ကြော်ငြာမတင်ခင် စစ်ဆေးရမယ့် အချက် (၅) ချက်
===================
အသက် - 18 ကနေ 65+ ရွေး
နေရာ - မြန်မာတစ်ပြည်လုံးရွေးနေယုံနဲ့တော့ အရောင်းတက်မလာနိုင်ပါဘူး
===================
ကြော်ငြာတစ်ခုဖန်တီးရာမှာ သေချာပေါက်စစ်ဆေးရမယ့် အချက် ၅ ချက်ကို သိမှသာ အပိုဒေါ်လာမကုန်မှာ ဖြစ်ပါတယ်
(၁) ဘာကိုကြော်ငြာမှာလဲ
- Page ကိုလား Post ကိုလား ကွဲပြားဖို့လိုပါတယ်
===================
(၂) ဘာကြောင့်ကြော်ငြာမှာလဲ
- Like များများလိုချင်လို့လား လူသိအောင်လို့လား Message များများပို့စေချင်လို့်လား ဖုန်းများများဆက်စေချင်လို့လား
===================
(၃) ဘယ်သူ့ကိုကြော်ငြာမှာလဲ
- မိတ်ဆွေရဲ့ထုတ်ကုန်ပစ္စည်းက 18 ကနေ 65+ အထိ သုံးလို့ရပါသလား
- သုံးစွဲလို့ရတယ်ဆိုရင်တောင် 65+ က Facebook အသုံးပြုခြင်းရှိပါသေးရဲ့လား
===================
(၄) ဘယ်ကိုကြော်ငြာမှာလဲ
- မြန်မာတစ်ပြည်လုံးကြော်ငြာမှာလား
- မြန်မာတစ်ပြည်လုံးကိုကြော်ငြာဖို့်အတွက် ကြော်ငြာစရိတ်က တစ်ဦးကို တစ်ကျပ်ပဲကျသင့်မယ်ဆိုရင်တောင် မိတ်ဆွေ ကြော်ငြာငွေဘယ်လောက်ကုန်မလဲ တွက်ကြည့်ပါ
===================
(၅) ဘယ်လိုကြော်ငြာမှာလဲ
- နေ့စဉ်ပုံမှန်ကြော်ငြာနေမှာလား
- Budget တိတိကျကျသတ်မှတ်ပြီး ရက်အကန့်အသတ်နဲ့ကြော်ငြာမှာလား
===================
ဒီ (၅) ချက်မစစ်ပဲကြော်ငြာမိလို့ ငွေတွေဘယ်လောက် ကုန်ဆုံးခဲ့ပြီလဲ
နောက်တစ်ခါတော့ ငွေအပိုကုန်တာမျိုး မဖြစ်ရလေအောင် အချက် ၅ ချက်စစ်ပြီးမှ ကြော်ငြာကြည့်ပါ
===================
ဒီပို့စ်လေးက အကျိုးရှိခဲ့မယ်ဆိုရင် ကြော်ငြာလေ့ရှိတဲ့ သူငယ်ချင်းတွေကို Mention ခေါ်ပြီး ဘော်ဘော်ချင်း မျှဝေပေးလိုက်ပါဦးခင်ဗျာ...
Credit
No comments:
Post a Comment