ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျပ်စစ်ကြောင့် မီးလောင်ခြင်းကာကွယ်ရန် အသုံးပြုရမည့် ဘရိတ်ကာ ( Breaker )

ဘရိတ်ကာ ( Breaker ) လေး ပဲ တပ်ထားရုံပါ
*************************************************
လူ တချိ့ က လျပ်စစ် အန္တာရာယ် အကြောင်းပြောရင် ဓါတ်လိုက်တာလို့ မှတ်ယူ ကျတယ် ။ အဓိ က လျပ်စစ် အန္တာရာယ် က မီးလောင်စေတာပါ ။ ကျွန်တော် အရင် ကလဲ ဈေးတွေ မီးလောင်လို့ မကြာခဏရေးဖူးပါတယ် ။
လျှပ်စစ် ကြောင့် မီးလောင်ခြင်းသည် သုံး မျိုးသာ ရှိသည်။
ʘ ရှော့ ဆားကစ် ( short circuit ) ဟုခေါ်သော ၀ါယာကြိုး  ၂ ခုပူးရ်ျ ပူလောင် ပြီးလောင် ခြင်း
ʘ အိုဗာ လုတ် ( over load ) ဟု ခေါ်သော သတ်မှတ် ချက် ခံနိုင်ရည်ထက် ထက် ပိုသော လျပ်စစ် များ အသုံး ပြုမိခြင်းထို မှ တဆင့် ကြိုးများ ပူလာကာ မီးလောင်ခြင်း
ʘ ဂရောင်းဖေါ့ ( earth leakage fault )ကြိုးများ ပေါက်ရ်ျ သံများနှင့်ထိ ခါ ကြိုးမှ တဆင့် လျပ်စီးများ မြေကြီးထဲ သို့ စီးဆင်းသွားပြီး လျပ်စီးကြောင်း များကြောင့် အပူဖြစ်ပြီး မီးလောင်ပါသည်။ လျပ်စစ်ကြောင့် မီးလောင်မှု မှာ ဖြစ်နိုင်ခြေ အများဆုံး က over load ခေါ် ၀န်ပို သုံးသောကြောင့် ဖြစ်တတ်ပါတယ် ။ မနိုင်ဝန်ကို ၀ါယာကြိုးများမှ ဖြတ်သန်းရင်းကြိုး များ ပူလာသော အခါ အပူ မှတဆင့် မီးလောင်နိုင်သည့် ပစ္စည်း များ ကို ကူး ပြီးဆက်လက်လောင် ကျွမ်းပါတော့တယ် ။
ရှော့ ဆားကစ် ( short circuit ) ဆိုတာ အင်မတန် ကြောက် စရာကောင်းတာ ။ တခဏ အတွင်း လျပ်စီး ပေါင်း ထောင်ချီတဲ့ ကားရင့်တွေ က လျပ်စစ် ၀ါယာကြိုးကို ဖြတ်သွားတယ် ။ ရော်ဘာ တွေ ပလတ်စတစ်တွေ နဲ့လုပ်ထားတဲ့ အကာ အရံ လောင်စာတွေ က နေ လျပ်စီးကြောင့် အရမ်း ပူပြီး တမဟုတ်ခြင်း မီးတောက် မီးလျံကြီး တောက်ရှောက် ဖြစ်သွားမယ်။ နောက် အားလုံးကို စက္ကန့်ပိုင်း အတွင်း ၀ါယာကြိုး ရှိသလောက် ကူးသွားနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ
==============
လျှပ်စစ်အန္တာရယ် အတွက် အမျိုးအစားမှန်သော ဘရိတ်ကာ ( earth leakage + circuit breaker ) များတပ်ဆင်ခြင်းသာ တခုတည်းသော အဖြေဖြစ်ပါသည်။
ပထမ အကာ အကွယ်မှာ ဆိုဒ် သတ်မှတ် ထားသော ဘရိတ်ကာ ( circuit breaker ) အမျိုး အစား ကို အခန်း အတိုင်းတပ်ဆင်ခြင်း ဖြစ်ပါသည် ။
ဒုတိ ယ အကွာ အကွယ်မှာ ဘရိတ်ကာ နှင့် တွဲထားသော ဂရောင်း ( earth fault ) ကျလျင် ဖြုတ် ချသည့် အပ် လိကေ့  ဘရိတ်ကာ ( earth leakage circuit breaker- ELCB ) များတပ်ဆင်ခြင်း ဖြစ်ပါသည်။
အပ်ကြိုးများ ကိုတော့ သေချာစွာ တည်ဆောက်ရပါမည်။
မီးကြိုး များကိုတော့ ဆိုဒ် အပြည့်ပါသော ကြေးကြိုးပါသည့်  ၂ထပ်ကာဘာ ( double insulation )  သတ်မှတ်ချက် အတိုင်း သုံးသင့်ပါသည်။ဘရိတ်ကာများ ကို မီးကြိုး ဆိုဒ် အတိုင်း သင့်တော်ရာ ကိုတပ်သင့်ပါသည်။
နှစ်စဉ် ကျွမ်းကျင်သူများနှင့် လျှပ်စစ်အန္တာရယ်ကို မှန်မှန် စစ်ဆေးသင့် ပါသည်။ပြင်ဆင်စရာ ရှိသည် ကို ပြင်ဆင်သင့်ပါသည်။
ဟုတ်ပါ့ မလား ကာကွယ်နိုင်ပါ့ မလား မေးလျင်တော့ ရေနံ ချက်စက်ရုံများ မှ အစ အနုမြူ စက်ရုံများ အထိ ဒီလိုပဲ ကာကွယ်ပါသည်။
အရေးကြီးသည်မှာ  အခန်းတိုင်း အတွက် စစ်မှန်သော အမျိုးအစား မှန်သော ဘရိတ်ကာ များ ကို တပ်ထားရပါမည်။ တကယ် ရှော့ ဖြစ်လျင်တကယ်ကျရပါမည်။ ဥပမာ တခန်း ကို ၁၀၀၀ ၀ပ်သုံးလျင် ၅ အမ်ပီယာထက် မပိုသော ဘရိတ်ကာ တပ်ပေးရပါမည်။ သုံးသော ၀ပ် အလိုက် ဘရိတ်ကာ များ တပ်ရပါမည်။ ဟန်ပြတပ်ဆင်ခြင်း မဖြစ်သင့်ပါ။
ဘရိတ်ကာများကို အထပ်တိုင်းမှာ လည်း နောက်ထပ် တဆင့် တပ်ရပါမည်။အကယ်ရ်ျ ပထမ တခု မကျလျင်သော်၎င်း မိန်း ကြိုးများ ရှော့ ဖြစ်လျင်၎င်း အတွက် အကာအကွယ်ဖြစ် ပါသည်။
နောက်ဆုံး မိန်းနေရာမှာ လဲ အားလုံး အတွက် တခုတပ်ရပါမည်။ သတ်မှတ်ထားသော အပ် လိကေ့  ဘရိတ်ကာ ( earth leakage circuit breaker- ELCB /RCBO ) ကို ချိန်ထားရပါမည်။ အဝေးမှနေရ်ျ လှမ်းပိတ်နိုင်သော ( emergency remote trip ) ခလုတ်များ များ ကို နေရာ အနှံ့ ထားရပါမည်။ရှော့ ဖြစ်နေလျင် ခလုပ်နှိပ်လိုက်လျင် မိန်း ကျပြီး မီးငြိမ်းသတ်နိုင်ပါသည်။
Fuse တွေ က လျပ်စစ်မှာ short circuit ကို ကာကွယ်နိုင် သော်လည်း over load ကို မကာကွယ်နိုင်ပါ။ အခုလို ခောတ် ကြီး မှာ fuse များ ကို တတ်နိုင်လျင် မသုံးသင့်တော့ပါ ။

မှတ်ချက်
Breaker များ တပ်ဆင်ရင် ပစ္စည်း အစစ်အမှန် များ brand အစစ် အမှန် များ ကို သာ စနစ်တကျဝယ်ယူ  တပ်ဆင်သင့်ပါသည် ။ ကျွန်တော် သွားဝယ်သင့်အခါ ၁၆ အမ်ပီယာ တောင်းသည် ကို မရှိတော့ ၃၂ အမ်ပီယာ ပေးပါသည် ။ အမှန်တကယ်က ဆိုင်များ တွင်  နားလည်တပ်ကျွမ်းအောင် သင်တန်ပေးပြီး ထားရပါမည်။ မရှိရှိတာ မပေး သင့် ပါ ။ မရောင်းသင့်ပါ ။

လျပ်စစ်ကြောင့် ဖြစ်သော မီးဘေး လျှပ်စစ်အန္တာရယ် ဘေးကင်းဝေးကျပါစေ

Writer by
KYAW OO
EI engineering

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html