ရွှေမြန်မာများ
အာရှမှာ အနိမ့်ဆုံးဘဲ
အခုဆို
လက်လီဈေး .... ၅၀ ကျပ်တန်
လက္ကားဈေး ......၃၀ ကျပ် နဲ့
လေဖောင်းမူန့်အစုံ
ပြီးတော့
ပင်လယ်စာလို့ခေါ်တဲ့
အဆိပ်တွေ အဆိပ်တွေ
အိမ်ရှင်မတွေ
ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကို
ချက်ချင်း မသေပေမယ့်
ပြီးတော့
သုံးစွဲနေကြသေးတာဘဲ
အဲ့ဒီတော့
အချိုမူန့် များများ
စားရတော့မှာပေါ့
copy
https://m.facebook.com/story.php?story_fbid=1678697745506976&id=1053922271317863
Uni Code
စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍
အစားအသောက် ကျိန်စာ သင့်နေသော
ရွှေမြန်မာများ
ရွှေမြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ်
အာရှမှာ အနိမ့်ဆုံးဘဲ
အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့
အစားအသောက်တွေကို ကျန်းမာရေးအသိနဲ့ မချင့်ချိန်ဘဲ
စားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာရေးထိခိုက်ရုံမျှ မကဘဲ
ကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်ပါ
အညွန့်ကျိုးသွားနိုင်ပါတယ်
ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့
ကျန်းမာရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ
အခုဆို
အသက် ၄၀ နဲ့ အထက် တွေကို ကြည့်လိုက် မေးလိုက်ရင်
ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့
အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့
ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့
ရောဂါတွေ မရှိတဲ့သူ တော်တော်ကို ရှားလာတယ်
တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့
အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ
ရောဂါတွေ အဖြစ် အရမ်းများလာတယ်
အသက် ၆၀ ကျော်တွေကြည့်လိုက်တော့
အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်
ကလေးလေးတွေကြည့်တော့လည်း
အရောင်စုံ အရသာစုံ အနံစုံ နဲ့
လက်လီဈေး .... ၅၀ ကျပ်တန်
လက္ကားဈေး ......၃၀ ကျပ် နဲ့
ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့
အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့
အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့
လေဖောင်းမူန့်အစုံ
အရောင်စုံ အရသာစုံ အနံစုံ နဲ့
ချိုချဉ်အစုံ ပီကေအစုံ နိုခဲအစုံ
ပြီးတော့
အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့
ပင်လယ်စာလို့ခေါ်တဲ့
အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့်
ပိန်လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့
တချို ငွေကြေးချမ်းသာပြီး ကျန်းမာရေးအသိမရှိတဲ့
မိသားစုကကလေးတွေဆို ပိုဆိုးတယ်
ကျောင်းကို မုန့်ဖိုးအများကြီးပေး ထားတော့
တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်
တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီး
နောက်ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကို
ကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလို
တပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့
ကလေးတွေ အများကြီးတွေ့ နေရတယ်
လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်
ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါ
ခတ်တာက လူကြီးတွေ ကိုယ်တိုင်က မသိတာဘဲ
တချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်
" တသက်လုံး စားလာတာ အခုမှတော့ မစားဘဲ
မနေနိုင်ပေါင် သေမှသေရောဘဲ " ဆိုတဲ့
လူကြီးတွေ အများကြီးဘဲ
တရုတ်ကြီးတယောက်ပြောတာ သွားသတိရတယ်
" နိတို့မြန်မာတွေ ကျန်းမာရေးအသိကိုမရှိဘူး
ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ "
နေစဉ်စားသောက်နေတဲ့ အစားအသောက်တွေမှာ
အဆိပ်တွေ အဆိပ်တွေ
အိမ်ရှင်မတွေ
ဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့
ဆီပြန်ဟင်းတွေချက်ပြီး
ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောကျၤား နဲ့ သားသမီးတွေကို
အိမ်က မီးဖိုချောင်ထဲမှာ အဆိပ်ခတ်နေကြတယ်
ချက်ချင်း မသေပေမယ့်
တဖြည်းဖြည်း ကျန်းမာရေး ချို့တဲ့
ကျန်းမာရေး မကောင်းတော့ ကျန်းမာရေးစရိပ်တွေကြောင့်
စီးပွားရေးတွေ လုံးပါးပါးပြီး
နောက်ဆုံး မိသားစုတစုလုံး ဘဝပျတ်
သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်
ပြီးတော့
ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့
အစိုးရ ကိုချည်းဘဲ အပြစ် မပြောပါနဲ့
အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့
မူးရစ်ဆေး ဆိုတာတွေကိုတောင်မှ
အသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီး
သုံးစွဲနေကြသေးတာဘဲ
အသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့
ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ
ဟင်းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင်
စားမကောင်းဘူး လျှာထဲမစွဲဘူး
အသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာ
ဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ
အဲ့ဒီတော့
စားကောင်းပြီး လျှာထဲစွဲချင်တယ်
ဆီမြုပ်ပြီး အရောင်လှချင်တယ်
ဈေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့
အချိုမူန့် များများ
ပြည့်ဝဆီ အညံစားတွေနဲ့
ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ
စားရတော့မှာပေါ့
အစိုးရက ထုပ်လုပ်သူတွေကို
ဘယ်လိုဘဲ အရေးယူ အပြစ်ပေးနေပေမယ့်
ကျန်းမာရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့
ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ
မှားတာပါရင်လည်း စေတနာအမှားမို့ ခွင့်လွတ်ပါ.....
လိုတာရှိရင်လည်း အောက်ကဖြည့်ပေးပါ.......
စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ....
မူရင်းတင်သူကို လေးစားစွာ credit ပေးပါတယ်
လိုင်းပေါ်တွေ့လို့ ကျန်းမာရေးအတွက် share ပေးပါရစေ
copy
No comments:
Post a Comment