ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

"စက်သုံးဆီ ပန့်ဆိုင်တွေ ဆီဘယ်လိုခိုးသလဲ

"စက်သုံးဆီ ပန့်ဆိုင်တွေ ဆီဘယ်လိုခိုးသလဲ"
*********************************

အများအားဖြင့် စက်သုံးဆီ ပန့်ဆိုင်တွေမှာ ၀ယ်ယူတဲ့အခါ ဆီအချင်အတွယ်
မပြည့်ဝမှုတွေကို ကိုယ်တိုင် ကြုံဖူးကြမှာပါ။

ဒါပေမယ့် သူတို့တွေ ဘယ်လို နည်းလမ်းတွေနဲ့ ဆီခိုးယူထားတယ် ဆိုတာ သိကြတဲ့သူ နည်းပါတယ်။ ကျွန်တော် သိသမျှကို ပြောပြရမယ်ဆိုရင် နည်းနှစ်နည်း ရှိပါတယ်။ ပထမနည်းက စက်ထဲမှာ ဆီအချင်အတွယ် မပြည့်အောင် တစ်ခါတည်း ချိန်ထားတဲ့ နည်းပါ။

ပထမနည်းကတော့ လက်တွေ့ပြနှိုင် မြင်နှိုင်ဖို့ ခဲယဉ်းပေမယ့် အခုကျွန်တော် ပြောပြတဲ့ နည်းကတော့ သတိထားကြည့်ရင် တွေ့မြင်နှိုင်ပြီး အဲဒီလို မလုပ်ဖို့ ပြောဆို တားဆီးခြင်းအားဖြင့် မိမိဝယ်ယူတဲ့ စက်သုံးဆီကို ခိုးယူခံရခြင်းမှ ကာကွယ်နှိုင်ပါတယ်။
ဒုတိယနည်းကတော့ ဆီထည့်ပေးသူက အခုပုံမှာ ပြထားတဲ့ လက်ကိုင်ကွင်းထဲက ဆီဖွင့်တဲ့ ခလုပ်ကို မိမိရဲ့ကား သို့မဟုတ် ဆိုင်ကယ်ကို ဆီထည့်စဉ်မှာ မသိမသာ အဖွင့်အပိတ် ကစားနေတာကို တွေ့ရရင် အဲဒီလို မလုပ်ဖို့ တားမြစ်လိုက်ပါ၊ အဲဒါ ဆီခိုးနေတာပါ။

ဆီထည့်စဉ်မှာ ဆီအဖွင့်ခလုပ်ကို မသိမသာ ဖွင့်လိုက်ပိတ်လိုက် လုပ်ခြင်းက ဘယ်အတိုင်းအတာထိ မိမိဝယ်တဲ့ ဆီကိုခိုးလို့ ရသလဲဆိုရင် ၁၀ ဂါလံထည့်ရင် ၂ ဂါလံခိုးယူထားလို့ ရပါတယ်။ အဲဒီတော့ ၁၀ ဂါလံ ၀ယ်ရင် ၈ ဂါလံပဲ ရမယ်ဆိုတဲ့ သဘောပါ။
အကယ်၍ စက်ထဲမှာ တစ်ခါတည်း ချိန်ထားပြီး ထပ်မံ ခိုးယူထားဦးမယ်ဆိုရင် မိမိဝယ်ယူတဲ့ စက်သုံးဆီဟာ ဘယ်လောက်ပဲ ရတော့မယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။ မိမိသိရှိသွားပြီ ဆိုရင် ကျန်တဲ့ မိမိရဲ့ မိတ်ဆွေတွေ သိရှိသွားအောင် ထပ်မံပြီး ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါ။

မင်းသန့်ပြုံးချို
-
-
-
Credit:
Lin Lin(Maubin)
ဗဟုသုတ​ကျေးရွာ
မူရင့်လင့်...
https://m.facebook.com/story.php?story_fbid=2043578735907927&id=1931578917107910

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html