှ နိမ့်ရာကိုကူးပြောင်းတယ်
#အပူကို အပူချိန်နိမ့်ရာမှ မြင့်ရာကို ကူးပြောင်းချင်ရင် အပူချိန်မြှင့်ပေးမည့် ကြားခံ ပစ္စည်းတခုလိုအပ်တယ်။
#အရည်တခုဟာ အငွေ့ပျံဖို့အပူလိုတယ်
#အငွေ့ဟာ အရည်ဖြစ်ဖို့ အပူစွန့်ရတယ်
#အငွေ့ဟာ အရည်ဖြစ်ဖို့ အပူစွန့်ရတယ်
အဲဒါကိုသိရင်တော့ အပူနဲ့ပတ်သက်လို့ရှင်းလောက်ပြီထင်ပါတယ်။
အခုကားအဲကွန်းအကြောင်းစပြောရရင်
သာမာန်အဲကွန်းတွေလိုပဲ
သာမာန်အဲကွန်းတွေလိုပဲ
အဓိကအစိတ်အကိုင်းလေးခုပါဝင်ပါတယ်
အဲဒါတွေကတော့..
(၁)Compressor ကွန်ပရက်ဆာ
(၂)Condensor အပူကွိုင်
(၃)Expansion valve ဖိအားလျှော့ကိရိယာ
(၄)Evaporator အအေးကွိုင် တို့ပါဝင်တယ်။
အဲဒါတွေကတော့..
(၁)Compressor ကွန်ပရက်ဆာ
(၂)Condensor အပူကွိုင်
(၃)Expansion valve ဖိအားလျှော့ကိရိယာ
(၄)Evaporator အအေးကွိုင် တို့ပါဝင်တယ်။
အကူပစ္စည်းအနေနဲ့
(၁)Receiver drier(ဖုန်၊ရေငွေ့စစ်နှင့်ဂက်စ်လှောင်ဘူး)
(၂)Magnetic clutch (သံလိုက်ဆွဲအားသုံး
ကွန်ပရက်ဆာ လည်အားထိန်းချုပ်ကိရိယာ)
(၁)Receiver drier(ဖုန်၊ရေငွေ့စစ်နှင့်ဂက်စ်လှောင်ဘူး)
(၂)Magnetic clutch (သံလိုက်ဆွဲအားသုံး
ကွန်ပရက်ဆာ လည်အားထိန်းချုပ်ကိရိယာ)
ကာကွယ်ရေးပစ္စည်းအနေနဲ့
(၁)High pressure cut-out(ဂက်စ်ဖိအားမြင့် ဖြတ်တောက်ကိရိယာ)
(၂)Low pressure cut-out(ဂက်စ်ဖိအားနိမ့် ဖြတ်တောက်ကိရိယာ)
(၃)Thermostat sensor switch(သတ်မှတ်အပူချိန် ရောက်ဖြတ် ပေးတဲ့ကိရိယာ)
ဆိုတဲ့ ပစ္စည်းတွေ နဲ့ အဲဒါတွေကိုထိန်းချုပ်နေတဲ့
လျှပ်စစ်ပစ္စည်းတွေ ပါဝင်ပါတယ်။

အခန်း (၃)ကစပြီး ကားအဲကွန်းရဲ့
အခြေ ခံအဓိကပစ္စည်းတွေအကြောင်း အသေးစိတ်အလုပ်လုပ်ပုံတွေကိုစတင်ရေသားပေးပါ့မယ်။
အခြေ ခံအဓိကပစ္စည်းတွေအကြောင်း အသေးစိတ်အလုပ်လုပ်ပုံတွေကိုစတင်ရေသားပေးပါ့မယ်။
Credit
#ကိုနန္ဒမိုး
#ကိုနန္ဒမိုး