ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင့်ကားကိုပျက်စီးစေမယ့်အကျင့်ဆိုးများ

" သင့်ကားကိုပျက်စီးစေမယ့်အကျင့်ဆိုးများ "


ကားတစ်ခါတစ်ခါပြင်ရင်ပိုက်ဆံမနဲမနောကုန်ပါတယ်။ဒါ့ကြောင့်တတ်နိုင်ရင်ကားကိုအထိခိုက်အပျက် အစီးမရှိရအောင်ဂရုစိုက်ရပါမယ်။ဗရမ်းဗတာမောင်းလို့ယဉ်တိုက်မှုဖြစ်တဲ့အခါမှာတင်ကားပျက်စီးတတ် တာမဟုတ်ပါဘူး။ပုံမှန်နေ့စဉ်လုပ်လေ့လုပ်ထရှိတဲ့အချို့အကျင့်ဆိုးတွေကြောင့်လည်းကြာရှည်ခံရမယ့် ကားကအလွယ်တကူမြန်မြန်ပျက်တတ်ပါတယ်။ဘယ်လိုအကျင့်မျိုးတွေကိုရှောင်ရှားပြီးသင့်ကားကို ထိမ်းသိမ်းစောင့်ရှောက်သင့်သလဲဆိုတာသိထားဖို့လိုပါတယ်။

တာယာပူနေချိန်မှာလေထိုးခြင်း


အရာဝထ္ထုတစ်ခုဟာပူရင်ပွလာတယ်ဆိုတာငယ်ငယ်ကလည်းသင်ခဲ့ဖူးမှာပါ။ကားကိုအချိန်ကြာကြာ မောင်းပြီလို့ပူနေတဲ့တာရာထဲကလေတွေကလည်းပူတဲ့အခါပွလာပါတယ်။အဲ့ဒီ့လိုအချိန်မှာသင့်တာရာ ရဲ့လေကိုသွားချိန်လိုက်တဲ့အခါမှားယွင်းတဲ့အတိုင်းအတာကိုပြပါလိမ့်မယ်။အဲ့ဒီ့အခါမှာလေကိုလိုသ လောက်အပြည့်မဖြည့်မိလိုက်ပါဘူး။တာရာတွေအေးသွားတဲ့အခါမှာလေကလျော့နေဆဲဖြစ်နေတာကို တွေ့ရမှာပါ။ဒါ့ကြောင့်မနက်စောစောကားအကြာကြီးမမောင်းရသေးခင်မှာကားကိုလေသွား ထိုးပါ။


Coolent အစားရေထည့်ခြင်း


Coolent ကိုဈေးကြီးပေးဝယ်မယ့်အစားရေထည့်လည်းရတာပဲလေလို့တွေးကောင်းတွေးပါလိမ့်မယ်။ အရေးပေါ်အခြေအနေမျိုးမှာcoolent မရှိလို့ရေထည့်တာ အဆင်ပြေပေမယ့် အချိန်တိုင်းလိုလိုရေတွေ ချည်းဖြည့်နေရင်တော့သင့်ရဲ့အအေးပေးစနစ်ကိုမြန်မြန်ပျက်စီးစေတော့မှာပါ။coolent ထည့်ရတာမို့ coolent reservoir လို့ခေါ်တာပါ။ရေထည့်လို့ရနေရင် water reservoir လို့ခေါ်တော့မပေါ့။ဒါ့ကြောင့် အရေးပေါ်အခြေအနေမဟုတ်ရင် coolent ကိုသာထည့်ပါ။


ဂီယာတစ်လွဲထိုးခြင်း


ဂီယာကားမောင်းပြီးဂီယာမှန်မှန်မထိုးတတ်ဘူးဆိုရင်သိပ်အဆင်မမြေပါဘူး။ဘယ်အချိန်မှာဘယ်ဂီယာ ထိုးရမယ်ဆိုတာသေချာမလေ့လာဘဲမောင်းချင်သလိုမောင်းနေရင်သင့်ကားအင်ဂျင်ဂန့်သွားနိုင်ပါတယ်။ဒါ့ကြောင့်ဂီယာမှန်မှန်ထိုးပါ။


ကားပေါ်တွင်အလေးအရမ်းတင်ခြင်း


ကားပေါ်မှာလူတွေအများကြီးခနခနတင်တာတို့ပစ္စည်းအလေးတွေခနခနတင်မောင်းတာမျိုးတွေ တတ်နိုင်သမျှရှောင်ပါ။ကားကလိုတာထက်ပိုရုန်းနေရရင်ကားအင်ဂျင်တင်မကကားဘော်ဒီအစိတ် အပိုင်းတွေကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်။တစ်ခါတစ်လေကအဆင်ပြေပေမယ့်အမြဲတမ်းလိုလို ပစ္စည်းတွေအများကြီးတင်ပြီးသယ်တာမလုပ်သင့်ပါဘူး။


ဆီကုန်လုဆဲဆဲရောက်မှဆီဖြည့်ခြင်း


ဆီလုံးဝကုန်ခါနီးတဲ့အထိစောင့်ပြီးမှဆီဖြည့်တဲ့အကျင့်ကြောင့်သင့်ရဲ့ fuel pump ပျက်စီးစေနိုင်ပါ တယ်။ fuel pump ကလည်းဈေးမနည်းပါဘူး။ဒါ့ကြောင့်ဒီအကျင့်ကိုပြင်ပါ။

===========================

Writer by
SM

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html