ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Diesel Common Rail အကြောင်း...Common Rail ဒီဇယ်စနစ်

Diesel Common Rail အကြောင်း
Common Rail ဒီဇယ်စနစ်က


နောက်ပိုင်းဒီဇယ်ကားတွေမှာ 
မဖြစ်မနေပါဝင်လာတဲ့ ဆီဖြန့်ဝေပေးမှုစနစ်ဖြစ်ပါတယ်။

 ဒီစနစ်ဟာ အရှေ့မှာထွက်ရှိခဲ့တဲ့ 
နည်းပညာတွေထက်သာလွန်ပြီး 
ဆီစားသက်သာမှု၊ ပါဝါပိုမိုကောင်းမွန်မှု၊
 Emission ထိန်းချုပ်နိုင်မှု 
စတဲ့ထိပ်တန်းအရည်အသွေးတွေကို ဖန်တီးပေးပါတယ်။

အထူးသဖြင့်
အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ
 Emission ကိုပိုမိုထိန်းချုပ်လာလို့
 Diesel Common Rail ကဒီဇယ်ကားတွေမှာ
 မဖြစ်မနေပါဝင်ရမယ့် စနစ်တစ်ခုဖြစ်လာပါတယ်။

 ဒီပို့စ်မှာ 
Diesel Common Rail နဲ့ပတ်သက်ပြီး
 ဒီစနစ်ဘယ်လိုအလုပ်လုပ်တယ်၊ 
ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာတွေကို
ဖော်ပြပေးချင်ပါတယ်။



အလုပ်လုပ်ပုံ

Common Rail စနစ်မှာ Injection Pressure Control ၊ Injection Rate Control ၊ Injection Timing Control ဆိုပြီးထိန်းချုပ်မှု ၃ ခုရှိတယ်။ အစိတ်အပိုင်းအနေနဲ့ဆိုရင် 

D4D Common Rail စနစ်မှာ Pump အပိုင်း၊ 
Common Rail အပိုင်း၊ 
Injector အပိုင်းဆိုပြီး

 ၃ ပိုင်းခွဲရင် ပိုမြင်လွယ်မယ်လို့ထင်ပါတယ်။ 

 Pump ကနေသင့်တော်တဲ့ Pressure တစ်ခုနဲ့
 Common Rail ထဲကိုဆီလွှတ်တယ်။
 Pump ကို ECU ကတိုက်ရိုက်ထိန်းချုပ်တယ်။
 ECU က Sensors တွေကနေ
ရရှိတဲ့အချက်အလက်တွေပေါ်အခြေခံပြီး 
Pump ရဲ့ Fuel Pressure ကိုထိန်းချုပ်တယ်။
 Pump မှာတပ်ထားတဲ့ Fuel Temperature Sensor နဲ့ Common Rail မှာတပ်ထားတဲ့ Fuel Pressure Sensor တွေကတဆင့် ECU ကအချက်အလက်တွေရယူတယ်။ ပြီးတော့မှ ကားရဲ့အရှိန် (Speed Sensor) ၊ လီဗာနင်းတဲ့ပမာဏ (Throttle Position Sensor)၊ စတဲ့အချက်တွေနဲ့ပူးပေါင်းတွက်ချက်ပြီး Pump ရဲ့ SCV (Suction Control Valve) ကိုသင့်တော်တဲ့ ဗို့အားပမာဏပေးပို့တယ်။ ဒီဗားကဆီပမာဏကိုထိန်းချုပ်တယ်။ Pump ကိုတော့ အင်ဂျင်ကနေ ၁အချိုး ၂ ပမာဏနဲ့ မောင်းနှင်တယ်။

Injection Pump အကြောင်းပြောရင်ရှည်သွားမှာစိုးလို့ နောက်ပို့စ်တွေမှာပဲရှင်းပြပါ့မယ်။ SCV ကဆီပမာဏကိုထိန်းချုပ်ပြီး ဒီဆီပမာဏက Common Rail ထဲကဆီဖိအားကိုထိန်းချုပ်တယ်။ ဒါကြောင့် Common Rail ထဲကဖိအားကို ECU က SCV ကနေတဆင့်ထိန်းချုပ်တယ်လို့ယူဆနိုင်တယ်။ ဒါက Injection Pressure Control ဖြစ်ပါတယ်။

Common Rail မှာ Pressure Limiter (pressure relief valve) နဲ့ Pressure Sensor တို့ရှိတယ်။ Pressure Sensor ကနေတဆင့် Common Rail ထဲကဆီဖိအားပမာဏကို ECU ကတိုင်းတာတယ်။

တကယ်လို့ဆီဖိအားပမာဏနည်းနေရင် ECU က SCV ကနေတဆင့်သင့်တော်သလိုထိန်းချုပ်တယ်။ တကယ်လို့ ဖိအားများနေရင် (200MPa ထက်များရင်) Pressure Limiter ကနေဆင့်ဆီတိုင်ကီထဲကို ဆီပြန်ပို့တယ်။

ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အင်ဂျင်ထဲမှာ Optimum Combustion ရသလို အင်ဂျင်ဆူညံသံကိုလည်း လျော့ချပေးတယ်။ Common Rail ထဲမှာ ဆီဖိအားပမာဏ 160 MPa လောက်အထိထိန်းသိမ်းထားနိုင်တယ်။ ဒီဖိအားမြင့်ဆီတွေကို Fuel Injector အားလုံးဆီကိုညီတူမျှတူထည့်သွင်းတယ်။ 

Injector ဆီဖြန်းတဲ့တိုင်ပင်ကို Injector ကိုယ်တိုင်ကပဲထိန်းချုပ်တယ်။ ဘယ် Injector က ဘယ်အချိန်မှာဆီပန်းရမယ်ဆိုတာကို Engine ECU က သက်ဆိုင်ရာ Injector ဆီကို ဗို့အားတစ်ခုပို့ပြီး ထိန်းချုပ်တယ်။ ဒါက Injection Timing Control ဖြစ်ပါတယ်။ Fuel Injector ကနေအင်ဂျင်ထဲကိုဆီပမာဏဘယ်လောက်ထည့်ရမလဲဆိုတဲ့ အချက်အလက်ကို Injector Opening Time နဲ့ထိန်းချုပ်တယ်။ ဒီ Injector Opening Time ကိုလည်း Engine ECU ကပဲထိန်းချုပ်ထားပါတယ်။ ဒါက Injection Rate Control ဖြစ်ပါတယ်။

Injection Pressure Control ၊ Injection Rate Control ၊ Injection Timing Control သုံးခုလုံးက သာမန် ဒီဇယ်ကားတွေမှာလိုတသမတ်တည်းမဟုတ်ပဲ ကားရဲ့အလျင်၊ လီဗာပမာဏ၊ ဆီဖိအားပမာဏ၊ ဆီအပူချိန်၊ လေအ၀င်ပမာဏ (Air Flow Rate) ၊ အင်ဂျင်အအေးခံရည်အပူချိန် (Coolant Temperature) စတဲ့ Sensor တွေကရတဲ့ အချက်တွေကိုအခြေခံပြီး တက်လိုက်ကျလိုက်ဖြစ်နေမယ်။ ဒီလိုလုပ်ပေးထားလို့ ဆီစားနှုန်းအနည်းဆုံး၊ Emission အနည်းဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်အောင်ဖန်တီးထားပါတယ်။ 

Common Rail ရဲ့အဓိကပြဿနာတွေ
အများအားဖြင့်ဆီမသန့်လို့ Pump ပျက်ခြင်း၊ Injector ပျက်ခြင်းတွေဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ မီးခိုးထွက်တာ၊ ရုန်းအားမကောင်းတာ၊ စက်သံကြမ်းလာတာ၊ အင်ဂျင်ဝိုင်ညစ်ပတ်လာတာ စတာတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုးပြဿနာတွေကြုံတွေ့လာရင် တိကျတဲ့အဖြေကိုပေးနိုင်တဲ့ စစ်ဆေးကိရိယာ Tester တွေလိုအပ်ပါတယ်။ Bosch Diesel Set 1 နဲ့ Bosch Diesel Set 3 တို့ကိုအသုံးပြုပြီး ဆီဖြန့်ဝေမှုစနစ်ကို စစ်ဆေးလို့ရပါတယ်။ Diesel Testing Set တွေမှာ Low Pressure Side နဲ့ High Pressure Side ဆိုပြီး နှစ်မျိုးခွဲထားတာကို သတိပြုဖို့လိုပါတယ်။

ဒီဇယ်ကားတွေမှာ Common Rail စနစ်ကြောင့် ဆူညံသံနဲ့တုန်ခါမှုတွေလျော့ကျသွားပြီး ဒီဇယ်အင်ဂျင်သံပိုညက်လာတယ်။ ဒါ့အပြင် Common Rail စနစ်ကြောင့် Combustion Efficiency ကောင်းလို့ Emission လျော့ကျလာပြီး သာမန်ဒီဇယ်ကားတွေထက် ဆီစားပိုသက်သာတယ်။ Common Rail ဒီဇယ်ကားတွေကိုဝယ်မယ်ဆိုရင် Premium Diesel ထည့်သုံးနိုင်ဖို့တော့လိုပါတယ်။ ဒါမှ ကားအင်ဂျင်၊ Injection Pump ၊ Common Rail ၊ Fuel Injector တွေကိုသက်တမ်းစေ့သုံးနိုင်မှာဖြစ်ပါတယ်။


Credit..... MV-TECH




Goodluck

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html