ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
Dual Purpose ဆိုင်ကယ်များနဲ့အခြေခံ Off Road မောင်းနှင်နည်းများ
ဆိုင်​ကယ်​ ​ဆောင်းပါးများကို
တစုတစည်းထဲ စုပေါင်းပီး ဖော်ပြပေးလိုက်ပါတယ် 
...
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၁)
အရင်တစ်ပါတ်မှာ Ride Behind Kalaw အကြောင်းကို
ရေးသားခဲ့ပြီးဆိုတော့ တစ်ဆက်တည်းအနေနဲ့ Dual Purpose ဆိုင်ကယ်များအကြောင်းနဲ့ အခြေခံ Off Road
Enduro မောင်းနှင်နည်းများကို ရေးသားလိုက်ပါတယ်။
Off Road ရဲ့ အဓိပ္ပါယ်​ဖွင့်ဆိုချက်ကတော့ "စက်တပ်
ယဉ်များလွယ်ကူစွာသွားလာနိုင်စေရန်အတွက် ကွန်က ရစ်​ ကတ္တရာ စသည်တို့ဖြင့် ဖောက်လုပ်ထားသော လမ်း
ကြောင်းမဟုတ်သော ကြမ်းတမ်းသောမျက်နှာပြင်ရှိသော မြေပြင်။" လို့ အဓိပ္ပါယ်​ရပါတယ်။ မော်တော်ဆိုင်ကယ်
များအတွက်တော့ Off Road နဲ့ On Road ဟာ အလွန်ပဲ ကွဲပြားခြားနားပါတယ်။ အသုံးပြုတဲ့ဆိုင်ကယ်တွေလည်း
လုံးဝမတူကြသလို မောင်းနှင်တဲ့နည်းတွေလည်း မတူကြ
ပါဘူး။ On Road မှာအသုံးပြုတဲ့နည်းတွေအားလုံးကို Off Road မှာအသုံးပြုလို့မရပါဘူး။ဥပမာ ရှေ့ဘရိတ်ကိုပဲ အများဆုံးအသုံးပြုတာ၊ ကွေ့တဲ့အခါမှာ Lean Angle ယူပြီး စောင်းပြီး ကွေ့တာတွေဟာ Off Raod မှာအသုံးပြု လို့မရပါဘူး။ Off Road တွေမှာလည်း အမျိုးအစားလိုက် ကွဲပြားသွားတာတွေ့ရပါတယ်။ 
သဘာဝအတိုင်းရှိနေတဲ့
ကြမ်းတမ်းတဲ့မြေပြင်ပေါ်မောင်းနှင်ကြတဲ့ Enduro ၊
ကျောက်တုံးကျောက်ခဲတွေ မတ်စောက်တဲ့တောင်ကုန်း
အမြင့်တွေကိုတက်ရတဲ့ ပိုပြီးကြမ်းတမ်းတဲ့ Hard Enduro ၊ ရွှံ့နွံတွေထဲဖြတ်သန်းမောင်းနှင်ရတဲ့ Mud Riding ၊ အထူးပြုလုပ်ထားတဲ့ ပြိုင်ကွင်းပတ်လမ်းမှာ
ပြိုင်မောင်းရတဲ့ Motocross ၊အမြင့်ခုန်ပြိုင်ပွဲ Motocross
Step Up ၊ Motocross ဘီးများနဲ့ လေပေါ်မှာခုန်ပျံပြီး စ
တန့်ထုတ်ကာအလှပြရတဲ့ Motocross Freestyle ၊အထူးစီစဉ်ထားတဲ့ကျောက်တုံးကြီးတွေ အရာဝတ္တုကြီး တွေပေါ်ကိုဖြတ်သန်းမောင်းနှင်ရတဲ့ Trials ၊ ဘဲဥပုံပတ် လမ်းကို ယှဉ်ပြိုင်မောင်းနှင်ရတဲ့ Flat Track Racing နဲ့ Speedway ၊ အထူးပြုလုပ်ထားတဲ့ဆိုင်ကယ်များနဲ့ ယှဉ် ပြိုင်ရတဲ့ တောင်ကုန်းတက်ပြိုင်ပွဲ Hill Climbing ၊အလွန် ကြမ်းတမ်းတဲ့ ကန္တာရဒေသနဲ့လွင်ပြင်တွေကို မိုင်ပေါင်း
ထောင်ချီမောင်းနှင်ကြပြီး ရက်ပေါင်းများစွာပြိုင်ပွဲဝင်ရတဲ့
Moto Rally ပြိုင်ပွဲများ စတဲ့ မတူကွဲပြားတဲ့ Off Road အမျိုးအစားတွေ၊ ပြိုင်ပွဲတွေ၊ ဆိုင်ကယ်တွေနဲ့ မောင်းနှင် နည်းတွေအများအပြားရှိကြပါတယ်။
ကျွန်တော်တို့လို ဆိုင်ကယ်ဝါသနာရှင်တွေ ရံဖန်ရံခါ အ
ပျော်တမ်းမောင်းကြလေ့ရှိတာကတော့ Enduro Off Road လို့ အမည်တပ်ရမှာပါ။မြန်မာနိုင်ငံမှာ Motocross
ကွင်းတွေ သီးသန့်မရှိတဲ့အတွက် အပြင်မှာပဲ သဘာဝ
အတိုင်းတည်ရှိနေကြတဲ့ လမ်းကြမ်းတွေကိုပဲမောင်းနှင်ရ
တဲ့အတွက် Enduro လို့ အမည်တပ်လိုက်တာပါ။ အဲ့ဒါ
ကြောင့် Off Road မောင်းနှင်ဖို့ ဆိုင်ကယ်ဝယ်တဲ့အခါမှာ
လည်း Enduro နဲ့ အဆင်ပြေတဲ့ဆိုင်ကယ်မျိုးကိုရွေးချယ်
ဝယ်ယူသင့်ပါတယ်။ Off Road ဆိုင်ကယ်တွေနဲ့ On Road ဆိုင်ကယ်တွေ နောက်ထပ်မတူညီတဲ့အချက်က
တော့ Off Road ဆိုင်ကယ်တွေက ဈေးပေါပေါနဲ့ဝယ်လို့
ရတာပါ။ အပျော်တမ်းစီး Dual Purpose ဆိုင်ကယ်တွေ
ကနေ Professional တွေမောင်းတဲ့ ပြိုင်ပွဲသုံးဆိုင်ကယ်
တွေအထိ ဝယ်လို့ရပါတယ်။ (On Road ဆိုင်ကယ်တွေ
ကတော့ အဲ့လိုမဟုတ်ပါဘူး။ ပြိုင်ပွဲဝင် Road Racing ဆိုင်ကယ်တွေက ဈေးနှုန်းအလွန်ကြီးကြသလို အချို့ဘီး
တွေဆို အပြင်မှာဝယ်ယူလို့ကိုမရနိုင်ပါဘူး။) အဲ့ဒါကြောင့်
Off Road ဝါသနာရှင်များအဆင်ပြေစွာဝယ်ယူနိုင်အောင်
Off Road အမျိုးအစားနဲ့ အသုံးပြုတဲ့ဆိုင်ကယ်တွေကို
ဖော်ပြပေးလိုက်ပါတယ်။
Kkk
အပျော်တမ်း Enduro Off Road အတွက် ရွေးချယ်စရာ
ဆိုင်ကယ်များ
အပျော်တမ်း Enduro အတွက် လမ်းကြမ်းလမ်းချော နှစ်
မျိုးသုံး Dual Purpose ဘီးတွေကို ရွေးချယ်လို့ရပါတယ်။
ယနေ့ခေတ် နာမည်ကြီးနေတဲ့ Dual Purpose ဘီးတွေ
ကတော့ Honda CRF250L ၊ Yamaha WR250R နဲ့ Kawasaki KLX250S တို့ပဲ ဖြစ်ကြပါတယ်။ ရှေ့မီးကြီး၊ နောက်မီး၊ အချက်ပြမီး၊ နောက်ကြည့်မှန်နဲ့ Horn တွေပါ
ဝင်ပြီး လမ်းမပေါ်တရားဝင်မောင်းနှင်ခွင့်ရှိတဲ့ Dual Purpose ဘီးတွေပဲဖြစ်ကြပါတယ်။ Honda CRF250L နဲ့
Kawasaki KLX250S တွေက ထိုင်းစက်ရုံမှာထုတ်လုပ်
တာဖြစ်ပြီး Yamaha WR250R ကတော့ ဂျပန်စက်ရုံကပဲ
ထုတ်လုပ်ထားတာပါ။ ဈေးနှုန်းတွေအရ CRF250L နဲ့ KLX250S တွေမှာ ၂၀၁၃ ကနေ၂၀၁၆ မိုဒယ်တွေအထိ
လိုင်စင်ပါဝင်ပြီးကို သိန်း ၃၀ ကနေ ၄၅ သိန်း အထိ ဈေး
ပေါက်ကြပါတယ်။Yamaha WR250R ကတော့ ၂၀၀၈
ကနေ ၂၀၁၄ မိုဒယ်အတွင်း လိုင်စင်အပါကို သိန်း ၅၀ ကနေ ၈၅ သိန်းအထိ ဈေးပေါက်ကြပါတယ်။ ပါဝင်တဲ့
Specifications တွေကို လေ့လာကြည့်မယ်ဆိုရင် CRF250L မှာ 249cc,Single Cylinder, Liquid Cooled, 4 Stroke, DOHC 4 Valve  နဲ့ Wet Multi Plate Clutch ဂီယာ ၆ ချက်ပါဝင်ပါတယ်။ Performance တွေကတော့ 23 HP နဲ့ 22.6 N-m ထွက်ပြီး အလေးချိန်အနေနဲ့ ပေါင် ၃၂၀ အထိ လေးလံပါတယ်။ Suspension အနေနဲ့ အရှေ့  Inverted Fork က ၈.၇ လက်မအထိ ကစားပြီး နောက် Single Shock က ၉.၄ လက်မအထိ ကစားပါ တယ်။ Seat Height က ၃၅ လက်မ၊ မြေပြင်ကင်းလွတ် အကွာအဝေး ၁၀ လက်မ နဲ့ ဆီတိုင်ကီက ၂ ဂါလံ အထိ ဆန့်ပါတယ်။ လောင်စာဆီပေးစနစ်က PGM-FI ဖြစ်ပြီး ဆီစား နှုန်းအနေ နဲ့ တစ်နာရီကို ၇၃ မိုင်အထိ ပျှမ်းမျှ
မောင်းနှင်နိုင်ပါတယ်။ Compression Ratio မှာ 10.7:1 ရှိတာကြောင့် ဆီဖိုးချွေတာလိုသူများအနေနဲ့ 92 RON ထည့်ပေးရုံနဲ့ လုံလောက်ပါတယ်။၂၀၁၃ ခုနှစ်မှာ ထိုင်း Honda စက်ရုံက စတင်ထုတ်လုပ်ခဲ့ပြီး စက်ရုံထုတ်ဈေး အဖြစ် USA မှာ ဒေါ်လာ ၅၀၀၀ ဒါမှမဟုတ် ဒေါ်လာ ၅၀၀၀ နဲ့ညီမျှတဲ့ ဈေးနှုန်းနဲ့ ကမ္ဘာအနှံ့တင်ပို့ရောင်းချနေ တာ တွေ့ရပါတယ်။ အပိုပစ္စည်းတွေကို ထိုင်းစက်ရုံမှာပဲ
ထုတ်လုပ်တာကြောင့် ပေါပေါများများရရှိနိုင်ပြီးဈေးလည်း သက်သာတာကိုတွေ့ရပါတယ်။
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၂)
Kkk
Honda CRF250L ရဲ့အဓိကအားသာချက်ကတော့ ၃စင်း
ထဲမှာ ဈေးအသက်သာဆုံးနဲ့ရောင်းအားအကောင်းဆုံးပါ။
စက်ရုံထုတ်ဈေးသက်သာတာ၊ အပိုပစ္စည်းတွေလည်း ဝယ်ရလွယ်ကူပြီး ဈေးပေါတာ၊ EFI အင်ဂျင်ကလည်း
အကြမ်းပတမ်းခံနိုင်ပြီး ယုံကြည်စိတ်ချရတာကြောင့် ရွေး
ချယ်မှုများရတာလို့ သုံးသပ်ရပါတယ်။ ပြီးတော့ Off Road ထက်စာရင် On Road မှာ ပိုပြီးမောင်းလို့ကောင်း
ပါတယ်၊ ပိုပြီးလည်း ငြိမ်ပါတယ်။ အားနည်းချက်တွေက တော့ အလေးချိန်စီးလွန်းပြီးထွက်တဲ့ပါဝါကလည်းနည်းပါး တာကြောင့် မောင်းရတာအားမရတာပါ။ ပြီးတော့
Suspensions တွေလည်း သိပ်မကောင်းကြသလို ချိန်
ညှိလို့လည်းမရပါဘူး။ ကိုယ်ထည်ကလည်းကျစ်လစ်မှု
မရှိပဲ ပွယောင်းယောင်းဖြစ်နေတယ်လို့ ခံစားရပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ထိုင်းနဲ့နီးတာကြောင့် CRF250L တွေကို အများအပြားတွေ့နေရပါတယ်။ KLX250S နဲ့ WR250R တွေထက် ပေါများစွာတွေ့ရပါတယ်။တစ်ကယ် လို့များ CRF ကိုပဲဝယ်မယ်လို့ ဆုံးဖြတ်ထားရင် Modification လုပ်ဖို့အတွက်ပါစဉ်းစားထားတာပိုကောင်း
ပါတယ်။ CRF ပိုင်ရှင်အများစုကတော့ မူရင်း Stock Version ကိုပဲ မောင်းရင်းမောင်းရင်းနဲ့ အားမရဖြစ်လာပြီး Performance ပိုကောင်းလာအောင် Modified လုပ်ကြ တာတွေ့ရပါတယ်။ ၂၀၁၃ ခုနှစ် CRF250L စထွက်တုန်း
ကတော့ Performance အစိတ်အပိုင်းတွေကို ဟိုတစ်စ
ဒီတစ်စနဲ့ ဝယ်ယူပြီး အဆင့်မြှင့်ကြတာပါ။
 အခုနောက်
ပိုင်းမှာတော့ ရောင်းတဲ့သူတွေက Package တွေနဲ့ ဈေး
သက်သာစွာ ရောင်းချလာတာတွေ့ရပါတယ်။ CRF250L
အတွက် Performance Package ထဲမှာ Full System Exhaust ၊ Fuel Controller နဲ့  အသွား ၁၃ ခု ပါဝင်တဲ့ ရှေ့ Sprocket တို့ပါဝင်ကြပါတယ်။ Exhaust ကလည်း
FMF ၊ Yoshimura နဲ့ Arrow တံဆိပ်တို့မှ ကြိုက်နှစ်
သက်ရာတံဆိပ်ကို ရွေးချယ်ခွင့်ရှိပါတယ်။ Fuel Controller ထဲမှာတော့ EJK ဒါမှမဟုတ် FMF ကိုလည်း ရွေးချယ်နိုင်တာတွေ့ရပါတယ်။ အများဆုံးရွေးချယ်ဝယ်
ယူကြတဲ့ Exhaust ကတော့ FMF Exhaust System ဖြစ်
ပြီး Fuel Controller မှာတော့ EJK တံဆိပ်ကို အများဆုံး ဝယ်ယူကြပါတယ်။ FMF Exhaust မှာလည်း Supermoto အဖြစ် On Road မောင်းနှင်ဖို့နဲ့ Off Road မောင်းနှင်ဖို့အတွက် Exhaust Pipe Header ၂မျိုး ကို
ရွေးချယ်ခွင့်ရှိပါတယ်။ Package တွေရဲ့ဈေးနှုန်းကတော့
ဒေါ်လာ ၆၅၀ မှ ၈၀၀ အထိ ရှိနိုင်ပြီး Performance အနေနဲ့ မိမိရဲ့ Tuning အပေါ်မူတည်ပြီး  စုစုပေါင်း 28 HP ခန့် တက်လာနိုင်ပါတယ်။
Kawasaki KLX250S ကို ၂၀၀၆ ခုနှစ်မှာစတင်ထုတ်လုပ်
ခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်းမှာတော့ ထိုင်းမှာရှိတဲ့ Kawasaki စက်ရုံကပဲ ဆက်လက်ထုတ်ခဲ့တာတွေ့ရပါ
တယ်။ 249cc, Single Cylinder, Liquid Cooled, 4 Stroke, DOHC 4 Valve, Wet Multi Plate Clutch ဂီယာ ၆ ချက်နဲ့ Electric Starter ပါဝင်ပါတယ်။ လောင် စာဆီပေးပို့မှုပုံစံကတော့ ၂၀၀၆ မှ ၂၀၁၅ မိုဒယ် အထိ 34mm ဆိုက် Constant Velocity Carburetor ကို အသုံးပြုခဲ့ပါတယ်။ ၂၀၁၆ မိုဒယ်က စတင်ပြီး ဥရောပကို တင်သွင်းတဲ့ဘီးတွေမှာ KDFI ခေါ် Kawasaki Digital Fuel Injection စနစ်ကို အသုံးပြုခဲ့တာတွေ့ရပါတယ်။ USA နဲ့ အာရှနိုင်ငံတွေကိုတော့ Carburetor Version ကိုပဲဆက်လက်တင်ပို့ရောင်းချခဲ့ပါတယ်။ဒါပေမယ့် ယခု ၂၀၁၈ ခုနှစ်မိုဒယ်က စတင်ပြီး KLX250S တွေအားလုံး KDFI စနစ်ကိုပဲ အသုံးပြုထားတာတွေ့ရပါတယ်။ Performance တွေ အနေနဲ့ 23 HP နဲ့ 20.5 N-m Torque အား အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ Suspension တွေအနေနဲ့ အရှေ့ Inverted Fork က ၁၀ လက်မ အထိ ကစားနိုင်ပြီး အနောက်က Uni-Trak Single Shock က ၉.၁ လက်မ အထိ ကစားနိုင်ပါတယ်။ Seat Height မှာ ၃၅ လက်မရှိပြီး မြေပြင်ကင်းလွတ် အကွာအဝေးက ၁၁.၂ လက်မ အထိရှိပါတယ်။ ဆီတိုင် ကီမှာ ၂ ဂါလံဆန့်ပြီး စုစုပေါင်းအလေးချိန်မှာ ၃၀၄ ပေါင် လေးလံပါတယ်။ ဆီစားနှုန်းမှာ တစ်ဂါလံကို ၇၀ မိုင်အထိ မောင်းနှင်နိုင်ပြီး Compression Ratio မှာ 11:1 ရှိတာ ကြောင့် 95 RON သုံးပေးရင် ပိုကောင်းပါတယ်။ဈေးနှုန်း တွေအနေနဲ့ အရင် Carburetor Version မှာ ဒေါ်လာ ၄၇၀၀ နဲ့ရောင်းချခဲ့ပေမယ့် ယခု KDFI Version မှာတော့ ဒေါ်လာ ၅၁၀၀ နဲ့ ရောင်းချနေတာတွေ့ရပါတယ်။
Kkk
Kawasaki KLX250S ကိုတော့ ကျွန်တော်တို့ဆီမှာ အ
တွေ့နည်းပါတယ်။ မြန်မာနိုင်ငံမှာ Kawasaki Show Room ရှိပေမယ့် KLX250S ကို CRF250L နဲ့ WR250R
တို့ထက်စာရင် အင်မတန်မှကို တွေ့ရနည်းပါတယ်။ KLX
250S က CRF250L နဲ့ယှဉ်ရင် Off Road မှာ ပိုကောင်း
ပါတယ်။ ပါးပါးလျလျနဲ့ကျစ်လစ်ပြီး အလေးချိန်လည်း ပေါ့ပါးပါတယ်။ Suspensions တွေလည်း ချိန်ညှိလို့ရ
တာတွေ့ရပါတယ်။ အားနည်းချက်တွေကတော့ တည်
ဆောက်ထားတဲ့ ကွာလတီအရည်အသွေးက နည်းနည်း
ညံ့ပါတယ်။ဂရုမစိုက်မိပဲ နည်းနည်းကြာကြာလေးပစ်ထား
မိရင် ဖရိမ်အချို့နေရာတွေက သံချေးလိုက်လာတာတွေ့ရ
ပါတယ်။ ရှေ့မီးကြီးကလည်းလင်းအားသိပ်မကောင်းတဲ့
အတွက် ညဖက်တွေမှာ ခရီးဝေးကိုမောင်းနှင်လို့မသင့်ပါ
ဘူး။ ၂၀၀၆ မှ ၂၀၁၆ အထိ ထုတ်ခဲ့တဲ့ Carburetor Version KLX အတွက် Modification တွေကတော့ အ
လွန်ပဲလွယ်ကူလှပြီး ကုန်ကျစရိတ်လည်းသက်သာလှပါ
တယ်။ အရိုးရှင်းဆုံး Modification အဖြစ် Carburetor ရဲ့ Jet လေးတွေကို လဲလှယ်ပေးရုံနဲ့ Performance ကို
တက်လာစေပါတယ်။ Main Jet ၊ Idle Jet နဲ့ Air Jet
တွေပါဝင်တဲ့ Performance Jet Kit တစ်စုံကိုမှ ၂၅ ဒေါ်
လာ ကနေ ၅၀ ဒေါ်လာအထိပဲ ကျသင့်ပါတယ်။ ပြီးရင်
နောက်တစ်ဆင့်အဖြစ် Air Filter Box ကို ချဲ့တာ၊လေဝင်
ပေါက်တွေထပ်ဖောက်တာနဲ့ Performance Air Filter တွေကိုတပ်ဆင်တာလည်း ပြုလုပ်နိုင်ပါတယ်။နောက်ဆုံး အဆင့်အဖြစ် Exhaust System တစ်ခုလုံးကိုလဲလှယ်
နိုင်ပြီး ပါဝါအများကြီးတက်လာကို တွေ့မြင်ရပါတယ်။
တက်နိုင်တဲ့သူတွေကတော့ 351cc Big Bore Kit နဲ့ ပန့်
ပါဝင်တဲ့ Carburetor ကိုပါ တပ်ဆင်ကြတာတွေ့ရပါ
တယ်။ 
ကုန်ကျစရိတ်ကတော့ များသွားနိုင်ပါတယ်။ Final Drive Ratio ခေါ် ရှေ့ Sprocket နဲ့ နောက် Sprocket တွေကို လဲလှယ်အစားထိုးပြီး Performance တက်လာအောင်လည်း ပြုလုပ်နိုင်ပါတယ်။ 
အသွားပိုများတဲ့ 48 tooth Rear Sprocket ကို
လဲလှယ်လိုက်ခြင်းဖြင့်
Acceleration ပိုကောင်းလာပြီး Off Road မောင်းနှင်ဖို့
အတွက်ပိုပြီးသင့်တော်စေပါတယ်။ အသွားနည်းတဲ့ Rear Sprocket ကတော့ Top Speed ပိုကောင်းစေပြီး လမ်းမ
ပေါ်မောင်းနှင်ဖို့သင့်တော်ပါတယ်။ အခုနောက်ပိုင်းထွက်
လာတဲ့ မိုဒယ်မြင့် KLX EFI Version တွေအတွက်က CRF250L ကို Modified သလိုမျိုး ဝယ်ယူလို့ရပါတယ်။ 
Performance Full Exhaust Sysetm တစ်ခုကိုဝယ်ယူ တပ်ဆင်ပြီး EJK ဒါမှမဟုတ် FMF လို 3 Button Fuel Controller တစ်ခုနဲ့ Fuel Map ကို Tuning လုပ်ကာ အဆင့်မြှင့်တင်နိုင်ပါတယ်။ KLX ဟာ ထိုင်းအခြေစိုက် Kawasaki စက်ရုံကထုတ်တဲ့အတွက် အပိုပစ္စည်းတွေကို လည်း ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါတယ်။ 
ဒါပေမယ့်
ထိုင်းမှာလည်း CRF250L က KLX250S ထက် နာမည်ပို
ကြီးပြီး လူကြိုက်ပိုများပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၃)
Yamaha WR250R ကတော့ 
ဂျပန်စက်ရုံကပဲ ၂၀၀၈ ခုနှစ်မှ 
ယခုထိတိုင်ထုတ်လုပ်လျှက်ရှိပါတယ်။
 250cc, Single Cylinder, Liquid Cooled, 4 Stroke, DOHC 4 Valve, Multiplate Wet Clutch ဂီယာ ၆ ချက်နဲ့ Electric Starter ပါဝင်ပါတယ်။ လောင်စာဆီပေးပို့မှု အနေနဲ့ YFI ခေါ် Yamaha Fuel Injection စနစ်ကို အ
သုံးပြုထားပါတယ်။ ဥရောပ Exhaust Gas ထုတ်လွှတ်
မှုဥပဒေတွေနဲ့ ကိုက်ညီအောင် Oxygen Sensor နဲ့ Secondary Air Injection တွေကို တပ်ဆင်ထားတဲ့ အပြင် Exhaust Power Valve ကိုပါ တပ်ဆင်ပေးထား
ပါတယ်။ 
EXUP ခေါ် Exhaust Ultimate Power Valve
အဖြစ် Yamaha က အမည်ပေးထားပါတယ်။ Bottom
End Power ကောင်းလာအောင် တပ်ဆင်ထားတာဖြစ်ပြီး
ECU မှတဆင့် ဆာဗိုမော်တာလေးနဲ့ထိန်းချုပ်လည်ပတ်
စေပါတယ်။ထူးခြားချက်အဖြစ် မဂ္ဂနီဇီယမ်သတ္တုနဲ့ပြုလုပ်
ထားတဲ့ Cylinder Head ကိုတပ်ဆင်ထားပြီး Intake Valve တွေကို တိုက်တေနီယမ် Valve တွေအသုံးပြုထား
တာတွေ့ရပါတယ်။ 
Exhaust Valve တွေကိုတော့ ရိုးရိုး စတီးလ် Valve တွေပဲ အသုံးပြုထားပါတယ်။ Main ဖရိမ်
နဲ့ Swingarm ကို အလူမီနီယမ်နဲ့ပြုလုပ်ထားပြီး Rear Sub ဖရိမ်ကိုတော့ စတီးလ်ပိုက်တွေနဲ့ ပြုလုပ်ထားပါ
တယ်။ Performance တွေမှာ 30 HP နဲ့ 24 N-m Torque အား အထိ ထုတ်ပေးနိုင်ပါတယ်။
 Suspension တွေအနေနဲ့ အရှေ့ Inverted Fork က ၁၀.၆ လက်မ ကစားနိုင်ပြီး အနောက် Single Shock ကလည်း ၁၀.၆ လက်မအထိ ကစားနိုင်တာတွေ့ရပါတယ်။ Seat Height ၃၇ လက်မနဲ့ မြေပြင်ကင်းလွတ်အကွာအဝေးမှာ ၁၁.၈ လက်မ အထိရှိပါတယ်။ ဆီတိုင်မှာ ၂ ဂါလံဆန့်ပြီး စုစု ပေါင်း အလေးချိန်မှာ ၂၉၅ ပေါင် ပဲလေးလံပါတယ်။ ဆီ
စားနှုန်းကတော့ တစ်ဂါလံကို ၇၁ မိုင် အထိမောင်းနှင်နိုင်
ပါတယ်။ 
Compression Ratio မှာ 11.8:1 အထိ ရှိတာ
ကြောင့် 95 RON ပဲ ထည့်သင့်ပါတယ်။ ဈေးနှုန်းအနေနဲ့
ဒေါ်လာ ၆၇၀၀ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Yamaha WR250R ရဲ့အဓိကအားသာချက်ကတော့
ကွာလတီအလွန်ကောင်းမွန်တာဖြစ်ပြီး ဂျပန်စက်ရုံကနေ တစ်စင်းလုံးကို ထုတ်လုပ်တပ်ဆင်ထားတဲ့ Made in Japan အစစ်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ CRF ထက် အရေအတွက်ပိုနည်းပြီး KLX ထက်တော့ ပိုများတာတွေ့ရ ပါတယ်။ လိုင်စင်ပါဝင်ပြီးဘီးတွေလည်းရှိကြပြီး ၂၀၁၀ မိုဒယ်အောက်တွေကို အများဆုံးတွေ့ရပါတယ်။ WR ကတော့ Dual Purpose ၃စီးထဲမှာ Performance ရော အရည်အသွေးပါ အကောင်းဆုံးဖြစ်ပါတယ်။ Stock မှာ တင် 30 HP နဲ့ 24 N-m ထွက်ပြီး အလေးချိန်မှာလည်း ၂၉၅ ပေါင်ပဲလေးလံတာကြောင့် Power to Weight Ratio ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ Suspension Travel တွေနဲ့ မြေပြင်ကင်းလွတ်အကွာအဝေးလည်း အများဆုံးဖြစ်ပါတယ်။ 
Kkk
Seat Height က ၃၇ လက်မရှိ
တာကြောင့် လူကောင်သေးပြီး အရပ်နည်းနည်းနိမ့်မယ် ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ လူကောင်ကြီးမယ် ဆိုရင်တော့ အရပ်မမြင့်ရင်တောင် ထိုင်လိုက်တာနဲ့ လူရဲ့ အလေးချိန်ကြောင့် Suspension တွေကနိမ့်ဝင်သွားပြီး မြေပြင်ကို ခြေထောက်နဲ့လှမ်းထောက်နိုင်တဲ့အတွက် အဆင်ပြေနိုင်ပါတယ်။ WR ကတော့ CRF နဲ့ KLX တို့ ထက် Off Raod မှာ အကောင်းဆုံးပါ။ အလေးချိန်လည်း ပေါ့ပါးပြီး ပါဝါကလည်း ကောင်းတာကြောင့် ကြမ်းချင် သလောက်ကြမ်းနိုင်ပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်တဲ့ ဘီး မျိုးပဲဖြစ်ပါတယ်။ အားနည်းချက်တွေကတော့ အမြင့်ဆုံး HP ဖြစ်တဲ့ 30 HP က RPM 10000 မှာထွက်ပြီး Compression Ratio ကလည်း မြင့်တာကြောင့် Vibration နည်းနည်းရှိပါတယ်။ ၃ စင်းထဲမှာ Vibration အများဆုံးဖြစ်ပြီး ခရီးဝေးမောင်းတဲ့အခါမှာ ညာဖက်လက် မောင်းက ညောင်းညာထုံကျဉ်လာနိုင်ပါတယ်။
 ပြီးတော့ ပါဝင်တည်ဆောက်ထားတဲ့နည်းပညာများကအနည်းငယ် ရှုပ်ထွေးပါတယ်။ EURO Emissions အတွက်ကိုက်ညီ အောင် Secondary Air Injection စနစ်နဲ့အောက်ဆီဂျင် Sensor ကို ပူးတွဲတပ်ဆင်ထားသလို Bottom End Power ကောင်းမွန်အောင် Exhaust Power Valve ကို လည်းတပ်ဆင်ထားတာတွေ့ရပါတယ်။ အဲဒါ့ကြောင့် Modified ထပ်လုပ်တဲ့အခါမှာ CRF နဲ့ KLX တို့လောက် မလွယ်ကူလှပဲ အနည်းငယ်ခက်ခဲတာကိုတွေ့ရပါတယ်။Full Exhaust System တစ်ခုလုံးကို လဲလှယ်တဲ့အတွက် Secondary Air Injection အပေါက်ကို ပိတ်ပစ်ရပြီး အောက်ဆီဂျင် Sensor ကိုလည်းဖြုတ်ပစ်ရပါတယ်။ Exhaust Power Valve ကိုလည်းဖြုတ်ပစ်ရပြီး ECU က ထိန်းချုပ်ထားတဲ့အတွက် Check မီး ပျောက်သွားအောင် Adapter တစ်ခု ဝယ်တပ်ရပါတယ်။ (WR250R က Check မီး အချက်ပြနေရင် စက်နှိုးလို့မရပါဘူး။)
 နောက် ထပ်အားနည်းချက်တစ်ခုက ဈေးကြီိးတာပါ။ စက်ရုံထုတ် ဈေးက ဒေါ်လာ ၆၇၀၀ ရှိပြီး အပြင်က Dealer ဆိုင်တွေ
မှာ ဒေါ်လာ ၇၂၀၀ အထိ ရောင်းချတာ တွေ့ရပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၄)
Suzuki မှာလည်း Dual Purpose အနေနဲ့ DRZ400S ကို
ထုတ်လုပ်ထားတာတွေ့ရပါတယ်။ 398cc ၊ 4 Stroke ၊ Single Cylinder Liquid Cooled DOHC 4 Valve အင်
ဂျင်ဖြစ်ပြီး ဂီယာ ၅ ချက် ပါဝင်ပါတယ်။ ယခုနောက်ဆုံး မိုဒယ်အထိ 36mm ဆိုက် Carburetor ကိုပဲ အသုံးပြု
ထားပြီး 40 HP နဲ့ 39 N-m အထိ ထုတ်ပေးနိုင်ပါတယ်။ 
Suspension Travel အနေနဲ့ အရှေ့ Fork က 11.3 လက်မ အထိ ကစားပြီး နောက် Mono Shock က 11.6 လက်မ အထိ ကစားနိုင်ပါတယ်။ ရှေ့ Fork က ရိုးရိုး Conventional Telescopic Fork ပဲ ဖြစ်ပြီး Ground Clearance က 11.8 လက်မ အထိ မြင့်ပါတယ်။ Seat Height မှာ 37 လက်မ ရှိပြီး စုစုပေါင်းအလေးချိန်က
၃၁၇ ပေါင် လေးလံပါတယ်။ 
ထုတ်ပေးနိုင်တဲ့ပါဝါနဲ့ အလေးချိန်ကို ကြည့်မယ်ဆိုရင် ပါဝါတော်တော်ကောင်း
တယ်လို့ သက်မှတ်နိုင်ပါတယ်။ USA နဲ့ ကနေဒါမှာတော့
နာမည်အလွန်ကြီးပြီး ကျွန်တော်တို့ဆီမှာတော့ အလွန်ပဲ
ရှားပါးလှပါတယ်။ အကြမ်းလည်းခံ ပါဝါလည်းကောင်း
တာကြောင့် အချို့နိုင်ငံတွေမှာ ခရီးဝေးကို Off Road တွေပဲအများဆုံးမောင်းနှင်ရတဲ့ Rally ဆိုင်ကယ်အဖြစ်နဲ့
Modified ပြီး ယှဉ်ပြိုင်ကြတာလည်း တွေ့မြင်ရပါတယ်။
ဂျပန်ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Suzuki မှာတော့
Dual Sport ခေါ် Dual Purpose ဆိုင်ကယ်အနေနဲ့
250cc ကို ထုတ်လုပ်ထားတာ မတွေ့ရပါဘူး။ 
လက်ရှိအသစ် ထုတ်လုပ်ထားတဲ့ V Strom 250 ကတော့ 248cc Parallel Twin အင်ဂျင်ကိုတပ်ဆင်ထားပြီး Entry
Level Adventure ခရီးဝေးသွားဆိုင်ကယ်အဖြစ် ထုတ်
လုပ်ထားတာပါ။ Off Road တွေ မောင်းနှင်လို့ မရပါဘူး။
နောက်ထပ် Dual Sport အမျိုးအစားထဲပါဝင်တဲ့ DR200S နဲ့ Van Van 200 တို့မှာလည်း Performance နိမ့်တဲ့ Air Cooled အင်ဂျင်လေးတွေကို တပ်ဆင်ထား
တဲ့အတွက် Off Road အတိုလေးတွေကို ခဏတာမောင်း
နှင်ဖို့အတွက်ပဲ သင့်တော်ပါတယ်။
 650cc Single Cylinder Oil Cooled အင်ဂျင်ကိုတပ်ဆင်ထားတဲ့ DR650S မှာတော့ ပါဝါနည်းပြီး 
အလေးချိန်စီးတာကြောင့်
Adventure ခရီးဝေးတွေကို ဖြေးဖြေးမှန်မှန်နဲ့ မောင်းနှင်
ဖို့အတွက်ပဲ သင့်တော်ပါတယ်။
ဥရောပဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဩစတျီးယား အ
ခြေစိုက် KTM ကတော့ Dual Sport ဆိုင်ကယ်တွေကို
အ​မြောက်​အများထုတ်လုပ်ထားတာတွေ့ရပါတယ်။ 
နာမည်ကြီး Dirt Bike ကုမ္ပဏီတစ်ခုအနေနဲ့ 
Dual Sport အမျိုးအစားတွေကိုလည်း အင်ဂျင် Displacement စုံလင်
စွာ ထုတ်လုပ်ထားပါတယ်။ 
KTM မှာတော့ Dual Sportတွေကို 
EXC series တွေနဲ့ သတ်မှတ်ထားပါတယ်။ 
250EXC-F ၊ 350 EXC-F ၊ 450 EXC-F နဲ့ 500 EXC-F ဆိုပြီး
Displacement အလိုက် နာမည်ပေးထားပါတယ်။ F က
တော့ Four Stroke အင်ဂျင်ကိုဆိုလိုတာပါ။ F မပါရင်
တော့ Two Stroke အင်ဂျင်တွေလို့ သက်မှတ်နိုင်ပါ
တယ်။
ဥပမာ 250 EXC နဲ့ 300 EXC တွေဟာ Premixed
Oil အသုံးပြုရတဲ့ Two Stroke Enduro ဆိုင်ကယ်တွေပဲ
ဖြစ်ကြပါတယ်။ Two Stroke Enduro တွေဟာ မောင်း
နှင်ဖို့ ခက်ခဲကြပါတယ်။ မောင်းနှင်ဖို့ နည်းစနစ်တွေ နည်း
နည်းလိုအပ်ပါတယ်။ တကယ့်အတွေ့အကြုံရင့်ကျက်တဲ့
Riders တွေပဲ ရွေးချယ်ကြတာတွေ့ရပါတယ်။ 
KTM က
ထုတ်တဲ့ နာမည်ကြီး Dual Sport တစ်စင်းရှိပါသေး
တယ်။ အဲ့ဒါကတော့ 690 Enduro နဲ့ 690 Enduro R ပဲ
ဖြစ်ကြပါတယ်။ 690cc ၊ Single Cylinder ၊ Liquid Cooled အင်ဂျင်နဲ့ ဂီယာ ၆ ချက် ပါဝင်ပါတယ်။ R version က ရိုးရိုး Version ထက် Suspension Travel တွေ ပိုများပါတယ်။ Seat Height လည်းမြင့်ပြီး Ground Clearance လည်းမြင့်ပါတယ်။ KTM ရဲ့ 690 Enduro ကိုတော့ Adventure ခရီးဝေးလည်းသွားချင်တယ်၊ 
တခါတလေ Off Road လည်း မောင်းချင်တဲ့ ဆိုင်ကယ်သမား
တွေက အများဆုံးရွေးချယ်ဝယ်ယူကြတာတွေ့ရပါတယ်။
ကျွန်တော်တို့ဆီမှာတော့ KTM ရဲ့ Dual Sport တွေက အလွန်တရာပဲ ရှားပါလှပါတယ်။ ဈေးနှုန်းကလည်း ကြီး
မြင့်ပြီး အပိုပစ္စည်းနဲ့ Service Centre တွေလည်း ရှားပါး
တာကြောင့် အများစုကလက်ရှောင်ကြပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၅)
သင့်တော်ရာ Dual Sport ဆိုင်ကယ်တစ်စင်းကိုရွေးချယ်
ပြီးပြီဆိုရင်တော့ အပျော်တမ်း Off Road တွေကို မောင်း
နှင်လို့ရပါပြီ။ အဲ့ဒါကြောင့် အခြေခံ Off Road Enduro မောင်းနှင်နည်းများကို ဖော်ပြလိုက်ပါတယ်။
     အကာအကွယ်များကို စနစ်တကျဝတ်ဆင်ပါ။
Off Road မောင်းတယ်ဆိုတာ အပျော်တမ်းတစ်ခါတစ်
လေ မောင်းနှင်တာပါ။ အသုံးပြုတဲ့ဆိုင်ကယ်တွေက
လည်း အနည်းဆုံး 250cc အင်ဂျင်နဲ့ ပေါင် ၂၅၀ လောက်
လေးလံတာကြောင့် အင်ဂျင်ပါဝါလည်းကောင်းသလို အန္တရာယ်လည်းများပါတယ်။ 
တရုတ်ဘီး 125cc လေး
မောင်းပြီး အကာအကွယ်ပြည့်စုံစွာမဝတ်နိုင်ပဲ ဝမ်းရေး
အတွက် နေ့စဉ်သွားလာနေရတဲ့ဒေသခံတွေနဲ့တော့ နှိုင်း
ယှဉ်လို့မရပါဘူး။ သူတို့က မိမိ Off Road မောင်းနှင်မယ့်
နေရာဒေသက ဒေသခံတွေဖြစ်တတ်ကြပြီး ဝမ်းရေး ကြောင့် လမ်းကြမ်းပေမယ့်လည်း မဖြစ်မနေသွားလာနေ
ကြရတာပါ။
 ဒေသခံတွေဖြစ်တဲ့အတွက် နေရာဒေသ လမ်းကြောင်းလည်း ကျွမ်းကျင်သလို ပေါ့ပါးပြီးအင်ဂျင်
ပါဝါနည်းတဲ့ ဆိုင်ကယ်လေးတွေကို ဖြည်းဖြည်းမှန်မှန်ပဲ
မောင်းနှင်တာကြောင့် အန္တရာယ်ဖြစ်နိုင်ချေ အလွန်နည်း
ပါးပါတယ်။ မိမိတို့ကတော့ အဲ့လိုမဟုတ်ပါဘူး။ ပါဝါ
ကောင်းပြီး ကြီးမားလေးလံတဲ့ဆိုင်ကယ်တွေနဲ့ ရံဖန်​ရံခါပဲ
အပျော်တမ်းမောင်းနှင်တဲ့အတွက် ဆိုင်ကယ်ကြောင့် လမ်းအနေအထားကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ
အလွန်ပဲများပြားလှပါတယ်။ 
Off Road ကို အားကစား
တစ်ခုအနေနဲ့ လျှင်မြန်စွာ ကြမ်းတမ်းစွာ မောင်းနှင်ကြ
မယ့်အတွက် အကာအကွယ်အပြည့်အဝ ဝတ်ဆင်ကြဖို့
အကြံပြုလိုပါတယ်။
Riding Armour Equipments တွေက အမျိုးမျိုးရှိကြပါ
တယ်။ Integrated ခေါ် အကာအကွယ်တွေကိုတစ်ခါ
တည်းထည့်သွင်းချုပ်လုပ်ထားတဲ့ ဂျာကင်တွေ ဘောင်း
ဘီတွေလည်းရှိကြသလို ပလပ်စတစ် Armour တွေကို
တစ်ခုနဲ့တစ်ခုတွဲစပ်ပြီး ချုပ်လုပ်ထားတဲ့ Armour သီးသန့်
ဂျာကင်တွေလည်း ရှိကြပါတယ်။ ပြီးတော့ Armour တွေ
ကိုလည်း တစ်ခုချင်းစီသီးသန့်ဝယ်ပြီး ဝတ်ဆင်လို့ရပါ
တယ်။ Integrated Armour ဂျာကင် ဘောင်းဘီတွေ အနေနဲ့ Alpinestars ၊ Dainese ၊ Fox ၊ Icon ၊ Revit ၊
RST စတဲ့ နာမည်လည်းကြီး ဈေးလည်းကြီးကြတဲ့ Brand တွေရှိကြပါတယ်။ အာရှ အမှတ်တံဆိပ်တွေဖြစ်တဲ့ Komine ၊ Motoboy ၊ Duhan နဲ့ Scoyco တို့ကတော့ အရည်အသွေးလည်းကောင်းမွန်ပြီး ဈေးနှုန်းလည်းသင့်
တင့်ကြပါတယ်။ နောက်ပြီး လက်နဲ့ ခြေထောက်ကို ကာ ကွယ်နိုင်ဖို့ ဆိုင်ကယ်စီး လက်အိတ်နဲ့ဖိနပ်များကိုလည်း ဝတ်ဆင်သင့်ပါတယ်။ လက်အိတ်တွေမှာ လက်ချောင်း လေးတွေကိုဖော်ထားတဲ့ Half Glove နဲ့ လက်ချောင်း လေးတွေကိုပါ အပြည့်အဝအကာအကွယ်ပေးနိုင်တဲ့ Full Fingers Glove ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ Off Road မောင်းနှင်မှာဖြစ်တဲ့ အတွက် Full Fingers Glove ကိုပဲ ဝတ်ဆင်သင့်ပါတယ်။လမ်းမှာရှိတဲ့ခြုံတွေအပင်တွေကြား ထဲတိုးရတဲ့အခါ သစ်ခက်တွေဆူးပင်တွေက လက်ချောင်း လေးတွေကို ထိခိုက်နိုင်ပါတယ်။ ဆိုင်ကယ်လဲကျတဲ့အခါ တွေမှာလည်း ရပ်တရက်မြေပြင်ကိုလက်နဲ့ထောက်မိလေ့ ရှိတဲ့အတွက် Full Fingers လက်အိတ်တွေကပဲ အပြည့် အဝအကာအကွယ်ပေးနိုင်ပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၆)
ဆိုင်ကယ်စီးဖိနပ်တွေအနေနဲ့
လည်တိုဖိနပ်တွေရှိကြသလို
 ခြေသလုံးတစ်ဝက်လောက်ထိရှည်လျားတဲ့လည်ရှည်ဖိနပ် တွေလည်းရှိကြပါတယ်။
ဒါမှမဟုတ် စစ်သုံး Boot တွေလို အကြမ်းခံတဲ့ Boot မျိုးတွေလည်း ဝတ်ဆင်နိုင်ပါတယ်။ Off Road အတွက်အသင့်တော်ဆုံးကတော့ လည်ရှည် ဖိနပ်တွေပဲ ဖြစ်ကြပါတယ်။ လည်ရှည်ဖိနပ်တွေက ရပ်တရက်ဘေးက ကျောက်တုံးကျောက်ခဲတွေနဲ့ခိုက်မိလို့ ပဲဖြစ်ဖြစ် ခြေဖျားကိုဆွဲလှည့်သလိုဖြစ်ပြီး ခြေသပွတ်တိုင် လည်သွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
 ပြီးတော့ မတော်တဆ ဆိုင်ကယ်လဲကျတဲ့အခါ ဆိုင်ကယ်ပိတဲ့ ဒဏ်တွေကိုလည်းခံနိုင်ရည်ရှိကြပါတယ်။ အဓိက အရေး
ကြီးဆုံးအဖြစ် ခြေထောက်ကျိုးသွားခြင်းမှ ကာကွယ်ပေး
နိုင်တာပါ။ 
ဆိုင်ကယ်မောင်းနေတုန်း အရှိန်နဲ့မှောက်ရင် လဲရင် ခြေထောက်တွေလည်းကျိုးသွားနိုင်ပါတယ်။အရှိန်
လည်းရှိနေတော့ ရုပ်တရက်လျှင်မြန်စွာဖြစ်သွားတက်ကြ
ပြီး ဘာနဲ့ခိုက်မိမှန်းမသိပဲ ခြေထောက်တွေလည်းကျိုး
သွားနိုင်ပါတယ်။ ခြေချင်းဝတ်အဆက်ကကျိုးတာ ဒါမှ
မဟုတ် ညှိ့သကျည်းရိုးကျိုးတာလည်း ဖြစ်နိုင်ပါတယ်။
အဲ့ဒါတွေကို ကာကွယ်နိုင်ဖို့ Off Road သို့မဟုတ် Motocross မောင်းတဲ့အခါမှာ ဝတ်တဲ့ လည်ရှည်ဖိနပ်မျိုး
တွေကို ဝတ်ဆင်သင့်ပါတယ်။ Alpinestars ၊ Fox အစရှိ
တဲ့ Motocross ဖိနပ်များဟာ အလွန်ပဲခိုင်ခံ့လှပြီး ခြေ
ထောက်တစ်ခုကို အပြည့်အဝ အကာအကွယ်ပေးနိုင်ပါ
တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ ထောက်ခံချက်
တွေလည်း ရရှိထားကြပြီး ဈေးနှုန်းတော့ မြင့်ကြပါတယ်။
နောက်တစ်ခု ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ဦးခေါင်းကို ကာကွယ်နိုင်ဖို့ Helmet ကောင်းကောင်းတစ်လုံးတော့ ဝတ်ဆင်သင့်ပါတယ်။ Helmet ရွေးချယ်ရာမှာလည်း ဦးခေါင်းတစ်ခုလုံးကို အကာအကွယ်အပြည့်အဝပေးနိုင်
တဲ့ Full Face Helmet ကိုပဲ ဝတ်ဆင်သင့်ပါတယ်။ 
Full Face Helmet အနေနဲ့ မျက်မှန်သီးခြားတပ်ဆင်ရတဲ့ Motocross Helmet နဲ့ မှန်တစ်ခါတည်းတပ်ဆင်ထားတဲ့ ရိုးရိုး Full Face Helmet တွေထဲက သင့်တော်ရာကိုဝတ် ဆင်နိုင်ပါတယ်။ Arai ၊ Shoei ၊ AGV ၊ Bell နဲ့ Shark တို့လို Helmet တွေကတော့ အရည်အသွေးလည်း အလွန်ကောင်းကြသလို ဈေးလည်းကြီးကြပါတယ်။
 ဒါပေ မယ့် HJC နဲ့ LS2 တို့လို ဈေးနှုန်းသင့်တင့်တဲ့ Helmet တွေ လည်းရှိကြပါတယ်။ အရေးကြီးဆုံးကတော့ DOT သို့မဟုတ် ECE Approve ပါတဲ့ Helmet အစစ်မျိုးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Off Road မောင်းနှင်မှာ ဖြစ်တဲ့အတွက် ဖုန်တွေသဲတွေကလည်း Helmet ကြား ထဲကဝင်ရောက်နိုင်တာကြောင့် အသက်ရှူလမ်းကြောင်း ကို ကာကွယ်နိုင်ဖို့ Mask သို့မဟုတ် နှာခေါင်းစည်းတစ်ခု လည်းဝတ်ဆင်သင့်ပါတယ်။
ဆိုင်ကယ် မတော်တဆဖြစ်တဲ့အခါ ထိခိုက်မှုအများဆုံး ခန္ဓာကိုယ်​အစိတ်အပိုင်းများကတော့ လူ့ခန္ဓာကိုယ်ရဲ့ အစွန်အဖျား အစိတ်အပိုင်းတွေဖြစ်ကြတဲ့ ဦးခေါင်း ၊ လက် ၊ တံတောင် ၊ ဒူး နဲ့ ခြေထောက်များပဲ ဖြစ်ကြပါတယ်။ 
Off Road မောင်းတဲ့အခါမှာလည်း ထိုအစိတ်
အပိုင်းတွေပဲ အဓိကထိခိုက်မှုများကြပါတယ်။ တကယ်
တော့ Off Road က လူအများစုထင်နေသလို အန္တရာယ်
မများလှပါဘူး။ ခက်ခဲကြမ်းတမ်းတာတော့ မှန်ပါတယ်။
ဒါပေမယ့် On Road ခေါ် လမ်းမပေါ်မှာ မောင်းတာထက်
စာရင် အသက်အန္တရာယ်ဖြစ်နိုင်ချေအလွန်ပဲ နည်းလှပါ
တယ်။ လမ်းမပေါ်မှာက ယဉ်မျိုးစုံ ဥဒဟိုသွားလာနေကြ
တာပါ။ မိမိကမှန်နေရင်တောင် တဖက်ကမှားသွားတာနဲ့
ခံလိုက်ရမှာပါ။ ဆိုင်ကယ်အချင်းချင်း ၊ ဆိုင်ကယ်နဲ့လူ၊
ဆိုင်ကယ်နဲ့ တိရစ္ဆာန် ၊ ဆိုင်ကယ်နဲ့ကား စသဖြင့် မတော်
တဆဖြစ်နိုင်ချေတွေ အသက်အန္တရာယ်ဖြစ်နိုင်ချေတွေ အလွန်ပဲများပြားလှပါတယ်။ Off Road တွေမှာတော့ အဲ့
လိုမဟုတ်ပါဘူး။ လူသွားလူလာအင်မတန်နည်းတဲ့ အ
တွက် အခြားယဉ်တွေနဲ့ တိုက်မိခိုက်မိနိုင်ချေလည်း အ
လွန်ပဲနည်းလှပါတယ်။ လမ်းအနေအထားကြောင့်ပဲ လဲ
နိုင် မှောက်နိုင်ချေများပါတယ်။ မညီညာတဲ့မြေပြင်အနေ
အထားကြောင်း လဲတာ၊ ကျောက်တုံးကျောက်ခဲတွေ
ကြောင့် လဲတာ၊ မတ်လွန်းတဲ့အတက်တွေကြောင့် လဲ
တာ ၊ ကုန်းအဆင်းတွေမှာ လဲတာ၊ ဖုန်ထူလွန်းလို့ ဖုန်ထဲ
နစ်ပြီး လဲတာ ၊ မိုးရာသီဆိုရင်တော့ ချော်ပြီး လဲတာ၊
ရွှံ့တွေဗွက်တွေထဲ နစ်ပြီးလဲတာ စသဖြင့် မိမိတစ်ဦး
တည်းပဲ မှောက်နိုင်လဲနိုင်ချေများပါတယ်။ 
များသောအားဖြင့် 
အတက်နဲ့အဆင်းတွေမှာ လဲကြမှောက်ကြတာများ
ပါတယ်။ အတက်တွေက မတ်လွန်းတဲ့အခါ အင်ဂျင်မရုန်း
နိုင်ပဲ လဲနိုင်သလို အချိန်ကိုက် ဂီယာမပြောင်းနိုင်တဲ့အခါ
တွေမှာ ရှေ့ဆက်မတက်နိုင်တော့ပဲ လဲကြတာပါ။အတက်
တွေဆိုတော့ ခြေထောက်နဲ့ထောက်ထားဖို့ ခဲယဉ်းလှပါ
တယ်။ ဆိုင်ကယ်ကလည်း Seat Height မြင့်တယ်
အတက်လည်းဖြစ်တော့ ခြေထောက်လည်းမမှီ အဲ့ဒီအခါ
ကျတော့ ဆိုင်ကယ်က နောက်ပြန်လိမ့်ကျပြီး မှောက်ကြ
တာပါ။ အဆင်းတွေမှာလည်း အရှိန်များလွန်းရင် မှောက် တက်ပါတယ်။ ရှေ့ဘရိတ်သုံးလွန်းတဲ့အတွက် ရှေ့ဘီး Lock ကျသွားပြီးလဲတာ၊ ကျောက်တုံးကျောက်ခဲတွေကို တိုက်မိပြီး ဂျွမ်းပစ်ပြီးလဲတာ၊ နောက်ဘရိတ်သုံးလွန်းတဲ့ အတွက် နောက်ဘီး Lock ကျ ဒရွတ်ဆွဲပါသွားပြီး လဲတာ
စသဖြင့် အဆင်းတွေမှာလည်း လဲတတ်မှောက်တတ်ကြ
ပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၇)
တကယ်လို့များ အရှိန်နည်းနည်းနဲ့ လဲသွားမယ်
 မှောက် သွားမယ်ဆိုရင်တော့ 
ဆိုင်ကယ်ကိုလွှတ်ချထားလိုက်ပြီး 
လူကလှိမ့်ထွက်သွားတာ အကောင်းဆုံးပါ။ 
ဆိုင်ကယ်နဲ့
လူနဲ့တစ်ခြားစီဖြစ်အောင် ပြုလုပ်လိုက်တဲ့ သဘောပေါ့။ အဲ့လိုမှမဟုတ်ပဲ ဆိုင်ကယ်နဲ့အတူပါသွားမယ်ဆိုရင်တော့ ဆိုင်ကယ်ပိတဲ့ဒဏ်ကို ခံရနိုင်ပါတယ်။ 
ဆိုင်ကယ်က အပေါ်က ပိနေတဲ့အခါမှာ Exhaust Pipe ရှိနေတဲ့ဖက် ဆိုရင်တော့ Exhaust အပူလောင်တာ ခံရနိုင်ပါတယ်။ 
ဒါမှမဟုတ် လူကအရင်လဲကျပြီး ဆိုင်ကယ်က မိမိအပေါ် လဲကျတဲ့အခါမှာ ဆိုင်ကယ်ရိုက်မိတဲ့ဒဏ်တွေကိုလည်း ခံရနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်တွေပေါ်ကို ဆိုင်ကယ်လဲကျတဲ့အခါမျိုးတွေမှာဆိုရင် အတော်လေးကို အထိနာနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ဆိုင်ကယ်နဲ့အတူပါသွား တာထက် စာရင် လူကလှိမ့်ထွက်သွားတာက ပိုပြီးသက် သာစေပါတယ်။ ဥပမာ အတက်တစ်ခုမှာမရုန်းနိုင်တော့ပဲ ဆိုင်ကယ်က ရှေ့ဆက်မသွားနိုင်တော့ဘူးဆိုရင် ဆိုင် ကယ် ကိုတစ်ခါတည်းလွှတ်ချပြီး လူကလှိမ့်ထွက်သွား သင့်ပါတယ်။အတက်ဖြစ်တဲ့အတွက် အောက်ကို ဂျွမ်းနှစ် ပတ်သုံးပတ်လောက်လိမ့်ပြီး ကျသွားနိုင်ပေမယ့် အကာ အကွယ်တွေဝတ်ထားတဲ့အတွက် ဘာမှမဖြစ်ပါဘူး။ ဒါမှ မဟုတ်ပဲ ဆိုင်ကယ်နဲ့အတူလဲကျသွားရင် ပိုဆိုးသွားနိုင် ပာတယ်။ ဆိုင်ကယ်ကလူကို ပိနေနိုင်သလို ဆိုင်ကယ် ရောလူပါလုံးထွေးပြီးကျသွားနိုင်ပါတယ်။ 
ဒါကတော့ အရှိန်နည်းနည်းနဲ့ မှောက်တဲ့အခါမှာ 
လူသက်သာစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ 
အရှိန်လည်းများမယ် 
ရပ်တ ရက်လည်း ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ လူကဆိုင်ကယ်နဲ့တစ်ခါတည်းပါသွားမှာ
ပါ။ ဒါပေမယ့်လည်း အကာအကွယ်တွေကို အပြည့်အစုံ ဝတ်ထားမယ်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ အတက်တွေ
မှာ မောင်းရတာ လွယ်ပါတယ်။ လဲရင်မှောက်ရင်လည်း
အန္တရာယ်သိပ်မများပါဘူး။ အဆင်းတွေက ပိုသတိထားရ
ပါတယ်။ အရှိန်လည်းရှိနေတော့ အရှိန်ကိုထိန်းထားရပါ
တယ်။ မောင်းရတာလည်း ပိုခက်သလို လဲရင်မှောက်ရင်
လည်း ပိုပြီးအထိနာနိုင်ပါတယ်။
Dual Sport ဆိုင်ကယ်တွေကို သတိထားကြည့်မယ်ဆို
ရင် Exhaust Pipe က ညာဖက်ကထုတ်ထားတာ အများ
ဆုံးတွေ့ရမှာပါ။ လူအများစုက ညာသန်တွေပဲဖြစ်ကြတဲ့ အတွက် ညာဖက်ခြမ်းကိုပဲ Exhaust Pipe ထုတ်ထားတာ
ပါ။ ညာသန်ဖြစ်ကြတဲ့အတွက် ညာဖက်ကိုပဲ အမြဲတမ်း
လိုလို ပိုင်နိုင်စွာ လှမ်းထောက်ကြလို့ဖြစ်ပါတယ်။ Exhaust Pipe ရှိနေပေမယ့် ညာခြေထောက်က ပိုသန်
ကြပြီး အလိုလိုနေရင်းနဲ့ မထိအောင်ရှောင်ရှားနိုင်တာ
လည်းပါပါတယ်။ ပြီးတော့ ဆိုင်ကယ်ကိုရပ်ထားတဲ့ အခါ
မှာလည်း ညာသန်တွေက ဆိုင်ကယ်ရဲ့ဘယ်ဖက်ကနေ
ပြီး လှမ်းခွကြပါတယ်။ ဆိုင်ကယ်ကဆင်းတဲ့အခါမှာ လည်း ညာခြေထောက်ကိုပဲ လွှဲပြီး ဘယ်ခြေထောက်ကို
အသေထားကာ ဘယ်ဖက်ခြမ်းကိုပဲ ဆင်းကြပါတယ်။
အဲ့ဒီလို ညာသန်တွေကပိုပြီးများကြတဲ့အတွက် ဆိုင်ကယ်
တွေကိုလည်း ညာဖက်ကပဲ Exhaust Pipe ကို ထုတ်ကြ
တာဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံအများအပြားကလည်း
ညာဖက်ကပ်မောင်းစနစ်ဖြစ်တဲ့အတွက် Exhaust Pipe
ကို ညာဖက်ထုတ်ရခြင်း ဖြစ်ပါတယ်။ Exhaust Pipe က
ညာဖက်မှာဆိုတော့ လမ်းဘေးနဲ့ပိုမိုနီးကပ်စေပြီး စွန့်
ထုတ်လိုက်တဲ့ Exhaust Gas တွေက ဘေးကသစ်ပင်
တွေဆီ လျှင်မြန်စွာရောက်ရှိစေပါတယ်။ ပြီးတော့ ဘယ်
ဖက်က သွားနေတဲ့ယဉ်တွေကိုလည်း Exhaust Gas တွေ
အပူငွေ့တွေကြောင့် အနှောက်အယှက်ဖြစ်ပွားမှုတွေ နည်းပါးစေပါတယ်။ 
Kkk
ဒါပေမယ့် အထူးသတိထားရမှာက
ညာသန်တွေဟာ များသောအားဖြင့် ညာဖက်ပဲမှောက်ကြ
လဲကြတာ များပါတယ်။ ညာဖက်ကိုပဲ လှမ်းထောက်ဖို့
ကြိုးစားရင်းနဲ့ ညာဖက်ကိုလဲသွားတဲ့ သဘောပါ။
ဥပမာ အတက်တစ်ခုကို မောင်းတက်နေရင်း ဆိုင်ကယ် က မတက်နိုင်တော့တဲ့အခါမှာ အရှိန်ကျသွားမယ်။ အရှိန် မရှိတော့ ဆိုင်ကယ်က ရပ်သွားမယ်။ ဆိုင်ကယ်ကရပ်
သွားတော့ ညာသန်ဖြစ်တဲ့အတွက် ညာခြေထောက်နဲ့ပဲ လှမ်းထောက်မယ်။ အဲ့ဒီမှာ အတက်ကြီးဖြစ်တဲ့အတွက် မြေပြင်မညီမညာမှုကြောင့် ခြေထောက်ကမမှီတော့ပဲ ညာ
ဖက်ကိုပဲ တုံးလုံးလဲကျသွားတာပါ။ 
အဲ့ဒါအခါမှာ Exhaust Pipe က ညာဖက်မှာရှိနေတဲ့အတွက် မိမိအပေါ်
ကို ဆိုင်ကယ်က ပိနေပြီးဆိုရင်တော့ သတိထားရမှာပါ။
လည်ရှည်ဖိနပ်မျိုးမဝတ်ထားရင် ခြေသလုံးကို Exhaust လောင်နိုင်ပါတယ်။ Exhaust Pipe က 100°c ကျော်တဲ့
အတွက် ဂျင်းဘောင်ဘီဝတ်ထားရင်တောင် ဂျင်းသားကို
ဖောက်ပြီး လောင်ကျွမ်းသွားနိုင်ပါတယ်။ 
အဲ့ဒါကြောင့်
Exhaust Pipe တွေကိုလည်း သတိထားသင့်ပါတယ်။
နာက်တစ်ခုသတိထားရမှာက အရှေ့ကသွားနေတဲ့ ဆိုင် ကယ်ကို အနောက်ကဆိုင်ကယ်က အကြောင်းအမျိုးမျိုး ကြောင့်ဝင်တိုက်မိကြတာပါ။အဖွဲ့လိုက်မောင်းကြတဲ့အခါ တွေမှာ ရှေ့တစ်စင်းနဲ့ နောက်တစ်စင်းက နီးကပ်နေရင် ရှေ့တစ်စင်းက ရပ်တရက် အရှိန်လျှော့ဘရိတ်ဖမ်းလိုက် တဲ့ခာ အနောက်ကလိုက်လာတဲ့ တစ်စင်းက ဘရိတ်ဖမ်း ချိန်မရတော့ပဲ ဝင်တိုက်မိတာပါ။ ဒါမှမဟုတ်လည်း ရှေ့ တစ်စင်းက မှောက်သွားတဲ့ အခါတွေမှာလည်း အနောက် ကတစ်စင်းက မှောက်နေတဲ့တစ်စင်းကို ဝင်တိုက်မိတာ တွေဖြစ်ကြပါတယ်။ ဖုန်ထူလွန်းတဲ့လမ်းတွေမှာမောင်းတဲ့ အခါမှာလည်း ရှေ့တစ်စင်းကမောင်းသွားတဲ့အခါမှာ ဖုန် တွေထပြီး အနောက်ကဆိုင်ကယ်တွေက ဘာမှမမြင်ရ တော့ပါဘူး။
အဲ့ဒီအခါမှာ မိမိကအရှိန်နဲ့မောင်းနေတဲ့အချိန် အရှေ့က ဆိုင်ကယ်ကလည်း အကြောင်းတစ်ခုခုကြောင့် လဲသွားခဲ့ရင် ဖုန်တောထဲမှာ မမြင်ရပဲ ဝင်တိုက်မိနိုင်ပါ တယ်။ မိမိက ဖုန်တောထဲမှာ မောင်းနေရင်းနဲ့ ရပ်တရက် ဘွားကနဲ တွေ့လိုက်တဲ့အခါမှာ အရှိန်လျှော့ဖို့ ဘရိတ်သုံး ဖို့ မမှီတော့ပါဘူး။ အဲ့ဒါကြောင့် အဖွဲ့လိုက်မောင်းကြတဲ့ အခါတွေမှာ တစ်စင်းနဲ့တစ်စင်း ပေ နှစ်ဆယ် သုံးဆယ် လောက်ခြားပြီး မောင်းသင့်ပါတယ်။အတက်တွေ အဆင်း တွေကိုလည်း တစ်စင်းပြီးမှ တစ်စင်းတက်သင့် ဆင်းသင့် ပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၈)
(၂) မိမိရဲ့ဆိုင်ကယ်ကိုလည်း အကာအကွယ်တွေတပ်
      ဆင်ထားသင့်ပါတယ်။
မိမိရဲ့ခန္ဓာကိုယ်​ကို အကာအကွယ်တွေဝတ်ဆင်ရုံနဲ့ မလုံ
လောက်သေးပါဘူး။ မိမိမောင်းနှင်မယ့် ဆိုင်ကယ်ကို
လည်း ပိုပြီးကြံခိုင်အောင် အရေးကြီးတဲ့အကာအကွယ်
တွေ တပ်ဆင်ထားသင့်ပါတယ်။ Off Road ဆိုင်ကယ်
များအတွက် အရေးကြီးတဲ့ အကာအကွယ်တွေကတော့
Skid Plate ၊ Handle Guard နဲ့ Handlebar Pad ခေါ် Crossbar Pad တွေပဲဖြစ်ပါတယ်။ 
Skid Plate ဆိုတာက အင်ဂျင်ရဲ့အောက်မှာတပ်ဆင်ထားတဲ့ သတ္တုပြား အကာ အကွယ်ပဲဖြစ်ပါတယ်။ Off Road မောင်းနေတာဖြစ်တဲ့ အတွက် ကျောက်တုံးကျောက်ခဲတွေ မြေသားဂမူတွေနဲ့ ဆိုင်ကယ်ရဲ့ဝမ်းဗိုက်အောက်နဲ့ ထိမိခိုက်မိနိုင်ပါတယ်။ အဲ့ဒီအခါမှာ Skid Plate မတပ်ထားရင်တော့ အင်ဂျင်ကွဲ တာ Oil Filter ဘူးကွဲတာတွေ ဖြစ်နိုင်ပါတယ်။ 
များသော အားဖြင့် Stock Dual Sport ဆိုင်ကယ်တွေမှာ Skid Plate မတပ်ထားကြပါဘူး။ တပ်ထားရင်လည်း ခပ်သေး သေးလေးတွေပဲ တပ်ထားတာတွေ့ရပါတယ်။
 အဲ့ဒါ ကြောင့် အခြား Accessories ကုမ္ပဏီတွေကထုတ်တဲ့ Aftermarket Skid Plate တွေကိုဝယ်ပြီး တပ်ဆင်သင့်ပါ တယ်။ Handle Guard ကတော့ လက်ကိုင် အကာပဲဖြစ်
ပါတယ်။ လက်ကိုင်အကာတပ်ဆင်ထားတဲ့အတွက် ခြုံ တွေထဲတောတိုးပြီး မောင်းရတဲ့အခါ လက်ကို သစ်ခက် တွေ ဆူးပင်တွေရိုက်ခက်တဲ့ဒဏ်မှ ကာကွယ်နိုင်ပါတယ်။
 နောက်ပြီး မှောက်တဲ့လဲတဲ့အခါတွေမှာလည်း လက်တွေ ကို အကာအကွယ်ပေးနိုင်ပါတယ်။ Crossbar Pad က
တော့ Off Road ဆိုင်ကယ်တွေရဲ့ လက်ကိုင်တန်းပေါ်
မှာ တပ်ဆင်ထားတဲ့ ဖော့တုံးလေးပဲဖြစ်ပါတယ်။ 
Cross bar Pad တပ်ဆင်ထားတဲ့အတွက် မတော်တဆဖြစ်တဲ့
အခါမှာ ဆိုင်ကယ်ရဲ့လက်ကိုင်ဆုံချက်နေရာ ဒိုင်ခွက်
နေရာတွေနဲ့ Rider ရဲ့မျက်နှာနဲ့ရိုက်မိခြင်းမှကာကွယ်ပေး
နိုင်ပါတယ်။ 
တကယ်လို့များ Rotary Type Steering Damper ကို တပ်ဆင်ထားမယ်ဆိုရင် Crossbar Pad ကို
အပေါ်ကနေ ထပ်ပြီးတပ်ဆင်သင့်ပါတယ်။ (Off Road
ဆိုင်ကယ်တွေမှာ Steering Damper ကို Linear Type
လုံးဝမသုံးပါဘူး။ Rotary Type ပဲသုံးရပါတယ်။ Linear
Type က Road ဆိုင်ကယ်တွေမှာပဲ အသုံးပြုကြတာပါ။
ရိုးရိုး Mechanical နဲ့ ရှိသလို Electronic နဲ့လည်း လာပါ
တယ်။ Rotary Type ကတော့ On Road ရော Off Road ဆိုင်ကယ်တွေမှာပါ တပ်ဆင်နိုင်ပါတယ်။ 
Rotary Damper တွေမှာလည်း ရိုးရိုးနဲ့
 Electronic Type ဆိုပြီး
ရှိကြပါတယ်။ 
Electronic Type ကိုတော့ Road ဆိုင် ကယ်တွေမှာပဲတပ်ကြပါတယ်။ Honda ရဲ့ CBR1000RR Superbike မှာ HESD ခေါ် Honda Electronic Steering Damper ကို စက်ရုံကတစ်ခါတည်း တပ်ဆင် ထားပါတယ်။ 
Electronic Type ဖြစ်ပြီး ECU က တွက် ချက်ထိန်းချုပ်ပေးပါတယ်။ Off Road ဆိုင်ကယ်တွေမှာ တော့ ရိုးရိုး Mechanical Type Rotary Damper ကိုပဲ တပ်ဆင်ကြပါတယ်။ Steering Damper တပ်ဆင်ထား တဲ့အတွက် High Speed နဲ့ မောင်းတဲ့အခါမှာ လက်ကိုင် တုန်တာ ရမ်းတာ ထိန်းချုပ်မရတာတွေကို ကာကွယ်ပေး နိုင်ပါတယ်။)
မိမိရဲ့ဆိုင်ကယ်မှာ Exhaust Pipe အကာ မပါရင် ဒါမှ
မဟုတ် ပြုတ်သွားခဲ့ရင်လည်း ဝယ်ပြီးတပ်ထားသင့်ပါ
တယ်။ Exhaust Pipe ကြောင့် ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်
များ အကြောင်းကို အရင်တစ်ပါတ်မှာ ရေးခဲ့ပြီးပါပြီး။ 
Kkk
ဆိုင်ကယ်သမားမှန်ရင် Exhaust မလောင်ဖူးတဲ့သူ မရှိ
လောက်အောင်ပဲ Exhaust Pipe တွေက ဒုက္ခပေးလှပါ
တယ်။ အင်ဂျင်နဲ့ အခြား ပလပ်စတစ်ကာဗာတွေကို
အကာအကွယ်ပေးတဲ့ Engine Crash Bar ခေါ် Engine Guard နဲ့ သံနဲ့ပြုလုပ်ထားတဲ့ ထပ်ပိုးကာဗာတွေ ကိုတော့ မတပ်သင့်ပါဘူး။ 
သံကိုင်းတွေနဲ့ပြုလုပ်ထားတဲ့အတွက် အလေးချိန်လည်းပိုလာသလို ထို Crash Bar တွေကပဲ မိမိကို ဒုက္ခပြန်ပေးနိုင်ပါတယ်။ On Road ဆိုင်ကယ်တွေ အတွက်ပဲ ပိုပြီးသင့်တော်ပါတယ်။ မူလပါလာတဲ့ အချက် ပြမီးတွေကို ကွေးညွှတ်လွယ်တဲ့ ရော်ဘာနဲ့ပြုလုပ်ထား တဲ့ အချက်ပြမီးတွေနဲ့ အစားထိုးသင့်ပါတယ်။ ရော်ဘာနဲ့ ပြုလုပ်ထားတဲ့ Universal အချက်ပြမီး လေးတွေကို အရှေ့ရောအနောက်ရော တစ်စုံစာဝယ်ယူရရှိနိုင်ပါတယ်။
 ပစ္စည်းလည်းပေါသလို ဈေးလည်းပေါပါတယ်။ နောက် တစ်ခုကတော့ နောက်ကြည့်မှန်နဲ့ လိုင်စင်ပြားတွေကို လည်း ဖြုတ်ထားသင့်ပါတယ်။ နောက်ကြည့်မှန်တွေနဲ့ လိုင်စင်သံပြားတွေက မှောက်ရင်လဲရင် လူကို ပြန်ပြီး ဒုက္ခပေးနိုင်ပါတယ်။ ပြီးတော့ ဆိုင်ကယ်မှာ Accessories တွေ တပ်ဆင်ထားရင်လည်း ဖြုတ်ထားသင့်ပါတယ်။ Mobile Phone Holder ၊ GPS Holder ၊ USB အားသွင်း
ကြိုးပလပ်တွေ ၊ ရေသန့်ဘူးထည့်တဲ့သံကိုင်းလေးတွေ စတဲ့ Accessories တွေကိုလည်း ဖြုတ်ထားသင့်ပါတယ်။ နောက်တစ်ခုအရေးကြီးတာက အလှတပ်ဆင်ထားတဲ့ ဖန်စီပစ္စည်းလေးတွေရှိရင်လည်း ဖြုတ်ထားပါ။
 ဥပမာ အင်ဂျင်ဝိုင်အဖုံးက အလူမီနီယမ်နဲ့ပြုလုပ်ထားတဲ့ အချွန် အတပ်တွေနဲ့ ဖန်စီအဖုံးလေးတွေမျိုး ၊ နောက်ဘီးက Chain ကြိုးကိုတင်းတဲ့ Stud တိုင်မှာ အချွန်အတပ်တွေပာတဲ့ ဖန်စီ Nut တွေ တပ်တာမျိုး စတဲ့ အန္တရာယ်ဖြစ်စေ နိုင်တဲ့ အချွန်အတပ်ဖန်စီတွေကိုလည်း ဖြုတ်ထားသင့်ပါ
တယ်။ နောက်တစ်ခုမှာချင်တာကတော့ ဆိုင်ကယ်ရဲ့
Air Filter ကို စစ်ဆေးထားသင့်ပါတယ်။ 
Air Filter ကောင်းရဲ့လား၊ ဖုန်တွေများနေမယ်ဆိုရင် Air Pressure
နဲ့ ဆေးပစ်တာမျိုး ပြုလုပ်သင့်ပါတယ်။ Air Filter ပေါက်
ပြဲနေလား၊ ရေမဝင်နိုင်အောင် ဖုန်တွေမဝင်နိုင်အောင် လုံ
ရဲ့လား စသဖြင့်စစ်ဆေးပြီး အသစ်လဲသင့်ရင်လဲရပါ
တယ်။ ဒါမှမဟုတ်ရင်တော့ Off Road မောင်းနေတုန်း
လူသူမရှိတဲ့ တောလမ်းထဲမှာ ဒုက္ခများသွားနိုင်ပါတယ်။
ပြီးတော့ တာယာတွေကိုလည်းစစ်ဆေးသင့်ပါတယ်။ Off Road Knobby တာယာ (ပွိုင့်တုံးအကြီးကြီးတွေနဲ့တာ
ယာ) ရှိရင် လဲလှယ်တပ်ဆင်ပေးပါ။ Knobby တာယာ
တွေက Off Road မှာအလွန်ပဲ Grip ကောင်းလှပါတယ်။
တကယ်လို့များ မိမိမောင်းနှင်မယ့်လမ်းအနေအထားက
ကျောက်တုံးကျောက်ခဲတွေနဲ့ မြေသားအမာတွေပဲ များ
မယ်ဆိုရင်တော့ တာယာ Pressure ကို အနည်းငယ် လျှော့ပေးသင့်ပါတယ်။ လက်နဲ့ဖိကြည့်ပြီး ခပ်စီးစီးလေး
ချိုင့်ဝင်သွားရင် ရပါပြီး။ 
ခပ်ပျော့ပျော့ဖြစ်နေတဲ့ တာယာ
တွေက ကြမ်းတမ်းပြီးမညီညာတဲ့မြေမျက်နှာပြင်ကို ထိ
တွေ့ဖိနင်းလိုက်တဲ့အခါမှာ ပြန့်ကားသွားတာကြောင့် ကုတ်ဆွဲနိုင်တဲ့မျက်နှာပြင်ဧရိယာကို ပိုပြီးကျယ်ပြန့်သွား
စေပါတယ်။ အဲ့ဒါကြောင့် မောင်းနှင်တဲ့အခါမှာ ကုတ်ဆွဲ
အားပိုကောင်းလာပြီး စလစ်ဖြစ်နိုင်ချေ ချော်ထွက်နိုင်ချေ
အင်မတန်မှ နည်းပါးပါတယ်။ ကျောက်တုံးကျောက်ခဲ
တွေများမယ်၊ မြေမျက်နှာပြင်ကလည်း မာကျောမယ်၊
မတ်လွန်းတဲ့အတက်အဆင်းတွေလည်း ရှိမယ် ဆိုရင် တာယာတွေကို လေလျှော့မောင်းတာက ပိုပြီးကောင်းပါ
တယ်။
အဲ့ဒါကြောင့် အကျဉ်းချုပ်​ရမယ်ဆိုရင်တော့ မိမိမောင်းနှင်
မယ့်ဆိုင်ကယ်ကို Skid Plate ၊ Handle Guard ၊ Crossbar Pad နဲ့ Exhaust Pipe Cover တွေ တပ်ဆင်
ပေးပါ။ Air Cleaner / Filter ကို ကြိုတင်စစ်ဆေးထား
သင့်ပြီး စိတ်ချရတဲ့ အခြေအနေမှာရှိနေပါစေ။ တာယာ
တွေကိုလည်း စစ်ဆေးသင့်ပြီး ဖြစ်နိုင်ရင် Off Road Knobby တာယာတွေနဲ့လဲလှယ်တပ်ဆင်ပေးပါ။တာယာ
တွေကို လေလျှော့သင့်ရင်လျှော့မောင်းပါ။ 
Off Road မောင်းနှင်ပြီး လမ်းမတွေပေါ်ပြန်တက်တဲ့
အခါမှာတော့
ကြုံတဲ့ လေဆိုင်တစ်ဆိုင်မှာ လေပြန်ဖြည့်လို့ရပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၉)
(၃) မတ်တပ်ရပ်ပြီး မောင်းပါ။
Off Road မောင်းမယ်ဆိုရင်တော့ မတ်တပ်ရပ်ပြီး မောင်း
တာကို အကျင့်လုပ်ထားသင့်ပါတယ်။ On Road မှာ
တော့ ဆိုင်ကယ်ကို ကြိုက်သလို စောင်းလိုက်ပြုလိုက် လုပ်ကြပြီး ကွေ့ကြ မောင်းနှင်ကြပါတယ်။ ဒါပေမယ့် Off Road မှာတော့ အဲ့လိုမဟုတ်တော့ပါဘူး။ 
တက်နိုင်သမျှ
ဆိုင်ကယ်ကို တည့်တည့်ထောင်နေအောင် သတိထား
မောင်းနှင်ရပါတယ်။ အဲ့ဒီအခါမှာ မတ်တပ်ရပ်ပြီးမောင်း
နှင်ကြရပါတယ်။ မတ်တပ်ရပ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်​ တစ်ခုလုံးရဲ့ အလေးချိန်ဟာ ဆိုင်ကယ်ရဲ့ခြေနင်းနှစ်ဖက်
မှာ ရှိနေပြီး CG ခေါ် Centre of Gravity ဟာလည်း ခြေ
နင်းနှစ်ဖက်ပေါ်ကို ကျရောက်သွားပါတယ်။ 
အဲ့ဒီအခါမှာ
CG နိမ့်သွားတဲ့အတွက် မှောက်ဖို့လဲဖို့အခွင့်အရေးတွေ
လည်း နည်းပါးသွားပြီး ဆိုင်ကယ်ကပိုပြီးတည်ငြိမ်လာပါ
တယ်။ တကယ်လို့များ ထိုင်လိုက်မယ်ဆိုရင်တော့ လူ
ခန္ဓာကိုယ်​ရဲ့အလေးချိန်တွေအားလုံးက ဆိုင်ကယ်ရဲ့ထိုင်
ခုံပေါ်ကို ကျရောက်သွားပါတယ်။ ဆိုင်ကယ်နဲ့လူနဲ့ပေါင်း
ပြီး စုစုပောင်းအလေးချိန်ဗဟိုချက်က လူရဲ့တင်ပါးနေရာ
ဆိုင်ကယ်ရဲ့ထိုင်ခုံဝန်းကျင်မှာရောက်ရှိသွားတာပါ။ 
အဲ့ဒါ
ကြောင့် CG လည်း မြင့်သွားပြီး မှောက်ဖို့လဲဖို့ အခွင့်အ
လမ်းတွေလည်း များပြားသွားပါတယ်။ လမ်းလည်းကြမ်း
မယ် အမြန်နှုန်းလည်း လိုချင်တယ် ဆိုရင်တော့ မတ်တပ်
ပြီးသာ မောင်းပါ။ မတ်တပ်ရပ်တဲ့နေရာမှာ Attack Position ကို ရအောင်ယူပါ။ Attack Position ဆိုတာက
တော့ လူက ဆိုင်ကယ်ခြေနင်းပေါ်မှာမတ်တပ်ရပ် ဒူးကို
အနည်းငယ်ကွေးပြီး ဆိုင်ကယ်ဘော်ဒီကိုဒူးနဲ့ညှပ်ထိန်း၊ ခန္ဓာကိုယ်​ကို ရှေ့ကိုနည်းနည်းယိုင်၊ တံတောင်ကို အ နောက်ဖက်ကိုအနည်းငယ်ပစ်ထားတဲ့ ပုံစံပါ။ 
မညီမညာ
တဲ့လမ်းတွေပေါ်ကို အရှိန်နဲ့မောင်းသွားတဲ့အခါမှာ ဆိုင်
ကယ်က ခုန်လာပါလိမ့်မယ်။ အဲ့ဒီအခါမှာ ဆိုင်ကယ်တစ်
စင်းလုံးကို မိမိပေါင်ကြားထဲမှာပဲ အထက်အောက်လွတ်
လပ်စွာ လှုပ်ရှားနေပါစေ။ ဆိုင်ကယ်အထက်အောက် လှုပ်ရှားတဲ့အတိုင်းပဲ မိမိကလည်းဒူးတွေကို ကွေးလိုက်
ဆန့်လိုက်လုပ်ပြီး အလိုက်သင့်လှုပ်ရှားပါ။
 ကွေ့မယ်ဆို
ရင်လည်း ဒူးနဲ့ထိန်းပြီး တွန်းပြီးကွေ့ပါ။ ဥပမာ ဘယ်ဖက်
ကိုကွေ့မယ်ဆိုရင် ဘယ်ခြေထောက်က ဘယ်ဖက်ခြေ
နင်းပေါ်ကိုဖိနင်း အလေးချိန်ပိုစေလိုက်ကာ ညာခြေနင်း
ကို အနည်းငယ်ဖွ ညာဒူးနဲ့ဆိုင်ကယ်ဘော်ဒီကို ဘယ်
ဖက်ကို တွန်းပို့ ဆိုင်ကယ်ကိုဘယ်ဖက်သို့ အနည်းငယ် စောင်းစေပြီး ကွေ့တဲ့ပုံစံပါ။
(၄) ခြေဖျားတွေကို အတွင်းဖက်ပို့ထားပါ။
Toe in လုပ်ထားတယ်လို့ ခေါ်ပါတယ်။ ဘယ်ညာ ခြေ
ဖျား နှစ်ဖက်ကို ဘေးကို မကားထားပါနဲ့။ မောင်းနေရင်း
နဲ့မတော်တဆ ကျောက်တုံးတွေ သစ်ပင်သစ်ငုတ်တွေနဲ့
တိုက်မိခိုက်မိရင် ခြေထောက်လည်ထွက်သွားနိုင်ပါ
တယ်။ ခြေသပွတ်တိုင်လည်သွားနိုင်သလို အရိုးအဆက်
နေရာကအရွတ်တွေပြဲသွားနိုင်ပါတယ်။ 
အဲ့ဒါကြောင့် ခြေ
ဖျားတွေကို ဘရိတ်လီဗာ ဂီယာလီဗာတံတွေပေါ်ကို တင် ထားပြီး အတွင်းဖက်ကို တက်နိုင်သမျှ ကပ်ထားသင့်ပါ
တယ်။ Off Road ဆိုင်ကယ်တွေ အားလုံးလိုလိုမှာလည်း
နောက်ဘရိတ်လီဗာနဲ့ ဂီယာလီဗာတံလေးတွေကို အပြင် ကို မထွက်စေပဲ ခပ်သေးသေးပဲ ပြုလုပ်ထားတာ တွေ့ရ
မှာပါ။ အဲ့ဒါကြောင့် လီဗာတံတွေပေါ်ကို ခြေဖျားကို မိမိ
ရရ တင်ထားမယ်ဆိုရင် ခြေဖျားလေးတွေဟာလည်း အ
တွင်းဘက်ကိုကပ်နေမှာပါ။ အစကတည်းက ရည်ရွယ်
ချက်ရှိရှိ တည်ဆောက်ထားတဲ့ သဘောပါ။
(၅) ကလပ်လီဗာနဲ့ ရှေ့ဘရိတ်လီဗာပေါ်ကို လက်ချောင်း
     လေးတွေ အဆင်သင့်တင်ထားပါ။
ကလပ်လီဗာနဲ့ ရှေ့ဘရိတ်လီဗာပေါ်ကို လက်ညိုးတစ်
ချောင်းပဲဖြစ်ဖြစ် လက်ညိုးနဲ့လက်ခလယ်ပဲ ဖြစ်ဖြစ် မိမိ
အားသန်သလို တင်ထားသင့်ပါတယ်။ လိုအပ်တာနဲ့ ချက်
ချင်း အသုံးပြုနိုင်အောင် အဆင်သင့်ပြုလုပ်ထားတဲ့ သ
ဘောပါ။ On Road မှာတော့ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာမောင်းနှင်နိုင်ပါတယ်။ 
ကလပ်သုံး
ပြီး ဘယ်ဖက်လက်ကိုင်ကို အပြည့်အဝဆုပ်ကိုင်ထားတာ
ညာဖက်ကလည်း လီဗာကိုပဲ အပြည့်အဝဆုပ်ကိုင်ထား
တာ စသဖြင့် လမ်းအခြေအနေကြည့်ပြီး အေးဆေးသက်
သာစွာမောင်းနှင်နိုင်ပါတယ်။ Off Road Enduro မှာ
တော့ အဲ့လိုမဟုတ်တော့ပါဘူး။ 
မထင်မှတ်တဲ့အချိန် အ
တွင်းမှာ ရုပ်တရက်တစ်ခုခုဖြစ်လာနိုင်တာကြောင့် အမြဲ
တမ်း သတိရှိနေဖို့လိုအပ်ပါတယ်။ ကလပ်လီဗာကို အ
ဆင်သင့်လုပ်ထားတဲ့အတွက် လိုအပ်တာနဲ့ ချက်ချင်း ဂီ
ယာကို တင်နိုင်ချနိုင်ပါတယ်။ ရှေ့ဘရိတ်ကို အဆင်သင့်
လုပ်ထားတာကြောင့်လည်း လိုအပ်တာနဲ့ ချက်ချင်းပဲ ဘရိတ်ဖမ်းနိုင်ပါတယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၁၀)
(၆) အကွေ့တွေမှာ ရှေ့ဘီးနဲ့မြေပြင်ကိုကောင်းမွန်စွာ
     ထိတွေ့နေပါစေ။
အကွေ့တွေမှာ ရှေ့ဘီးဆီကို အလေးချိန်ပိုလိုက်စေခြင်းက
ကွေ့ရတာကိုပိုပြီး လွယ်ကူစေပါတယ်။ 
ဥပမာ 
ဘယ်ဖက်ကိုကွေ့မယ်ဆိုရင် ဆီတိုင်ကီအရင်းနားထိရောက်အောင်
ရွေ့ထိုင်လိုက်ပြီး ဘယ်ခြေထောက်ကိုကားထုတ်လိုက်ပြီး
ကွေ့တဲ့ ပုံစံမျိုးပါ။ ဘယ်ခြေထောက်က လိုအပ်ရင် မြေ
ပြင်ပေါ်လည်း လှမ်းထောက်လို့ရတဲ့ပုံစံပေါ့။ အကွေ့က
သိပ်ကျဉ်းနေမယ်ဆိုရင် ထုတ်ထားတဲ့ခြေထောက်နဲ့ မြေ
ပြင်ပေါ်လှမ်းထောက်ပြီး ကွေ့လို့ရနိုင်တာပေါ့။ ညာဖက်
ကို ကွေ့မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ခန္ဓာကိုယ်​ကို အရှေ့ဖက်ကိုတိုးထိုင်ကာ ညာခြေထောက်ကို ကားထုတ်
အဆင်သင့်လုပ်ထားပြီး ကွေ့နိုင်ပါတယ်။ ခန္ဓာကိုယ်​ကို ရှေ့ဘီးဆီသို့ပို့ထားတာကြောင့်လည်း နောက်ဘီးမှာ အလေးချိန်သက်ရောက်မှုနည်းလာပြီး အလွယ်တကူ
Slide ဆွဲကာ ကွေ့နိုင်စေပါတယ်။
 Dual Purpose ဆိုင် ကယ်ပဲဖြစ်ဖြစ် Off Road စစ်စစ် Dirt Bike တွေပဲဖြစ်ဖြစ် ဆီတိုင်ကီအရင်းနားထိ ထိုင်ခုံတွေရှည်ကြတာ သတိပြု မိမှာပါ။ ဒီလိုပြုလုပ်ထားတာဟာ လိုအပ်ရင်ထိုနေရာတွေ ထိ တက်ထိုင်လို့ရအောင်ပြုလုပ်ထားတာပါ။ Motocross Dirt Bike တွေဆို ဆီတိုင်ကီအဖုံးနေရာထိ တက်ထိုင်လို့ ရအောင်ပြုလုပ်ထားပါတယ်။
(၇) ကုန်းအတက်တွေကို မတ်တပ်ရပ် ရှေ့ဖက်ကိုနည်း
     နည်းယိုင်ပြီး မောင်းတက်ပါ။
တောင်ကုန်းတွေက သိပ်မတ်နေရင် အရှိန်ယူပြီးတက်ပါ။
Dual Purpose ဆိုင်ကယ်တွေက ပျမ်းမျှ 250cc ကနေ 450cc အထိရှိကြတဲ့အတွက် RPM Range တစ်ခုကို ထိန်းထားသင့်ပါတယ်။ ဆိုလိုတာက ဂီယာနံပါတ် ၂ လောက်နဲ့ RPM ကို 6000 ကနေ 8000 အတွင်း ရှိနေ
အောင် လီဗာပုတ်ထားပြီး အရှိန်ယူတက်တာကိုပြောတာ
ပါ။ ပြီးတော့ မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်​ကို ရှေ့ဘီးဖက်ကို
ယိုင်ပြီး အလေးချိန်ပိုထားပါ။
 နောက်ဘီးကို လွတ်လပ်စွာ
လည်ပတ်စေပြီး RPM အမြင့်နဲ့ ယက်ပြီး တက်သွားပါစေ။
ခန္ဓာကိုယ်​ကို အရှေ့ဖက်ကို ယိုင်ထားတာကြောင့် နောက်
ဘီးမှာ အလေးချိန်ပေါ့သွားပါတယ်။ အဲ့ဒီအခါမှာ နောက်
ဘီးက ယက်ပြီး တက်နိုင်သွားတာပါ။ နောက်ဘီးက RPM အမြင့်နဲ့လည်ပတ်နေပြီး စလစ်ဖြစ်တဲ့အခါလည်း ဖြစ်ပါတယ်။ နောက်ဘီးက ယက်လိုက် စလစ်ဖြစ်လိုက်
နဲ့ပဲ Grip ရပြီး တက်သွားနိုင်ပါတယ်။ ဒီလို Technique ဟာ မြေသားအမာတွေ ကျောက်ခဲလေးတွေများတဲ့ အတက်တွေအတွက် အလွန်ပဲသင့်တော်ပါတယ်။ 
ဖုန်ထုများတဲ့ အတက်တွေအတွက် ထိုင်ခုံမှာပဲထိုင်ချထားပြီး
ဂီယာနံပါတ် ၁ နဲ့ ရုန်းတက်တာပဲ သင့်တော်ပါတယ်။ အထက်ကဖော်ပြထားတဲ့ Technique အတိုင်းတက်မယ်
ဆိုရင်တော့ နောက်ဘီးက ဖုန်ထုထဲမှာ စလစ်ဖြစ် ချော်
ထွက်နေပြီး Grip မရပဲ ဆိုင်ကယ်က လဲကျသွားနိုင်ပါ
တယ်။
(၈) ကုန်းအဆင်းတွေမှာ မတ်တပ်ရပ် နောက်ဘီးဆီကို
     ယိုင်ထားပြီး ဂီယာကြီးနဲ့ဆင်းပါ။
အဆင်းတွေမှာတော့ အရမ်းသတိထားရပါတယ်။အဆင်း
မှာ မှောက်ရင် လဲရင် မလွယ်ပါဘူး။ လူလည်းအထိနာ
သလို ဆိုင်ကယ်လည်း အထိနာပါတယ်။ လူနဲ့ဆိုင်ကယ်
လည်း လုံးထွေးကျသွားနိုင်ပြီး အန္တရာယ်အလွန်များပါ
တယ်။ အဆင်းတွေမှာတော့ ဂီယာနံပါတ် ၂ လောက်နဲ့
မတ်တပ်ရပ် အနောက်ဘက်ကိုယိုင်ထားကာ လက်ကိုင်
တွေကို အပေါ်ဖက်ကို မ ဆွဲထားပြီးဆင်းသင့်ပါတယ်။ ရှေ့ဘရိတ်နဲ့နောက်ဘရိတ်ကိုမျှသုံးနိုင်ပါတယ်။
ခန္ဓာကိုယ်
က အနောက်ဘက်ကိုယိုင်ထားတဲ့အပြင် လက်တွေက လည်း လက်ကိုင်ကို မ ဆွဲထားတဲ့အတွက် အရှေ့ဘီးကိုပေါ့ပားစေပြီး အဆင်းမှာတွေ့ရမယ့် ကျောက်တုံးကျောက် ခဲတွေကို အသာလေးပဲနင်းဖြတ်သွားနိုင်ပါတယ်။ အရှေ့ ဘီးက ကျောက်တုံးတွေနဲ့တိုက်မိမယ်၊ ဒါပေမယ့် ရှေ့ဘီး ပေါ်မှာ အလေးချိန်မရှိတဲ့အတွက် ဘီးကအသာလေးပဲ တိုက်မိတဲ့ကျောက်တုံးပေါ်ကိုလိမ့်တက်ပြီး ဖြတ်ကျော် သွားနိုင်တာပါ။ ဒါမှမဟုတ် ရိုးရိုးပဲထိုင်ပြီးဆင်းမယ်ဆိုရင် တော့ ရှေ့ဘီးက အလေးချိန်ထမ်းထားရတဲ့အတွက် ရုပ်တရက် ကျောက်တုံးတစ်ခုနဲ့တိုက်မိမယ်ဆိုရင် မဖြတ် ကျော်နိုင်တော့ပဲ ခေါင်းစိုက် ဂျွမ်းပစ်ပြီး လဲကျ သွားနိုင်ပါ
တယ်။
Kkk
Dual Purpose ဆိုင်ကယ်များနဲ့
အခြေခံ Off Road မောင်းနှင်နည်းများ အပိုင်း (၁၁)
(၉) Dual Purpose ဆိုင်ကယ်တွေကို ဂီယာ Down တဲ့
     အခါမှာ Clutch ဆွဲစရာမလိုပါဘူး
Off Road တွေမှာ အကြမ်းပတမ်းမောင်းနေရင်းနဲ့ ဂီယာ Down တော့မယ်ဆိုရင် Clutch ကိုဆွဲနေစရာမလိုပါဘူး။
လီဗာကို ဆတ်ကနဲ လျှော့ကာ ဂီယာတံကို ဖနောင့်နဲ့ ခပ်ဆတ်ဆတ်လေး ဆောင့်ချလိုက်ပြီး Down လိုက်ရုံ ပါပဲ။ Single Cylinder အင်ဂျင်အသေးလေးတွေက Constant Mesh Transmission ကိုပဲ အသုံးပြုကြတာ ကြောင့် Clutch မပါပဲ အားနဲ့ဂီယာကို Down နိုင်ပါတယ်။
 ရုပ်တရက် ဂီယာ Down ဖို့ ဖြစ်လာတဲ့အခါ Clutch သုံးဖို့အချိန်မရတော့ပါဘူး။ ပြိုင်ပွဲတွေမှာလည်း ကိုယ်က Clutch သုံးပြီး ဂီယာ Down နေမယ်ဆိုရင် နောက်ကျကျန်ခဲ့မှာပါ။Off Raod Enduro နဲ့ Motocross  ပြိုင်ပွဲတွေမှာ ဂီယာ Down ဖို့ ဘယ်သူမှ Clutch မသုံး ကြပါဘူး။လီဗာကိုအသာလျှော့ကာ ဖနောင့်နဲ့ တစ်ဖြောင်း
ဖြောင်းနင်းချပြီး ဂီယာ Down ကြတာပါပဲ။ ဒါပေမယ့် ဂီယာတင်ဖို့တော့ Clutch သုံးကြရ ပါတယ်။ Off Road ဆိုင်ကယ်တွေရဲ့ ဂီယာ Up က ခြေဖျားနဲ့ကော်တင်ရတာ ကြောင့် အားမရှိတာပါ။ ဒါကြောင့် Clutch ဆွဲပြီး ဂီယာ တင်ရပါတယ်။ (လုံလောက်တဲ့ အား နဲ့ဆိုရင်တော့ လီဗာ လျှော့ရုံနဲ့လည်း ဂီယာတင်နိုင်ပါတယ်။)
(၁၀) ရှေ့ဘရိတ်ကို သိပ်မသုံးပါနဲ့၊ ဂီယာ Down ပြီး 
       နောက်ဘရိတ်နဲ့တွဲသုံးပါ။
ရှေ့ဘရိတ်က ဆိုင်ကယ်တစ်စင်းလုံးရဲ့ 80% Stopping Power ကိုပေးပါတယ်။ အဲ့ဒါကြောင့် On Road ဆိုင်
ကယ်တွေရဲ့ ရှေ့ဘရိတ်ကို Disc ၂ချပ်နဲ့ Piston ၄ လုံး အထိ အသုံးပြုကြတာပါ။ နောက်ဘရိတ်ကတော့ Disc တစ်ချပ်တည်းနဲ့ Piston ကလည်း ၂ လုံးလောက်ပဲ ပါပါ
တယ်။ ဒီအချက်ဟာ ဆိုင်ကယ်တွေမှာ ရှေ့ဘရိတ်ကပို
ပြီး အရေးကြီးကြောင်းသိသာစေပါတယ်။ 
(ကားတွေမှာလည်း အတူတူပါပဲ။)ရှေ့ဘရိတ်နဲ့ဂီယာကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရင် ဆိုင်ကယ်ကိုလမ်းမပေါ်မှာ အန္တရာယ်
ကင်းစွာမောင်းနှင်နိုင်စေပါတယ်။ ဒါပေမယ့် ဒါကတော့
On Road တွေမှာပဲ အသုံးဝင်ပါတယ်။ Off Road မှာ
တော့ ရှေ့ဘရိတ်ကို နည်းနည်းမေ့ထားသင့်ပါတယ်။ 
Off Road မှာ ရှေ့ဘရိတ်ကို အလွန်အကျွံအသုံးပြုခြင်းက အန္တရာယ် အလွန်များပါတယ်။ မညီညာတဲ့မြေပြင်၊ဖုန်ထု တွေနဲ့ ကျောက်ခဲလေးတွေ မြေသားမှုန့်တွေများတဲ့ နေရာ
တွေမှာ ရှေ့ဘီး Lock ကျ စလစ်ဖြစ်ပြီး မှောက်နိုင်ပါ
တယ်။ 
အရှိန်သတ်ဖို့ဖြစ်လာရင်တော့ နံပါတ် (၉) အချက်
ကအတိုင်း ဂီယာ Down ပြီး နောက်ဘရိတ်ကိုပဲ သုံးသင့်
ပါတယ်။ နောက်ဘရိတ်က Lock ကျပြီး စလစ်ဆွဲသွား
ပေမယ့် ပေါ့ပါးတဲ့ဆိုင်ကယ်တွေဖြစ်တာကြောင့် မလဲ
အောင် ထိန်းထားနိုင်ပါတယ်။ 
အရှိန်နဲ့ မောင်းနေရင်း
နောက်ဘရိတ်ကို သုံးလိုက်ရင် နောက်ဘီးက Lock ကျ
ပြီး တရွတ်ဆွဲပါသွားမှာပါ။ အဲ့ဒီအခါမှာ နောက်ဘရိတ်ကို
လွှတ်လိုက်နင်းလိုက်ပြုလုပ်ခြင်းဖြင့် လုံးဝ Lock ကျပြီး ဘေးကို Slide ဆွဲကာ တိမ်းမှောက်သွားခြင်းမှကာကွယ်
နိုင်ပါတယ်။
အထက်ပါအချက် (၁၀) ချက်ကတော့ အခြေခံ Off Raod Enduro မောင်းနှင်နည်းများပဲ ဖြစ်ကြပါတယ်။
Advanced ဖြစ်သွားကြတဲ့ Hard Enduro ၊ Motocross နဲ့ Rally ပြိုင်ပွဲများမှာလည်း အထက်ပါအခြေခံမောင်းနှင်
နည်းများမှတဆင့် ဆင့်ပွားတိုးတတ်လာတဲ့နည်းများကိုပဲ အသုံးပြုကြတာပါ။ ရွေးချယ်တဲ့ ဆိုင်ကယ်လည်း မှန်ကန်
မှုရှိမယ် အထက်ပါအခြေခံနည်းစနစ်များကိုလည်း ကောင်းမွန်စွာ အသုံးချနိုင်မယ်ဆိုရင်တော့ Off Road Enduro ကို ဘေးအန္တာရယ်ကင်းစွာနဲ့ ထိရောက်စွာ မောင်းနှင်နိုင်ကြမှာပါ။
 Off Road မောင်းနှင်ခြင်းဟာ အားကစားတစ်ခုလည်းဖြစ်ပြီး လူနဲ့စက်တပ်ယဉ်ပေါင်းစပ်ကာ အတူတကွပါဝင်ဆင်နွဲရတဲ့ Motorsport တစ်မျိုး ဖြစ်ပါကြောင်း တင်ပြရင်း Dual Purpose ဆိုင်ကယ်များ
နဲ့ အခြေခံ Off Road မောင်းနှင်နည်းများ ဆောင်းပါးကို ဒီနေရာမှာပဲ နိဂုံးချူပ်​လိုက်ပါတယ်။
စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့
ပြည့်စုံကြပါစေ...
-
CreditCredit ----- //Yan Naing Htwe///
Kkk
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html