ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အလိမ်ပြည်သော ကြိုးများ နှင့် ခေါက်ရိုးကျိုးသူခိုးကြီးများ ( သို့  ) ဆယ်မရသော မြောင်ထဲက ဂုဏ်သိက္ခာ

အလိမ်ပြည်သော ကြိုးများ နှင့် ခေါက်ရိုးကျိုးသူခိုးကြီးများ ( သို့  ) ဆယ်မရသော မြောင်ထဲက ဂုဏ်သိက္ခာ ...

     အပိုင်း ( ၂  )

     (၅၃ ) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲလို့ ဖတ်လိုက်ရတော့ ၊အော်    မြန်မာ့ ကျောက်မျက်ရတနာပြပွဲ တွေလုပ်တာ (၅၃)ကြိမ်မြောက်ရှိပြီလို့ပဲ စိတ်ထဲက ရေရွတ်နေမိပါတယ် ။ တဆက်ထဲမှာပဲ အတွေးတစ်ခုပေါ်လာတယ် ။ဒီ (၅၃) ကြိမ်မြောက်ဆိုတာ ဘယ်အချိန်ကနေ စ ရေတွက်တာလဲ ပေါ့ ။ တပါတီ အာဏာရှင် ဗိုလ်နေဝင်း လက်ထက် ၁.၁၂.၁၉၆၄ ခုနှစ်က အင်းယားကန်  ဟော်တယ်မှာ စတင်ကျင်းပခဲ့တဲ့ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကနေ စ ရေတွက်တာပဲလားပေါ့ ။ခေါင်ရှုပ်ခံပြီး အကြိမ်အရေအတွက်တွေကို တွေးနေတာ အကြောငိးတွေရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွေရဲ့ မရိုးသားမှုတွေဟာ အဆမတန်ကြီးထွားလာပြီး နိုင်ငံတော်အတွက် နစ်နာမှုပမာဏ ဟာ များလွန်းလှပါတယ် ။အာဏာရှင် အဆက်ဆက်မှာ နိုင်ငံရဲ့ မြေပေါ် မြေအောက် ၊ရေပေါ်ရေအောက်တွေကို ပဲပြုတ်သည် ရွှေဆိုင်မန်နေဂျာ တက်လုပ်သလိုမျိုး ထင်သလို စီမံခန့်ခွဲမှုတွေကြောင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းသင့်သလောက် အကျိုးမဖြစ်ထွန်းခဲ့ပဲ အသိပညာ ၊အတတ်ပညာ ၊စိတ်ပိုင်း ရုပ်ပိုင်း အစစအရာရာ နောက်ကျ ကျန်ပြီး ဆင်းရဲတွင်း နက်နေတာ ယနေ့ချိန်ထိပါပဲ ။

      မြန်မာ့ကျောက်မျက်ရတနာပြပွဲတွေဟာ အာဏာရှင် ဦးနေဝင်း လက်ထက်မှာထက် အာဏာရှင် ဦးသန်းရွှေလက်ထက်မှာ ရုပ်ပျက်ဆင်းပျက်ကို ဆိုးဝါးခဲ့ပါတယ် ။ စစ်အာဏာရှင် (၂) ဦးဟာ နိုင်ငံတော်ရဲ့ ကျောက်မျက်တွင်းထွက်များနဲ့ ပတ်သက်ရင် ကိုယ်ကျိုးရှာတာချည်းပါပဲ ။ ၁၉၈၂ ခုနှစ် အာဏာရှင် ဦးနေဝင်း လက်ထက်မှာ ၁၂ ပေ ၊၆၅ပေ ၊ ၇၆ ပေ  (၃၃) တန်ရှိတဲ့ ခိုင်ကြင် ခိုင်ဆူး မှော်က ထွက်တဲ့ ကျောက်စိမ်းတုန်းကြီးနဲ့ ၊ ၁၇.၁၂.၁၉၉၃ ခုနှစ် အာဏာရှင် ဦးသန်းရွှေလက်ထက် ဆန်းကြွယ် ဖက်စပ်လုပ်ကွက် အမှတ် (၂) ကထွက်တဲ့ ၄၇ လက္မ ၊၃၀ လက္မ ၊၂၈ လက္မ  ၊ကျောက်သားဆင့်မြင့်အထည်သား ၊ခေါင်းပေါင်းအရည်ကြိုးပတ် (၁.၅) တန်ရှိ ကျောက်စိမ်းတုန်းကြီးများ ယနေ့အချိန်ထိ  ရှိနေပါသေးလားဆိုတာ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်ကြီးများမှလွဲ၍ ပြည်သူများမသိရှိရပါ ။

      ၁၉၉၇ ခုနှစ်များနောက်ပိုင်းတွင် ပြုလုပ်ခဲ့သော မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများသည် အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများအား ကုမ္မဏီ လုပ်ငန်းရှင်ကြီးများက  ပညာသားပါပါ လူပါးဝသော ပွဲများဆိုရင် မမှားပေ  ။ မည်သို့မည်ပုံ လူပါးဝသလဲ ဆိုတာကို သိရသလောက် အနည်းငယ်ပြေပြချင်ပါတယ် ။

         ၁၉၉၇ နောက်ပိုင်း အစိုးရမှ ရောင်စုံသူပုန်ဟု ခေါ်ခဲ့သော လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ  ဗိုလ်ခင်ညွန့်၏ ငြိမ်းချမ်းရေး ဆိုသော စကားလုံးကြီးအောက်တွင် အလုံးအရင်း နဲ့ ဝင်ရောက်လာခဲ့ကြပါတယ် ။အနှီ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဂ္ဂိုလ်များ  ရောက်ပါပြီ ဆိုကတည်းက မြန်မာပြည်မှာရှိတဲ့ မြို့ကြီးတွေမှာ ဒုစရိုက်လုပ်ငန်းတွေ စပြီးဖွံ့ ဖြိုးတော့တာပါပဲ ။ မူးယစ်းဆေးဝါး ၊ဝှစ်သောက်ကား ၊လက်နက်အရောင်းအဝယ် ၊ သစ်မှေင်ခို ၊သတ္တုမှောင်ခို ၊မိန်းကလေးအပျိုစင် အရောင်းအဝယ် ၊အနှိပ်ခန်း ၊ဖာခန်း စတာတွေဟာ ငြိမ်းချမ်းရေးနဲ့အတူ တစခန်းထလာတဲ့ ဒုစရိုက်လုပ်ငန်းကြီးတွေပါ ။ဗိုလ်ခင်ညွန့် ရဲ့ အပြင်မှာ သေနတ်သံမကြားရင်ပြီးရော ၊အပြင်မှာ   ငြိမ်းချမ်းရင်ပြီးရော့ အတွင်းမှာ ဘယ်လောက်သောင်းကျန်း သောင်းကျန်း ဆိုတဲ့ မူအရ  ထင်ပါရဲ့ ။  ငြိမ်းချမ်းရေး ဖခင်ကြီးသဖွယ် သူ့ကိုသူ ဘွဲ့တံဆိပ်တွေ အမျိုးမျိုးတပ်ခဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် တန်ခိုးသြဇားတောက်ပချိန်မှာ ပြည်တွင်းက လူငယ်တွေ ၊နိုင်ငံရေးသမားတွေ  ထောင်နန်းစံခဲ့ရသူတွေ မနည်းသလို ၊အသက်ပျောက်ရသူတွေလည်း မရေတွက်နိုင်အောင်ပါပဲ ။ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမှာ ကိုးကန့် ၊ ဝ ၊မိုင်းလား စတဲ့  အဖွဲ့တွေဟာ  ငွေကြေး အလွန်ချမ်းသာကြွယ်ဝပြီး  ဘိန်းသူဌေးတွေလို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက သမုတ်ခံထားရတဲ့ အဖွဲ့အစည်းတွေ လည်းဖြစ်ပါတယ် ။ ဘိန်းဘုရင်ခွန်ဆာရဲ့ လက်ဝေခံတွေအဖြစ်လည်း နာမည်ကြီးသူတွေဖြစ်ပါတယ် ။ ရောက်လွယ်အောင်ပြောရရင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုစစိတပ်ပိုင် ဦးပိုင် ကုမ္မဏီလိမိတက်နဲ့ ဝ ၊ကိုးကန့် ၊မိုင်းလား စတဲ့ငြိမ်းချမ်းရေးအုပ်စုတွေလက်ထဲ ထည့်ပေးလိုက်ရတာပါပဲ ။အဲဒီစီးပွားရေးလုပ်ငန်တွေတဲက ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ငန်းဟာ ဝ တွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တစ်ခုဆိုတာအသေအချာပါပဲ ။ နောက်ဆုံးတော့ ဗိုလ်ခင်ညွန့် ဟာ သူလုပ်တာတွေ ဟုတ်လှပြီထင်၊ဘဝင်တွေမြင့်ပြီး အောက်ခြေလွတ်နေချိန်မှာ ထောင်နန်းစံလိုက်ရတာဟာ မသေခင် ဝဋ္ဋ်လည်လိုက်တာပါပဲ ။

         ကျောက်စိမ်းလုပ်ကွက်တွေကို ချပေးရာမှာ နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက်နဲ့ ပုဂ္ဂလိက လုပ်ကွက်ဆိုပြီး  ပုံစံနှစ်မျိုးနဲ့ ချပေးပါတယ် ။ ဗိုလ်သန်းရွှေလက်ထက်က စပြီး ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီတွေ ပွပေါက်တိုးတာပါပဲ ။ စစ်ဗိုလ်ချုပ်တော်တော်များများဟာ ငွေဝယ်ကျွန်အဖြစ် အသုံးချလို့ ရနေခြင်းကြောင့်ပါ ။နိုင်ငံတော်နဲ့အကျိုးတူလုပ်ကွက်မှာဆိုရင် သတ္တုတွင်းဝန်ကြီဌာနကနေ  ဝန်ထမ်းတစ်ယောက် ခန့်အပ်ရပါတယ် ။ပုဂ္ဂလိက လုပ်ကွက်ကတော့ သတ္တုတွင်းဝန်ကြီးဌာနက ဘာဝန်ထမ်းမှ လွှတ်စရာမလိုဘူး ။ အကျိုးတူးလုပ်ကွက်တကွက်ကို ငွေဆယ်သိန်းကျော်ပဲ သွင်းရပြီးတော့ ပုဂ္ဂလိကလုပ်ကွက်ကတော် သိန်းတရာကျော်သွင်းရတယ်လို့ ကုမ္မဏီတော်တော်များများကို အကျိုးဆောင်ပေးသူတဦးထံမှ သိရပါတယ် ။

     နိုင်ငံတော်နဲ့ အကျိုးတူဆိုတဲ့ ကုမ္မဏီတွေဟာ သတ္တုတွင်းက စေလွှတ်လိုက်တဲ့ ဝန်ထမ်းကို ခါးပိုက်ထဲထည့်ပြီး အကျိုးတူလုပ်ကွက်က ထွက်သမျှ ကျောက်ကြီးကျောက်ကောင်းမှန်သမျှ ကားကြီးကားငယ်နဲ့ တရုတ်ပြည်ကို ခိုးထုတ်ပါတယ် ။ဒါတွေကို စစ်ဗိုလ်ချုပ်တွေမသိမဟုတ် ။ ကုမ္မဏီက တရုတ်ပြည်မှာ တစ်ဆယ်လောက်နဲ့ ရောင်းစားပြီး ငါးကျပ်ပဲရောင်းရတယ်လို့ပြောပြီး သူခိုးဝေစု နှစ်ကျပ်လောက်ရတာကို ကိုတော်ချောတွေက အဟုတ်ကြီးမှတ်ပြီး ကျေနပ်နေကြပါတယ် ။ပုဂ္ဂလိက လုပ်ကွက်ကျတော့ ရသမျှအကုန်လုံး
နီးပါး မှောင်ခိုလမ်းကနေ တရုတ်ပြည်ကို ပို့ပါတယ်  ။ ဖားကန့်မှာရှိတဲ့ မြေစာရင်း ၊ကျောက်စိမ်းရုံး စတဲ့ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး ကုမ္မဏီအားလုံးနီးပါး လုပ်ကွက်ဧရိထက် ကျော်နင်းပြီးတူးပါတယ် ။တစ်ချို့ကုမ္မဏီ လုပ်ကွက် (၂) ကွက်လောက်ကျတာကို တောင်ကြီးတစ်တောင်လုံးတူးပါတယ် ။ လုံးခင်း ကုတေရွာနားမှာပါ ။ဒီလောက်ပြောရင်တော့ ဖားကန့်လူတွေ သိကြပါတယ် ။သူတို့အကြောင်းပြတာက ရှေ့စားနောက်ပစ် တူးတဲ့ စနစ်ဆိုတာကြီးကို လက်ညှိုးထိုးပြပါတယ် ။

     လုပ်ကွက်ဆိုတာ စစ်ဗိုလ်ချုပ်တွေ လက်ထဲက ထွက်ပါတယ် ။ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီအမည်ခံတွေထောင်ပြီး ကောင်းပေ့ဆိုတဲ့ မှော်ကြီးတွေမှာ စိတ်ကြိုက်လုပ်ကွက်တောင်းပါတယ် ။ပြီးရင်ရောင်းစားပါတယ် ။သူတို့ပြဌားတဲ့ ဥပဒေ သူတို့ချိုးဖောက်ဆုံးပါ ။ ဘယ်လောက်ပဲ ရောင်းမစားရလို့ ဥပဒေက ဆိုသော်လည်း အပြင်မှာ လုပ်ကွက် တကွက်ကို သိန်းပေါင်းထောင်ဂဏန်းမှ သောင်းဂဏန်းထိရှိပါတယ် ။ အဲဒီလုပ်ကွက်တွေကို အများဆုံး ဝယ်ယူသူတွေဟာ ဝ အုပ်စုဖြစ်တဲ့ မြန်မာတကောင်း ၊ရာဇဌာနီ ၊တစ်သုံးလုံး ၊အောင်ဟိန်းမင်း စတဲ့ ကုမ္မဏီတွေကပဲ အများဆုံးဝယ်ပါတယ် ။ဝ အုပ်စုဟာ ဖားကန့်ဒေသမှာ ကျောက်စိမ်းကို အုပ်စုကြီး (၂) ခုဖွဲ့ပြီးတူးပါတယ် ။

တော်လှန်ရေးတပ်ဖွဲ့အတွင်းမှာ ဝ ဟာ လူအင်အား လက်နက်အင်အား အတောင့်တင်းဆုံးပါ။

မူးယစ်ဆေးဝါးနဲ့ အစပျိုးခဲ့ပြီးနောက် ကျောက်စိမ်းလုပ်ငန်းကိုသာ အဓိကထားလာတာ ဆယ်စုနှစ် တစ်ခု ကျော်လာပါပြီ။ ၎င်းတို့ရဲ့ ကျောက်စိမ်းရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် ၉၉% ဟာ တရုတ်တွေ ဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။

မြန်မာတိုင်းရင်းသားကုမ္ပဏီတွေပိုင်တဲ့ အကောင်းဆုံး ကျောက်စိမ်းမြေတွေကို မည်သို့မည်ပုံ လုပ်လိုက်သည်မသိ။ အကုန်နီးနီး ဝ ဆိုတဲ့အဖွဲ့ ပိုင် ကုမ္ပဏီအောက်ကို ရောက်သွားခဲ့ပါတယ်။ ကျောက်စိမ်းလုပ်ငန်း တစ်ခုလုံးရဲ့ ၅၀% ခန့်ဟာ ဝ တွေ ပိုင်ဆိုင်ထားပြီဖြစ်တယ်။

***တရုတ်တွေဟာ ဝ ဆီမှာ နာမည်ခံထားတာ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တိုင်းမှာ ပါဝင်ခြင်းဖြင့်  မြန်မာ့ ကျောက်စိမ်းမြေရဲ့ ၇၀% အထက်ကို တူးဖော် ပိုင်ဆိုင်ထားပြီဖြစ်တယ်။

#ဝ_ခေါင်းဆောင်များနှင့်_၎င်းတို့၏အကျိးတူများ
<<credit- Jade Jadeites>>
ဝ တွေဟာ အုပ်စုနှစ်ခုဖွဲ့ပြီး ဖါးကန့်ကျောက်စိမ်း
လုပ်ငန်းကိုအဓိကလုပ်ကိုင်နေ တာပါတယ်။

အုပ်စု (၁) ကတော့ ဝ ရဲ့စီးပွားဂိုဏ်းချုပ်ကြီး ဝေရှောက်ကန်း ရဲ့လုပ်ငန်းခွဲပါ။ ဒီ အုပ်စု (၁)မှာ ဝှေခါမှော်သစ်ကုန်းနှင့် မိုက်ကျဲအကျိုးတူလုပ်ကွက် နှစ်ခုက အဓိကပါ။ ရတနာရောင်ခြည်နှင့် ပူးပေါင်းပြီး အေးရှားဝေါ ရဲ့ မက်လင်ချောင်အကျိုးတူကိုလည်း အစုနဲ့ တူးပါတယ်။

နောက်တစ်ခုက ငိုးပင်းမှော်မှာရှိတဲ့ ရှယ်ကုမ္ပဏီရဲ့ ငိုးပင်း
အကျိုးတူ ကိုအစုနှင့်တူးပါတယ်။ အဲ့ဒါတွေအားလုံးကို ဦးလီမြင့်ကဦးစီးပါတယ်။ ဦးလီမြင့်ဆိုသူဟာ ဝ တပ်ဖွဲ့မှာ
တပ်မူးအဆင့် ရှိသူဖြစ်ပါတယ်။ ဝေရှောက်ကန်းရဲ့အ
ဓိကလူယုံပါ။

နောက်အုပ်စုတစ်ခုက ဦးပေါက်ယူချန်း ရဲ့ သမက်ဖြစ်တဲ့ အိုက်ဟော် ရဲ့အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုကို ရှောက်ဝမ် ဆိုတဲ့လူက ဦးစီးပါတယ်။ တစ်သုံးလုံးကုမ္ပဏီနှင့် ဝါကျဲအကျိုးတူလုပ်ကွက်တွေကို တူးပါတယ်။
လျန်လျမ်းကုမ္ပဏီအမည်နဲ့ မနားမှော်မှာ အကျိုးတူလုပ်ကွက်ကို တူးပါတယ်။
-------
ဝ ကုမ္မဏီတွေဟာ ခုချိန်မှာ မြန်မာစစ်တပ်နဲ့ KIA စစ်တပ်ကို လုပ်ကွက်စောင့်တွေအဖြစ်  ခေါ်ခိုင်းတာကိုကြည့်ရင် ခန့်မှန်းနိုင်လိမ့်မယ်လို့ပဲ ပြောပါရ
စေ ။

စာရှည်သွားလို့  အပိုင်း (၂) ကို ဒီမှာပဲ ရပ်ခွင့်ပြုပါ ။

  @@@ ပြပွဲတင်တဲ့ ကျောက်တွေဟာ ဘယ်လိုကျောက်တွေလဲ ?

@@@ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကျောက်တွေကို တရုတ်ပြည်ရောက်အောင် ဘယ်လိုပို့သလဲ ၊ဘယ်လမ်ကြောင်းက ပို့သလဲ ၊ဘယ်သူတွေပို့သလဲ ?

@@@ စစ်ဗိုလ်ချုပ်တွေ တရုတ်စီးပွားသမားများရဲ့ လှည့်ကွက်ထဲက ဘာကြောင့်မရုန်းထွက်နိုင်တာလဲ?

@@@ NLD အစိုးရသစ်က အရိုးနီးနီးသာ ကျန်တော့တဲ့ ငါးကင်လို ဖြစ်နေတဲ့ ဖားကန့်ကို ဘာလုပ်မှာလဲ?

@@@ချူဆွဲထားတဲ့ သယံဇာတ သူခိုးတွေကို NLD အစိုးသစ်က ဘယ်လိုများအရေးယူမလဲ ? 

အပိုင်း(၃) မှာ စောင့်မျှော်ဖတ်ရှုကြပါ မိတ်ဆွေတို့ .....

    ဇော်မိုးထက်အလိမ်ပြည်သော ကြိုးများ နှင့် ခေါက်ရိုးကျိုးသူခိုးကြီးများ ( သို့  ) ဆယ်မရသော မြောင်ထဲက ဂုဏ်သိက္ခာ ...

Writer by
    ဇော်မိုးထက်

https://www.facebook.com/132647240831281/posts/254964518599552/

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html