ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Car ရှော့ဘားများ အကြောင်း သိကောင်းစရာ 3° Leaf Springs

ရှော့ဘားများ အကြောင်း သိကောင်းစရာ
3° Leaf Springs
🔛🔛🔛🔛🔛

🔛 Leaf springs ရှော့ဘားအမျိုးအစားကတော့ လေး ဟုခေါ်သော ရှော့ဘားအမျိုးအစားဖြစ်ပြီး ရှေးအကျဆုံးနှင့် အကြမ်းအခံဆုံး ရှော့ဘား အမျိုးအစားတစ်ခုဖြစ်ပါတယ် ။

🔛 အဆိုပါ ရှော့ဘား များသည် ၀န်များများ အတင်ခံနိုင်ခြင်း ၊ ကြာရှည်အသုံးပြုနိုင်ခြင်း ၊ ငွေကုန်ကြေးကျ သက်သာခြင်း စသည် တို့ ကြောင့် ထရပ်ကားများ ကုန်တင်ကားများတွင် အများဆုံးတပ်ဆင် အသုံးပြုလေ့ ရှိပါတယ် ။

🔛  ဤရှော့ဘား အမျိုးအစားသည် ကုန်ပစ္စည်းတင်ဆောင် နိုင်ရန် အတွက် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် အကယ်၍ ကုန်ပစ္စည်းတင်ဆောင်ထားခြင်း မရှိပဲ မောင်းနှင်ပါက တည်ငြိမ်မှု မရှိပဲ ခုန်နေပြီး ကုန်ပစ္စည်း ( ၀န် ) တင်ဆောင်ထားမှသာလျှင် မောင်းနှင်ရတာ ပိုမိုတည်ငြိမ် အဆင်ပြေပါတယ် ။ 

🔛 အားသာချက်များ ။  ။

> အထူးကြံ့ခိုင်ခြင်း ။
> ကြာရှည် အသုံးခံခြင်း ။
> ပြင်ဆင်စရိတ် သက်သာခြင်း ။

🔛 အားနည်းချက်များ ။  ။

> Strut မပါခြင်း ။
> ကုန်ပစ္စည်းများ မပါလျှင် တာယာတွင် ကုပ်အားနည်းပြီး အန္တရာယ်ရှိခြင်း ။
> ၀န်ဖြင့်မောင်းနှင်ရာတွင် အလေးချိန် အပြောင်းအလဲကြောင့် ထိန်းချုပ်မောင်းနှင်ရ ခက်ခဲခြင်း။

🔛 တပ်ဆင်လေ့ ရှိသော ကားအမျိုးအစားများ

Toyota Hilux,
box trucks,
heavy equipment,
passenger busses

🚘🚘🚘🚘🚘

Writer by
drive myanmar

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html