ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဘီးဟက်ဘော (Wheel Hub Bearing) ရဲ့ အရေးပါမှု အရေးကြီးပုံအကြောင်း

ကားဘီးဟက်ဘော (Wheel Hub Bearing)ဆိုတာ ဘာလဲ? ဘာကြောင့် အရေးကြီးတာလဲ?


အရာဝတ္ထုနှစ်ခုထဲက တစ်ခုကိုတော့ လည်ပတ်စေပြီး ကျန်တစ်ခုကိုတော့ အငြိမ်ဖြစ်အောင်ဖမ်းထားစေချင်မယ်၊နောက်ပြီး friction လို့ခေါ်တဲ့ ပွတ်တိုက်မှုအားကို လျော့ချချင်တယ်ဆိုရင် ဘယ်ရင် (bearing)ကို အသုံးပြုရပါတယ်။ ကားတစ်စီးမှာ ဘယ်ရင်တွေ အများကြီးသုံးရပါတယ်။ အဲဒီထဲမှာမှ ကားဘီးဟက်ဘောလို့ခေါ်ကြတဲ့ wheel bearing အကြောင်းလေး ပြောချင်လို့ပါဗျာ...
ဟက်ဘောလို့ အလွယ်ခေါ်ပေမဲ့ သူက ဘော(သို့)ရိုလာ rollerတွေနဲ့ ဘောအထိုင်ခွက်တွေပါတဲ့ ဘယ်ရင်ဖြစ်ပါတယ်။ ဘောအထိုင်ခွက်ပြီးတော့ ဘော(သို့)ရိုလာတွေ လည်ပတ်လို့ရမဲ့ မြောင်းလေးတွေရှိပါတယ်.. အဲဒီမြောင်းလေးတွေကို race လို့ခေါ်ပါတယ်။ ဘယ်ရင် တစ်ခုမှာ inner race နဲ့ outer race ဆိုပြီး မြောင်း၂ခုရှိပါတယ်။ inner race ရော outer race ရော ၂ခုလုံး တပြိုင်နက်တည်း လည်ပတ်လို့ရပါတယ်။ 

ဒါပေမဲ့ တကယ်အသုံးမှာတော့ outer race ကို အငြိမ်ထားမယ်ဆိုရင် inner raceက လည်ပတ်မှုရစေမှာပါ (သို့) inner raceကို အငြိမ်ထားမယ်ဆိုရင် outer raceက လည်ပတ်မှုရစေမှာပါ။ ဟက်ဘောတွေက ကားဘီးတွေ တပ်ဆင်တဲ့ ဟက်အုံထဲမှာ ရှိပါတယ်။ (ပုံမှာကြည့်ပါ) 


ဘီး၎ဘီးပါတဲ့ ကားတစ်စီးမှာဆိုရင် ဟက်အုံပုံစံ ၂မျိုးဖြစ်နေပါမယ်။ ရှေ့ ၂ဘီးနဲ့ နောက်၂ဘီးမှာရှိတဲ့ ဟက်အုံပုံစံမတူပါဘူး.. အဲဒီတော့ ရှေ့ ဘီးမှာရှိတဲ့ ဟတ်ဘောနဲ့ နောက်ဘီးတွေမှာရှိတဲ့ ဟက်ဘောမတူပါဘူး... 

ရှေ့ ယက်ကားတွေအတွက်ဆိုရင် ပုံမှာပြထားတဲ့ အတိုင်းပုံစံတူတွေများပါတယ်။ ဂီယာအုံကနေထွက်လာတဲ့ drive shaft ချောင်းက ကားဘီးကို လည်အောင် လုပ်ပေးတဲ့ shaft ချောင်းကြီးပါ။ မြန်မာလို ဝပ်ရှော့သမားတွေ အခေါ်တော့ ဒူးဆစ်ချောင်းလို့ ခေါ်ပါတယ်။ drive shaft (ဒူးဆစ်ချောင်း) ကြီးက steering knuckle  လို့ခေါ်တဲ့ ဟက်အုံအထိုင်ထဲကို ဝင်သွားပြီးတော့ ဘီးနပ်တွေ တပ်ထားတဲ့ ဟက်အုံထဲကို ရောက်သွားပါတယ်။ ဟက်အုံအတွင်းဆုံးမှာတော့ ဒူးဆစ်ချောင်းရဲ့ ခွေးသွားစိတ် (Splines) တွေနဲ့ အလိုက်သင့်ချိတ်ဆက်နိုင်အောင် လုပ်ထားတဲ့ ခွေးသွားစိတ် (Splines)လေးတွေ ရှိပါတယ်။ အဲလိုချိတ်ဆက်ထားမှသာလျှင် ဂီယာထိုးပြီး လီဗာနင်းလိုက်ရင် အင်ဂျင်လည်ပတ်မှုအားတွေဟာ ဂီယာဘောက်ကနေတဆင့် drive shaft (ဒူးဆစ်ချောင်း) ဆီကိုရောက်သွားပြီး အဲဒီဒူးဆစ်ချောင်းလည်လိုက်တဲ့အခါမှာ ဟက်အုံပါလိုက်လည်သွားပြီး ကားဘီးတွေ လည်ပတ်မှုကို ဖြစ်စေတာပါ။ လွယ်လွယ်ပြောရင် ဒီလိုချိတ်ထားမှသာ ကားကရွေ့ တာပေါ့ဗျာ... ဒါဆိုရင် ဟက်ဘောလို့ခေါ်တဲ့ wheel bearing က ဘယ်မှာအသုံးဝင်တာလဲ? ဘာတွေ အရေးကြီးနေလို့လဲ? 

တကယ်တော့ ဟက်အုံလည်လို့ ဘီးလည်တာ.. ဒါပေမဲ့ ဟက်အုံအထိုင်(steering knuckle)က မလည်ပါဘူး... အငြိမ်ကြီးဖြစ်နေအောင်ကို ဖမ်းထိန်းထားတာပါ။ အဲဒီတော့ ဟတ်အုံကလည်ရမယ်၊ ဟက်အုံအထိုင်က မလည်ရဘူး... ဒီတော့ ဟက်ဘော(wheel bearing)ကို မဖြစ်မနေသုံးရတော့တာပါ။ ဟက်ဘော(wheel bearing)ရဲ့  outer race က ဟက်အုံအထိုင်မှာရှိနေပြီး inner race ကတော့ ဟက်အုံနဲ့တွဲထားပါတယ်။

အဲဒါဆိုရင်တော့ နောက်ဘီးမှာရှိတဲ့ ဟက်အုံတွေမှာကော.... ယှက်စရာမလိုတဲ့ ဘီးတွေအတွက်တော့ drive shaft မပါတော့ဘူး၊ ဟက်အုံမှာ ခွေးသွားစိတ်မပါဘူး... ဒါပေမဲ့ ဟက်ဘောတော့ သုံးရတယ်။ အများအားဖြင့် သုံးတတ်တာတွေကတော့ taper bearing (တစောင်း ဘယ်ရင်)၊ ဟက်အုံအတွဲလိုက် (ဘယ်ရင်နဲ့ wheel speed sensor ပါတွဲလျက်)နဲ့ ဟက်ဘယ်ရင်တွေဖြစ်တတ်ပါတယ်။ (ပုံမှာကြည့်ပါ)



ဟက်ဘော(wheel bearing) ဘာကြောင့် အရေးကြီးသလဲ?
(၁) ကားဘီးချောမွေ့စွာလည်ပတ်နိုင်ဖို့ (ဘောတွေ မကောင်းရင် ဘီးလည်ရတာ ကျပ်နေတတ်တယ်)

(၂) ဘီးတည့်မတ်စွာသွားလာလည်ပတ်နိုင်ဖို့ (ဘောတွေ၊ ဘောလည်တဲ့ မြောင်း race တွေစားသွားရင် ဘီးရမ်းခါနေပါတယ်)
(၃) ဘီးရမ်းခါနေရင် ကျန်တဲ့ ဆက်စပ်နေတဲ့ တိုင်းရော့၊ မိန်းလုံး (rack end)၊ စတီယာရင်ဂန်း၊ ဘွတ်တွေ၊ ဘောဂျွိုင်းတွေ စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ပျက်စီးပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်

(၄) ဟက်ဘော wheel bearing မကောင်းရင် စတီယာရင် ထိန်းရတာမကောင်းတော့ဘဲ ကားက ရမ်းနေလိမ့်မယ်
(၅) တာယာစားတာ မြန်ပါလိမ့်မယ်
အဓိကကတော့ ကားကို ကောင်းကောင်း မထိန်းနိုင်တော့တဲ့အတွက် တကယ် အန္တရာယ်များပါတယ်။
Co

ဒီလိုတွေခံစားရရင် ဟက်ဘောကို သေချာစစ်ဆေးပါ...
(၁) ကားမောင်းရတာ ရမ်းနေရင်၊ စတီယာရင်ကို လာပြီးတိုးနေရင်
(၂) ဘီးလည်လိုက်တဲ့အခါမှာ ကြိတ်သံကြားနေရရင်
(၃) တာယာစားတာပုံမှန်မဟုတ်တဲ့အခါ
(၄) အောက်ပိုင်း ကားဘီးနားက အသံထွက်နေရင်
ဟက်ဘောပျက်စီးစေတဲ့ အဓိကအကြောင်းရင်းကတော့...
(၁) ဘယ်ရင် seal တွေမကောင်းတော့ပဲ ရေ၊ ဖုန်၊ သဲတွေ ၀င်သွားရင် ဘောတွေ မြောင်းတွေ ပျက်စီးတတ်ပါတယ်။
(၂) ဘယ်ရင်ထဲမှာရှိတဲ့ အမဲဆီတွေခမ်းရင် ပျက်စီးတတ်ပါတယ်။ (အပူချိန်ကြောင့်၊ ရေ၊ ဖုန်၊ သဲတွေကြောင့် အမဲဆီခမ်းပါတယ်)
(၃) လမ်းကြမ်းဆောင့်တဲ့ဒါဏ်တွေကြောင့် ဘောတွေ မြောင်းတွေ နာပြီး ပျက်စီးတတ်ပါတယ်။
(၄) တခြား အောက်ပိုင်းဆက်စပ်တဲ့ အရာတွေ ပျက်စီးလို့ ဘီးက လိုအပ်တာထက်ပိုပြီး ရမ်းခါနေရင်လည်း ဟက်ဘောထိနိုင်ပါတယ်
တချို့ သော ဟက်ဘော (wheel bearing)တွေက သံလိုက်လေးပါတတ်တယ်... အဲဒီ သံလိုက်လေးက ဘီးဆင်ဆာ (wheel speed sensor/ ABS sensor)တွေအတွက် signal လေးတွေ ဖတ်လို့ရအောင် လုပ်ထားတာဗျ... အကယ်၍ ဟက်ဘောလဲလိုက်ပြီးမှ ABS မီးလင်းလာခဲ့ရင်ကော... ဒါဆိုရင်တော့ ထည့်လိုက်တဲ့ ဟက်ဘောမှာ သံလိုက်မပါလာတာ (သို့) သံလိုက်ပါတဲ့အခြမ်းကို ပြောင်းပြန်တတ်လိုက်တာ... သံလိုက်ပါမပါ သိချင်ရင်တော့ paper clip လေးတွေနဲ့ အလွယ်တကူစမ်းလို့ရပါတယ်....
ကားတစ်စီးရဲ့ ကြံ့ခိုင်မှုဟာ ကားပေါ်ပါလာတဲ့ လူတွေအတွက် အင်မတန် အရေးကြီးတယ်ဆိုတာ ငြင်းလို့မရပါဘူး... ဒါကြောင့် မိမိကားရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးဖို့ အကြံပြုတိုက်တွန်းရင်း...

Credit
လေးစားစွာဖြင့်...
Auto King (Keep it Safe!)
ပြင်ဦးလွင် (09445196733)
PS. အပေါ်ကဆွေးနွေးသွားတဲ့ ဘယ်ရင်တွေက ရှေ့ ယက်ကားအတွက်ပါ.. နောက်ယက်ကားများနဲ့ 4WD ကားများအတွက်တော့ အနည်းငယ်ကွဲပေမဲ့ သဘောတရားကတော့ အတူတူပါပဲဗျာ။

Credit to Auto king

Co
Co


Co


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html