ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Breaker များအကြောင်း

Breaker အကြောင်းမေးလာတဲ့ junior တွေအတွက် နားလည်သလောက်လေးရေးပြတာပါ။

Circuit Breaker ကို automatically operated electrical switch ဆိုပြီးတော့ အဓိပ္ပါယ် သတ်မှတ်ကြပါတယ်။

Voltage အမျိုးမျိုးကို အခြေခံပြီး circuit breaker တွေမှာ low voltage, medium voltage နဲ့  high voltage တွေမှာ သုံးတဲ့ အမျိုးအစားတွေ ကွဲပြားပါတယ်။

low voltage circuit breaker vတွေမှာ IEC standard, EN standard ကို အခြေခံပြီးတော့ the rated current I(n) ရဲ့ instantaneous tripping current ( breaking capacity ) ကို letter B, C, D တွေနဲ့ ဖော်ပြထားပါတယ်။ Ampere တူပေမယ့် ဈေးနှုန်းကွာခြားရတာက tripping current ကြောင့်ပါ။
Type B - Above 3 I(n)
Type C - Above 3 I (n) up to including 10 I(n)
Type D - Above 10 I (n) up to including 20 I (n)

လို့ သတ်မှတ်ထားပါတယ်။ အခြား electronic device တွေ measuring instructment တွေမှာ သုံးတဲ့  Type အမျိုးအစား တွေလဲရှိပါတယ်။

Circuit Breaker တွေကို
MCB (low voltage)
MCCB(low voltage )
ELCB (low voltage)
RCD (or)RCCB (low voltage)
ACB (medium voltage or high voltage)
VCB (medium voltage or high voltage)
OCV (high voltage)  တွေအမျိုးမျိုးရှိပါတယ်။

MCB ( Miniature Circuit Breaker)တွေကို 100 Aအထိပဲသုံးကြပါတယ်။ သူက trip အခြေအနေကို adjust လုပ်လို မရပါဘူး။ MCBကို thermal (over current, over voltage ) or thermal-magnetic operation (over current, over voltage, short circuit current) operation အနေနဲ့ သုံးနိုင်ပါတယ်။ MCB ကို operation နဲ့ installation location ကို လိုက်ပြီး Type B ( trip between 3 and 5 times full load current),Type C (trip between 5and10 time full load current), Type D (trio between 10 and 20 full load current) ဆိုပြီး သတ်မှတ်ပါတယ်။

MCCB ( Moulded Case Circuit Breaker) ကို brand အမျိုးမျိုးပေါ်မူတည်ပြီး 1000A ထိ ရှိနိုင်သလို 2500A ထိလဲရှိနိုင်ပါတယ်။ MCCB တွေက လိုအပ်ရင် tripping current ကို adjust လုပ်နိုင်ပါတယ်။ Over current, over voltage နဲ့ short circuit operation တွေအတွက် သုံးပါတယ်။ MCCB မှာ ampere ကြီးလာတာနဲ့ အမျှ operation ကို control နဲ့ တွဲ ပြီး အလုပ်လုပ်ကြပါတယ်။

(ဒီနေရာမှာ SLD တွေမှာ တွေ့ နေရတဲ့ အခြေအနေလေးတခုကို ထည့်ရေးချင်ပါတယ်။ အဲဒါက manual transfer switch တွေကို 1000 A နဲ့ အထက်တွေမှာ ရေးထားတာပါ။ ကိုယ်တွေကတော့ အမှန်သာ MTS တွေကို ampere အကြီးကြီးတွေအတွက် သုံးရင်တော့ စိတ်ပူလို့ ပါ။ စလုံးနဲ့  ကိုယ့်တိုင်းပြည်က မတူပါဘူး။ စလုံးက အမှန်တကယ် အသုံးပြုဖို့  အလွန်နည်းပါးပေမယ့် ကိုယ်တွေတိုင်းပြည်ကတော့ မကြာခဏ သုံးရမယ့် အခြေအနေပါ။ ဒါကြောင့်လဲအရင်က ရေးဘူးပါတယ် ကိုယ့်တိုင်းပြည်အတွက် design ကို ကိုယ်တွေဆီက အင်ဂျင်နီယာကြီးတွေက ပို လက်တွေ့ ကြကြ တွက်ချက်နိုင်ဖို့ အဆင်ပြေနိုင်တာကိုပါ။)

ELCB (Earth Leakage Circuit Breaker) & RCD, RCCB

ELCB breaker က human safety အတွက် earth leakage အခြေအနေမှာ trip ဖြစ်ဖို့ သုံးတာပါ။ ELCB ကို သုံးမယ်ဆိုရင် L, N အပြင် earth cable ကို ပါ connection ပေးရတာပါ။ အဲဒီearth leakage ကို အခြေခံပြီးမှ trip ဖြစ်တာပါ။ သာမန် building တွေမှာ earth connection က လက်တွေ့ မှာ သိပ်အဆင်မပြေလှပါဘူး။ အဲဒါကြောင့် အခုအခါမှ ELCB အစား RCD (or) RCCB ကို အစားထိုးသုံးလာကြတာပါ။ RCCB တွေက L နဲ့  N ကိုပဲ cable connection ဆက်ဖို့ လိုပါတယ်။ Lနဲ့  N ရဲ့ current ခြားနားခြင်းကို အခြေခံပြီး trip ဖြစ်တဲ့ အတွက် earth connection မလိုအပ်ပါဘူး။  ELCB ကို အသုံးပြုဖို့ ရွေးချယ်ထားရင်တော့ RCD (or) RCCB ကို ပြောင်းလဲဖို့  ပို သင့်တော်ပါတယ်။ ဒါပေမယ့် ဒီbreaker တွေက earth leakage အတွက်ပဲ သီးသန့် အသုံးပြုရတာဖြစ်ပြီး short circuit current ကို မကာကွယ်နိုင်ပါဘူး။

Combination of MCB and RCCB (RCBO)
Residual Circuit Breaker with Overload က MCB နဲ့  RCCB ကို package တခုထဲ ပေါင်းပြီး ထုတ်လိုက်တာပါ။

ACB (Air Circuit Breaker)
brand အမျိုးမျိုးကို လိုက်ပြီး ampera အမျိုးအစား 10000A ထိရှိ နိုင်ပါတယ်။ အဓိကက ACBကို ampere အကြီးတွေမှာ ပိုအသုံးများပါတယ်။ Operationကို Microprocessor control နဲ့ Power System Control တွေမှာ အသုံးများပါတယ်။

VCB, OCB တွေကို high voltage control တွေမှာ အများဆုံးသုံးကြပါတယ်။ High voltage circuit breaker တွေမှာ three phase line တွေ တပြိုင်တည်း trip မဖြစ်ပဲ line တခုချင်းဆီ trip ဖြစ်ဖို့  operaton ကို arrange လုပ်ကြပါတယ်။

ဒါတွေက breakerတွေရဲ့ အခြေခံ အချက်လေးတွေပါ။ operation တွေအလုပ်လုပ်ပုံ လည်ပါတ်ပုံ နဲ့  trip အခြေအနေ, peak voltage control, using in mechanical system တွေက ပိုပြီးကျယ်ပြန့် ပါတယ်။ ဒီအခြေခံတွေက တဆင့်တက် ဆက်စပ် စဉ်းစား လေ့လာဖို့ တိုက်တွန်းပါတယ်။

Credit -Original Writer

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html