ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

MAGNETIC CONTACTOR & RELAY

MAGNETIC CONTACTOR & RELAY
============================
For beginner ( အခု မှ စပြီး လေ့ လာနေသူများ အတွက်ပါ )
Need to know
----------------------------------------------------------------------
contactor & relay ၂ ခု ကို တူညီ တယ် လို့  အကြမ်းဖျင်း အာဖြင့် ပြောလို့ ရပါတယ် ။
Contactor က ပါဝါ ပိုင်း အတွက် သုံးပါတယ် ။ သူမှာ normally open contacts ကို Power အတွက် တည်ဆောက်ထားပါတယ် ။ auxiliary contact တွေ ပါတတ်ပြီး Normally open /closed တွေ ပါတတ်ပါတယ် ။
Relay က control  ပိုင်းမှာ သုံးပါတယ် ။ command နဲ့ NC & NO တွေ ပါတတ်ပါတယ် ။
ဒီနေရာမှာ အချိ့တွေ မှားတတ်တာက NO (normally open contact) ကနေ NC (normally close contact ) ဖြစ်သွားတယ်လို့  ရေးနေတာတွေ့ ပါတယ် ။ Drawing စည်းမျည်း မှာပြတာက  လုံးဝ power  energize မ၇ှိတဲ့ အခြေအနေကိုသာပြောတာပါ ။ NO ( normally open  contact ) ကဘယ်အခြေအနေမှာဖြစ်ဖြစ် NO ပါပဲ ။ contact close ဖြစ်သွားတယ်လို့ ပြောရမှာပါ ။ဒီလို ပါပဲ NC ကနေ open contact ဖြစ်သွားတယ်လို့ ပြောရမှာပါ။ NC to NO မဟုတ်ပါဖူး ။
Contactor & realy တည်ဆောက်ပုံ ကတူပါတယ် ။ Magnetic function  ကို သုံးထားတာပါ ။ သံတုံး တခုကို ကွိုင်ပတ်ပြီး လျပ်စစ် ဓါတ်ပေးလိုက်ရင် သံလိုက်ဖြစ်သွားတာကို spring action  နဲ့ ပေါင်းပြီး သုံးထားတာပါ ။  သံတုံး တခုကို ကွိုင်ပတ်ပြီး လျပ်စစ် ဓါတ်ပေးလိုက်ပြီး နောက် သံတုံး တခု ကို ဆွဲ ခိုင်းပါတယ် ။ အဲဒီ သံတုံးကို spring က ခံထားပြီး သံတုံး ကပြေးကပ်တော့ အဲ ဒီ မှာတပ်ထားတဲ့ contact points တွေ က အောက်မှာ ရှိတဲ့  တခြား contact points တွေ ကို ပြေး ထိပြီး  continuity    ၇သွားပါတယ် ။
Coil တွေ က supply voltage  အမျိုးမျိုး အတွက် တညဆောက်ထားတတ်ပါတယ် ။ အတွေ့ ရ အများ ဆုံးကတော့  12 VDC , 24 VDC, 48 VDC ,110 VDC , 24 VAC,48VAC , 110 VAC , 230 VAC, 380/400/420  VAC တွေ အများဆုံး တွေ့ ရတတ်ပါတယ် ။ coil voltage တွေ ကို အစုံ လိုက်ပြောင်း သုံးလို့ ရပါတယ် ။ 
Contactor တွေ အတွက် ကတော့ ဖြတ်စီး နိုင်တဲ့ current In က အရေးကြီးပါတယ် ။ သေးတာတတ်မိ ရင် contacts တွေ ခဏလေးနဲ့  ပျက်စီးသွားတတ်ပါတယ် ။ ဒါကြောင့် မို့ ဖြစ်နိုင် ရင် contactor ကို Over size တတ်ဖို့  အကြံ ပေးချင်ပါတယ် ။ အဓိ ကတော့  မကြာခဏ inrush current နဲ့  on , off လုပ်ရတဲ့  ပစ္စည်း များ အတွက်ပါ။
Contactor type  တွေ က load ဘယ် ပစ္စည်း နဲ့ သုံး ရမှာ ဆိုတာ ရှိပါတယ် ။သူ့ မှာ AC1, AC2 , AC3  အစ ရှိ သဖြင့်ပေါ့ ။ ပျက်လို့ ပြန်မှာ တဲ့  အခါ အဲ ဒီ code တွေ မမှား အောင် မှာရပါမယ် ။
ပြသနာ အဖြစ်အများ ဆုံး က contact point တွေ မကောင်းတော့ပါပဲ ။ contact point တွေ က ငွေ ( sliver coating ) တွေ နဲ့  တည်ဆောက် ထားပါတယ် ။ နောက်ပိုင်း တချို့ တွေ မှာငွေ ကို ခို ပြီး သုံးလာပါတယ် ။ အဓိ ကကတော့  made in china တွေပါ ။ power contactor points တွေ ကို သန့် ရှင်း ရေး လုပ်ပေးရပါမယ် ။ ကြာရင် carbon ဂျိုး တွေ ကပ်တပ်ပါတယ် ။ နောက် ဆုံး Arc ကြောင့်  contact point တွေ welding လုပ်လိုက် သလို ပူး ပြီး Load တွေ ပျက်စီးတတ်ပါတယ် ။
Coil တွေ ကလဲ မကောင်းရင် အသံတွေ မြည်လာတတ်ပါတယ် ။ coil တွေ က လဲလို့ ရပါတယ် ။ နောက် DC supply coil တွေ မှာ freewheeling diode တွေ တပ်ထားတပ်တယ်ဆိုတာ သတိပြုပါ။ diode တွေ မကောင်းရင် လဲပါ။ back EMF တွေ ကို ပျောက်အောင်ပါ ။
အဓိ ကကတော့  manufacture ကထုတ်တဲ့  instruction တွေ ကိုသေသေချာချာလေ့ လာပါ ။
thanks for reading

Writer by
Kyaw Oo  
EI engineering

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html