ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ် 4 Stroke Cycle Engine အကြောင်း

4 Stroke Cycle Engine

သည်တခါတော့ အခြေခံ မသိသေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ်။

ကျွန်တော်ထင်ထားတာက လေ့လာလိုက်စားနေကြသူတွေ တကယ်ပြင်ဆင်နေတဲ့ သူတွေ အဲသည်လောက်ကိုတော့ သေချာနားလည်ထားမယ်လို့ ထင်ထားတာ။ မသိပါဘူး နားမလည်ပါဘူး ဆိုတဲ့ သူတွေရှိလာတော့ တကယ်အံ့သြမိတယ်။ စိတ်မကောင်းပါ သူတို့ကို အပစ်မပြောလိုပါ။ သို့ပေမယ့် သူတို့ဆရာသမားတွေကိုတော့ အပစ်တင်ချင်မိတယ်။ တပည့်တွေကို အဲသည်လောက် အခြေခံ ကိုတော့ သင်ပေးသင့်တယ်။ ဆရာလုပ်သူ ကိုယ်တိုင်လဲ အဲသည်လောက်တော့ သိရပါမယ်။

သည် basic လောက်ကိုတော့ သိကိုသိမှ အခြေခံနိုင်နင်းတဲ့ mechanic ဖြစ်မှာပါ။ လေ့လာကြပါ စာဖတ် မပျင်းကြပါနဲ့ များများတွေးပါ။

4 stroke cycle engine = လေးချက်ခုတ် အင်ဂျင်

Cylinder ၄ လုံးပါလို့ ခေါ်တာမဟုတ်ပါ။ အင်ဂျင်တလုံးရဲ့ လေ၀င်တာကနေ လောင်ပြီးသား exhaust gas တွေ အပြင်တွန်းထုတ်သည်အထိ one cycle complete (ဖြစ်စဉ်တခု ပြီးမြောက်ခြင်း) မှာ piston ဆင်း + တက်+ ဆင်း+ တက် 4 ကြိမ် အလုပ်လုပ်လို့ သူု့ကို 4 stroke cycle engine = လေးချက်ခုတ် အင်ဂျင် လို့ခေါ်တာပါ။

သိထားရမယ့် Basic တွေက

၁။ Stroke 4 ခုကတော့ …. Intake = လေ၀င် Compression = လေကိုဖိကျစ်  Power = မီးလောင်ပေါက်ကွဲ အရွေ့စွမ်းအင်ရ Exhaust = လောင်ကျွမ်းပြီးသား exhaust gas တွေ အပြင်တွန်းထုတ်။

၂။ Piston အတက်အဆင်း လေးကြိမ် (ဆင်း + တက်+ ဆင်း+ တက်) ဖြစ်လို့ 4 stroke cycle engine = လေးချက်ခုတ် အင်ဂျင် လို့ခေါ်ပါတယ်။

၃။ Piston ထိပ်ဆုံးရောက်တဲ့ နေရာကို Top Dead Center = TDC လို့ခေါ်တယ်။ Piston အောက်ဆုံးရောက်တဲ့ နေရာကို Bottom Dead Center = BDC လို့ခေါ်တယ်။

၎။ Crank Shaft 2 ပတ်(720 deg) မှာ Camshaft 1 ပတ်(360 deg) လည်တယ်။ Crank Shaft 2 ပတ်မှာ fuel injection pump က 1 ပတ်(360 deg) လည်တယ် nozzle / injector ကနေ ဆီတခါဖြန်းတယ် (ဒီဇယ် အင်ဂျင်အတွက်ပါ)။

၅။ Inlet Valve = လေ၀င်သော valve ……. Exhaust Valve = လောင်ကျွမ်းပြီးသား exhaust gas တွေ ထွက်မယ့် valve

၆။ အင်ဂျင် လည်ပတ်ပုံ စက်နိုးရင်လည်တဲ့ အတိုင်း normal direction လို့လဲ ခေါ်ပါတယ်။ များသောအားဖြင့် အင်ဂျင်ရှေ့ ပန်ကာ ဘက်ကနေ ကြည့်ရင် ညာလည် (နာရီ လက်တံလည်သလို လည်ပါတယ်)။

၇။ အင်ဂျင်တည်ဆောက်ပုံ crankshaft ကနေ connecting rod နဲ့ piston ကိုဆက်ထား။ Piston ကို cylinder liner / sleeve မှာတပ်ထားပြီး crankshaft လည်တဲ့ အခါ connecting rod ကနေ တဆင့် piston ကို တက် ဆင်း ရွေ့ရှားပါတယ်။ ထို့အတူ Piston တက် ဆင်း ရွေ့ရှားတဲ့ အတွက်လည်း crankshaft ကို connecting rod ကနေ တဆင့် လည်စေနိုင်ပါတယ်။

၈။ ဖိအားနှင့် အပူ တိုက်ရိုက် အချိုးကျတယ် P တိုးရင် T တိုးပါတယ်။

Intake Stroke = လေ၀င် (piston TDC ကနေ BDC ဆင်း inlet valve ပွင့် Exhaust valve က တကယ်က intake stroke အစမှ ပိတ်ကာနီးပါ သို့ပေမယ့် မျက်စေ့ မလည်အောင် ပိတ်နေပြီလို့သာ အလွယ်မှတ်လိုက်ပါ)

အင်ဂျင်ကို တခုခုကနေ လှည့်ပေးစဉ် သို့ မဟုတ် အင်ဂျင် စက်နိုးနေစဉ်အချိန်မှာ။ Crankshaft လည်လို့ ဆက်ထားတဲ့ connecting ကနေ တဆင့် Piston TDC ကနေ BDC ကိုဆင်း Inlet Valve ပွင့် cylinder ထဲကိုလေ၀င်ပါတယ်။ BDC ရောက်တဲ့ အခါ intake stroke ပြီးဆုံးပါတယ်။ Crank Shaft 180 degree လည်ပါတယ်။

Compression Stroke= လေကိုဖိကျစ် (piston BDC ကနေ TDC ပြန်တက် inlet valve ပိတ် Exhaust valve သည် intake storke စ စကတည်းက ပိတ်နေပြီးသား)

BDC ဆုံးပြီး crankshaft ဆက်လည်နေလို့ Crankshaft နဲ့ဆက်ထားတဲ့ connecting ကနေ တဆင့် piston ကို BDC ကနေ TDC ကိုတွန်းတင်ပါတယ်။ inlet valve က piston တက်စ degree တခုအထိ ပွင့်နေပြီး ခဏနေတော့ ပိတ်ပါတယ်။ piston ဆက်တက်လာ inlet valve က ပိတ်နေတယ်။ (မူလ piston မဆင်းခင် intake stroke မစခင်ကတည်းက exhaust valve ပိတ်နေပြီးသား) အခု Inlet ရော Exhaust ပါ valve တွေပိတ်နေပါပြီ။

cylinder ထဲကိုဝင်လာတဲ့လေက ထွက်စရာမရှိပဲ piston ရဲ့ compress လုပ်မှု ဖိကျစ်မှုကြောင့် pressure တက်လာပါတယ်။ (ဖိအားနှင့် အပူ တိုက်ရိုက် အချိုးကျတယ် P တိုးရင် T တိုးပါတယ်)။ ဆိုတော့ လေတွေ ပူလာပါတယ်။ အဲလိုနဲ့ piston ဆက်တက်လာရာက TDC ထိပ်နားရောက်ကာနီး ဖိအားအမြင့်ဆုံး အပူအမြင့်ဆုံးလို့ ဆိုရမယ့် အချိန်တခုမှာ nozzle / injector ကနေ ဆီဖြန်းပါတယ်(တချို့ အင်ဂျင်တွေလဲ 0 TDC ဆိုပြီး ထိပ်ရောက်မှာ ဆီဖြန်းတယ် ဥပမာ Toyota Engine တချို့၊ တချို့ အင်ဂျင်တွေလဲ ATDC ဆိုပြီး ထိပ်ကို ကျော်ပြီးမှ ဆီဖြန်းတယ် ဥပမာ Mitsubishi တချို့)။ Pinston TDC ကိုဆက်တက်။ TDC ကိုရောက်တဲ့ အခါ Compression Stroke ပြီးဆုံးပါတယ်။ Crank Shaft 180 degree ထပ်လည်ပါတယ်။ Intake ကနေစတွက်ရင် 360 degree အင်ဂျင်တပတ်စာ လည်ပြီးပါပြီ။
ATDC (After Top Dead Center) = TDC ကိုကျော်ပြီး

Power Stoke = မီးလောင်ပေါက်ကွဲ အရွေ့စွမ်းအင်ရ (piston TDC ကနေ BDC ဆင်း inlet valve ပိတ် Exhaust က intake stroke စကတည်းက ပိတ်နေပြီးသား)

အဲလိုနဲ့ TDC မရောက်ခင် (သို့) TDC (သို့) ATDC မှာ nozzle / injector ကနေ ပူနေတဲ့ လေထဲ ဆီဖျန်းလို့ မီးလောင်ပေါက်ကွဲပါတယ်။ Power stroke ရဲ့ အစမှာလဲ ဆီက ဆက်ဖြန်းနေဆဲပါ။ ပေါက်ကွဲတဲ့ အားက အဘက်ဘက်ကိုသက်ရောက်တယ်။ head မျက်နှာပြင်ရော၊ valve မျက်နှာပြင်ရော၊ gasket ကိုရော၊ cylinder နံရံကိုရော၊ piston ထိပ်ကိုရော သက်ရောက်တယ်။ သို့ပေမယ့် သူတွန်းထုတ်လို့ရမှာ piston မျက်နှာပြင်တခုသာရှိပါတယ်။ အဲတာကြောင့် မီးလောင်ပေါက်ကွဲလို့ ဖြစ်လာတဲ့ အားက pistion ကို အောက်ကိုတွန်းချပါတယ်။
သူတွန်းချလို့ piston နဲ့ဆက်တဲ့ connecting ကနေတဆင့် crankshaft ကိုတွန်းချပြီးလှည့်လိုက်တယ်။ Piston အောက်ကိုဆင်းတယ်။ ဆင်းလာရင်း BDC ရောက်ကာနီး Degree တခုမှာ exhaust vale စပွင့်ပါတယ်။ Piston BDC ကိုဆက်ဆင်းပါတယ်။ BDC ကိုရောက်တဲ့ အခါ Power Stroke ပြီးဆုံးပါတယ်။ Crank Shaft 180 degree ထပ်လည်ပါတယ်။ Intake ကနေစတွက်ရင် 540 degree အင်ဂျင်တပတ်ခွဲစာ လည်ပြီးပါပြီ။

Exhaust Stroke= လောင်ကျွမ်းပြီးသား exhaust gas တွေ အပြင်တွန်းထုတ်။ (piston BDC ကနေ TDC ပြန်တက် inlet valve ပိတ် Exhaust က Power ဆုံးကာနီးကတည်းက စပွင့်စပြုပါပြီ)

မီးလောင်ပေါက်ကွဲလို့ တွန်းချတဲ့ အရှိန်ကနေ BDC ဆုံးလို့ Piston TDC ကိုတက်လာပါတယ်။ Exhuast valve က ပွင့်မယ် မီးလောင်လို့ ကြွင်းကျန်တဲ့ gas တွေကို exhaust valve ကနေ အပြင်ကိုစွန့်ထုတ်တယ်။ Pistion TDC ကိုဆက်တက်ပါတယ်။ TDC ကိုရောက်တဲ့ အခါ Exhaust Stroke ပြီးဆုံးပါတယ်။

Crank Shaft 180 degree ထပ်လည်ပါတယ်။ Intake ကနေစတွက်ရင် 720 degree အင်ဂျင် 2 ပတ်စာ လည်ပြီးပါပြီ။
4 stroke ရဲ့ stroke 4 ခု ပြီးဆုံးပါပြီး one cycle complete (ဖြစ်စဉ်တခု ပြီးမြောက်ခြင်း) ဖြစ်ပါပြီ။

Stroke တခုနဲ့ တခုကြား 180 degree ကွာတယ် လေးခု ဆိုတော့ 720 degree ကွာပါတယ်။ 720 Degree ဆိုတော့ Crank Shaft 2 ပတ်လည်ပါတယ်။

အဲတာ four stroke cycle engine တလုံးရဲ့ လုပ်ဆောင်ချက်ပါ။

မသိသေးသူများ နားရှင်းကြပါစေ။

တင်ပေးထားတဲ့ ပုံတွေကတော့ google ကနေရှာထားတာပါ။ video က You Tube ကနေ down ထားတာ ဓါတ်ဆီ အင်ဂျင် အတွက်ပါ။

အမှားပါရင်ထောက်ပြကြပါဦး ကျွန်တော် ညံ့လို့ပါ။
သင်၊ မြင်၊ ကြား ဆရာများအား ရိုသေစွာ ကန်တော့ လျှက်။

Writer by
Aye Min Toe, 13, Jul, 2018
Mann Base, Minbu.

Original link
https://m.facebook.com/story.php?story_fbid=1106938109482188&id=100004980275383

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html