ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ် 2 Stroke Cycle Engine နားလည်လိုလျင်

2 Stroke Cycle Engine

သည်တခါမှာလဲ အခြေခံ မသိသေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ်။

သူကတော့ အင်ဂျင်တည်ဆောက်ပုံ အရ design အရ အမျိုးကွဲများနိုင်တော့ နည်းနည်းတော့ ကွာပါမယ်။ အခုကျွန်တော် ရေးပေးထားတာက တချိန်က GM Engine ရဲ့ worldwide ပေါက်တဲ့။ အထူးသဖြင့် oil & gas မှာ ယနေ့အထိသုံးနေဆဲ ဖြစ်တဲ့ Inline Engine, GM 4-71 တို့ 4- 52 တို့ကို အခြေခံပြီးရေးတာပါ။

ကျွန်တော်နဲ့ အမြဲတွေ့ရတဲ့ မိတ်ဖက် အင်ဂျင်တွေထဲက တလုံးဆိုလဲ မမှားပါဘူး။

GM 4-71 engine မှာ ဒလက် 2 ခုပါတဲ့ Mechanical Drive Blower တပ်ထားပါတယ်။ အင်ဂျင်စက်နိုးနေသမျှ လည်တယ်။ အင်ဂျင် speed နဲ့တိုက်ရိုက် အချိုးကျတယ်။ အင်ဂျင် နှေးရင် သူနှေးတယ် အင်ဂျင်မြန်ရင် သူမြန်တယ်။ cylinder liner wall ဆလင်ဒါနံရံမှာ အပေါက်တွေ တပတ်လည်ပါတယ် inlet port row လို့ခေါ်ပါတယ်။ အဲသည် အပေါက်တွေကို ဖြတ်ပြီး Blower ကနေ လေတွေမှုတ်သွင်းပေးပါတယ်။

Cylinder 2 လုံးပါလို့ ခေါ်တာမဟုတ်ပါ။ အင်ဂျင်တလုံးရဲ့ လေ၀င်တာကနေ လောင်ပြီးသား exhaust gas တွေ အပြင်တွန်းထုတ်သည်အထိ (Intake, Compression, Power, Exhaust) ဆိုတဲ့ ဖြစ်စဉ် 4 ခုကို piston ဆင်း + တက် 2 ကြိမ် = 360 degree = အင်ဂျင်တပတ် အတွင်းမှာ အလုပ်လုပ်ပြီး ပြီးမြောက်လို့ (power cycle ဖြစ်စဉ်တခုပြီး မြောက်လို့) သူု့ကို 2 stroke cycle engine = နှစ်ချက်ခုတ် အင်ဂျင် လို့ခေါ်တာပါ။

Scavenging Period, In automotive usage, scavenging is the process of pushing exhausted gas-charge out of the cylinder and drawing in a fresh draught of air or fuel/air mixture for the nextcycle. This process is essential in having a smooth-running internal combustion engine. Ref; Wiki

Scavengine Period မီးလောင်ပြီး ကြွင်းကျန်တဲ့ Exhaust gas တွေကို cylinder ပြင်ပကို တွန်းထုတ်ရင်း။ ပြင်ပက လေတွေ (ဓာတ်ဆီ အင်ဂျင်အတွက် လေနဲ့ ဆီ အရော) ကို သွင်းယူတဲ့ ဖြစ်စဉ်လို့ ပြောရမယ်။ Exhaust နဲ့ Inlet ဖြစ်စဉ် 2 ခုပေါင်းစပ်ထားတယ်လို့ အလွယ်နားလည်ပေးပါ။

GM 2 cycle engine တွေမှာ intake & exhaust  2 ခုက compression ဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး power ကတော့ သီးသန့်ဖြစ်ပေါ်စေတယ်။
Inlet Port ရဲ့ ဖွင့်ပိတ်ကို piston ဆင်း တက် ကနေ လုပ်ပေးနေပါတယ်။

သိထားရမယ့် Basic တွေက

၁။ Stroke 2 ခုကတော့ အမြင်ရှင်းအောင် အဲလိုရေးလိုက်ပါတယ်…. First Stroke (Scavenging = Exhaust Gas တွေကိုတွန်းထုတ် cylinder ထဲကို ပြင်ပကလေတွေသွင်း + Compression = လေတွေကိုဖိကျစ်) =  Second Stroke (Power = မီးလောင်ပေါက်ကွဲ အရွေ့စွမ်းအင်ရ Exhaust = လောင်ကျွမ်းပြီးသား exhaust gas တွေ အပြင်တွန်းထုတ်။)

၂။ Piston အတက်အဆင်း 2 ကြိမ် (တက် + ဆင်း) ဖြစ်လို့ 2 stroke cycle engine =  2 ချက်ခုတ် အင်ဂျင် လို့ခေါ်ပါတယ်။

၃။ Piston ထိပ်ဆုံးရောက်တဲ့ နေရာကို Top Dead Center = TDC လို့ခေါ်တယ်။ Piston အောက်ဆုံးရောက်တဲ့ နေရာကို Bottom Dead Center = BDC လို့ခေါ်တယ်။

၎။ Crank Shaft 1 ပတ်(360 deg) မှာ Camshaft 1 ပတ်(360 deg) လည်တယ်။ nozzle / injector ကနေ ဆီတခါဖြန်းတယ်  (ဒီဇယ် အင်ဂျင်အတွက်ပါ)။ (GM မှာတော့ injector ကို rocker arm ကနေ အင်ဂျင်တပတ်မှာ တခါ ရိုက်ချဆီဖျန်းပေးတယ်)

၅။ Inlet Port = လေ၀င်ပါက် ……. Exhaust Valve = လောင်ကျွမ်းပြီးသား exhaust gas တွေ ထွက်မယ့် valve

၆။ အင်ဂျင် လည်ပတ်ပုံ စက်နိုးရင်လည်တဲ့ အတိုင်း normal direction လို့လဲ ခေါ်ပါတယ်။ များသောအားဖြင့် အင်ဂျင်ရှေ့ ပန်ကာ ဘက်ကနေ ကြည့်ရင် ညာလည် (နာရီ လက်တံလည်သလို လည်ပါတယ်)။

၇။ အင်ဂျင်တည်ဆောက်ပုံ crankshaft ကနေ connecting rod နဲ့ piston ကိုဆက်ထား။ Piston ကို cylinder liner / sleeve မှာတပ်ထားပြီး crankshaft လည်တဲ့ အခါ connecting rod ကနေ တဆင့် piston ကို တက် ဆင်း ရွေ့ရှားပါတယ်။ ထို့အတူ Piston တက် ဆင်း ရွေ့ရှားတဲ့ အတွက်လည်း crankshaft ကို connecting rod ကနေ တဆင့် လည်စေနိုင်ပါတယ်။

၈။ ဖိအားနှင့် အပူ တိုက်ရိုက် အချိုးကျတယ် P တိုးရင် T တိုးပါတယ်။

First Stroke (Scavenging + Compression)

Piston BDC ရောက်နေချိန်မှာ Inlet Port တွေ Fully ပွင့်နေပါတယ်။ ထို့အတူ Exhaust Vale လည်း ပွင့်နေပါတယ်။
Blower ကနေ Cylinder ထဲကိုလေတွေမှုတ်သွင်းပေးတယ်။ အဲသည်လေတွေက အလုပ် ၂ ခု တခါတည်းလုပ်တယ်။ ယခင် cycle ကနေ လောင်ကျွမ်းပြီးသား Exhaust gas လက်ကျန်တွေကိုပြင်ပကိုတွန်းထုတ်သလို နောက်ထပ် မီးလောင်တာအစပျိုးဘို့ လေတွေကိုလဲ cylinder ထဲကိုမှုတ်သွင်းပေးတယ်။ အဲတာကို Scavenging လို့ခေါ်တယ်။
အင်ဂျင်ဆက်လည်လာ Piston အပေါ်တက်။ Exhaust Valve ပိတ်လာ။ Inlet Port တွေလည်း တဖြည်းဖြည်းပိတ်။ အဲလိုပိတ်ရာကနေ Exhaust Valve လုံးဝပိတ်ချိန်။ Inlet Port တွေလည်း ကိုလည်း Piston ထိပ်ကနေပိတ်လိုက်ချိန်ကစပြီး Compression စပါတယ်။

cylinder ထဲကိုဝင်လာတဲ့လေက ထွက်စရာမရှိပဲ piston ရဲ့ compress လုပ်မှု ဖိကျစ်မှုကြောင့် pressure တက်လာပါတယ်။ (ဖိအားနှင့် အပူ တိုက်ရိုက် အချိုးကျတယ် P တိုးရင် T တိုးပါတယ်)။ ဆိုတော့ လေတွေ ပူလာပါတယ်။ အဲလိုနဲ့ piston ဆက်တက်လာရာက TDC ထိပ်နားရောက်ကာနီး ဖိအားအမြင့်ဆုံး အပူအမြင့်ဆုံးလို့ ဆိုရမယ့် အချိန်တခုမှာ nozzle / injector ကနေ ဆီဖြန်းပါတယ်

Piston TDC ကိုရောက်တဲ့အခါ First Stroke (Scavenging + Compression) ပြီးဆုံးတယ်။ Crank Shaft 180 degree လည်ပါတယ်။

Second Strok (Power + Exhaust)

အဲလိုနဲ့ TDC မရောက်ခင် မှာ nozzle / injector ကနေ ပူနေတဲ့ လေထဲ ဆီဖျန်းလို့ မီးလောင်ပေါက်ကွဲပါတယ်။ Power stroke ရဲ့ အစမှာလဲ ဆီက ဆက်ဖြန်းနေဆဲပါ။ ပေါက်ကွဲတဲ့ အားက အဘက်ဘက်ကိုသက်ရောက်တယ်။ head မျက်နှာပြင်ရော၊ valve မျက်နှာပြင်ရော၊ gasket ကိုရော (GM 4-71, 4-52 အင်ဂျင်တွေမှာ head gasket မပါပါဘူး)၊ cylinder နံရံကိုရော၊ piston ထိပ်ကိုရော သက်ရောက်တယ်။ သို့ပေမယ့် သူတွန်းထုတ်လို့ရမှာ piston မျက်နှာပြင်တခုသာရှိပါတယ်။ အဲတာကြောင့် မီးလောင်ပေါက်ကွဲလို့ ဖြစ်လာတဲ့ အားက piston ကို အောက်ကိုတွန်းချပါတယ်။

သူတွန်းချလို့ piston နဲ့ဆက်တဲ့ connecting ကနေတဆင့် crankshaft ကိုတွန်းချပြီးလှည့်လိုက်တယ်။ Piston အောက်ကိုဆင်းတယ်။ ဆင်းလာရင်း TDC နဲ့ BDC ကြား ထက်ဝက်လောက်မှာ Exhaust Valve စပွင့်တယ်။ Power ဖြစ်တာပြီးဆုံးပြီး။ Exhaust ဖြစ်စဉ် စပါတယ်။ သို့ပေမယ့် Combustion မီးလောင်ပေါက်ကွဲထားတဲ့ အရှိန်နဲ့ Piston အောက်ကိုဆက်ဆင်းနေဆဲပါပဲ။ Piston ဆက်ဆင်းလာရာကနေ inlet port ကိုစပွင့်စ အချိန် Scavenging စဖြစ်ပါတယ်။ Piston အောက်ကိုဆက်ဆင်းလို့ BDC ရောက်သည်အထိ Scavenging ဆက်ဖြစ်နေပါတယ်။ BDC ကိုရောက်တော့ Inlet Port လည်း Fully ပွင့်နေပါတယ်။

Crank Shaft 180 degree ထပ်လည်ပါတယ်။ First Stroke BDC ကနေ စရင် 360 degree ရှိပါပြီ Engine 1 ပတ်လည်ပါပြီ။ Intake, Compression, Power, Exhaust စတဲ့ ဖြစ်စဉ် 4 ခုလုံး ပြီးဆုံးတာပါပဲ။

တင်ပေးလိုက်တဲ့ Video file က နည်းနည်းကွာပါတယ်။ တခြားသော အင်ဂျင် အမျိုးအစားပေါ်မူတည်ပြီး အနည်းငယ်ကွာပါလိမ့်မယ်။ သို့ပေမယ့် basic principle ကတော့ ဒါပါပဲ။ အများကြီး ထူးမကွာပါဘူး။

ပုံတွေကတော့ GM 71 engine စာအုပ်က ရိုက်ပေးလိုက်တာ။ Video File က YouTube ကပါ။

မသိသေးသူများ နားရှင်းကြပါစေ။

အမှားပါရင်ထောက်ပြကြပါဦး ကျွန်တော် ညံ့လို့ပါ။

သင်၊ မြင်၊ ကြား ဆရာများအား ရိုသေစွာ ကန်တော့ လျှက်။

Writer by
Aye Min Toe, 14, Jul, 2018
Mann Base, Minbu
https://m.facebook.com/story.php?story_fbid=1108819769294022&id=100004980275383

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html