ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Solar ဆိုလာများကို အပြိုင်ဆက်သွယ်ခြင်း နည်းပညာ

ဆိုလာများကို အပြိုင်ဆက်သွယ်ခြင်း


       ဆိုလာများကို ဘက်ထရီများကဲ့ သို့ အပြိုင်
(Parallel) ဆက်သွယ်နိုင်ပါသည်။

     အပြိုင်ဆက်သွယ်ခြင်းကြောင့် ဗို့ အားတိုးမ
လာသော်လည်း အင်ပီယာတိုးလာပါသည်။

     ပုံ(1) တွင် (12)ဗို့  (4)အင်ပီယာရှိသော
ဆိုလာပြား သုံးချပ်ကို အပြိုင်ဆက်သွယ်ထားပါ
သည်။ ဆိုလာပြားသုံးချပ်လုံး၏ အပေါင်းကို အ
ပေါင်းအချင်းချင်း အနှုတ်ကို အနှုတ်အချင်းချင်း
ဆက်လိုက်သောအခါ(12)ဗို့  (12)အင်ပီယာ
ရှိသော ပါဝါကို ရရှိလာပါသည်။
        အထက်ပါ ပုံ(1) ကဲ့ သို့ အပြိုင်တွဲခြင်းမျိုး
သည် လူအများက အသုံးပြုနေသည်မှန်သော်
လည်း စံနစ်ကျသော တွဲနည်းမျိုးမဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော်
      ကွင်းပြင်များတွင် များပြားစွာတွဲလျှက်အသုံး
ပြု ကြသော ဆိုလာများသည်ပင် နေရာကွက်၍
တိမ်၏အရိပ် ကျရောက်တတ်ပေသည်။
  အိမ်ခေါင်မိုးပေါ်မှ ဆိုလာတို့ မှာ ညနေ ကျနေ
တွင် တခြားခေါင်မိုး၏ အရိပ်တို့ ကျရောက်တတ်
ပေရာ အပြိုင်တွဲဆိုလာအားလုံးအပေါ်တွင် မျှမျှ
တတ အရိပ်ကျရန်မှာ မလွယ်ကူပါ။

      ဥပမာ ။  ။ ပုံ(1)မှာကဲ့ သို့  အပြိုင်တွဲထား
သော ဆိုလာများပေါ်တွင် တစ်ချပ်သည် အရိပ်
ကျရောက်သွားပါက ကျန်နှစ်ချပ်ထက် ဗို့ အား
လျော့ ကျသွားမည်။ ထိုအခါ လျှပ်စစ်၏ သဘာဝ
အရ ဗို့ အားမြင့်ရာမှ နိမ့် ရာသို့ စီးဆင်းပါသည်။

     ထိုအခါ မလိုလားအပ်သော လျှပ်စစ်စီးဆင်း
မှုကြောင့် နေအလင်းရောင်ရရှိနေသော ဆိုလာ
နှစ်ချပ်မှာ ဘက်ထရီကိုလည်းအားသွင်းနေရ
သေးသဖြင့် ဝန်ပိ၍ အပူချိန်တိုးလာပါသည်။

    နောက်ဥပမာတစ်ခုဖြင့် ဖော်ပြရသော် အပြိုင်
တွဲ၍ အသုံးပြုနေသော 12 ဗို့ ဘက်ထရီနှစ်လုံး
တွင် တစ်လုံးသည် ချက်ချင်းအားကုန်၍ ဗို့ အား
လျော့ ကျသွားပါက ၎င်းနှင့်အပြိုင်တွဲထားသော
ဘက်ထရီသည် အားကုန်သွားသော ဘက်ထရီ
အား ချာဂျင်သွင်းနေရပြီး ဝန်ကိုလည်း လျှပ်စီး
အား တွန်းပေးနေရ၍ ဝန်ပိခြင်းနှင့်ဆင်တူသည်
    ထိုဖြစ်ရပ်မျိုးအား ကာကွယ်ရန် ပုံ(2) မှာကဲ့ သို့ အနှုတ်စများကိုအချင်းချင်းပေါင်းသော်လည်း
အပေါင်းစများကို ဒိုင်အုပ်များခံ၍ အသုံးပြုကြရပါ
သည် ။ ၎င်း ဒိုင်အုပ်ကို(blocking diode)
ဟု ခေါ်ပါသည်။

     ရှင်းလင်းစေရန်သာ ဆိုလာသုံးချပ်တွဲကို တင်ပြနေရခြင်းဖြစ်ပြီး အမှန်တကယ်မှာ ဆိုလာ
တစ်ချပ်ထဲမှာပင် ထိုသို့ ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေ
ရန် ဒိုင်အုပ်များကို ထည့်သွင်းအသုံးပြုပါသည်။
၎င်း ဒိုင်အုပ်ကို (Bypass diode)ဟု ခေါ်
ပါသည်။

   ဆိုလာဆဲ တစ်ကွက်တွင် 0.5 ဗို့  ရှိသည်ဖြစ်
၍ 18 ဗို့ ရရန် 36 ကွက်ကို စီးရီးတွဲရသည်။
အင်ပီယာတိုး၍ ဝပ်အားကြီးမားစေလိုလျှင် နောက်ထပ် 36 ကွက်နှင့် အပြိုင်တွဲရပြန်သည်။

ပုံမှန်အားဖြင့် ဆိုလာများ၏ အထွက်ဗို့ သည်
18 ဗို့ ဖြစ်ပါသည်။ 12 ဗို့ ဘက်ထရီအတွက်
ချာဂျင်ဗို့ သည် 15ဗို့ ဆိုလျှင် လုံလောက်သော်
လည်း ဆိုလာမှ ဘက်ထရီသို့ ဆက်သွယ်သော
ကြိုးတွင် ဗို့ အားပျောက်ဆုံးမှုနှင့် ကွန်ထရိုလာမှ
ဒိုင်အုပ်တို့ ၏ ဗို့ အားပျောက်ဆုံးမှုတို့ ကို ကာမိ
စေရန်ဖြစ်ပါသည် ။(အလင်းရောင်မရှိချိန်တွင်
ဆိုလာသည် အားကြီးသောရီစစ္စတာ တစ်လုံးလို
ဖြစ်နေသောကြောင့် ဘက်ထရီမှ ဆိုလာသို့ 
အားပြန်မစီးစေရန် ကွန်ထရိုလာတွင် ဒိုင်အုပ်ပါ
ရပါသည်။ )

ဗဟုသုတများရရှိစေရန် သိရှိထားသ၍ကို တင်ပြ
ပေးလိုက်ပါတယ်ခင်ဗျာ။

Credit to လျပ်စစ်ဝန်ဆောင်မှုလုပ်ငန်းစု


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html