ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Electricity နဲ႕ပတ္သက္ပါက ဂရုစုိက္ရမည့္ အခ်က္မ်ား

Electricity နဲ႕ပတ္သက္ပါက ဂရုစုိက္ရမည့္ အခ်က္မ်ား
==============================

၁။ Electricity နဲ႕ပတ္သက္ၿပီး လုပ္ကုိင္မည့္ သူမ်ားအေနျဖင့္ ၄င္းတုိ႕ ပတ္၀န္းက်င္တြင္ စုိစြတ္ေသာ အေျခအေနမ်ား ၊ ေရမ်ား မရွိရပါ။ Electrical Equipment မ်ားႏွင့္ Circuit Board မ်ားအား ေရစုိေသာ လက္မ်ားျဖင့္ ကုိင္တြယ္ျခင္း လုံး၀ မျပဳလုပ္ရပါ။ စုိစြတ္ေနေသာ အေျခအေနသည္ လ်ွပ္စစ္စီးဆင္းမွဳကုိ ပုိမုိ ျဖစ္ေပၚေစပါသည္။

၂။ Electronic ပစၥည္းမ်ား အစိတ္အပုိင္းမ်ားတြင္ တပ္ဆင္အသုံးျပဳေသာ Power Cable မ်ား ၊ တစ္ေနရာမွ ေနာက္တစ္ေနရာသုိ႕ ဆက္သြယ္ရာတြင္ အသုံးျပဳေသာ ၀ါယာႀကိဳးမ်ားအား ေပါက္ၿပဲေနေသာ ၀ါယာႀကိဳးမ်ား ၊ အေပၚယံ Insulation မ်ား အေနျဖင့္ ပ်က္စီးေနေသာ ၀ါယာႀကိဳးမ်ားအား အသုံးမျပဳသင့္ေပ။

၃။ Electricity နဲ႕ပတ္သက္ၿပီး ျပဳျပင္ျခင္း ၊ အစားထုိးျခင္း စေသာ အလုပ္မ်ား လုပ္ေဆာင္ရာတြင္ Main Panel ရွိ Main Switch ကုိ ပိတ္ၿပီးမွသာ ဆက္လက္ၿပီး အလုပ္လုပ္ေဆာင္ပါ။

၄။ Electricity နဲ႔ ပတ္သတ္ၿပီး လုပ္ကုိင္ေနေသာ အခ်ိန္တုိင္း Insulating ေသခ်ာစြာ ျပဳလုပ္ထားေသာ Tools မ်ားကုိ အသုံးျပဳပါ။

၅။ အခ်ိဳ႕ေသာ Electrical Equipment မ်ားသည္ မည္သည့္အေျခအေန ၊ မည္သည့္ အေနအထားတြင္ Shock ျဖစ္ေစႏုိင္သည္ ဟူေသာ အခ်က္အား ေရးသားထားပါတယ္။ အဆုိပါ သတိေပး ေဖာ္ျပထားေသာ အခ်က္မ်ားအား ေသခ်ာစြာလုိက္နာၿပီး လုပ္ေဆာင္ရပါမည္။

၆။ Electricity နဲ႔ပတ္သက္ၿပီး အလုပ္မ်ား လုပ္ေဆာင္ရာတြင္ Insulation ျဖစ္ေသာ လက္အိတ္မ်ား ၊ မ်က္မွန္ စသည္တုိ႕ကုိ တပ္ဆင္ၿပီး လုပ္ေဆာင္ရပါမည္။

၇။ Voltage ကုိ Store ျပဳလုပ္ေစႏုိင္ေသာ အီလက္ထေရာနစ္ပစၥည္းမ်ားအား ျပဳျပင္ရာတြင္ ေသခ်ာစြာ ဂရုစုိက္ပါ။ အဆုိပါ Store ျပဳလုပ္ထားေသာ Component မ်ား ၊ Circuit အစိတ္အပုိင္းမ်ားအား ပထမဦးစြာ Store ျပဳလုပ္ထားေသာ Voltage မ်ား ျပန္လည္ထုတ္ရပါမည္။ အဆုိပါ Voltage တန္ဖုိးမ်ားသည္ အီလက္ထေရာနစ္ပစၥည္းအား Plug ျဖဳတ္ထားေသာ္လည္း ဆက္လက္တည္ရွိေနႏုိင္ပါသည္။ တြဲေလာင္းက်ေနေသာ ၀ါယာႀကိဳးမ်ားအား ၊ တစ္ေနရာမွ ေနာက္တစ္ေနရာသုိ႕ သြယ္တန္းထားေသာ ၀ါယာႀကိဳးမ်ားလုပ္ေဆာင္ရာတြင္ Voltage တန္ဖုိးေရာက္ရွိျခင္း ရွိ / မရွိအား ေသခ်ာစြာ စစ္ေဆးၿပီးမွသာ ဆက္လက္လုပ္ေဆာင္ရပါမည္။

၈။ Electricity နဲ႕ပတ္သက္ေသာ လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ စတီးေလွကားမ်ားႏွင့္ အလူမီနီယံေလွကားမ်ားအား အသုံးမျပဳသင့္ပါတယ္။ အဆုိပါ ေလွကားမ်ားအေနျဖင့္ Current သည္ လူ႕ခႏၶာကုိယ္မွတဆင့္ ေလွကားကုိ ျဖတ္စီးသြားၿပီး ေျမႀကီးဆီသုိ႕ စီး၀င္သြားျခင္းျဖင့္ လုပ္ေဆာင္သူအား Shock ျဖစ္ေစႏုိင္ပါသည္။ အဆုိပါ ေလွကားမ်ားေနရာတြင္ သစ္သားေလွကားျဖစ္ေစ ၊ ၀ါးေလွကား ျဖစ္ေစ၊ Fiberglass ေလွကားျဖစ္ေစ အသုံးျပဳလုပ္ေဆာင္သင့္ပါသည္။

၉။ အသုံးျပဳမည့္ ၀ါယာႀကိဳး၏ Gauge တန္ဖုိးႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားအား ေသခ်ာစြာ သိရွိထားရပါမည္။

၁၀။ အိမ္တြင္း Electricity နဲ႕ပတ္သက္ေသာ အေျခအေနမ်ားတြင္ျဖစ္ေစ ၊ အျခား လုပ္ငန္းသုံး Electricity နဲ႕ပတ္သက္ေသာ လုပ္ငန္းမ်ားတြင္ ျဖစ္ေစ သင့္ေတာ္ေသာ Current Rating ရွိသည့္ Fuse (သုိ႕မဟုတ္) Breaker မ်ားအား တပ္ဆင္အသုံးျပဳသင့္ပါသည္။ ထုိသုိ႕ အသုံးျပဳမွသာ Short Circuit(Over Current စီးဆင္းမွဳ) ျဖစ္ေပၚလာပါက အဆုိပါ Fuse (သုိ႕မဟုတ္) Breaker မွတဆင့္ Over Current အား မစီးဆင္းေစျခင္းျဖင့္ ကာကြယ္ႏုိင္မည္ျဖစ္ပါသည္။

၁၁။ Electricity နဲ႕ပတ္သက္ပါက ေျမေအာက္ Cable ႀကိဳးမ်ား အသုံးျပဳျခင္းကုိ ေသခ်ာစြာ ဂရုစိုက္ရမည္ျဖစ္ပါသည္။ ေျမႀကီးဆုိသည္မွာ အစုိဓာတ္ျဖစ္ပါသည္။ အဆုိပါ ေျမႀကီး အစုိဓာတ္သည္ လ်ွပ္စစ္စီးမွဳအား လြယ္ကူစြာ ျဖစ္ေပၚေစႏုိင္ေသာ အရာျဖစ္ပါသည္။ ထုိ႕ေၾကာင့္ ေျမေအာက္မွ တဆင့္ Electricity နဲ႕ပတ္သက္ေသာ လုပ္ေဆာင္ခ်က္မ်ားတြင္ ၀ါယာႀကိဳး၏ Insulation ကုိ ေသခ်ာစြာျဖင့္ လုပ္ေဆာင္ေပးရမည္ျဖစ္ပါသည္။ ေနာက္တစ္ခ်က္အေနျဖင့္ ေျမႀကီးအား ေဂၚျပားမ်ား ၊ ေပါက္တူးမ်ားျဖင့္ တူးဆြျခင္း ျပဳလုပ္ရာတြင္ ေျမေအာက္ ၀ါယာႀကိဳးမ်ားအား ထိခုိက္မိၿပီး Insulator မ်ား ေပါက္ကာ Short ျဖစ္ေပၚေစႏုိင္ပါသည္။

၁၂။ Power Rating မ်ားေသာ အီလက္ထေရာနစ္ပစၥည္းမ်ား ၊  Volt တန္ဖုိး မ်ားေသာ အီလက္ထေရာနစ္ပစၥည္းမ်ားရွိ Circuit Board မ်ားမွ Capacitor မ်ားအား ျဖဳတ္ရာတြင္ျဖစ္ေစ ၊ လဲလွယ္ျခင္းျပဳလုပ္ရာတြင္ျဖစ္ေစ အဆုိပါ Capacitor တြင္္ သုိေလွာင္ထားေသာ Voltage မ်ားအား ျပန္လည္ၿပီး ထုတ္ပစ္ရမည္ျဖစ္ပါသည္။ ပါ၀ါအား ေပးမထားေသာ္လည္း အဆုိပါ Capacitor ထဲတြင္ သုိေလွာင္ထားေသာ Voltage တန္ဖုိးသည္ ရွိေနမည္ျဖစ္ပါသည္။

ေက်းဇူးတင္ပါတယ္

Writer by
ကုိမ်ိဳး (အီလက္ထေရာနစ္)

💕💕💕💕💕💕💕💕💕💕💕💕💕💕

Uni
Electricity နဲ့ပတ်သက်ပါက ဂရုစိုက်ရမည့် အချက်များ
==============================

၁။ Electricity နဲ့ပတ်သက်ပြီး လုပ်ကိုင်မည့် သူများအနေဖြင့် ၎င်းတို့ ပတ်ဝန်းကျင်တွင် စိုစွတ်သော အခြေအနေများ ၊ ရေများ မရှိရပါ။ Electrical Equipment များနှင့် Circuit Board များအား ရေစိုသော လက်များဖြင့် ကိုင်တွယ်ခြင်း လုံး၀ မပြုလုပ်ရပါ။ စိုစွတ်နေသော အခြေအနေသည် လျှပ်စစ်စီးဆင်းမှုကို ပိုမို ဖြစ်ပေါ်စေပါသည်။

၂။ Electronic ပစ္စည်းများ အစိတ်အပိုင်းများတွင် တပ်ဆင်အသုံးပြုသော Power Cable များ ၊ တစ်နေရာမှ နောက်တစ်နေရာသို့ ဆက်သွယ်ရာတွင် အသုံးပြုသော ဝါယာကြိုးများအား ပေါက်ပြဲနေသော ဝါယာကြိုးများ ၊ အပေါ်ယံ Insulation များ အနေဖြင့် ပျက်စီးနေသော ဝါယာကြိုးများအား အသုံးမပြုသင့်ပေ။

၃။ Electricity နဲ့ပတ်သက်ပြီး ပြုပြင်ခြင်း ၊ အစားထိုးခြင်း စသော အလုပ်များ လုပ်ဆောင်ရာတွင် Main Panel ရှိ Main Switch ကို ပိတ်ပြီးမှသာ ဆက်လက်ပြီး အလုပ်လုပ်ဆောင်ပါ။

၄။ Electricity နဲ့ ပတ်သတ်ပြီး လုပ်ကိုင်နေသော အချိန်တိုင်း Insulating သေချာစွာ ပြုလုပ်ထားသော Tools များကို အသုံးပြုပါ။

၅။ အချို့သော Electrical Equipment များသည် မည်သည့်အခြေအနေ ၊ မည်သည့် အနေအထားတွင် Shock ဖြစ်စေနိုင်သည် ဟူသော အချက်အား ရေးသားထားပါတယ်။ အဆိုပါ သတိပေး ဖော်ပြထားသော အချက်များအား သေချာစွာလိုက်နာပြီး လုပ်ဆောင်ရပါမည်။

၆။ Electricity နဲ့ပတ်သက်ပြီး အလုပ်များ လုပ်ဆောင်ရာတွင် Insulation ဖြစ်သော လက်အိတ်များ ၊ မျက်မှန် စသည်တို့ကို တပ်ဆင်ပြီး လုပ်ဆောင်ရပါမည်။

၇။ Voltage ကို Store ပြုလုပ်စေနိုင်သော အီလက်ထရောနစ်ပစ္စည်းများအား ပြုပြင်ရာတွင် သေချာစွာ ဂရုစိုက်ပါ။ အဆိုပါ Store ပြုလုပ်ထားသော Component များ ၊ Circuit အစိတ်အပိုင်းများအား ပထမဦးစွာ Store ပြုလုပ်ထားသော Voltage များ ပြန်လည်ထုတ်ရပါမည်။ အဆိုပါ Voltage တန်ဖိုးများသည် အီလက်ထရောနစ်ပစ္စည်းအား Plug ဖြုတ်ထားသော်လည်း ဆက်လက်တည်ရှိနေနိုင်ပါသည်။ တွဲလောင်းကျနေသော ဝါယာကြိုးများအား ၊ တစ်နေရာမှ နောက်တစ်နေရာသို့ သွယ်တန်းထားသော ဝါယာကြိုးများလုပ်ဆောင်ရာတွင် Voltage တန်ဖိုးရောက်ရှိခြင်း ရှိ / မရှိအား သေချာစွာ စစ်ဆေးပြီးမှသာ ဆက်လက်လုပ်ဆောင်ရပါမည်။

၈။ Electricity နဲ့ပတ်သက်သော လုပ်ငန်းများဆောင်ရွက်ရာတွင် စတီးလှေကားများနှင့် အလူမီနီယံလှေကားများအား အသုံးမပြုသင့်ပါတယ်။ အဆိုပါ လှေကားများအနေဖြင့် Current သည် လူ့ခန္ဓာကိုယ်မှတဆင့် လှေကားကို ဖြတ်စီးသွားပြီး မြေကြီးဆီသို့ စီးဝင်သွားခြင်းဖြင့် လုပ်ဆောင်သူအား Shock ဖြစ်စေနိုင်ပါသည်။ အဆိုပါ လှေကားများနေရာတွင် သစ်သားလှေကားဖြစ်စေ ၊ ဝါးလှေကား ဖြစ်စေ၊ Fiberglass လှေကားဖြစ်စေ အသုံးပြုလုပ်ဆောင်သင့်ပါသည်။

၉။ အသုံးပြုမည့် ဝါယာကြိုး၏ Gauge တန်ဖိုးနှင့် ပတ်သက်သော အချက်အလက်များအား သေချာစွာ သိရှိထားရပါမည်။

၁၀။ အိမ်တွင်း Electricity နဲ့ပတ်သက်သော အခြေအနေများတွင်ဖြစ်စေ ၊ အခြား လုပ်ငန်းသုံး Electricity နဲ့ပတ်သက်သော လုပ်ငန်းများတွင် ဖြစ်စေ သင့်တော်သော Current Rating ရှိသည့် Fuse (သို့မဟုတ်) Breaker များအား တပ်ဆင်အသုံးပြုသင့်ပါသည်။ ထိုသို့ အသုံးပြုမှသာ Short Circuit(Over Current စီးဆင်းမှု) ဖြစ်ပေါ်လာပါက အဆိုပါ Fuse (သို့မဟုတ်) Breaker မှတဆင့် Over Current အား မစီးဆင်းစေခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ပါသည်။

၁၁။ Electricity နဲ့ပတ်သက်ပါက မြေအောက် Cable ကြိုးများ အသုံးပြုခြင်းကို သေချာစွာ ဂရုစိုက်ရမည်ဖြစ်ပါသည်။ မြေကြီးဆိုသည်မှာ အစိုဓာတ်ဖြစ်ပါသည်။ အဆိုပါ မြေကြီး အစိုဓာတ်သည် လျှပ်စစ်စီးမှုအား လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သော အရာဖြစ်ပါသည်။ ထို့ကြောင့် မြေအောက်မှ တဆင့် Electricity နဲ့ပတ်သက်သော လုပ်ဆောင်ချက်များတွင် ဝါယာကြိုး၏ Insulation ကို သေချာစွာဖြင့် လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။ နောက်တစ်ချက်အနေဖြင့် မြေကြီးအား ဂေါ်ပြားများ ၊ ပေါက်တူးများဖြင့် တူးဆွခြင်း ပြုလုပ်ရာတွင် မြေအောက် ဝါယာကြိုးများအား ထိခိုက်မိပြီး Insulator များ ပေါက်ကာ Short ဖြစ်ပေါ်စေနိုင်ပါသည်။

၁၂။ Power Rating များသော အီလက်ထရောနစ်ပစ္စည်းများ ၊  Volt တန်ဖိုး များသော အီလက်ထရောနစ်ပစ္စည်းများရှိ Circuit Board များမှ Capacitor များအား ဖြုတ်ရာတွင်ဖြစ်စေ ၊ လဲလှယ်ခြင်းပြုလုပ်ရာတွင်ဖြစ်စေ အဆိုပါ Capacitor တွင် သိုလှောင်ထားသော Voltage များအား ပြန်လည်ပြီး ထုတ်ပစ်ရမည်ဖြစ်ပါသည်။ ပါဝါအား ပေးမထားသော်လည်း အဆိုပါ Capacitor ထဲတွင် သိုလှောင်ထားသော Voltage တန်ဖိုးသည် ရှိနေမည်ဖြစ်ပါသည်။

ကျေးဇူးတင်ပါတယ်


Writer by
ကိုမျိုး (အီလက်ထရောနစ်)

No comments:

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html