ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအင်္ဂျင်ကို အကြီးစာပျက်စီးမှုမရှိစေရန် ထိန်းသိမ်းနည်း

ကားအင်ဂျင် အကြီးစားပျက်စီးခြင်းမှ ကာကွယ် ထိန်းသိမ်းနည်းများ


 ကားအင်ဂျင်တစ်လုံး ပုံမှန်လည်ပတ်နေဖို့ စနစ်ပေါင်း များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ စနစ် တစ်ခုနဲ့တစ်ခုလည်း ဆက်နွယ် နေပါတယ်။ စနစ် တစ်ခုခု ချွတ်ယွင်းတာနဲ့ အင်ဂျင်လည်ပတ်မှုနှင့် အင်ဂျင် စွမ်းဆောင်ချက် တွေကို ထိခိုက်စေပါတယ်။
အင်ဂျင်တစ်လုံးမှာ အရေးကြီးတဲ့ စနစ်တွေ ကတော့
ချောဆီပို့စနစ်၊
လောင်စာဆီပို့စနစ်၊
အင်ဂျင်အအေးခံစနစ်၊
မီးပေးစနစ်၊
စက်နှိုးမော်တာစနစ်၊
ချာဂျင်အားသွင်းစနစ်၊
မီးထွန်းစနစ် စသည် တို့ဖြစ်ပါတယ်။


 ခေတ်ပေါ်အင်ဂျင်တွေမှာတော့ အင်ဂျင် လည်ပတ်မှု အခြေအနေ အမျိုးမျိုးကို ကွန်ပျူတာ စနစ်က ထိန်းချုပ်ပါတယ်။ အင်ဂျင်တစ်လုံး သက်တမ်းကြာရှည်ခံဖို့ ကားမောင်းသူ အပေါ်မှာ မူတည်နေပါတယ်။ ကားအင်ဂျင်တစ်လုံးကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အခြေခံအချက်တွေကို သိရှိထားဖို့ လိုပါတယ်။
ယာဉ်မောင်းသူရဲ့အမှားကြောင့် အင်ဂျင် တစ်လုံးရဲ့ လည်ပတ်လှုပ်ရှားမှုများ မူမမှန်တော့ဘဲ အချိန်မတိုင်မီ အင်ဂျင် ပျက်စီး သွားနိုင်ပါတယ်။


 ကားအင်ဂျင်တစ်လုံးရဲ့ သက်တမ်းဟာ ပုံမှန်ပြုပြင် ထိန်းသိမ်းပေးခြင်း အပြင် မောင်းနှင်သူရဲ့ အပြုအမှုနဲ့၊ အသိတရားတွေ အပေါ်မှာလည်း မူတည်နေပါတယ်။ အင်ဂျင်တစ်လုံးလည်ပတ် အလုပ်လုပ် နေစဉ်အတွင်း ကြီးမားစွာ ပျက်စီးသွား စေနိုင်တဲ့ အချက်တွေကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။

ကားအင်ဂျင်တစ်လုံးရဲ့ အတွင်းမှာ လောင်စာဆီများ ပြင်းထန်စွာ ပေါက်ကွဲပြီး အပူချိန်တွေ မြင့်မားစွာ ဖြစ်ပေါ်နေပါတယ်။ အတွင်းမီးလောင်ပေါက်ကွဲမှု အင်ဂျင်များမှာ အင်ဂျင်အအေးခံစနစ်နဲ့ အင်ဂျင်ချောဆီ ပို့စနစ်တွေ ပုံမှန် အခြေအနေမှာ ရှိနေရ ပါတယ်။ ဒီစနစ်တွေပုံမှန် မဟုတ်တော့ဘဲ ချွတ်ယွင်းအားနည်းချက်တွေ ဖြစ်ပေါ် လာတာနဲ့ အင်ဂျင်အတွင်းပိုင်းပစ္စည်း တွေကို ကြီးမားစွာ ထိခိုက်ပျက်စီးသွားစေပါတယ်။

အင်ဂျင်တစ်လုံးကို ထိခိုက်ပျက်စီးမှု ကြီးမား စေတဲ့ အဓိက အချက်ကြီး ၃ ချက်ကတော့
Kkk
၁။ အအေးခံစနစ်ချွတ်ယွင်းပြီး အင်ဂျင်အပူ ချိန်အလွန်အမင်း မြင့်တတ်သွားခြင်း (Over Heating) ။

၂။ ချောဆီပို့စနစ်အားနည်းပြီး အင်ဂျင်ဝိုင် မရောက်တာကြောင့် ဘယ်ရင်ခြမ်းများ လုံးဝ ပျက်စီးသွားခြင်း။

၃။ အင်ဂျင်မီးခေါက်သံများ ပြင်းပြင်းထန် ထန် ဖြစ်ပေါ်ခြင်းကြောင့် အင်ဂျင် အစိတ်အပိုင်းများ ပျက်စီးသွားခြင်း။

အထက်ပါ အကြောင်းတရားတွေကြောင့် အင်ဂျင်တစ်လုံး ထိခိုက်ပျက်စီးမှုက အကြီးစား ပြန်ပြင်ရတဲ့အထိ ဖြစ်သွားနိုင် ပါတယ်။ အင်ဂျင်ချပြီး အင်ဂျင် အစိတ်အပိုင်းတွေ အသစ်လဲပေးရတဲ့ အထိ ကုန်ကျစရိတ်တွေ များသွားနိုင်ပါတယ်။ အင်ဂျင် ပြန်ကိုင်ရတယ် ဆိုတာ မူလ အော်ရီဂျင်နယ် အင်ဂျင်လောက်ကတော့ မကောင်းတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြန်လဲပေးလိုက်တဲ့ Engine Parts တွေက အော်ရီဂျင်နယ် အစိတ်အပိုင်း လောက် မကောင်းလို့ပါပဲ။ ကားပစ္စည်း ဈေးကွက်မှာ ပြန်ဝယ်လို့ရတဲ့ ပစ္စတင်တွေ၊ ပစ္စတင် ရိန်းကွင်းတွေ၊ ဘယ်ရင်ခြမ်းတွေရဲ့ quality က အော်ရီဂျင်နယ်လောက် မကောင်းလို့ ပါပဲ။ ဒါကြောင့် တစ်ချို့ ကားပိုင်ရှင်တွေက အင်ဂျင် ပျက်စီးမှု များလျှင် ပြန်မပြင်တော့ပါဘူး။ အင်ဂျင်တစ်လုံးပဲ ၀ယ်ထည့်လိုက် ပါတယ်။

အင်ဂျင်တစ်လုံး ပုံမှန်လည်ပတ်ပြီး အလုပ် လုပ်နိုင်ဖို့ လေနဲ့ လောင်စာဆီရောစပ်မှု အချိုးအစား မှန်ရပါတယ်။ မီးပေးစနစ်အားကောင်းပြီး မီးတိုင်မင် မှန်ရတယ်။ အင်ဂျင်ဝိုင် လည်ပတ်မှု ပုံမှန် ဖြစ်ရမယ်။ မှန်ကန်တဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ် သုံးထားရမယ်။ 

ကားမောင်းတဲ့ အပြုအမူစတိုင်က ကြမ်းတမ်းခက်ထန်မှုမျိုး မဟုတ်ဘဲ ပုံမှန်အနေအထား စနစ်တကျ ရှိရမယ်။ အင်ဂျင်မီးခေါက်သံ မဖြစ်ပေါ် ရဘူး။ သုံးတဲ့ဓာတ်ဆီ အရည်အသွေး မှန်ရမယ်။
ဒီအချက်တွေနဲ့ကိုက်ညီအောင် ကားမောင်း သူက ဂရုစိုက်ထိန်းသိမ်းဖို့လိုပါတယ်။ ကားတစ်စီးကို စက်မနှိုးခင် စစ်ဆေးသင့်တဲ့ အရာတွေကို အမြဲစစ်ဆေးဖို့ လိုပါတယ်။ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုတွေကို သတ်မှတ် ကာလအတွင်း လုပ်ပေးဖို့ လိုပါတယ်။ ကားမောင်းနေစဉ်မှာလည်း  မိမိကား အခြေအနေ ပြောင်းလဲမှုကို ချက်ချင်း သိနိုင်အောင် အာရုံစိုက်ဖို့ လိုပါတယ်။ ကားဒက်ခ်ျဘုတ်ပေါ်က ဒိုင်ခွက်မီတာတွေ သတိပေးမီးတွေကို အာရုံစိုက်ဖို့ လိုပါတယ်။

ကားအင်ဂျင်စက်ကို ကြီးကြီးမားမား ထိခိုက် စေတဲ့ အကြောင်းတရားတွေ ဘာကြောင့်ဖြစ် ရတာလဲ။ ဒါတွေကို ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုထိန်းသိမ်းမလဲ။

⚠အင်ဂျင်အပူလွန်ကဲပြီး ရေတိုင်ကီရေဆူ သွားတဲ့အထိ ဘာကြောင့်ဖြစ်တာလဲ။
အင်ဂျင် အအေးခံစနစ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ချွတ်ယွင်း အားနည်းချက်တွေက ဘာတွေလဲ။ ဒါတွေကို ရှာဖွေစစ်ဆေးပြီး ဘယ်လိုထိန်းသိမ်းမလဲ။

⚠အင်ဂျင်တစ်လုံးလည်ပတ်အလုပ် လုပ်နေစဉ် မှာ အင်ဂျင်ပုံမှန်အနေအထားမှာ ရှိနေဖို့ အအေးခံစနစ်က အင်ဂျင်အတွင်းပိုင်း အပူတွေကို စွန့်ထုတ် ပေးရပါတယ်။ အင်ဂျင်အအေးခံစနစ်မှာ ချွတ်ယွင်းမှု၊ ပျက်စီးမှု တစ်ခုခုဖြစ်တာနဲ့ အင်ဂျင် အပူချိန် မြင့်တက်လာပါတယ်။ ကားသမားတွေ က အင်ဂျင် heat တက်နေတယ် လို့ပြောကြပါ တယ် ကားဒက်ခ်ျဘုတ် အင်ဂျင် Heat  ဂိတ်မှာ အပူချိန် အခြေအနေကို ဖော်ပြ နေပါတယ်။ အင်ဂျင် heat တက်နေတာကို ကားမောင်းသူက သတိမထားမိဘဲ ဆက်မောင်းနေမယ် ဆိုရင် ရေတိုင်ကီ ရေဆူပြီး ရေနွေးငွေ့တွေ ပန်းထွက်မှ သိတယ် ဆိုရင်တော့ နောက်ကျသွားပါပြီ။

☉အင်ဂျင်အပူလွန်ကဲရင် အင်ဂျင် Head နဲ့ အင်ဂျင်ဘလောက်တစ်ခုလုံး အငွေ့ထောင်း ထောင်းထပြီး ညှော်နံ့တွေ ထွက်နေပါတယ်။ အင်ဂျင် ဂျမ်းဖြစ်သွားပြီး စက်ထိုး ရပ်သွားမယ်။ ဂတ်စ်ကတ်ပြတ်မယ်။ ၀ါးတားပိုက်တွေ ပေါက်ထွက်ပြီး ရေနွေးငွေ့တွေ ပန်းထွက်လာမယ်။

အပူလွန်ကဲတာကြောင့် အင်ဂျင် Head ကွဲအက်သွားနိုင်ပါတယ်။ ဂတ်စ်ကတ်ပြတ်ပြီး အင်ဂျင်ဝိုင်ဆီလိုင်းနဲ့၊ ရေလိုင်း ရောနှော သွားမယ်။ အင်ဂျင်ဝိုင်ထဲ ရေတွေရောက်နိုင် သလို အင်ဂျင် အအေးခံရေလိုင်းထဲကိုလည်း အင်ဂျင်ဝိုင်တွေ ရောက်နိုင်ပါတယ်။ အင်ဂျင်ဝိုင်ထဲကိုရေရောက် သွားရင်တော့ အင်ဂျင်ဝိုင် အရောင် ပြောင်းလဲသွား ပြီး အင်ဂျင်ဝိုင် ပျက်စီးသွားနိုင်ပါတယ်။ ဒီလို ပြဿနာမျိုး ဖြစ်လာလျှင် အင်ဂျင် Head ဖွင့်ပြီး ဂတ်စ်ကတ်လဲရတာ အင်ဂျင် Head  ပြန်ပြင်ရ တာတွေကြောင့် ငွေကုန်ကြေးကျ များပါတယ်။

⚠ ဘာကြောင့်အင်ဂျင် Heat  တတ်တာလဲ။
 ရေတိုင်ကီရေယိုနေသလား။ ၀ါးတာပိုက် ကွဲနေသလား။ ရေမလုံတာလား။ ရေတိုင်ကီ cap ဖုံး ကောင်းရဲ့လား။ ၀ါရှာလုံရဲ့လား။ ပန်ကာကြိုး လျော့နေသလား။ ရေလည်အုံ ၀ါးတားပန့် ဘောလ် ကြွေသလား။ သာမိုစတတ် မကောင်းတာလား။ ရေတိုင်ကီမှာ အမှိုက်တွေ ပိတ်နေတာလား။ စစ်ဆေးဖို့လိုပါတယ်။ လျှပ်စစ်ပန်ကာနဲ့ ရေတိုင်ကီ အအေးခံတဲ့စနစ်ဆိုရင် ပန်ကာလေဆွဲအား ကောင်းရဲ့လား။ ရေတိုင်ကီအပူချိန်ကို အာရုံခံပေးတဲ့ အပူချိန်တိုင်းဆင်ဆာ ကောင်းရဲ့လား။

ရေတိုင်ကီမှာသုံးတဲ့ အအေးခံအရည်က ရိုးရိုးရေ တစ်မျိုးတည်း သုံးတာထက် ဆေးရည် ရောစပ်ပြီးသုံးတာ ပိုကောင်း ပါတယ်။ ရေတိုင်ကီလေ၀င်ပေါက်က လေတွေမှာ ဖုန်၊ သဲ၊ အမှိုက်တွေ ပိတ်ဆို့ နေတာမျိုး မရှိအောင် သန့်ရှင်းဖို့ လိုပါတယ်။

မီးတိုင်မင်မြင့်လွန်းနေလျှင်လည်း အင်ဂျင် အပူချိန်မြှင့်တက်လာပါတယ်။ Hand ဘရိတ်ဆွဲ ထားပြီး ရှူးခြမ်းတွေငြိနေတာမျိုး ဖြစ်လျှင်လည်း အင်ဂျင်အပူချိန် မြင့်လာနိုင်ပါတယ်။ ကားပေါ်မှာ လူနဲ့ ကုန်ပစ်္စည်းအလေးချိန် အဖြစ် နေလျှင် အင်ဂျင်အပူချိန် မတတ်အောင် အင်ဂျင် အအေးခံစနစ်ကို ထိန်းသိမ်း ဂရုစိုက်ဖို့ လိုပါတယ်။

 အင်ဂျင်ချောဆီပို့စနစ်မှာ ချွတ်ယွင်းချက် အားနည်းချက် တစ်ခုခုကြောင့် အင်ဂျင် လည်ပတ် နေစဉ်မှာ ဆီငတ်သွားခဲ့မယ် ဆိုရင် connecting ဘယ်ရင်၊ မိန်းဘယ်ရင်တွေ လောင်ပြီး ပျက်စီးသွား နိုင်ပါတယ်။ အင်ဂျင်ဝိုင် မတက်တာကြောင့် အင်ဂျင်အတွင်း အစိတ်အပိုင်းတွေ ဆီငတ်ပြီး ပွန်းစားပျက်စီး သွားမယ်။ အင်ဂျင်တစ်လုံးရဲ့ အသက်က အင်ဂျင်ဝိုင် ပါပဲ။

ကားမောင်းနေစဉ်မှာ အင်ဂျင်ဝိုင် Pressure ကျလာလျှင် အင်ဂျင်ဝိုင် သတိပေးမီးလင်း လာပါလိမ့်မယ်။ ဒါကို ယာဉ်မောင်းက သတိမထားဘဲ ဆက်မောင်းနေမယ် ဆိုရင်တော့ အင်ဂျင်ဘယ်ရင် ဖမ်းပြီး စက်ထိုးရပ် သွားပါလိမ့်မယ်။ အင်ဂျင်ဝိုင်မီး လင်းတာနဲ့ ကားကိုချက်ချင်း ရပ်ပြီး စစ်ဆေးဖို့ လိုပါတယ်။ အင်ဂျင်ထဲမှာ အင်ဂျင်ဝိုင် မရှိတော့တာလား။ Oil level  အရမ်းနိမ့်ကျနေလား တိုင်းကြည့်ပါ။

ကားစက်မနိုးမှီ အင်ဂျင်ဝိုင် စစ်ဆေးကြည့်ဖို့ လိုပါတယ်။ အင်ဂျင်ဝိုင်ယိုတဲ့နေရာ ရှိသလား။ ဆီစစ်ဘူး ပိတ်တာလား။ အင်ဂျင် Crank case ကိုလမ်းပေါ်က သစ်တုံး၊ ကျောက်တုံးနဲ့ တိုက်မိပြီး ဆီတွေယိုကျ ကုန်သလား။ အင်ဂျင်ဝိုင်ထပ် မဖြည့်တာ ကြာလို့ ဆီနည်းတာလား၊ အင်ဂျင်က အင်ဂျင်ဝိုင် အစားများနေသလား စစ်ဆေးဖို့ လိုပါတယ်။ အင်ဂျင်ဝိုင် မှန်မှန်လဲပါ။ ဆီစစ်ဘူးပါ လဲပေးပါ။ အင်ဂျင်ဝိုင် အရည်အသွေး ကောင်းကောင်း ကို ရွေးချယ် သုံးပါ။ အင်ဂျင်ချောဆီ ပို့စနစ်ကို ထိန်းသိမ်းပေးဖို့ လိုပါတယ်။
♨ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ အရည်အသွေး ညံ့လွန်းတဲ့ ဆီကိုသုံးမိလျှင် မီးခေါက်သံ ထွက်လာ ပါတယ်။ အရည်အသွေး မမှန်တဲ့ လောင်စာဆီကြောင့် အင်ဂျင် ပေါက်ကွဲမှု ဖြစ်စဉ် မူမမှန်ဖြစ် တာပါ။ အင်ဂျင်မီးသံ ထွက်ပြီး Knocking ဖြစ်တာများလျှင် ပစ္စတင်တွေ၊ ဗားတွေ ပျက်စီးသွား နိုင်ပါတယ်။ ပြင်းထန်တဲ့ မီးခေါက်သံကြောင့် ပစ္စတင် ထိပ်ပိုင်းမှာ ပေါက်ပြဲ သွားနိုင် ပါတယ်။ Connecting Rod ကိုထိခိုက် စေပါတယ်။

☡ မီးခေါက်သံဖြစ်ရတာ ဓာတ်ဆီ အရည်အသွေး မမှန်တာကြောင့်ပါ။ တခြား အကြောင်းတွေ ကတော့ အင်ဂျင် အပူလွန်ကဲတာ၊ မီးတိုင်မင် စောလွန်းတာ၊ ပလပ်အမျိုးအစား မမှန်တာ၊ အောက်ဆီဂျင် ဆင်ဆာ မကောင်းတာ၊ အင်ဂျင်ကို Over Load ရုန်းခိုင်းတာ၊ ဂီယာပြောင်းချိန်းတာ လွဲမှားတာတွေကြောင့် အင်ဂျင်မီးသံ ထွက်နိုင်ပါတယ်။

 အင်ဂျင်တစ်လုံးကို ကြီးကြီးမားမား ပျက်စီး သွားစေနိုင်တဲ့ အကြောင်းအရင်းတွေကို သိရှိထားခြင်းဖြင့် ဒီအားနည်းချက်တွေ မဖြစ်ပေါ်အောင် ထိန်းသိမ်းဂရုစိုက်ဖို့ ယာဉ်မောင်းသူမှာ တာဝန် ရှိပါတယ်။ မိမိကိုင်တွယ်တဲ့ ကားတစ်စီးကို အမြဲ ဂရုစိုက် ထိန်းသိမ်းနေမယ် ဆိုရင် အင်ဂျင် ပျက်စီးခြင်း အန္တရာယ်က ကာကွယ်ပြီး ဖြစ်ပါလိမ့်မယ်။



Credit 》》 ဆရာ KMA(သိပ်္ပံနှင့်နည်းပညာ)



Kkk

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html