ပုသိမ္ ၃၂ ၿမိဳ႕
ပုသိမ္ၿမိဳ႕ႏွင့္ အရန္ၿမိဳ႕ေပါင္း သံုးဆယ့္တစ္ၿမိဳ႕ ျဖစ္သည္။ နယ္နိမိတ္မွာ ေ႐ွ႕ကို ဇ႐ြံ၊ ေတာင္စြန္ အာလိန္၊ အေနာက္ကို မိုးတိမ္ျပင္႐ြာတိုင္၊ ေျမာက္ကို ၾကန္ကင္း ပ႐ွင့္ေခ်ာင္းထိ ျဖစ္သည္ဟု ဆိုၾကသည္။
သကၠရာဇ္ ၁၁၄၅ ခုႏွစ္ တြင္ေကာက္ယူထားေသာ စစ္တမ္းမ်ားအရ...
ေ႐ွးအေခၚ ယခုေခတ္အေခၚ
၁။ က်ိဳက္စတည္ၿမိဳ႕ ဟိုင္းႀကီး
၂။ က်ိဳက္သရဲၿမိဳ႕ ေမာ္တင္
၃။ က်ိဳက္ခရံၿမိဳ႕ ဘုရားလွက်ံဳကူး
၄။ က်ိဳက္ထူပါ႐ံုကမ္းျဖဴၿမိဳ႕ ျမစ္တရာ
၅။ က်ိဳက္ဇလတေမာ္ၿမိဳ႕ သမံေဒဝေက်ာက္သေဘၤာ
၆။ က်ိဳက္ပေဒါၿမိဳ႕ ပန္းမျမစ္တာ-ပန္းမဝတီ
၇။ က်ိဳက္အမြန္ၿမိဳ႕ ဆိပ္ႀကီး
၈။ က်ိဳက္ဝွန္ၿမိဳ႕ က်ံဳတံုးကံႀကီး
၉။ က်ိဳက္ဇလဲေထာ္ ေျမာင္းျမၿမိဳ႕ေဟာင္းရာ
၁၀။ ဆိပ္ႀကီး ေျမာင္းျမ
၁၁။ က်ိဳက္မိၿမိဳ႕ သစ္ေရာင္းေခ်ာင္း
၁၂။ က်ိဳက္ေဒါၿမိဳ႕ တေကာင္း
၁၃။ က်ိဳက္ပိက်ံဳတေရာ္ က်ံဳေပ်ာ္
၁၄။ က်ိဳက္ေမာ္ေဓာထေလ်ာ္ ေထာင္လံု
၁၅။ က်ိဳက္သေထာၿမိဳ႕ ေရၾကည္ပန္းေတာ
၁၆။ က်ိဳက္ပတည္ သာရေဝါၿမိဳ႕ ၿမိဳ႕ကြင္း (ဟသၤာတ)
၁၇။ ဘုးရားႀကီးသံေသတံခြန္ၿမိဳ႕ ဒံဘီ
၁၈။ က်ိဳက္တံုလံုေထာၿမိဳ႕ ျမန္ေအာင္
(က်န္ကင္း၊ ပ႐ွင့္ေခ်ာင္း တ႐ုတ္ေမာ္ၿမိဳ႕ထိ)
၁၉။ က်ိဳက္ၿပိဳေတာင္ၿမိဳ႕ က်ိဳက္ေထာ္ (အဂၤပူ-အုတ္ဖို)
၂၀။ က်ိဳက္မူသုနႏၵၿမိဳ႕ မန္းၾကာ
၂၁။ က်ိဳက္ေတာင္ေတာ္ၿမိဳ႕ ပန္းေတာႀကီး (ေလးမ်က္ႏွာ)
၂၂။ က်ိဳက္မင္းပေတာၿမိဳ႕ ေက်ာက္ေခ်ာင္းကေလး (သီတာ)
၂၃။ က်ိဳက္အဝွန္က်ံဳတံုးၿမိဳ႕ ဘိုးေတာ္ဘုရားႀကီး
၂၄။ က်ိဳက္ခရံဂေဟနံၿမိဳ႕ ေခနံ
၂၅။ က်ိဳက္သေတာၿမိဳ႕ ခေသာဒ႐ွာ (ဘုရားကုန္း)
၂၆။ က်ိဳက္ခေတာတံုၿမိဳ႕ ထန္းဘူး
၂၇။ က်ိဳက္ခရံေထာက်ိဳက္ျဖဴၿမိဳ႕ သိမ္းေခ်ာင္း (သာေပါင္း)
၂၈။ က်ိဳက္နံကလံတနပေဝါရိၿမိဳ႕ ေက်ာက္ေခ်ာင္းႀကီး
(က်ိဳက္တံတလံတေဝါၿမိဳ႕)
၂၉။ က်ိဳက္တည္မုေ႒ာသျမင္တံုးၿမိဳ႕ ပန္းတေနာ္
၃၀။ က်ိဳက္သလြန္မြန္ေဒါင္းျဖဴၿမိဳ႕ ဓႏုျဖဴ
၃၁။ က်ိဳက္အနႏၵပူရၿမိဳ႕ ေညာင္ပင္႐ြာ-ဇ႐ြံ တို႔ျဖစ္ၾကသည္။
ယေန႔ ပုသိမ္ခ႐ိုင္ တစ္ခုလံုး၊ ဟသၤာသခ႐ိုင္ တစ္ခုလံုးႏွင့္
ေျမာင္းျမႏွင့္ မအူပင္ခ႐ိုင္မ်ားမွ ေနရာအခ်ိဳ႕ပါဝင္ေနပါသည္
၁။ မြန္ ၃-ရပ္ႏွင့္ ပုသိမ္ၿမိဳ႕
ေက်ာက္စာလာစကားမ်ားအရလည္းေကာင္း၊ က်မ္းဂန္မ်ားအရလည္းေကာင္း၊ မြန္တိ မြန္စ မြန္ည ဟူေသာ မြန္သံုးရပ္တို႔ အခ်င္းခ်င္း အညမည ေပါင္းစပ္ေသာအားျဖင့္ တိုင္းဖြဲ႔အပ္ေသာ ရာမညတိုင္းဟု နာမပညတ္ သမုတ္အပ္သည့္ -
(က) တိဂံု၊ ဒလ စေသာ ရာမညတိုင္း အစိတ္ (မြန္တိ)
(ခ) သထံု၊ မုတၱမ စေသာ ရာမညတိုင္း အစိတ္ (မြန္စ)
(ဂ) ပုသိမ္၊ ေျမာင္းျမ စေသာ ရာမညတိုင္း အစိတ္ (မြန္ည)
တို႔တြင္ မြန္တိ မြန္စ ဟူေသာ တိဂံု၊ ဒလ၊ သထံု၊ မုတၱမ တို႔ႏွင့္ အညမညျဖစ္ေသာေၾကာင့္ (မြန္ည) ျဖစ္ေသာ တိုင္းအစိတ္၏ ဗဟိုခ်က္ခ်ာ မင္းစံရာ ေနျပည္ေတာ္၊ ကုသိမရ႒ ကုသိမနဂရ (ကုသိမ္-ေကာ့စမိန္) စသည္ျဖင့္၊ မြန္ဘာသာျဖင့္ သမုတ္ခဲ့ေသာ ယေန႔ပုုသိမ္ၿမိဳ႕ပင္ျဖစ္သည္။
၂။ ပုသိမ္ၿမိဳ႕ကို အမည္အမ်ိဳးမ်ိဳး သတ္မွတ္ၾကပံု
အတိသဥၨာမဂရ။ ။ ဘုရားအေလာင္းေတာ္ သူေတာ္ေကာင္းတို႔ ေမြ႔ေလ်ာ္ရာ အဓိကရဌာန ျဖစ္ခဲ့ေၾကာင္းကို ရဟႏၲာအရွင္ျမတ္တို႔ ညႊန္ျပအပ္သျဖင့္ ပထမတြင္ အတိသဥၨနဂရ ဟုေခၚတြင္ခဲ့သည္။
ကုသိမရ႒- ကုသိမနဂရ- ကုသိမ္ၿမိဳ႕။ ။ သာသနာသကၠရာဇ္ ၅၅၀-ျပည့္ႏွစ္တြင္ သေရေခတၱရာျပည္၊ ငတပါးမင္း၏ ေျမးေတာ္ရန္မုကၡမင္းလက္ထက္ သီဟိုဠ္ကၽြန္းတြင္ ဒုမိၻကၡႏၲရကပ္ႀကီးဆိုက္သျဖင့္ ရဟႏၲာေျမာက္ျမားစြာတို႔ ပုသိမ္သို႔ ႂကြေရာက္လာရာ အခ်ိဳ႕ကပုသိမ္ၿမိဳ႕တြင္ သတင္းသံုးေတာ္မူၾက၍၊ မ်ားစြာေသာ ရဟႏၲာအရွင္ျမတ္မ်ား သေရေခတၱရာျပည္ အေရာက္ႂကြေရာက္ သတင္းသံုးေတာ္မူၾကသျဖင့္ ရဟႏၲာအရွင္ျမတ္တို႔ ကူးေရာက္ရာ နိဗၺာန္ကူးဆိပ္ဟု အဓိပၸါယ္ျဖင့္ (ကုသိမရ႒- ကုသိမနဂရ- ကုသိမ္ၿမိဳ႕) ဟုမွည့္ေခၚၾကျပန္သည္။
ပုသိမနဂရ- ပုသိမ္ၿမိဳ႕။ ။ သကၠရာဇ္ ၅၃၃-ခုႏွစ္တြင္ ကုလားက်မင္းဟုအမည္တြင္ခဲ့ေသာ မင္းယဥ္နရသိခၤ ေပါကၠံျပည္ကို အုပ္စိုးစဥ္၊ ခမည္းေတာ္၏ရန္ဖက္ျဖစ္ေသာ ပဋိကၡရား ကုလားမင္းသည္ ကုသိမရ႒ၿမိဳ႕ကို ခံၿမိဳ႕အျဖစ္ဘုရင္ခံ အုပ္စိုးေစလ်က္၊ ၿမိဳ႕ကိုအခိုင္အလံု တည္ေဆာက္ရာတြင္ စစ္ေရးျပိဳင္ရသည့္အခါႏွင့္ ေလ်ာ္ကန္ေအာင္ ေဗဒင္က်မ္းႀကီးအမ်ိဳးမ်ိဳးႏွင့္ ၫႇိႏႈိင္းေဝဖန္ကာ၊ ရန္ျဂိဳဟ္ျဖစ္ေသာ (က) ႏွင့္ (သ) မွ၊ ဥဒါသိန္မည္ေသာ (ပ) ႏွင့္ (သ) တို႔၊ ပညာ႐ွိ အစံုအလင္ျပင္ဆင္၍ သကၠရာဇ္ ၅၃၆- ခုႏွစ္တြင္ ေမာ္ကြန္းစိုက္ထူေၾကာင္း၊ ေ႐ွးစာေဟာင္းေရႊတုိက္စစ္တမ္းတြင္ ပါ႐ွိသည့္အတိုင္း ကုသိမနဂရ- ကုသိမ္ မွ ပုသိမနဂရ- ပုသိမ္ သို႔ေျပာင္းလဲ ေခၚေဝၚခဲ့ၾကသည္။
ပသီၿမိဳ႕။ ။ သကၠရာဇ္ ၅၈၃ မွ ၅၉၅ ခုႏွစ္အထိ ပုသိမ္ကိုအုပ္စိုးၾကေသာ ကုလားမင္းမ်ား လက္ထက္တြင္ မူလအမည္ ပုသိမ္ၿမိဳ႕မွ ပသီၿမိဳ႕ဟု ေျပာင္းလဲေခၚေဝၚအုပ္စိုးခဲ့ၾကသည္။
ပုသိမ္ၿမိဳ႕။ ။ ကုလားမင္းမ်ားကို တိုက္ခိုက္ေအာင္ႏိုင္၍ သကၠရာဇ္ ၅၉၅ မွ ၆၂၅ ခုႏွစ္အထိ အုပ္စိုးခဲ့ေသာ မြန္မင္းမ်ား လက္ထက္တြင္ ပသီၿမိဳ႕အမည္ကို ေဖ်ာက္၍ ပုသိမ္ၿမိဳ႕အမည္ႏွင့္ ဆက္လက္အုပ္စိုးခဲ့ၾကသည္။
နာဂဝုလႅာ။ ။ တနည္းေခၚ နဂရေဝပုလႅ။ သကၠရာဇ္ ၆၂၅ ခုႏွစ္ေနာက္ပိုင္းတြင္၊ သာယာဝေျပာမႈကို အေၾကာင္းျပဳ၍ ေခၚသြင္ခဲ့ၾကသည္။
ေကာ့သမိန္-ေကာ့စမိန္ (cosmin)။ ။ သကၠရာဇ္ ၉၄၈ ခုႏွစ္၊ ခရစ္သကၠရာဇ္ ၁၅၈၆ ခုႏွစ္ ႏိုဝင္ဘာလတြင္ ပုသိမ္ေရာက္ အေနာက္တိုင္းသားခရီးသည္ (Ralf Fitch) ရပ္ဖစ္(ခ်္) ၏မွတ္တမ္းအရ၊ မြန္ဘာသာအေခၚ ေကာ့သမိန္ကို အေနာက္တိုင္းသားအသံျဖင့္ ေကာ့စမိန္ (cosmin) ဟုေခၚေဝၚခဲ့ၾကသည္။
သို႔ရာတြင္ ပုသိမ္ဟူေသာ အမည္မွာ အထင္အ႐ွား အခိုင္အမာဆံုးျဖစ္၍၊ ယေန႔ထိဆက္လက္ ေခၚေဝၚလ်က္႐ွိသည္။
၃။ ပုသိမ္ၿမိဳ႕ကို နိဗၺာန္ကူဆိပ္ဟု အမွတ္ျပဳၾကပံု
(၁) သာသနာသကၠရာဇ္ ၅၅၀ ခုႏွစ္တြင္ သီဟိုဠ္မွ ရဟႏၲာအ႐ွင္ျမတ္မ်ား ပုသိမ္ၿမိဳ႕ကို ႂကြလာေတာ္မူခဲ့ၾကျခင္း။
(၂) သာသနာသကၠရာဇ္ ၉၄၆ ခုႏွစ္တြင္ အ႐ွင္မဟာဗုဒၶေဃာသသည္ ပုသိမ္ၿမိဳ႕ (အသည္ႀကီး ေ႐ြးဗိုလ္တပ္အနီး) ဘဂၤလားသေဘၤာဆိပ္မွ သီဟိုဠ္ကၽြန္းသို႔ကူး၍ စတုတၳသဂၤါယနာတင္ သီဟဠဘာသာေရး ေပမူရင္း ပိဍကတ္ေတာ္သံုးပံုကို မာဂဓဘာသာျဖင့္ ျပန္ဆိုေရးကူး ပင့္ေဆာင္ေတာ္မူခဲ့ျခင္း။
(၃) သာသနာသကၠရာဇ္ ၁၇၁၅ ခုႏွစ္၊ သကၠရာဇ္ ၅၄၂ ခုႏွစ္တြင္ ပုဂံဘုရင္ နာရပတိစည္သူ၏ မင္းဆရာျဖစ္ေတာ္မူသည့္ သဒၶမၼေဇာတိပါလမေထရ္ျမတ္သည္ ငယ္႐ြယ္စဥ္အခါ ဆပဒသာမေဏ အမည္ေတာ္ျဖင့္ ဆရာျဖစ္သူ အ႐ွင္ဥတၱရဇီဝမေထျမတ္ႏွင့္ အတူ ကုသိမ္ၿမိဳ႕(ပုသိမ္ၿမိဳ႕) သေဘၤာဆိပ္မွ သီဟိုဠ္ကိုကူးေတာ္မူ၍၊ ပဥၨင္းခံျပီး ပိဍကတ္က်မ္းဂန္မ်ားကို သင္ၾကားတတ္ေျမာက္ၿပီးမွ ပုသိမ္ကိုသေဘၤာျဖင့္ေရာက္လာရာ ဝါဆိုကာနီးျဖစ္ေနသျဖင့္ ပုသိမ္ၿမိဳ႕တြင္ပင္ဝါဆိုၿပီး၊ ဝါကၽြတ္၍ ပဝါရဏာျပဳၿပီးမွ ပုဂံသို႔ႂကြေတာ္မူသည္။
(၄) သကၠရာဇ္ ၆၂၅ ခုႏွစ္ေနာက္ပိုင္းတြင္ ပုသိမ္ ၃၂ ၿမိဳ႕သခင္သမုဒၵေဃာသ ႏွင့္ ဥမၼာဒႏၲီတို႔ လက္ထက္တြင္ ျမန္မာျပည္ႏွင့္သီဟိုဠ္ ရဟႏၲာအ႐ွင္ျမတ္မ်ားေရာ၊ လူဒါယကာမ်ားပါ ကူးခတ္သြားလာ သာသနာေတာ္ အေရာင္ေတာက္ေျပာင္ ယွက္ကူးေစခဲ့ျခင္း။
(၅) သကၠရာဇ္ ၇၉၁ ခုႏွစ္၊ အင္းဝနန္းစံ သတိုးမင္းဖ်ားလက္ထက္တြင္ သီဟိုဠ္ကၽြန္းမွ အ႐ွင္သီရိသုဓမၼရာဇာဓိပတိႏွင့္ အ႐ွင္သီရိသီဟဠမဟာသာမိ အ႐ွင္ႏွစ္ပါးတို႔သည္ သရီရဓာတ္ေတာ္စစ္ ၅ ဆူႏွင့္တကြ ပုသိမ္ၿမိဳ႕သို႔သေဘၤာႏွင့္ ႂကြလာေတာ္မူခဲ့ျခင္း။
(၆) ရာမာဓိပတိဘြဲ႔ေတာ္ရေသာ ဓမၼေစတီမင္းသည္ မဇၥၽိမတြင္ ဗုဒၶသာသနာေတာ္ အေျခအေန စံုစမ္းေရးအတြက္ သကၠရာဇ္ ၈၄၃ ခုႏွစ္ ဝါေခါင္လဆန္း ၃ ရက္ေန႔တြင္ တစ္ႀကိမ္။ ဥပသမၸဒကံ ယံုးမွားမ႐ွိရေအာင္ သိမ္အဆံုးအျဖတ္ စင္ၾကယ္ေစေရးအတြက္ သီဟိုဠ္ကၽြန္းသို႔ သကၠရာဇ္ ၈၃၇ ခုႏွစ္၊ တပို႔တြဲလျပည့္ေက်ာ္ ၁၁ ရက္ေန႔ႏွင့္ ၁၂ ရက္ေန႔မ်ားတြင္ သေဘၤာႏွစ္စင္းႏွင့္ တစ္ႀကိမ္ ပုသိမ္ဆိပ္ကမ္းမွ သေဘၤာေစလႊတ္ခဲ့ဖူးျခင္းတို႔ေၾကာင့္ နိဗၺာန္ကူးဆိပ္ဟု အမွတ္ျပဳခဲ့ၾက၏။
#C0py
Tin mg hl
OK
ဧရာဝတီတိုင္းေဒသႀကီး
ၿမိဳ႕ေတာ္ ပုသိမ္ၿမိဳ႕
ဧရိယာ ၁၃,၅၆၇ စတုရန္းမိုင္ km²
လူဦးေရ ၆,၆၆၃,၀၀၀
လူမ်ိဳးမ်ား ဗမာ၊ ရခိုင္၊ ကုလား၊ ကရင္
ဘာသာတရားမ်ား ဗုဒၶ၊ ခရစ္ယာန္၊ အစၥလာမ္
ဧရာဝတီတိုင္းေဒသႀကီးသည္ ျမန္မာျပည္၏ ဆန္စပါးအဓိကထြက္ရွိရာ ေဒသျဖစ္သည္။ ဧရိယာစတုရန္းမိုင္ ၁၃,၅၆၆ က်ယ္ဝန္းသည္။ လူဦးေရ ၆.၅ သန္းခန႔္ရွိၿပီး လူေနသိပ္သည္းမႈမွာ တစ္စတုရန္းမိုင္လၽွင္ ၄၆၆ ေယာက္ ျဖစ္သည္။ ဗမာႏွင့္ကရင္လူမ်ိဳးတို႔ အဓိကအားျဖင့္ ေနထိုင္ၾကၿပီး အေနာက္ဘက္က ကမ္းရိုးတန္းတေလ်ာက္ ရခိုင္လူဦးေရအနည္းငယ္ ေနထိုင္ၾကသည္။ အမ်ားစုမွာ ဗုဒၶဘာသာျဖစ္ၾကၿပီး ခရစ္ယာန္ဘာသာဝင္၊ အစၥလာမ္ဘာသာဝင္ အနည္းငယ္ ေနထိုင္ၾကပါသည္။ ဗမာဘာသာစကားသည္ အဓိကဘာသာစကား ျဖစ္ပါသည္။ ဧရာဝတီတိုင္းေဒသႀကီး၏ အက်ယ္အဝန္းမွာ ၁၃,၅၆၇ စတုရန္းမိုင္ ျဖစ္၍ ၿမိဳ႕နယ္ ၂၆ ၿမိဳ႕နယ္ ျဖင့္ ဖြဲ႕စည္းထားသည္။
မာတိကာ
၁ ပထဝီဝင္ တည္ေနရာ
၂ ရာသီဥတု
၃ ခရိုင္၊ ၿမိဳ႕နယ္၊ ၿမိဳ႕၊ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ ေက်းရြာမ်ား
၃.၁ ခရိုင္မ်ား
၃.၂ ၿမိဳ႕နယ္႐ုံးစိုက္ရာၿမိဳ႕မ်ား
၃.၃ အျခား ၿမိဳ႕ရြာမ်ား
၄ စိတ္ဝင္စားဖြယ္ေနရာမ်ား
၅ လမ္းပန္းဆက္သြယ္ေရး
၅.၁ တံတားမ်ား
၆ စီးပြားေရး
၇ ပညာေရး
၇.၁ တကၠသိုလ္ႏွင့္ ေကာလိပ္မ်ား
၈ ကိုးကား
ပထဝီဝင္ တည္ေနရာ
ဧရာဝတီတိုင္းေဒသႀကီးသည္ ဧရာဝတီျမစ္၏ ျမစ္ဝကၽြန္းေပၚေဒသျဖစ္ၿပီး ျမန္မာျပည္၏ အေနာက္ေတာင္ဘက္တြင္ တည္ရွိသည္။ နယ္နမိတ္ခ်င္း ထိစပ္ေနေသာ ျပည္နယ္ႏွင့္တိုင္းမ်ား လကၤ်ာရစ္အားျဖင့္ အေနာက္ေျမာက္တြင္ ရခိုင္ျပည္နယ္၊ ေျမာက္ဘက္ႏွင့္ အေရွ႕ဘက္တြင္ ပဲခူးတိုင္းေဒသႀကီး ႏွင့္ အေရွ႕ဘက္တြင္ ရန္ကုန္တိုင္းေဒသႀကီး တို႔ျဖစ္သည္။ ေတာင္ဘက္ႏွင့္ အေနာက္ဘက္တြင္ ဘဂၤလားပင္လယ္ေအာ္ ရွိသည္။ ေျမာက္လတၱီတြဒ္ ၁၅ ဒီဂရီ ၄၀ မိနစ္ မွ ၁၈ ဒီဂရီ ၃၀ မိနစ္ ၾကား၊ ေလာင္ဂ်ီတြဒ္ ၉၄ ဒီဂရီ ၁၅ မိနစ္ မွာ ၉၆ ဒီဂရီ ၁၅ မိနစ္ ၾကားတြင္တည္ရွိသည္။
ဧရာဝတီတိုင္းေဒသႀကီးသည္ ေျမျပန႔္ ေျမက်ယ္ေပါမ်ား၍ ျမစ္ေခ်ာင္းမ်ားလည္း ကြန္ျခာသဖြယ္ ယွက္သန္းေန ၾကသည္။ သို႔ေသာ္ ရခိုင္ကမ္းေျမာင္ေဒသေအာက္ပိုင္းႏွင့္ ရခိုင္ရိုးမေတာင္ထိပ္ေၾကာင့္အေရွ႕ ဖက္ပိုင္းတို႔လည္း တစ္စိတ္တစ္ေဒသပါဝင္သည္။
ရာသီဥတု
ပင္လယ္ႏွင့္နီးေသာေဒသျဖစ္၍၊ မိုးမ်ားၿပီးစြတ္စိုေသာ ရာသီဥတုရွိသည္။
ခရိုင္၊ ၿမိဳ႕နယ္၊ ၿမိဳ႕၊ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ ေက်းရြာမ်ား
ဧရာဝတီတိုင္းေဒသႀကီးေျမပုံ
ခရိုင္မ်ား
ဧရာဝတီတိုင္းေဒသႀကီးအား ခရိုင္ (၆) ခုျဖင့္ ဖြဲ႕စည္းထားသည္။
ပုသိမ္ခရိုင္
ဟသၤာတခရိုင္
မအူပင္ခရိုင္
ေျမာင္းျမခရိုင္
ဖ်ာပုံခရိုင္
လပြတၱာခရိုင္
ၿမိဳ႕နယ္႐ုံးစိုက္ရာၿမိဳ႕မ်ား
ခရိုင္ ၆ ခုအား ၿမိဳ႕နယ္ (၂၆) ၿမိဳ႕နယ္ႏွင့္ ၿမိဳ႕နယ္ခြဲ ၇ ခုျဖင့္ ဖြဲ႕စည္းထားသည္။
ပုသိမ္ခရိုင္
ပုသိမ္ၿမိဳ႕နယ္၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ ငပုေတာၿမိဳ႕နယ္၊ သာေပါင္းၿမိဳ႕နယ္၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ေရၾကည္ၿမိဳ႕နယ္၊ င႐ုတ္ေကာင္းၿမိဳ႕နယ္ခြဲ၊ ဟိုင္းႀကီးကၽြန္းၿမိဳ႕နယ္ခြဲ၊ ေရႊေသာင္ယံၿမိဳ႕နယ္ခြဲ၊ ေငြေဆာင္ၿမိဳ႕နယ္ခြဲ၊ ငသိုင္းေခ်ာင္းၿမိဳ႕နယ္ခြဲ။
ဟသၤာတခရိုင္
ဟသၤာတၿမိဳ႕နယ္၊ ဇလြန္ၿမိဳ႕နယ္၊ ေလးမ်က္ႏွာၿမိဳ႕နယ္၊ ျမန္ေအာင္ၿမိဳ႕နယ္၊ ႀကံခင္းၿမိဳ႕နယ္၊ အဂၤပူၿမိဳ႕နယ္
ေျမာင္းျမခရိုင္
ေျမာင္းျမၿမိဳ႕နယ္၊ အိမ္မဲၿမိဳ႕နယ္၊ ဝါးခယ္မၿမိဳ႕နယ္၊
မအူပင္ခရိုင္
မအူပင္ၿမိဳ႕နယ္၊ ပန္းတေနာ္ၿမိဳ႕နယ္၊ ေညာင္တုန္းၿမိဳ႕နယ္၊ ဓႏုျဖဴၿမိဳ႕နယ္၊
ဖ်ာပုံခရိုင္
ဖ်ာပုံၿမိဳ႕နယ္၊ ဘိုကေလးၿမိဳ႕နယ္၊ က်ိဳက္လတ္ၿမိဳ႕နယ္၊ ေဒးဒရဲၿမိဳ႕နယ္၊ အမာၿမိဳ႕နယ္ခြဲ
လပြတၱာခရိုင္
လပြတၱာၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕နယ္၊ ျပင္စလူၿမိဳ႕နယ္ခြဲ
ၿမိဳ႕ေပါင္း (၃၉) ၿမိဳ႕၊ ရပ္ကြက္ေပါင္း (၂၇၃) ကြက္၊ ေက်းရြာအုပ္စု (၁၉၁၉) အုပ္စု၊ ရြာေပါင္း (၁၁၉၀၇) ရြာ ရွိသည္။ [၁]
အျခား ၿမိဳ႕ရြာမ်ား
အိုင္သျပဳ
ေရြးကုန္
အေဖ်ာက္
အသုတ္
ေဘာ္မိ
ဓမိ
ကဒုံကနိ
ခေမာက္စု
ကြင္းေကာက္
က်ိဳက္လတ္
က်ဳံးဒါး
က်ဳံကဒြန္း
က်ဳံမေငး
လူေခါင္းကၽြန္း
ဆကာႀကီး
တဂရက္
ၿမိဳ႕ကြင္း
နိဗၺာန္
အုန္းပင္
ပသြယ္
ျပင္ခရိုင္
ပ်ဥ္ရြာ
စေကၠာ့
စက္ဆန္း
ရွမ္းရြာ
ေရွာျပာ
ေရႊေလာင္း
ေရႊျမင္တင္
ေရႊေတာင္ေမွာ္
ဆင္မ
ေတာင္ကေလး
ရြာသစ္
သစ္ျပဳတ္
သုံးခြ
ထူးႀကီး
အင္ပင္
ေရလဲကေလး
ဇီးခ်ိဳင္
မဲဇလီကုန္း
ျမင္းကကုန္း
ဒါးက
စိတ္ဝင္စားဖြယ္ေနရာမ်ား
ေရႊမုေ႒ာဘုရား
ေငြေဆာင္ကမ္းေၿခ အပန္းေျဖစခန္း
ေခ်ာင္းသာကမ္းေၿခ အပန္းေျဖစခန္း
ေမာ္တင္စြန္းဘုရား
[၂]
လမ္းပန္းဆက္သြယ္ေရး
ျမန္မာနိုင္ငံ၏ေျမာက္ပိုင္း ကခ်င္ျပည္နယ္၌ ျမစ္ဖ်ားခံေသာ ဧရာဝတီျမစ္သည္ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးတို႔ကို ျဖတ္သန္းကာ ျမစ္ခြဲေခ်ာင္းခြဲမ်ားစြာ ယွက္ျဖာ ထြက္ၿပီး ဧရာဝတီ ျမစ္ဝကၽြန္းေပၚေဒသကို ျဖစ္ေပၚေစလ်က္ ကပၸလီ ပင္လယ္ထဲသို႔ စီးဝင္သည္။ သို႔ျဖစ္၍ ေရလမ္းခရီးသည္ ဧရာဝတီတိုင္းေဒသႀကီး၏ အဓိက လမ္းပန္းဆက္သြယ္ေရး ျဖစ္သည္။ မီးရထားလမ္း ဟူ၍ ႀကံခင္း၊ ဟသၤာတ၊ ပုသိမ္တစ္လမ္းတည္းသာ ရွိသည္။
လမ္းပန္းဆက္သြယ္ေရး ပို၍ေခ်ာေမာေစရန္ ပုသိမ္အေနာက္ ေရွာျပာေခ်ာင္းသာ ကားလမ္းမႀကီးကို ေဖာက္လုပ္ခဲ့သည္။ ပုသိမ္မုံရြာကားလမ္းမႀကီးသည္ ထက္ေအာက္ ျမန္မာနိုင္ငံ ကူးလူးဆက္ဆံေရးႏွင့္ ကုန္စည္ပို႔ေဆာင္ေရးတြင္ အလြန္အသုံးက် အေရးသည္။
တံတားမ်ား
ဗိုလ္ျမတ္ထြန္းတံတား (ေညာင္တုန္း)
ဧရာဝတီတံတား (ေညာင္တုန္း)
ေဒးဒလူတံတား (ဖ်ာပုံ)
ေဒးဒရဲတံတား
ဂုံညင္းတန္းတံတား
ခတၳိယတံတား (မအူပင္)
ဒါးကတံတား (ဒါးက)
ေက်ာင္းကုန္းတံတား
မအူပင္တံတား
ေျမာင္းျမတံတား
နတ္ေခ်ာင္းတံတား (ဘိုကေလး)
ငဝန္တံတား (ၿမိဳ႕ကြင္း)
ငါးသိုင္းေခ်ာင္းတံတား
ဥတိုတံတား (ေခ်ာင္းသာ)
ဝါးခယ္မတံတား
ရာဇူဒိုင္ အမွတ္-၁ (ေမာ္ကၽြန္း)
ရာဇူဒိုင္ အမွတ္-၂ (ေမာ္ကၽြန္း)
ပုသိမ္တံတား
စီးပြားေရး
ေျမဆီဩဇာႂကြယ္ဝေသာ ေျမႏုကၽြန္းေပၚေဒသျဖစ္၍ စပါး၊ ေျမပဲ၊ ဂုန္ေလၽွာ္၊ ေဆး၊ င႐ုတ္၊ ၾကက္ သြန္၊ ပဲမ်ိဳးစုံတို႔ စိုက္ပ်ိဳး ေအာင္ျမင္ျဖစ္ထြန္းသည္။ လယ္ယာလုပ္ငန္းသည္ အဓိကစီးပြားေရးလုပ္ငန္း ျဖစ္၍ ျမန္မာနိုင္ငံ၌ စပါးထြက္အေကာင္းဆုံးေသာ တိုင္းေဒသႀကီးတစ္ခု ျဖစ္သည္။ ဂုန္ေလၽွာ္အမ်ားဆုံး ထြက္ေသာတိုင္းလည္းျဖစ္ သည္။ အုန္းသီး၊ ငွက္ေပ်ာသီး အထြက္ႏႈန္းလည္း အလြန္ေကာင္းသည္။ တိုင္းအတြင္း၌ ကၽြန္းႏွင့္ သစ္မာထုတ္လုပ္မႈ အေတာ္အသင့္ရွိ၍ သစ္ႏွင့္ မီးေသြး ထုတ္လုပ္နိုင္ေသာ လမု၊ ကနစို၊ စေသာ ဒီေရေတာမ်ား လည္း ရွိသည္။
ဧရာဝတီတိုင္းေဒသႀကီး၏ နာမည္ႀကီးေသာ အျခားလုပ္ငန္းတစ္မ်ိဳးမွာေရထြက္ပစၥည္း လုပ္ငန္း ျဖစ္သည္။ ျမစ္ေခ်ာင္းအင္းအိုင္ အမ်ားအျပားရွိ၍ သားငါးပုစြန္ေပါေပါမ်ားမ်ား ထြက္သျဖင့္ ငါးပိ၊ ငါးေျခာက္၊ ပုစြန္ ေျခာက္လုပ္ငန္းမ်ားလည္း အႀကီးအက်ယ္ လုပ္ကိုင္ၾကသည္။ ေရခ်ိဳငါးဖမ္းလုပ္ငန္းအျပင္ ပင္လယ္ငါးဖမ္း လုပ္ငန္းကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ကိုင္ၾကသည္။ ၾကက္၊ ဘဲေမြးျမဴေရး လုပ္ငန္းမ်ားလည္း ဖြံ့ၿဖိဳး သည္။ လပြတၱာၿမိဳ႕နယ္မွ ငါးပိငါးေျခာက္ ပုစြန္ေျခာက္လုပ္ငန္းအျပင္ ဆားလုပ္ငန္းကိုလည္း ႀကီးႀကီး က်ယ္က်ယ္လုပ္ကိုင္ၾကသည္။
ခ်ည္ထည္လုပ္ငန္း၊ သင္ျဖဴး၊ သင္ဖ်ာလုပ္ငန္းမ်ားလည္း ဧရာဝတီတိုင္းေဒသႀကီးအတြင္း လုပ္ကိုင္ၾကသည္။ ပုသိမ္ၿမိဳ႕မွ ပုသိမ္ထီးလုပ္ငန္းကလည္း နိုင္ငံျခားဧည့္သည္မ်ား စိတ္ပါဝင္စားေသာ လုပ္ငန္းတစ္ခုျဖစ္သည္။ ျမန္ေအာင္ေရနံလုပ္ငန္းႏွင့္ ႀကံခင္းဘိလတ္ေျမစက္႐ုံစီမံကိန္းတို႔သည္ ေအာင္ျမင္လ်က္ရွိသည္။ ပုသိမ္ၿမိဳ႕တြင္ မွန္ျပားစက္႐ုံလုပ္ငန္း တည္ေဆာက္ထားသည္။ တိုင္းအတြင္း စက္႐ုံ၊ အလုပ္႐ုံ ၅၀ နီးပါးရွိရာဆန္စက္ ႏွင့္ လၽွပ္စစ္ဓာတ္အားေပးစက္မ်ားက အမ်ားစုျဖစ္သည္။
ပညာေရး
ဧရာဝတီတိုင္းေဒသႀကီဂအတြက္ ေဒသေကာလိပ္ကို ပုသိမ္ၿမိဳ႕တြင္ ၁၉၇၆ ခုႏွစ္က စတင္ဖြင့္လွစ္ ခဲ့ၿပီးေနာက္ ၁၉၇၈ ခုႏွစ္တြင္ ဟသၤာတၿမိဳ႕၌ ေဒသေကာလိပ္တစ္ခု ထပ္မံဖြင့္လွစ္ ေပးခဲ့သည္။[၃]
တကၠသိုလ္ႏွင့္ ေကာလိပ္မ်ား
ပုသိမ္တကၠသိုလ္
ဟသၤာတတကၠသိုလ္
မအူပင္တကၠသိုလ္
ပုသိမ္ပညာေရးေကာလိပ္
ဘိုကေလးပညာေရးေကာလိပ္
ေျမာင္းျမပညာေရးေကာလိပ္
ပုသိမ္နည္းပညာတကၠသိုလ္
ဟသၤာတနည္းပညာတကၠသိုလ္
မအူပင္နည္းပညာတကၠသိုလ္
ပုသိမ္ကြန္ပ်ဴတာတကၠသိုလ္
ဟသၤာတကြန္ပ်ဴတာတကၠသိုလ္
မအူပင္ကြန္ပ်ဴတာတကၠသိုလ္
ကိုးကား
ေနျပည္ေတာ္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားရွိ ခရိုင္၊ ၿမိဳ႕နယ္၊ ၿမိဳ႕၊ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ ေက်းရြာ ဦးေရ စာရင္းခ်ဳပ္ (၁၆. ၂. ၂၀၁၆)
D.P.S. MYANMAR GUIDE MAP. 2000.
စြယ္စုံက်မ္းႏွစ္ခ်ဳပ္(၁၉၇၉)
စြယ္စုံက်မ္းႏွစ္ခ်ဳပ္(၁၉၇၈)
စြယ္စုံက်မ္းႏွစ္ခ်ဳပ္(၁၉၈၂)
OK
ပုသိမ် ၃၂ မြို့
ပုသိမ်မြို့နှင့် အရန်မြို့ပေါင်း သုံးဆယ့်တစ်မြို့ ဖြစ်သည်။ နယ်နိမိတ်မှာ ရှေ့ကို ဇရွံ၊ တောင်စွန် အာလိန်၊ အနောက်ကို မိုးတိမ်ပြင်ရွာတိုင်၊ မြောက်ကို ကြန်ကင်း ပရှင့်ချောင်းထိ ဖြစ်သည်ဟု ဆိုကြသည်။
သက္ကရာဇ် ၁၁၄၅ ခုနှစ် တွင်ကောက်ယူထားသော စစ်တမ်းများအရ...
ရှေးအခေါ် ယခုခေတ်အခေါ်
၁။ ကျိုက်စတည်မြို့ ဟိုင်းကြီး
၂။ ကျိုက်သရဲမြို့ မော်တင်
၃။ ကျိုက်ခရံမြို့ ဘုရားလှကျုံကူး
၄။ ကျိုက်ထူပါရုံကမ်းဖြူမြို့ မြစ်တရာ
၅။ ကျိုက်ဇလတမော်မြို့ သမံဒေဝကျောက်သင်္ဘော
၆။ ကျိုက်ပဒေါမြို့ ပန်းမမြစ်တာ-ပန်းမဝတီ
၇။ ကျိုက်အမွန်မြို့ ဆိပ်ကြီး
၈။ ကျိုက်ဝှန်မြို့ ကျုံတုံးကံကြီး
၉။ ကျိုက်ဇလဲထော် မြောင်းမြမြို့ဟောင်းရာ
၁၀။ ဆိပ်ကြီး မြောင်းမြ
၁၁။ ကျိုက်မိမြို့ သစ်ရောင်းချောင်း
၁၂။ ကျိုက်ဒေါမြို့ တကောင်း
၁၃။ ကျိုက်ပိကျုံတရော် ကျုံပျော်
၁၄။ ကျိုက်မော်ဓောထလျော် ထောင်လုံ
၁၅။ ကျိုက်သထောမြို့ ရေကြည်ပန်းတော
၁၆။ ကျိုက်ပတည် သာရဝေါမြို့ မြို့ကွင်း (ဟင်္သာတ)
၁၇။ ဘုးရားကြီးသံသေတံခွန်မြို့ ဒံဘီ
၁၈။ ကျိုက်တုံလုံထောမြို့ မြန်အောင်
(ကျန်ကင်း၊ ပရှင့်ချောင်း တရုတ်မော်မြို့ထိ)
၁၉။ ကျိုက်ပြိုတောင်မြို့ ကျိုက်ထော် (အင်္ဂပူ-အုတ်ဖို)
၂၀။ ကျိုက်မူသုနန္ဒမြို့ မန်းကြာ
၂၁။ ကျိုက်တောင်တော်မြို့ ပန်းတောကြီး (လေးမျက်နှာ)
၂၂။ ကျိုက်မင်းပတောမြို့ ကျောက်ချောင်းကလေး (သီတာ)
၂၃။ ကျိုက်အဝှန်ကျုံတုံးမြို့ ဘိုးတော်ဘုရားကြီး
၂၄။ ကျိုက်ခရံဂဟေနံမြို့ ခေနံ
၂၅။ ကျိုက်သတောမြို့ ခသောဒရှာ (ဘုရားကုန်း)
၂၆။ ကျိုက်ခတောတုံမြို့ ထန်းဘူး
၂၇။ ကျိုက်ခရံထောကျိုက်ဖြူမြို့ သိမ်းချောင်း (သာပေါင်း)
၂၈။ ကျိုက်နံကလံတနပဝေါရိမြို့ ကျောက်ချောင်းကြီး
(ကျိုက်တံတလံတဝေါမြို့)
၂၉။ ကျိုက်တည်မုေဋ္ဌာသမြင်တုံးမြို့ ပန်းတနော်
၃၀။ ကျိုက်သလွန်မွန်ဒေါင်းဖြူမြို့ ဓနုဖြူ
၃၁။ ကျိုက်အနန္ဒပူရမြို့ ညောင်ပင်ရွာ-ဇရွံ တို့ဖြစ်ကြသည်။
ယနေ့ ပုသိမ်ခရိုင် တစ်ခုလုံး၊ ဟင်္သာသခရိုင် တစ်ခုလုံးနှင့်
မြောင်းမြနှင့် မအူပင်ခရိုင်များမှ နေရာအချို့ပါဝင်နေပါသည်။
ပုသိမ်မြို့အကြောင်း
၁။ မွန် ၃-ရပ်နှင့် ပုသိမ်မြို့
ကျောက်စာလာစကားများအရလည်းကောင်း၊ ကျမ်းဂန်များအရလည်းကောင်း၊ မွန်တိ မွန်စ မွန်ည ဟူသော မွန်သုံးရပ်တို့ အချင်းချင်း အညမည ပေါင်းစပ်သောအားဖြင့် တိုင်းဖွဲ့အပ်သော ရာမညတိုင်းဟု နာမပညတ် သမုတ်အပ်သည့် -
(က) တိဂုံ၊ ဒလ စသော ရာမညတိုင်း အစိတ် (မွန်တိ)
(ခ) သထုံ၊ မုတ္တမ စသော ရာမညတိုင်း အစိတ် (မွန်စ)
(ဂ) ပုသိမ်၊ မြောင်းမြ စသော ရာမညတိုင်း အစိတ် (မွန်ည)
တို့တွင် မွန်တိ မွန်စ ဟူသော တိဂုံ၊ ဒလ၊ သထုံ၊ မုတ္တမ တို့နှင့် အညမညဖြစ်သောကြောင့် (မွန်ည) ဖြစ်သော တိုင်းအစိတ်၏ ဗဟိုချက်ချာ မင်းစံရာ နေပြည်တော်၊ ကုသိမရဋ္ဌ ကုသိမနဂရ (ကုသိမ်-ကော့စမိန်) စသည်ဖြင့်၊ မွန်ဘာသာဖြင့် သမုတ်ခဲ့သော ယနေ့ပုုသိမ်မြို့ပင်ဖြစ်သည်။
၂။ ပုသိမ်မြို့ကို အမည်အမျိုးမျိုး သတ်မှတ်ကြပုံ
အတိသဉ္ဇာမဂရ။ ။ ဘုရားအလောင်းတော် သူတော်ကောင်းတို့ မွေ့လျော်ရာ အဓိကရဌာန ဖြစ်ခဲ့ကြောင်းကို ရဟန္တာအရှင်မြတ်တို့ ညွှန်ပြအပ်သဖြင့် ပထမတွင် အတိသဉ္ဇနဂရ ဟုခေါ်တွင်ခဲ့သည်။
ကုသိမရဋ္ဌ- ကုသိမနဂရ- ကုသိမ်မြို့။ ။ သာသနာသက္ကရာဇ် ၅၅၀-ပြည့်နှစ်တွင် သရေခေတ္တရာပြည်၊ ငတပါးမင်း၏ မြေးတော်ရန်မုက္ခမင်းလက်ထက် သီဟိုဠ်ကျွန်းတွင် ဒုမ္ဘိက္ခန္တရကပ်ကြီးဆိုက်သဖြင့် ရဟန္တာမြောက်မြားစွာတို့ ပုသိမ်သို့ ကြွရောက်လာရာ အချို့ကပုသိမ်မြို့တွင် သတင်းသုံးတော်မူကြ၍၊ များစွာသော ရဟန္တာအရှင်မြတ်များ သရေခေတ္တရာပြည် အရောက်ကြွရောက် သတင်းသုံးတော်မူကြသဖြင့် ရဟန္တာအရှင်မြတ်တို့ ကူးရောက်ရာ နိဗ္ဗာန်ကူးဆိပ်ဟု အဓိပ္ပါယ်ဖြင့် (ကုသိမရဋ္ဌ- ကုသိမနဂရ- ကုသိမ်မြို့) ဟုမှည့်ခေါ်ကြပြန်သည်။
ပုသိမနဂရ- ပုသိမ်မြို့။ ။ သက္ကရာဇ် ၅၃၃-ခုနှစ်တွင် ကုလားကျမင်းဟုအမည်တွင်ခဲ့သော မင်းယဉ်နရသိင်္ခ ပေါက္ကံပြည်ကို အုပ်စိုးစဉ်၊ ခမည်းတော်၏ရန်ဖက်ဖြစ်သော ပဋိက္ခရား ကုလားမင်းသည် ကုသိမရဋ္ဌမြို့ကို ခံမြို့အဖြစ်ဘုရင်ခံ အုပ်စိုးစေလျက်၊ မြို့ကိုအခိုင်အလုံ တည်ဆောက်ရာတွင် စစ်ရေးပြိုင်ရသည့်အခါနှင့် လျော်ကန်အောင် ဗေဒင်ကျမ်းကြီးအမျိုးမျိုးနှင့် ညှိနှိုင်းဝေဖန်ကာ၊ ရန်ဂြိုဟ်ဖြစ်သော (က) နှင့် (သ) မှ၊ ဥဒါသိန်မည်သော (ပ) နှင့် (သ) တို့၊ ပညာရှိ အစုံအလင်ပြင်ဆင်၍ သက္ကရာဇ် ၅၃၆- ခုနှစ်တွင် မော်ကွန်းစိုက်ထူကြောင်း၊ ရှေးစာဟောင်းရွှေတိုက်စစ်တမ်းတွင် ပါရှိသည့်အတိုင်း ကုသိမနဂရ- ကုသိမ် မှ ပုသိမနဂရ- ပုသိမ် သို့ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။
ပသီမြို့။ ။ သက္ကရာဇ် ၅၈၃ မှ ၅၉၅ ခုနှစ်အထိ ပုသိမ်ကိုအုပ်စိုးကြသော ကုလားမင်းများ လက်ထက်တွင် မူလအမည် ပုသိမ်မြို့မှ ပသီမြို့ဟု ပြောင်းလဲခေါ်ဝေါ်အုပ်စိုးခဲ့ကြသည်။
ပုသိမ်မြို့။ ။ ကုလားမင်းများကို တိုက်ခိုက်အောင်နိုင်၍ သက္ကရာဇ် ၅၉၅ မှ ၆၂၅ ခုနှစ်အထိ အုပ်စိုးခဲ့သော မွန်မင်းများ လက်ထက်တွင် ပသီမြို့အမည်ကို ဖျောက်၍ ပုသိမ်မြို့အမည်နှင့် ဆက်လက်အုပ်စိုးခဲ့ကြသည်။
နာဂဝုလ္လာ။ ။ တနည်းခေါ် နဂရဝေပုလ္လ။ သက္ကရာဇ် ၆၂၅ ခုနှစ်နောက်ပိုင်းတွင်၊ သာယာဝပြောမှုကို အကြောင်းပြု၍ ခေါ်သွင်ခဲ့ကြသည်။
ကော့သမိန်-ကော့စမိန် (cosmin)။ ။ သက္ကရာဇ် ၉၄၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၅၈၆ ခုနှစ် နိုဝင်ဘာလတွင် ပုသိမ်ရောက် အနောက်တိုင်းသားခရီးသည် (Ralf Fitch) ရပ်ဖစ်(ချ်) ၏မှတ်တမ်းအရ၊ မွန်ဘာသာအခေါ် ကော့သမိန်ကို အနောက်တိုင်းသားအသံဖြင့် ကော့စမိန် (cosmin) ဟုခေါ်ဝေါ်ခဲ့ကြသည်။
သို့ရာတွင် ပုသိမ်ဟူသော အမည်မှာ အထင်အရှား အခိုင်အမာဆုံးဖြစ်၍၊ ယနေ့ထိဆက်လက် ခေါ်ဝေါ်လျက်ရှိသည်။
၃။ ပုသိမ်မြို့ကို နိဗ္ဗာန်ကူဆိပ်ဟု အမှတ်ပြုကြပုံ
(၁) သာသနာသက္ကရာဇ် ၅၅၀ ခုနှစ်တွင် သီဟိုဠ်မှ ရဟန္တာအရှင်မြတ်များ ပုသိမ်မြို့ကို ကြွလာတော်မူခဲ့ကြခြင်း။
(၂) သာသနာသက္ကရာဇ် ၉၄၆ ခုနှစ်တွင် အရှင်မဟာဗုဒ္ဓဃောသသည် ပုသိမ်မြို့ (အသည်ကြီး ရွေးဗိုလ်တပ်အနီး) ဘင်္ဂလားသင်္ဘောဆိပ်မှ သီဟိုဠ်ကျွန်းသို့ကူး၍ စတုတ္ထသင်္ဂါယနာတင် သီဟဠဘာသာရေး ပေမူရင်း ပိဍကတ်တော်သုံးပုံကို မာဂဓဘာသာဖြင့် ပြန်ဆိုရေးကူး ပင့်ဆောင်တော်မူခဲ့ခြင်း။
(၃) သာသနာသက္ကရာဇ် ၁၇၁၅ ခုနှစ်၊ သက္ကရာဇ် ၅၄၂ ခုနှစ်တွင် ပုဂံဘုရင် နာရပတိစည်သူ၏ မင်းဆရာဖြစ်တော်မူသည့် သဒ္ဓမ္မဇောတိပါလမထေရ်မြတ်သည် ငယ်ရွယ်စဉ်အခါ ဆပဒသာမဏေ အမည်တော်ဖြင့် ဆရာဖြစ်သူ အရှင်ဥတ္တရဇီဝမထေမြတ်နှင့် အတူ ကုသိမ်မြို့(ပုသိမ်မြို့) သင်္ဘောဆိပ်မှ သီဟိုဠ်ကိုကူးတော်မူ၍၊ ပဉ္ဇင်းခံပြီး ပိဍကတ်ကျမ်းဂန်များကို သင်ကြားတတ်မြောက်ပြီးမှ ပုသိမ်ကိုသင်္ဘောဖြင့်ရောက်လာရာ ဝါဆိုကာနီးဖြစ်နေသဖြင့် ပုသိမ်မြို့တွင်ပင်ဝါဆိုပြီး၊ ဝါကျွတ်၍ ပဝါရဏာပြုပြီးမှ ပုဂံသို့ကြွတော်မူသည်။
(၄) သက္ကရာဇ် ၆၂၅ ခုနှစ်နောက်ပိုင်းတွင် ပုသိမ် ၃၂ မြို့သခင်သမုဒ္ဒဃောသ နှင့် ဥမ္မာဒန္တီတို့ လက်ထက်တွင် မြန်မာပြည်နှင့်သီဟိုဠ် ရဟန္တာအရှင်မြတ်များရော၊ လူဒါယကာများပါ ကူးခတ်သွားလာ သာသနာတော် အရောင်တောက်ပြောင် ယှက်ကူးစေခဲ့ခြင်း။
(၅) သက္ကရာဇ် ၇၉၁ ခုနှစ်၊ အင်းဝနန်းစံ သတိုးမင်းဖျားလက်ထက်တွင် သီဟိုဠ်ကျွန်းမှ အရှင်သီရိသုဓမ္မရာဇာဓိပတိနှင့် အရှင်သီရိသီဟဠမဟာသာမိ အရှင်နှစ်ပါးတို့သည် သရီရဓာတ်တော်စစ် ၅ ဆူနှင့်တကွ ပုသိမ်မြို့သို့သင်္ဘောနှင့် ကြွလာတော်မူခဲ့ခြင်း။
(၆) ရာမာဓိပတိဘွဲ့တော်ရသော ဓမ္မစေတီမင်းသည် မဇ္ဈိမတွင် ဗုဒ္ဓသာသနာတော် အခြေအနေ စုံစမ်းရေးအတွက် သက္ကရာဇ် ၈၄၃ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်နေ့တွင် တစ်ကြိမ်။ ဥပသမ္ပဒကံ ယုံးမှားမရှိရအောင် သိမ်အဆုံးအဖြတ် စင်ကြယ်စေရေးအတွက် သီဟိုဠ်ကျွန်းသို့ သက္ကရာဇ် ၈၃၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် သင်္ဘောနှစ်စင်းနှင့် တစ်ကြိမ် ပုသိမ်ဆိပ်ကမ်းမှ သင်္ဘောစေလွှတ်ခဲ့ဖူးခြင်းတို့ကြောင့် နိဗ္ဗာန်ကူးဆိပ်ဟု အမှတ်ပြုခဲ့ကြ၏။
#C0py
Tin mg hl
ဧရာဝတီတိုင်းဒေသကြီး
မြို့တော် ပုသိမ်မြို့
ဧရိယာ ၁၃,၅၆၇ စတုရန်းမိုင် km²
လူဦးရေ ၆,၆၆၃,၀၀၀
လူမျိုးများ ဗမာ၊ ရခိုင်၊ ကုလား၊ ကရင်
ဘာသာတရားများ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ ဗမာနှင့်ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာစကား ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ အကျယ်အဝန်းမှာ ၁၃,၅၆၇ စတုရန်းမိုင် ဖြစ်၍ မြို့နယ် ၂၆ မြို့နယ် ဖြင့် ဖွဲ့စည်းထားသည်။
မာတိကာ
၁ ပထဝီဝင် တည်နေရာ
၂ ရာသီဥတု
၃ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
၃.၁ ခရိုင်များ
၃.၂ မြို့နယ်ရုံးစိုက်ရာမြို့များ
၃.၃ အခြား မြို့ရွာများ
၄ စိတ်ဝင်စားဖွယ်နေရာများ
၅ လမ်းပန်းဆက်သွယ်ရေး
၅.၁ တံတားများ
၆ စီးပွားရေး
၇ ပညာရေး
၇.၁ တက္ကသိုလ်နှင့် ကောလိပ်များ
၈ ကိုးကား
ပထဝီဝင် တည်နေရာ
ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများ လင်္ကျာရစ်အားဖြင့် အနောက်မြောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး နှင့် အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြားတွင်တည်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးသည် မြေပြန့် မြေကျယ်ပေါများ၍ မြစ်ချောင်းများလည်း ကွန်ခြာသဖွယ် ယှက်သန်းနေ ကြသည်။ သို့သော် ရခိုင်ကမ်းမြောင်ဒေသအောက်ပိုင်းနှင့် ရခိုင်ရိုးမတောင်ထိပ်ကြောင့်အရှေ့ ဖက်ပိုင်းတို့လည်း တစ်စိတ်တစ်ဒေသပါဝင်သည်။
ရာသီဥတု
ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
ဧရာဝတီတိုင်းဒေသကြီးမြေပုံ
ခရိုင်များ
ဧရာဝတီတိုင်းဒေသကြီးအား ခရိုင် (၆) ခုဖြင့် ဖွဲ့စည်းထားသည်။
ပုသိမ်ခရိုင်
ဟင်္သာတခရိုင်
မအူပင်ခရိုင်
မြောင်းမြခရိုင်
ဖျာပုံခရိုင်
လပွတ္တာခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့များ
ခရိုင် ၆ ခုအား မြို့နယ် (၂၆) မြို့နယ်နှင့် မြို့နယ်ခွဲ ၇ ခုဖြင့် ဖွဲ့စည်းထားသည်။
ပုသိမ်ခရိုင်
ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ ငွေဆောင်မြို့နယ်ခွဲ၊ ငသိုင်းချောင်းမြို့နယ်ခွဲ။
ဟင်္သာတခရိုင်
ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်
မြောင်းမြခရိုင်
မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊
မအူပင်ခရိုင်
မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊
ဖျာပုံခရိုင်
ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ အမာမြို့နယ်ခွဲ
လပွတ္တာခရိုင်
လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲ
မြို့ပေါင်း (၃၉) မြို့၊ ရပ်ကွက်ပေါင်း (၂၇၃) ကွက်၊ ကျေးရွာအုပ်စု (၁၉၁၉) အုပ်စု၊ ရွာပေါင်း (၁၁၉၀၇) ရွာ ရှိသည်။ [၁]
အခြား မြို့ရွာများ
အိုင်သပြု
ရွေးကုန်
အဖျောက်
အသုတ်
ဘော်မိ
ဓမိ
ကဒုံကနိ
ခမောက်စု
ကွင်းကောက်
ကျိုက်လတ်
ကျုံးဒါး
ကျုံကဒွန်း
ကျုံမငေး
လူခေါင်းကျွန်း
ဆကာကြီး
တဂရက်
မြို့ကွင်း
နိဗ္ဗာန်
အုန်းပင်
ပသွယ်
ပြင်ခရိုင်
ပျဉ်ရွာ
စက္ကော့
စက်ဆန်း
ရှမ်းရွာ
ရှောပြာ
ရွှေလောင်း
ရွှေမြင်တင်
ရွှေတောင်မှော်
ဆင်မ
တောင်ကလေး
ရွာသစ်
သစ်ပြုတ်
သုံးခွ
ထူးကြီး
အင်ပင်
ရေလဲကလေး
ဇီးချိုင်
မဲဇလီကုန်း
မြင်းကကုန်း
ဒါးက
စိတ်ဝင်စားဖွယ်နေရာများ
ရွှေမုေဋ္ဌာဘုရား
ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်း
ချောင်းသာကမ်းခြေ အပန်းဖြေစခန်း
မော်တင်စွန်းဘုရား
[၂]
လမ်းပန်းဆက်သွယ်ရေး
မြန်မာနိုင်ငံ၏မြောက်ပိုင်း ကချင်ပြည်နယ်၌ မြစ်ဖျားခံသော ဧရာဝတီမြစ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းကာ မြစ်ခွဲချောင်းခွဲများစွာ ယှက်ဖြာ ထွက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြစ်ပေါ်စေလျက် ကပ္ပလီ ပင်လယ်ထဲသို့ စီးဝင်သည်။ သို့ဖြစ်၍ ရေလမ်းခရီးသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက လမ်းပန်းဆက်သွယ်ရေး ဖြစ်သည်။ မီးရထားလမ်း ဟူ၍ ကြံခင်း၊ ဟင်္သာတ၊ ပုသိမ်တစ်လမ်းတည်းသာ ရှိသည်။
လမ်းပန်းဆက်သွယ်ရေး ပို၍ချောမောစေရန် ပုသိမ်အနောက် ရှောပြာချောင်းသာ ကားလမ်းမကြီးကို ဖောက်လုပ်ခဲ့သည်။ ပုသိမ်မုံရွာကားလမ်းမကြီးသည် ထက်အောက် မြန်မာနိုင်ငံ ကူးလူးဆက်ဆံရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွင် အလွန်အသုံးကျ အရေးသည်။
တံတားများ
ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း)
ဧရာဝတီတံတား (ညောင်တုန်း)
ဒေးဒလူတံတား (ဖျာပုံ)
ဒေးဒရဲတံတား
ဂုံညင်းတန်းတံတား
ခတ္ထိယတံတား (မအူပင်)
ဒါးကတံတား (ဒါးက)
ကျောင်းကုန်းတံတား
မအူပင်တံတား
မြောင်းမြတံတား
နတ်ချောင်းတံတား (ဘိုကလေး)
ငဝန်တံတား (မြို့ကွင်း)
ငါးသိုင်းချောင်းတံတား
ဥတိုတံတား (ချောင်းသာ)
ဝါးခယ်မတံတား
ရာဇူဒိုင် အမှတ်-၁ (မော်ကျွန်း)
ရာဇူဒိုင် အမှတ်-၂ (မော်ကျွန်း)
ပုသိမ်တံတား
စီးပွားရေး
မြေဆီဩဇာကြွယ်ဝသော မြေနုကျွန်းပေါ်ဒေသဖြစ်၍ စပါး၊ မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ ကြက် သွန်၊ ပဲမျိုးစုံတို့ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသည်။ လယ်ယာလုပ်ငန်းသည် အဓိကစီးပွားရေးလုပ်ငန်း ဖြစ်၍ မြန်မာနိုင်ငံ၌ စပါးထွက်အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ ဂုန်လျှော်အများဆုံး ထွက်သောတိုင်းလည်းဖြစ် သည်။ အုန်းသီး၊ ငှက်ပျောသီး အထွက်နှုန်းလည်း အလွန်ကောင်းသည်။ တိုင်းအတွင်း၌ ကျွန်းနှင့် သစ်မာထုတ်လုပ်မှု အတော်အသင့်ရှိ၍ သစ်နှင့် မီးသွေး ထုတ်လုပ်နိုင်သော လမု၊ ကနစို၊ စသော ဒီရေတောများ လည်း ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၏ နာမည်ကြီးသော အခြားလုပ်ငန်းတစ်မျိုးမှာရေထွက်ပစ္စည်း လုပ်ငန်း ဖြစ်သည်။ မြစ်ချောင်းအင်းအိုင် အများအပြားရှိ၍ သားငါးပုစွန်ပေါပေါများများ ထွက်သဖြင့် ငါးပိ၊ ငါးခြောက်၊ ပုစွန် ခြောက်လုပ်ငန်းများလည်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ ရေချိုငါးဖမ်းလုပ်ငန်းအပြင် ပင်လယ်ငါးဖမ်း လုပ်ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြသည်။ ကြက်၊ ဘဲမွေးမြူရေး လုပ်ငန်းများလည်း ဖွံ့ဖြိုး သည်။ လပွတ္တာမြို့နယ်မှ ငါးပိငါးခြောက် ပုစွန်ခြောက်လုပ်ငန်းအပြင် ဆားလုပ်ငန်းကိုလည်း ကြီးကြီး ကျယ်ကျယ်လုပ်ကိုင်ကြသည်။
ချည်ထည်လုပ်ငန်း၊ သင်ဖြူး၊ သင်ဖျာလုပ်ငန်းများလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ကြသည်။ ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းကလည်း နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်အောင်ရေနံလုပ်ငန်းနှင့် ကြံခင်းဘိလတ်မြေစက်ရုံစီမံကိန်းတို့သည် အောင်မြင်လျက်ရှိသည်။ ပုသိမ်မြို့တွင် မှန်ပြားစက်ရုံလုပ်ငန်း တည်ဆောက်ထားသည်။ တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံ ၅၀ နီးပါးရှိရာဆန်စက် နှင့် လျှပ်စစ်ဓာတ်အားပေးစက်များက အများစုဖြစ်သည်။
ပညာရေး
ဧရာဝတီတိုင်းဒေသကြီဂအတွက် ဒေသကောလိပ်ကို ပုသိမ်မြို့တွင် ၁၉၇၆ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်တွင် ဟင်္သာတမြို့၌ ဒေသကောလိပ်တစ်ခု ထပ်မံဖွင့်လှစ် ပေးခဲ့သည်။[၃]
တက္ကသိုလ်နှင့် ကောလိပ်များ
ပုသိမ်တက္ကသိုလ်
ဟင်္သာတတက္ကသိုလ်
မအူပင်တက္ကသိုလ်
ပုသိမ်ပညာရေးကောလိပ်
ဘိုကလေးပညာရေးကောလိပ်
မြောင်းမြပညာရေးကောလိပ်
ပုသိမ်နည်းပညာတက္ကသိုလ်
ဟင်္သာတနည်းပညာတက္ကသိုလ်
မအူပင်နည်းပညာတက္ကသိုလ်
ပုသိမ်ကွန်ပျူတာတက္ကသိုလ်
ဟင်္သာတကွန်ပျူတာတက္ကသိုလ်
မအူပင်ကွန်ပျူတာတက္ကသိုလ်
ကိုးကား
နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
D.P.S. MYANMAR GUIDE MAP. 2000.
စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၉)
စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၈)
စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၂)
No comments:
Post a Comment