ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတွေရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Brake Booster

ကားတွေရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Brake Booster ဟာ ပျက်ခဲပေမယ့် ပျက်ရင်လည်း အတော့်ကို အန္တရာယ်များပြီး စရိတ်စက ကြီးမားတဲ့ ပစ္စည်းတစ်ခုပါ။ ဒီပစ္စည်းကို သေချာစွာ စမ်းသပ်စစ်ဆေးပြီးမှသာ ပျက် မပျက် အတည်ပြုသင့်ပါတယ်။

Brake Booster ဆိုတာ ယာဉ်မောင်းတွေ ဘရိတ်နင်းရအဆင်ပြေအောင် အားသိပ်စိုက်စရာမလိုပဲ ငြိမ့်ငြိမ့်လေး နင်းလို့ရအောင် ထည့်ပေးထားတဲ့ ပစ္စည်းပါ။ ကားတိုင်းမှာ ပါဝင်တယ်။ ပြီးတော့ ABS စနစ်နဲ့ တွဲထားတယ်။ System Diagram အရဆို Brake Booster ဟာ ဘရိတ်ခြေနင်းနဲ့ Master Cylinder ကြားမှာ တည်ရှိတာဖြစ်ပြီး အင်ဂျင်ထဲက ထွက်လာတဲ့ Vacuum ကိုအသုံးပြုကာ အလုပ်လုပ်ပါတယ်။ Brake Booster မကောင်းတော့ရင် ဖြစ်တတ်တဲ့ ပြဿနာလေးတွေရှိပါတယ်။

၁။ Brake Booster မကောင်းတော့ရင် အများဆုံး ကြုံရတဲ့ ပြဿနာက ဘရိတ်ခြေနင်းမာလာတာပါ။ အရင်လို ဘရိတ်ခြေနင်း နင်းလို့ မကောင်းတော့ပဲ မာတောင့်တောင့်ကြီးဖြစ်လာတာပါ။ တဖြေးဖြေးနဲ့ ခြေနင်းမာလာတာမျိုးရှိသလို ရုတ်တရက်ကြီး ဘရိတ်နင်းလို့ မကောင်းတော့တာမျိုးလည်း ကြုံတတ်ပါတယ်။ ချက်ချင်းမပြုပြင်ရင် အန္တရာယ်အလွန်များပါတယ်

၂။ ဘရိတ်မာလာတဲ့အပြင် ဘရိတ်မမိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်နင်းနေကျနေရာမှာ ဘရိတ်မမိတော့ပဲ ဘရိတ်ခြေနင်းကို ပိုနင်းရတာမျိုးကြုံတတ်ပါတယ်။ “မာလျှော” ဆိုတဲ့ ဗန်းစကားက ဘရိတ်က နင်းရခက်လာပြီး နင်းလိုက်ရင်လည်း တော်ရုံမမိတော့တာမျိုးပါ။ တချို့ပြဿနာတွေက ဘရိတ်ခြေနင်းတံကို Adjust လုပ်ရုံနဲ့ ပြေလည်သွားတတ်ပေမယ့် သေချာစစ်ဆေးဖို့တော့ လိုအပ်ပါတယ်။

၃။ ထူးခြားတဲ့ ပြဿနာကတော့ ဘရိတ်နင်းလိုက်တိုင်း အင်ဂျင်စက်သေသွားခြင်းပါ။ Brake Booster မကောင်းတော့ရင် အင်ဂျင်ထဲက Vacuum ကိုပိုယူပါတယ်။ ဒီအခါမှာ အင်ဂျင်က လိုအပ်တဲ့ လေပမာဏမရတော့ပဲ လေငတ်ပြီး စက်သေသွားတတ်ပါတယ်။ မပြုပြင်ရင် အင်ဂျင်ကိုပါ ထိခိုက်လာမှာပါ။

၎။ ABS မီးလင်းလာရင် ဒါဟာ ဘရိတ်စနစ်တစ်ခုလုံးမှာ ပြဿနာရှိနေတယ်လို့ ပြောခြင်းပါ။ ပြဿနာအများစုကတော့ ABS Speed Sensor တွေလဲလိုက်ရင် ကောင်းသွားတတ်ပါတယ်။ ABS Brake Booster မှာ ပြဿနာရှိရင် တခါတလေ ဒိုင်ခွက်ထဲက Speedometer ရပ်သွားတတ်တယ်။ မြားတံလေးက သုညမှာပဲ ကပ်နေတာမျိုးပေါ့…

ဘရိတ်စနစ်ကို စစ်ဆေးတဲ့အခါ ပထမဆုံး DTC ကုဒ်တွေကို လေ့လာဖို့လိုတယ်။ တခါတလေ ကုဒ်တွေထဲမှာကို ဘာပျက်တယ်ဆိုတာ တန်းရေးထားတယ်။ ဥပမာ - Speed Sensor Malfunction ဆိုတာမျိုးပေါ့။ နောက်တစ်ဆင့်ကတော့ Data List တွေ ကြည့်ဖို့ပါ။ ကားမောင်းစမ်းရင်း Chassis Data List ထဲမှာ စစ်ကြည့်လို့ရတယ်။

Brake Booster ပျက်ရင် ပေါ်လာတဲ့ ကုဒ်တွေထဲမှာ C 1252 ကုဒ်အကြောင်းလေး ပြောချင်ပါတယ်။ ဒီကုဒ်နဲ့ ကြုံရင် ပထမဆုံး အင်ဂျင်ကို စက်သတ်ပြီး ဘရိတ်ကို အကြိမ် ၂၀ လောက်နင်းပါ (သတိ၊ တချို့ကားတွေအတွက် သိပ်အဆင်ပြေတတ်လို့ Repair Manual မှာ ပြန်ကြည့်သင့်ပါတယ်)။ ပြီးရင် IG On ပြီး ဘရိတ်မော်တာ အလုပ်လုပ်သလား စစ်ဆေးပါ။ ဆက်တိုက်ချည်း အလုပ်လုပ်နေမယ်၊ လုံးဝ မရပ်တော့ဘူးဆိုရင် Brake Booster အုံကြီးတစ်ခုလုံး လဲဖို့ လိုအပ်ပါတယ်။

တကယ်လို့ မော်တာ လုံးဝ အလုပ်မလုပ်ဘူးဆိုရင်တော့..
ပထမဆုံး ဘရိတ်အုံမှာ တပ်ထားတဲ့ Screw ၂ ခုရှိတယ်။ အဲ့ ၂ ခုကို သတ်မှတ်ထားတဲ့ Torque ပမာဏ အတိုင်း ပြန်ကျပ်ပါ။ များသောအားဖြင့် 2.9 Nm လောက်ရှိတယ်။ Torque Wrench သုံးဖို့တော့လိုပါတယ်။ သတ်မှတ်ထားတဲ့ Torque အားအတိုင်းရှိပြီဆိုရင် ကြိုးတွေကို စစ်ရပါမယ်။ ပထမဆုံး ဘရိတ်အုံမှာတပ်ထားတဲ့ အနီ နဲ့ အနက်ကြိုးကို Resistance စစ်ဆေးပါ။ 2 Ohm ရှိရပါမယ်။ မရှိရင် ဘရိတ်အုံပျက်နေတာပါ။ လဲလိုက်တော့… တကယ်လို့ 2 Ohm ရှိတယ်ဆိုရင် Scan Tool ရဲ့ Data List က Accumulator Sensor တန်ဖိုးကို စစ်ပါ။ များသောအားဖြင့် 3 Volt နဲ့ 5 Volt ကြား ရှိနေတတ်တယ်။ သတ်မှတ်ထားတဲ့ အတိုင်း ရှိမနေဘူးဆိုရင် Master Cylinder Solenoid ဆိုတာရှိတယ်၊ အဲ့ဒါလဲရမယ်။ သတ်မှတ်ထားတဲ့ ပမာဏ အတိုင်းတော့ရှိတယ်။ ဒါပေမဲ့ ကားမောင်းစမ်းလည်း ဒီပမာဏက မပြောင်းလဲဘူးဆိုရင် Accumulator Sensor ကို လဲပေးရမယ်။

အခုလိုမိုးရာသီမှာ ဘရိတ်ဟာ ယာဉ်မောင်းအတွက်ရော ယာဉ်စီးနင်းသူတွေအတွက်ပါ သိပ်ကို အရေးကြီးတဲ့ ပစ္စည်းဖြစ်လို့ အထူးဂရုစိုက် ပြုပြင်ဖို့ လိုအပ်လှပါတယ်။

Writer by
MV-TECH
Ensuring the best

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html