ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အော်တိုဂီယာအခြေခံ အသေးစိတ်ဖော်ပြထားပါတယ်

အော်တိုဂီယာအခြေခံ

အခုဆို ပြည်တွင်းမှာ အော် တိုဂီယာကားတွေကို အသုံးပြုတဲ့ နှုန်းက များလာပါတယ်။ ဒါပေမဲ့ အော်တိုဂီယာနဲ့ပတ်သက်ပြီး အ ခြေခံသိထားသင့်တဲ့အချက်တွေ ကတော့ လူသိနည်းပါးနေပါသေး တယ်။

အဲဒါကြောင့် 7Day Cars ပရိသတ်အတွက် အော်တို ဂီ ယာနဲ့သက်ဆိုင်တဲ့ အခြေခံဗဟု သုတတွေကို ဖော်ပြပေးလိုက်ပါ တယ်။ အော်တိုဂီယာကားတစ်စီး မှာ P, N, D1, D2, R စသဖြင့် အင်္ဂလိပ်အက္ခရာအမျိုးမျိုးနဲ့ သတ်မှတ်ထားကြပါတယ်။

အခြေခံအနေနဲ့တော့ အများစုသိကြတာက ကားရပ်ထားရင် P၊ မောင်းနေရင် D၊ မီးပွိုင့်စောင့် ရင် N၊ နောက်ဆုတ်ရင် R လို့ တော့ မောင်းနှင်နေသူတိုင်းသိကြ ပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေ အနေမျိုးတွေမှာ ကားတစ်စီးရဲ့ ဂီယာတွေကို ပြောင်းလဲအသုံးပြု သင့်သလဲဆိုတဲ့ အချက်တွေနဲ့ ဂီယာတစ်ဆင့်ချင်းရဲ့ လုပ်ဆောင်ချက်တွေကိုတော့ လူသိနည်းကြ ပါတယ်။

အဲဒါကြောင့် ဂီယာတစ်ဆင့် ချင်းရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးပါမယ်။

P (Parking)

ကားပါကင်ထိုးထားရင် P ဆိုတဲ့ ဂီယာအဆင့်မှာ ထားပါ တယ်။ P Position ဂီယာမောင်း တံထားတယ်ဆိုရင် ကားမရွေ့ တော့ပါဘူး။ အော်တို ဂီယာ ဘောက်စ်အတွင်းမှာရှိတဲ့ ဂီယာ မိန်းရှပ်က (Output Shaft)Lockလုပ်ထားတဲ့ ပင်နယန် (Pinion)နဲ့ Lock Switch တို့ကြောင့် ဖြစ်ပါတယ်။ Lock Switch ဂီယာမောင်းတံကို P ကနေ ရွေ့လိုက်တာနဲ့ Lock အထိန်းဖြုတ်ပေးပြီး P ကို ပြန် ရောက်ရင် စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ပါတယ်။ ရပ်ထားချိန် မှာ ကားနေရာမရွေ့အောင် ထိန်း ပေးပါတယ်။

ဒါပေမဲ့ လမ်းအတက်၊ အ ဆင်းရှိနေတဲ့ ကားရပ်ထားမယ်ဆို ရင်တော့ လက်ဆွဲဘရိတ် (Par-king Brake/Hand Brake)ပါ သုံးသင့်ပါတယ်။ တချို့ကားမှာ တော့ Parking Brake က ခြေ နင်းအသေးလေးနဲ့ ဘယ်လက်မှာ ပါတတ်ပါတယ်။ ဂီယာမောင်းတံ ကို P မှာထားမှ သော့ဖြုတ်လို့ရ တဲ့ ကားတွေရှိသလို N (Neutral/ No gear မှာထားမှ သော့ဖြုတ်လို့ ရတဲ့ကားတွေလည်း ရှိပါတယ်။

R (Reverse)

Back Gear (နောက်ပြန် ဂီယာ)လို့ လူသိများတဲ့ ဂီယာဖြစ် ပါတယ်။ ကားနောက်ဆုတ်တဲ့နေ ရာမှာသာသုံးတဲ့ ဂီယာဖြစ်တယ်။ တချို့ အင်ဂျင်ပါဝါမြင့်တဲ့ ကား တွေမှာတော့ R1, R2 ဆိုပြီး နောက်ဆုတ်ဂီယာနှစ်ဆင့်ပါ တတ်ပါတယ်။

N (Normal/Natural/ No Gear)

ဖရီးဂီယာဖြစ်ပါတယ်။ ပုံမှန် အဆင့်မှာသာရှိနေပြီး အော်တို ဂီယာကားကို လီဗာဘယ်လောက်ပဲနင်းပါစေ ဂီယာအဆင့် တက် မလာစေတဲ့ ဂီယာ အမျိုးအစား ဖြစ်ပါတယ်။ Normal Gear, Natural Gear, No Gear, Free စတဲ့အခေါ်အဝေါ်အမျိုးမျိုးနဲ့ ခေါ် ကြပါတယ်။

D (Drive)

ကားကို ရှေ့သို့မောင်းနှင်နေ စဉ်မှာ ဂီယာနံပါတ် (၁)က စပြီး မောင်းနှင်တဲ့မြန်နှုန်းနဲ့ လိုက်ဖက် တဲ့ ဂီယာနံပါတ်တွေကို ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ ဂီယာကို အဆင့်ဆင့် အတိုးအလျှော့လုပ်ပြီး ပြောင်းလဲနိုင်ဖို့အတွက် ECU စနစ်၊ TPS စနစ်၊ Speed Meter Sensor စတဲ့ကားမောင်းနှင်မှုဆိုင် ရာ အာရုံခံစနစ်နဲ့ ထိန်းချုပ်စနစ် တွေက အဆင့်ဆင့်လုပ်ဆောင်ပါတယ်။

ECT

ဂီယာဘောက်စ် (သို့မဟုတ်)Dashboard ပေါ်မှာ တပ်ဆင် ထားတဲ့ ခလုတ်အဖြစ် တွေ့ရ တတ်ပါတယ်။ ဂီယာနဲ့ပတ်သက် တဲ့ စနစ်တစ်ခုကို ဖွင့်ပိတ်လုပ် ဆောင်တာ ဖြစ်ပါတယ်။ Ele-ctrically Control Transmission လို့ အရှည်ခေါ်ပါတယ်။

ဒီစနစ်ကို ဖွင့်ထားမယ်ဆိုရင် ဂီယာနံပါတ်တွေက (၁)က (၃)အထိ (သို့မဟုတ်) (၁)က (၂)အပြောင်းအလဲ လုပ်ဆောင်ပေး ပါတယ်။ တောင်တက်တောင် ဆင်း အနိမ့်အမြင့်မညီတဲ့နေရာ တွေ၊ Offroad မောင်းနှင်တာ၊ Sport မောင်းတာတွေမှာ အသုံးဝင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဆီးနှင်းထူထပ်တဲ့ နိုင်ငံတွေမှာ တော့ နှင်းတောထဲအထိ မောင်းနိုင်တဲ့ ECT Snow ဆိုတဲ့ စနစ်ကိုပါ တပ်ဆင်ထုတ်လုပ်ပေးထားပါ တယ်။ ဆီစားနှုန်းများစေတဲ့ စနစ် တစ်ခုဖြစ်ပါတယ်။

L

L ဆိုတာကတော့ ဂီယာ ဘောက်စ်မှာ တွေ့ရတတ်ပါ တယ်။ Low ဆိုတဲ့ ဂီယာအနိမ့် တစ်မျိုးတည်းနဲ့သာ မောင်းနှင်တဲ့ စနစ်ဖြစ်ပါတယ်။ ဂီယာနံပါတ် (၁)တစ်ခုတည်းဖြင့် မောင်းနှင်နေ တာဖြစ်ပါတယ်။ ကားပေါ်မှာ ကုန်ဝန်များနေတာ၊ ရွှံ့ထဲကျွံတာ စတဲ့ ကားရုန်းကန်အားသုံးနေရချိန်မှာ ဒီဂီယာအဆင့်ကို ထိုးထားပြီး သုံး ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

N & P

ဒီဂီယာအဆင့်တွေကတော့ ကားရပ်နားထားချိန်မှစပြီး စက် ပြန်နှိုးချိန်အထိ သုံးထားရမယ့် ဂီယာအဆင့်ဖြစ်ပါတယ်။ N ဆို တာက Normal ကိုဆိုလိုပြီး P ဆို တာကတော့ ပါကင်ဂီယာကိုဆို လိုပါတယ်။ အော်တိုဂီယာကား တွေမှာ N (သို့) P ဆိုတဲ့ ဂီယာ အဆင့်မှာရှိနေမှသာ ကားစက်နှိုး လို့ရနိုင်ပါတယ်။

OD On/Off

နောက်ထပ် လူသိနည်းတဲ့ ဂီယာဘောက်စ် စနစ်တစ်ခုက တော့ OD On/Off ဖြစ်ပါတယ်။ Over Drive အရှိန်လွန်မောင်း နှင်မှုကို ထိန်းချုပ်တဲ့စနစ်ဖြစ်ပါ တယ်။ OD Off Button ကိုနှိပ်ထား ရင် အမြန်ဆုံး ဂီယာတစ်ချက်ကို မထည့်ပေးဘဲ ထိန်းထားပါတယ်။ OD နှိပ်ထားပြီး လီဘာနင်းရင် လည်း ကားအရှိန်က ပုံမှန်ထက် လျော့သွားပါတယ်။ ကားမောင်း ရတာတော့ သွက်လက်နိုင်ပေ မယ့် ပုံမှန်အင်ဂျင် အပတ်ရေထက် နောက်ကျပြီးမှ ဂီယာချိန်းပါ တယ်။ အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါဘူး။

အဲဒီအချိန်မှာ ECU, TCU တို့က တစ်ဆင့်အင်ဂျင်ရဲ့ TPS, Throttle Motor တွေကို ထိန်းချုပ် ပြီး ပုံမှန်အင်ဂျင်အပတ်ရေထက် ကားအသွားအရှိန်နှေးအောင် အ လုပ်လုပ်ပေးပါတယ်။ OD ကို တောင်တက်ဆင်းလမ်းမှာ အသုံး ပြုရတာ ဖြစ်ပါတယ်။ ပုံမှန်မောင်းချိန်မှာ ဂီယာခဏခဏ ပြောင်းနေရတဲ့အတွက် ကလပ်ပလိတ် (Clutch Plate)ပျက်စီးတာကို OD Off စနစ်နဲ့ ကာကွယ်ပေးပါတယ်။

အော်တိုဂီယာကားများ ဂီ ယာပျက်စီးမှု အများဆုံးကလည်း တောင်တက်ခရီးကားတွေဖြစ်ကြ ပြီး အများစုက OD Off ကိုမသုံး ဘဲ တောင်တက်နေကြလို့ ဖြစ်ပါ တယ်။ OD Off ကိုသုံးပြီး မြေပြန့် ခရီးဝေးမောင်းရင်လည်း ဂီယာ တစ်ချက် လျော့နေတဲ့အတွက် ဆီပိုစားနှုန်းများပြီး အင်ဂျင်ထိ ခိုက်စေပါတယ်။

Writer by
(အောင်ဖြိုးမွန်)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html