လက်ရှိမြေဓာတ်ခုခံမှုဘယ်လောက်ရှိလဲ ပြန်စမ်းကြည့်ရအောင်
နည်းလမ်းအမျိုးမျိုး ရှိနေသော တိုင်းတာခြင်း စနစ်များထဲမှ လက်တွေ.တိုင်းတာဖူးသော Earth Resistance တိုင်းတာခြင်း စနစ်တမျိုးပါ။
Transformer တွေ ၊ Distribution Line တွေ ၊ Steel Structure တွေရဲ့ Earthing Resistance တွေကို အခုကတည်းက စမ်းထားသေးရဲ့လား .....
Earthing Resistance တိုင်းတာခြင်း နည်းလမ်းတစ်ခု
TRANSMISSION LINE PROJECT တွေပြီးပြီဆိုတာနဲ့ ကျနော်တို့တွေ မဖြစ်မနေလုပ်ရသော TESTING PROCEDURE တွေများစွာရှိတဲ့အထဲက အရင်ဆုံးပြုလုပ်စမ်းသပ်ရတာကတော့ TOWER တွေ POLE တွေရဲ့ EARTHING / GROUNDING RESISTANCE TEST တွေပါ ဒီနေရာမှာ
• TOWER တွေ POLE တွေကိုယ်တိုင်ရဲ့ GROUNDING RESISTANCE
• TOWER တွေ POLE တွေကို မိုးကြိုးဒဏ်က ကာကွယ်ရန်ပြုလုပ်ထားသော AERIAL EARTH တွေရဲ့ GROUNDING RESISTANCE နဲ့
• AERIAL EARTH ကနေတဆင့် မိုးကြိုးလျှပ်စီးကို သယ်ဆောင်စီးဆင်းစေသော ELECTRODE ( EARTH ROD ) ရဲ့ GROUNDING RESISTANCE ကိုတိုင်းတာမှတ်သား စစ်ဆေးရပါတယ်။
• TOWER တွေ POLE တွေကိုယ်တိုင်ရဲ့ GROUNDING RESISTANCE
• TOWER တွေ POLE တွေကို မိုးကြိုးဒဏ်က ကာကွယ်ရန်ပြုလုပ်ထားသော AERIAL EARTH တွေရဲ့ GROUNDING RESISTANCE နဲ့
• AERIAL EARTH ကနေတဆင့် မိုးကြိုးလျှပ်စီးကို သယ်ဆောင်စီးဆင်းစေသော ELECTRODE ( EARTH ROD ) ရဲ့ GROUNDING RESISTANCE ကိုတိုင်းတာမှတ်သား စစ်ဆေးရပါတယ်။
Kk
ဒီနေရာမှာ စနစ်ကျသော မှန်ကန်သော GROUNDING စနစ်သာမရှိခဲ့ရင် TOWER နဲ့ POLE တွေက မိုးကြိုးဒဏ်ကြောင့် ပျက်စီးနိုင်သလို၊အကြောင်းတစုံတရာကြောင့် ဒီ TOWER တွေ POLE တွေမှာ FAULT CURRENT / LEAKAGE CURRENT ( ယိုစိမ့်လျှပ်စီး ) များ ဖြစ်ခဲ့ရင် ဒီ CURRENT တွေအတွက် GROUND သို့ ခွဲဖြာစီးဆင်းစရာလမ်းကြောင်းမရှိဘဲ နီးစပ်ရာ ( ထိကိုင်မိသူ ) တွေကို လျှပ်စစ်ဓာတ်လိုက်ခြင်းတွေကို ဖြစ်ပေါ်စေမှာပါ။
ဒီတော့ ကျနော်တို့ TRANSMISSION PROJECT တွေအတွက် TOWER တွေကို GOOD GROUNDING SYSTEM ဖြစ်ဖို့ကို သက်ဆိုင်ရာ EARTH ELECTRODE ( EARTH ROD) တွေ ကို EARTH PIT ( EARTH ကျွင်း ) တွေနဲ့စနစ်တကျပြုလုပ်ပြီး ( AERIAL EARTH တွေ JUMPER CONNECTION ) တွေကို သေချာစွာတွဲဆက်ရမှာ ဖြစ်ပါတယ်။သို့မှသာ FAULT ( or ) LEAKAGE CURRENT ဖြစ်ခဲ့လျှင် ဒီ FAULT CURRENT တွေက GROUNDဆီ ကို သက်ဆိုင်ရာ ( DOWN CONDUCTOR ) ရဲ့ အမြန်ဆုံးလမ်းကြောင်းကနေ စီးဆင်းဖြတ်သန်းခြင်းဖြစ် သက်ဆိုင်ရာ PROTECTION စနစ်ကို အသက်ဝင် အလုပ် လုပ်စေမှာပါ။
ဒီနေရာမှာ ကျနော် သံသယ ဖြစ်တာတစ်ခု ရှိနေတာက EARTH ROD တစ်ချောင်းကို ရိုက်လိုက်တယ် ( မြေကြီးထဲ ရိုက်သွင်းထားတယ် ) ပြီးတော့ ဒီ EARTH ROD ကို ( EARTH TESTER ) နဲ့ EARTHING RESISTANCE တိုင်းတယ် ဆိုပါစို့။ ကျနော်တို့ ကိုယ်တိုင် တိုင်းတော့ 20 OHM ဖြစ်နေတယ် ၊ THIRD PARTY ကတိုင်းတော့ 15 OHM ဖြစ်နေတယ် ၊ END USER ( CUSTOMER ) ကတိုင်းတော့ 18 OHM ဖြစ်နေတယ်။ဘယ်တန်ဖိုးက အမှန်ဖြစ်မလဲ ဒီနေရာမှာ ကျနော်ဖြစ်ချင်တာက ဘယ်သူ ဘယ်လိုတိုင်းတိုင်း ( တိုင်းတာမယ့် EARTHING RESISTANCE TEST METER ) တာတူခဲ့ရင် EARTHING RESISTANCE တန်ဖိုး ချင်းက ( များစွာ ကွဲပြားမှုမရှီဘဲ ) တူညီသင့်တာပါ။ ဒီတော့ ကျနော်တို့ဆီမှာ EARTHING RESISTANCE ကို ဘယ်လိုစနစ်တွေနဲ့ တိုင်းတာနေသလဲ ၊ တိကျရည်ညွှန်းထားသော တိုင်းတာရေး စနစ်တွေ ရှိနေပါသလား။လေ့လာရင်းနဲ့ ကျနော် အတွက်တိုင်းတာရ လွယ်ကူပြီး တန်ဖိုးကွဲပြားမှု များစွာမရှိသော EARTHING RESISTANCE တိုင်းတာသောစနစ် တခုအကြောင်းပါ။
Kk
EARTHING RESISTANCE ကိုတိုင်းတာနိုင်သော စနစ်တွေများစွာ ရှိတဲ့အထဲက အသုံးပြုရလွယ်ကူသော FALL OF POTENTIAL METHOD နဲ့ ဒီ FALL OF POTENTIAL METHOD ကိုအခြေပြုထားသော 0.62D ( or ) 62%D METHOD ( SLOPE METHOD ) နဲ့တိုင်းတာပုံ တခုပါ။ အားလုံးသိကျသလိုဘဲ ပုံမှန် EARTH TESTER တစ်ခုမှာ တိုင်းတာရေးကြိုး ၃ မျိုးပါဝင်ပါတယ်။ဒါတွေက ( အရောင်နဲ့ပြောရင် ) အတိုဆုံးကြိုးကနေစပြောရင်
• အစိမ်းရောင်က ( TEST ELECTRODE E ) ဖြစ်ပြီးတိုင်းတာမယ့် EARTH ROD ကိုချိတ်ဆက်ရပါတယ်။
• အဝါရောင်က ( POTENTIAL P ) VOLTAGE ထွက်ရှိရာ POINT ဖြစ်ပြီး သက်ဆိုင်ရာနေရာ / အကွာအဝေး တခုမှာ TEST SPIKE ကိုရိုက်ပြီးချိတ်ဆက်ရပါတယ်။
• အနီရောင်က ( CURRENT C ) CURRENT ထွက်ရှိရာ POINT ဖြစ်ပြီး သက်ဆိုင်ရာနေရာ / အကွာအဝေး တခုမှာ TEST SPIKE ကိုရိုက်ပြီးချိတ်ဆက်ရပါတယ်။
ဒီနေရာမှာ FALL OF POTENTIAL METHOD လို့ပြောရခြင်းက EARTH TESTER ကနေ တိုင်းတာမယ့် TEST ELECTRODE ( E / အစိမ်းရောင်နဲ့ ) အစွန်ဆုံး ( C / အနီရောင်ကြားကို ) သတ်မှတ် TEST CURRENT တစ်ခု ( INJECT ) ရိုက်ထည့်ပါတယ်။ဒီလိုဘဲ TEST ELECTRODE ( E / အစိမ်းရောင် ) နဲ့ ( C / အနီရောင် ) နဲ့ကြားအကွာအဝေး တခုမှာ VOLTAGE SOURCE အနေနဲ့ ( Y / အဝါရောင်ကို ) သတ်မှတ် VOLTAGE တစ်ခုကိုရိုက်ထည့်လိုက်ပါတယ် ။ ဒီလိုအားဖြစ် တိုင်းတာမယ့် EARTH ROD နဲ့ အနီရောင် C ကြား VOLTAGE နဲ့ တိုင်းတာမယ့် EARTH ROD ( E ) နဲ့ အဝါရောင် ( P ) ကြား VOLTAGE ကို ( EARTH TESTER ) အတွင်းမှာ နှိုင်းယှဉ်တွက်ချက်ချင်းဖြစ် ( မူကွဲတနည်း EARTH ELECTRODE မှာ သက်ရောက်နေသော INJECT VOLTAGE နဲ့ INJECT CURRENT ပမာဏကို OHM LAW အရ V=IR --- R=V/I ) အရ သက်ဆိုင်ရာ EARTH ELECTRODE ရဲ့ EARTHING RESISTANCE ကို ရရှိပါတယ်။
ဒီနေရာမှာ အရေးကြီးတာက Earth RESISTANCE တိုင်းတာမယ့် Electrode E (အစိမ်းရောင် ) ရဲ့တည်နေရာက ပြသနာမရှိပေမယ့် POTENTIAL ( P ) အဝါရောင် TEST SPIKE နဲ့ CURRENT ( C ) အနီရောင် TEST SPIKE ကို ဘယ်နေရာမှာ ထားရင် EARTH RESISTANCE တန်ဖိုး အမှန်ကို ရမလဲ ဆိုတာက ကျနော်တို့အတွက် အထူးဂရုပြုရမှာပါ။
ဒီအတွက် စမ်းသပ်တိုင်းတာမှု ရလဒ်တွေအရ ပထမဆုံး တိုင်းတာမယ့် EARTH ELECTRODE ကို အစိမ်းရောင် TEST CLIP နဲ့ အရင်ချိတ်ပါ။ဖြစ်နိုင်ရင် ဒုတိယအနေနဲ့ မျဉ်းဖြောင့်အတိုင်း ( အရှည်ဆုံးကြိုး အနီရောင်ကြိုး C ) ကိုအဝေးဆုံး မှာရိုက်သွင်းပါ ( အကွာအဝေး မီတာ 20 ) ဆိုပါစို့ ။ ပြီးရင် တတိယအနေနဲ့ ဒီ TEST ELECTRODE ( EARTH ROD ) နဲ့ ( အရှည်ဆုံးကြိုး အနီရောင်ကြိုး C ) ကြားမှာ အလွယ်တကူပြောရင် အလယ်ကောင် 10 မီတာမှာ ( အဝါရောင် ကြိုး P ) ကိုရိုက်ပါ။ ဒီလိုအားဖြစ် EARTH ELECTRODE ( E ) -- 10 မီတာအကွာမှာ POTENTIAL P ( အဝါရောင်နဲ့ ) ---နောက်ထက် 10 မီတာအကွာမှာ CURRENT C ကြိုး ( အနီရောင်က ) အစဉ်လိုက် မျဉ်းဖြောင့်အတိုင်းရှိနေမှာပါ။ပြောရရင် EARTH ROD နဲ့ အနီရောင်ကြားအကွာအဝေးသာ D ဖြစ်နေရင် ဒီEARTH ROD နဲ့ အဝါရောင်ကြားအကွာအဝေးက 0.5D နဲ့တည်ရှိနေတာပါ။
ဟုတ်ပြီ EARTH RESISTANCE ကိုတိုင်းတာပါ ဉပမာ 10 OHM ဖြစ်မယ် မှတ်ထားပါ ပြီးရင် YELLOW SPIKE ကို RED ဘက်ရောက်တဲ့အထိကို တစ်မီတာ စီ တိုး တိုးပြီးစမ်းပါ ။ဒီလိုစမ်းခြင်းအားဖြစ် YELLOW SPIKE ရဲ့အကွာအဝေး တနေရာမှာ EARTHING RESISTANCE တန်ဖိုးက မပြောင်းလဲဘဲ STABLE ဖြစ်သွားမှာပါ။ ဒီ YELLOW SPIKE P ရဲ့ နေရာကို EARTHING RESISTANCE နဲ့ DISTANCE ကို GRAPH ဆွဲလိုက်ရင် တန်ဖိုးတူညီသောနေရာတိုင်းက EARTH ELECTRODE နဲ့ အနီရောင် C ရဲ့ကြား 61.8 D or 61.8% ကွာအဝေး မှာဖြစ်နေပါတယ်။
ဒီတော့ အချုပ်အားဖြစ်က FALL OF POTENTIAL METHOD ကိုသာသုံးရင် 62%D. အရ YELLOW SPIKE ( P ) ကို တိုင်းတာနေသော EARTH ELECTRODE ( G ) နဲ့ CURRENT ( C ) အနီရောင် SPIKE ကြား အကွာအဝေး ရဲ့ 62% အကွာအဝေးမှာ ထားခြင်းက မှန်ကန်သော EARTHING RESISTANCE တန်ဖိုးကို ရရှိစေရန် နည်းလမ်း တခုဖြစ်ကြောင်းပါခင်ဗျာ။
Credit
Ko Myo Zaw
Ko Myo Zaw
Kk