ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား ပလပ္ (Plugs) အေၾကာင္း

ကား ပလပ္ (Plugs)
……………………………………………

ဓာတ္ဆီအင္ဂ်င္တစ္လံုးမွာ ေလ နဲ႔   ေလာင္စာအေရာေတြ အေကာင္း ဆံုး မီးေလာင္ေပါက္ကြဲႏိုင္ဖို႔   Spark Plugs ရဲ႕လုပ္ေဆာင္ခ်က္ဟာ အေရးႀကီးပါတယ္။

Ignition System မွာေနာက္ဆံုးအဓိကက်တဲ့အရာကလည္း Spark Plug ပါပဲ။ Plug မေကာင္း လို႔ အင္ဂ်င္လုပ္ေဆာင္ခ်က္စြမ္းရည္ အျပည့္အဝမရရင္ ဆီစားႏႈန္းမ်ားလာ ပါတယ္။ အင္ဂ်င္႐ုန္းအား၊    ဆြဲအား လည္း က်ဆင္းပါတယ္။Plug ဆိုတာ လူတိုင္းသိေပမယ့္ Plug ေၾကာင့္ ျဖစ္ေန တဲ့ျပႆနာေတြ၊ ခြ်တ္ယြင္းအားနည္း ခ်က္ေတြကို အေသးစိတ္နားလည္ သိရွိၾကသူေတြ  နည္းပါတယ္။ အရည္ အေသြးမေကာင္းတဲ့ ဓာတ္ဆီေတြသံုး ၿပီး ျပဳျပင္ထိန္းသိမ္းမႈအားနည္းေနတဲ့ ကားေတြမွာ  Plug ျပႆနာ၊  Plugဒုကၡေတြကို  ရင္ဆိုင္ေနၾကရပါတယ္။ ဏူကါ တစ္လံုးရဲ႕လုပ္ေဆာင္ခ်က္ ကဘာလဲ။ ဓာတ္ဆီအင္ဂ်င္တစ္လံုး မွာ ေလနဲ႔ ေလာင္စာဆီအေရာကို Power Stroke ေရာက္ခါနီးမွာ    မီး ေလာင္ေပါက္ကြဲသြားေအာင္   မီးပြား (Spark) ေတြဖန္တီးျပဳလုပ္ေပးတဲ့အရာပါပဲ။ Ignition စနစ္မွာ မီးကြိဳင္ (Ignition Coil) က ပို႔လႊတ္ေပးလိုက္ တဲ့ ဗို႔အားျမင့္   (High Voltage) ေတြ၊ ပလပ္ႀကိဳးကေနတစ္ဆင့္  Plug ကို ေရာက္လာပါတယ္။ ဗို႔အား  ၁၂၀ဝ၀ ကေန  ၂၅၀ဝ၀Volt  ရွိတဲ့အတြက္ Plugထိပ္မွာရွိတဲ့  Center Electrode က ေန Ground ငုတ္ကို မီးပြားေတြ ခုန္ကူးပါတယ္။ ဒီမီးပြားေၾကာင့္ Combustion Chamber ထဲမွာရွိေနတဲ့ ဖိသိပ္ခံထားရတဲ့ ေလ-ေလာင္စာဆီ အေရာေတြ ေပါက္ကြဲထြက္သြားပါတယ္။ ဒီေပါက္ကြဲတြန္းကန္အား ေၾကာင့္    ပစၥတင္က Connecting Rod ကိုတြန္းခ်ၿပီး  က႐ိုင္းရွပ္ကိုလည္ ပတ္ေစပါတယ္။  ပစၥတင္ ၄ လံုးရွိရင္  ပလပ္ ၄ လံုးရွိပါတယ္။ တခ်ိဳ႕ကားေတြမွာ ဆလင္ဒါတစ္လံုးအတြက္  Plug ၂ လံုးစီေတာင္တပ္ဆင္ထားပါတယ္။ အင္ဂ်င္လည္ပတ္ေနတဲ့ႏႈန္းကျမန္လြန္းတဲ့အတြက္ ပလပ္ မီးပြားပြင့္ခ်ိန္ကလည္း အလြန္တို ေတာင္းလွပါတယ္။  High Speed ေမာင္းေနတဲ့အခ်ိန္မွာ ပလပ္မီးပြားပြင့္ ခ်ိန္တစ္ခုဟာ ၁ စကၠန္႔ရဲ႕ အပံု ၁၀ဝ၀ ပံု  ၁ ပံု    (၁/၁၀ဝ၀) ေလာက္ပဲ ၾကာပါတယ္။

ပလပ္ထိပ္ Electrode နဲ႔  ေျြကသားေတြမွာ ကာဗြန္ေတြခ်ိဳးကပ္ၿပီး ပလပ ္ညစ္ေပလာတတ္ပ ါတယ္။ ကာဗြန္ခ်ိဳးေတြ ညစ္ေပတာမ်ားလာရင္ ပလပ္မီးပြားခုန္ကူးတာကို အေႏွာင့္ အယွက္ေတြျဖစ္လာပါတယ္။ ပလပ္ မီးကူးတာ  မမွန္ေတာ့ဘူး။ အင္ဂ်င္ ေပါက္ကြဲမႈလည္း မမွန္ေတာ့ဘူး။ ပလပ္ညစ္ေပေနၿပီး ပလပ္မခုတ္ေတာ့ တာကို   Carbon Fouling ျဖစ္တယ္ လို႔    ေခၚပါတယ္။
Hh
ဘာေၾကာင့္  Plug ထိပ္မွာ (Hot Type), အေအးပလပ္ (Cold Type) ဆိုၿပီး ခြဲျခားထုတ္လုပ္ပါလဲ။ Plug တစ္လံုးကေနအပူေတြေလွ်ာက္ကူး စီးဆင္း ျပန္လည္အေအးခံတဲ့အခါမွာ ၾကာတဲ့အခ်ိန္ေပၚမွာမူတည္ၿပီး အပူ ပလပ္၊  အေအးပလပ္ကို သတ္မွတ္ပါတယ္။ ပလပ္တစ္လံုးမွာ  လွ်ပ္ကာ ပစၥည္းျဖစ္တဲ့  ေျြကသီးေတြနဲ႔ တည္ ေဆာက္ထားပါတယ္။ ပလပ္ရဲ႕ အလယ္အူတိုင္ Center Electrode ကို ေျြကသား Insulator ကဖံုးအုပ္ၿပီးထား ပါတယ္။ အပူပလပ္ေတြမွာ   ေျြက သား  Insulator Nose က အလ်ားရွည္ပါတယ္။  အေအးပလပ္(Cold Type) မွာေတာ့  Insulator Nose က အလ်ားပိုၿပီးတိုပါတယ္။ အပူပလပ္နဲ႔ အေအးပလပ္ကို ကုပ္နံပါတ္ေတြနဲ႔ ခြဲျခားထုတ္လုပ္ထားပါတယ္။ပလပ္တစ္လံုးက အပူေတြကို အင္ဂ်င္Head ကေနတစ္ဆင့္ အျပင္ ကိုစြန္႔ထုတ္ပစ္ရပါတယ္။ အပူပလပ္ တစ္လံုးရဲ႕ Insulator Nose က ပို ၿပီးရွည္တာေၾကာင့္ အပူစြန္႔ထုတ္ပစ္ တဲ့ေနရာမွာၾကာပါတယ္။ ဒီလိုၾကာတဲ့ အတြက္ ပလပ္ရဲ႕အပူခ်ိန္က  ျမင့္ေနပါတယ္။


အေကာင္းဆံုးပလပ္တစ္လံုးရဲ႕ မီးေလာင္ၿပီးဆံုးမႈအပူခ်ိန္ဟာ (500C) ကေန (800C) အတြင္း ခန္႔မွန္းေျခ အားျဖင့္ရွိပါတယ္။  500C ထက္နိမ့္ က်ေနတဲ့   အပူခ်ိန္မွာ ပလပ္တစ္လံုးရဲ႕   Self-Cleaning Temperature လို႔ ေခၚပါတယ္။ ဒီအပူခ်ိန္အေျခအေန မွာရွိေနရင္ ပလပ္ေတြသန္႔ရွင္းေနပါ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပလပ္ အတြင္းပိုင္းမွာလာၿပီး ခ်ိဳးကပ္ေနတဲ့ ကာဗြန္ေတြဟာ သူ႔သဘာဝအတိုင္း ေလာင္ကြ်မ္းသြားကုန္လို႔ပါပဲ။ 800C ထက္ပိုေနရင္လည္း Overheating ျဖစ္ပါတယ္။ ပလပ္တစ္လံုးရဲ႕  အေကာင္းဆံုး Thermal Performance ရဖို႔ ပလပ္တစ္လံုးကို ေရြးခ်ယ္တဲ့အခါမွာ Heat range ဟာ  အေရးႀကီးတဲ့အခ်က္ပါပဲ။

ပလပ္တစ္လံုးမွာ ကာဗြန္ခ်ိဳးေတြ ညစ္ေပေနရင္ မီးပြားပြင့္တာမမွန္ ေတာ့ပါဘူး။ ပလပ္ကာဗြန္ခ်ိဳးေတြ တြယ္ကပ္လာေစႏိုင္တဲ့အေၾကာင္း တရားေတြကေတာ့
– ကားအင္ဂ်င္ low speed မွာပဲ ခရီးတိုေလးေတြကို အဆက္မ ျပတ္ေမာင္းေနျခင္း။

– အေအးပလပ္ (Cold Plug)ကို   ေရြးခ်ယ္အသံုးျပဳထားျခင္း။
– အင္ဂ်င္အတြင္းသို႔   ဆီမ်ားေသာ ေလ-ေလာင္စာအခ်ိဳ းအစားမ်ားဝင္ေရာက္မႈမ်ားေနျခင္း။
– အင္ဂ်င္Compression က် ေနျခင္း၊   ပစၥတင္ရိန္းနဲ႔    ဆလင္ဒါနံရံမ်ားစားေန၍  အင္ဂ်င္ဝိုင္အကုန္မ်ားေနျခင္း။
– မီးတိုင္မင္ (Ignition timing)ေနာက္က်လြန္းျခင္း။
– မီးေပးစနစ္(Ignition System) အေျခအေနယိုယြင္းပ်က္စီးေန ျခင္း တို႔ျဖစ္ပါတယ္။

Credit
ဆရာ KMA(သိပၸံႏွင့္နည္းပညာ)
HighSpeed Weekly Car Journal - Motors Myanmar
__________________

Hh

.                                 [Unicode]
ကား ပလပ် (Plugs) အကြောင်းဆောင်းပါး
…………………………
ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လေ နဲ့   လောင်စာအရောတွေ အကောင်း ဆုံး မီးလောင်ပေါက်ကွဲနိုင်ဖို့   Spark Plugs ရဲ့လုပ်ဆောင်ချက်ဟာ အရေးကြီးပါတယ်။

Ignition System မှာနောက်ဆုံးအဓိကကျတဲ့အရာကလည်း Spark Plug ပါပဲ။ Plug မကောင်း လို့ အင်ဂျင်လုပ်ဆောင်ချက်စွမ်းရည် အပြည့်အဝမရရင် ဆီစားနှုန်းများလာ ပါတယ်။ အင်ဂျင်ရုန်းအား၊    ဆွဲအား လည်း ကျဆင်းပါတယ်။Plug ဆိုတာ လူတိုင်းသိပေမယ့် Plug ကြောင့် ဖြစ်နေ တဲ့ပြဿနာတွေ၊ ချွတ်ယွင်းအားနည်း ချက်တွေကို အသေးစိတ်နားလည် သိရှိကြသူတွေ  နည်းပါတယ်။ အရည် အသွေးမကောင်းတဲ့ ဓာတ်ဆီတွေသုံး ပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းနေတဲ့ ကားတွေမှာ  Plug ပြဿနာ၊  Plugဒုက္ခတွေကို  ရင်ဆိုင်နေကြရပါတယ်။ ဏူကါ တစ်လုံးရဲ့လုပ်ဆောင်ချက် ကဘာလဲ။ ဓာတ်ဆီအင်ဂျင်တစ်လုံး မှာ လေနဲ့ လောင်စာဆီအရောကို Power Stroke ရောက်ခါနီးမှာ    မီး လောင်ပေါက်ကွဲသွားအောင်   မီးပွား (Spark) တွေဖန်တီးပြုလုပ်ပေးတဲ့အရာပါပဲ။ Ignition စနစ်မှာ မီးကွိုင် (Ignition Coil) က ပို့လွှတ်ပေးလိုက် တဲ့ ဗို့အားမြင့်   (High Voltage) တွေ၊ ပလပ်ကြိုးကနေတစ်ဆင့်  Plug ကို ရောက်လာပါတယ်။ ဗို့အား  ၁၂၀ဝ၀ ကနေ  ၂၅၀ဝ၀Volt  ရှိတဲ့အတွက် Plugထိပ်မှာရှိတဲ့  Center Electrode က နေ Ground ငုတ်ကို မီးပွားတွေ ခုန်ကူးပါတယ်။ ဒီမီးပွားကြောင့် Combustion Chamber ထဲမှာရှိနေတဲ့ ဖိသိပ်ခံထားရတဲ့ လေ-လောင်စာဆီ အရောတွေ ပေါက်ကွဲထွက်သွားပါတယ်။ ဒီပေါက်ကွဲတွန်းကန်အား ကြောင့်    ပစ္စတင်က Connecting Rod ကိုတွန်းချပြီး  ကရိုင်းရှပ်ကိုလည် ပတ်စေပါတယ်။  ပစ္စတင် ၄ လုံးရှိရင်  ပလပ် ၄ လုံးရှိပါတယ်။ တချို့ကားတွေမှာ ဆလင်ဒါတစ်လုံးအတွက်  Plug ၂ လုံးစီတောင်တပ်ဆင်ထားပါတယ်။ အင်ဂျင်လည်ပတ်နေတဲ့နှုန်းကမြန်လွန်းတဲ့အတွက် ပလပ် မီးပွားပွင့်ချိန်ကလည်း အလွန်တို တောင်းလှပါတယ်။  High Speed မောင်းနေတဲ့အချိန်မှာ ပလပ်မီးပွားပွင့် ချိန်တစ်ခုဟာ ၁ စက္ကန့်ရဲ့ အပုံ ၁၀ဝ၀ ပုံ  ၁ ပုံ    (၁/၁၀ဝ၀) လောက်ပဲ ကြာပါတယ်။
ပလပ်ထိပ် Electrode နဲ့  ေြွကသားတွေမှာ ကာဗွန်တွေချိုးကပ်ပြီး ပလပ ်ညစ်ပေလာတတ်ပ ါတယ်။ ကာဗွန်ချိုးတွေ ညစ်ပေတာများလာရင် ပလပ်မီးပွားခုန်ကူးတာကို အနှောင့် အယှက်တွေဖြစ်လာပါတယ်။ ပလပ် မီးကူးတာ  မမှန်တော့ဘူး။ အင်ဂျင် ပေါက်ကွဲမှုလည်း မမှန်တော့ဘူး။ ပလပ်ညစ်ပေနေပြီး ပလပ်မခုတ်တော့ တာကို   Carbon Fouling ဖြစ်တယ် လို့    ခေါ်ပါတယ်။
ဘာကြောင့်  Plug ထိပ်မှာ (Hot Type), အအေးပလပ် (Cold Type) ဆိုပြီး ခွဲခြားထုတ်လုပ်ပါလဲ။ Plug တစ်လုံးကနေအပူတွေလျှောက်ကူး စီးဆင်း ပြန်လည်အအေးခံတဲ့အခါမှာ ကြာတဲ့အချိန်ပေါ်မှာမူတည်ပြီး အပူ ပလပ်၊  အအေးပလပ်ကို သတ်မှတ်ပါတယ်။ ပလပ်တစ်လုံးမှာ  လျှပ်ကာ ပစ္စည်းဖြစ်တဲ့  ေြွကသီးတွေနဲ့ တည် ဆောက်ထားပါတယ်။ ပလပ်ရဲ့ အလယ်အူတိုင် Center Electrode ကို ေြွကသား Insulator ကဖုံးအုပ်ပြီးထား ပါတယ်။ အပူပလပ်တွေမှာ   ေြွက သား  Insulator Nose က အလျားရှည်ပါတယ်။  အအေးပလပ်(Cold Type) မှာတော့  Insulator Nose က အလျားပိုပြီးတိုပါတယ်။ အပူပလပ်နဲ့ အအေးပလပ်ကို ကုပ်နံပါတ်တွေနဲ့ ခွဲခြားထုတ်လုပ်ထားပါတယ်။ပလပ်တစ်လုံးက အပူတွေကို အင်ဂျင်Head ကနေတစ်ဆင့် အပြင် ကိုစွန့်ထုတ်ပစ်ရပါတယ်။ အပူပလပ် တစ်လုံးရဲ့ Insulator Nose က ပို ပြီးရှည်တာကြောင့် အပူစွန့်ထုတ်ပစ် တဲ့နေရာမှာကြာပါတယ်။ ဒီလိုကြာတဲ့ အတွက် ပလပ်ရဲ့အပူချိန်က  မြင့်နေပါတယ်။
အကောင်းဆုံးပလပ်တစ်လုံးရဲ့ မီးလောင်ပြီးဆုံးမှုအပူချိန်ဟာ (500C) ကနေ (800C) အတွင်း ခန့်မှန်းခြေ အားဖြင့်ရှိပါတယ်။  500C ထက်နိမ့် ကျနေတဲ့   အပူချိန်မှာ ပလပ်တစ်လုံးရဲ့   Self-Cleaning Temperature လို့ ခေါ်ပါတယ်။ ဒီအပူချိန်အခြေအနေ မှာရှိနေရင် ပလပ်တွေသန့်ရှင်းနေပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပလပ် အတွင်းပိုင်းမှာလာပြီး ချိုးကပ်နေတဲ့ ကာဗွန်တွေဟာ သူ့သဘာဝအတိုင်း လောင်ကျွမ်းသွားကုန်လို့ပါပဲ။ 800C ထက်ပိုနေရင်လည်း Overheating ဖြစ်ပါတယ်။ ပလပ်တစ်လုံးရဲ့  အကောင်းဆုံး Thermal Performance ရဖို့ ပလပ်တစ်လုံးကို ရွေးချယ်တဲ့အခါမှာ Heat range ဟာ  အရေးကြီးတဲ့အချက်ပါပဲ။
ပလပ်တစ်လုံးမှာ ကာဗွန်ချိုးတွေ ညစ်ပေနေရင် မီးပွားပွင့်တာမမှန် တော့ပါဘူး။ ပလပ်ကာဗွန်ချိုးတွေ တွယ်ကပ်လာစေနိုင်တဲ့အကြောင်း တရားတွေကတော့
– ကားအင်ဂျင် low speed မှာပဲ ခရီးတိုလေးတွေကို အဆက်မ ပြတ်မောင်းနေခြင်း။
– အအေးပလပ် (Cold Plug)ကို   ရွေးချယ်အသုံးပြုထားခြင်း။
– အင်ဂျင်အတွင်းသို့   ဆီများသော လေ-လောင်စာအချို းအစားများဝင်ရောက်မှုများနေခြင်း။
– အင်ဂျင်Compression ကျ နေခြင်း၊   ပစ္စတင်ရိန်းနဲ့    ဆလင်ဒါနံရံများစားနေ၍  အင်ဂျင်ဝိုင်အကုန်များနေခြင်း။
– မီးတိုင်မင် (Ignition timing)နောက်ကျလွန်းခြင်း။
– မီးပေးစနစ်(Ignition System) အခြေအနေယိုယွင်းပျက်စီးနေ ခြင်း တို့ဖြစ်ပါတယ်။
Credit
ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)
HighSpeed Weekly Car Journal - Motors Myanmar
Source: motors.com.mm







Hh

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html