ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

တာယာနှင့်ဆက်စပ်၍ ဖြစ်စေနိုင်သည့် ယာဉ်အန္တရာယ်မှကင်းရှင်းစေရေး

" တာယာနှင့်ဆက်စပ်၍ ဖြစ်စေနိုင်သည့် ယာဉ်အန္တရာယ်မှကင်းရှင်းစေရေး "

တာယာနှင့်ဆက်စပ်၍ဖြစ်စေနိုင်သည့် ယာဉ်အန္တရာယ်လျော့ကျစေနိုင်ရန် ပုံမှန်လေထိုးလေချိန်ခြင်း(Inflate)၊ တာယာ များကို ရှေ့နောက်လှည့်၍အသုံးပြုခြင်း (Rotate) နှင့် တာယာ၏အခြေအနေကို သုံးသပ်ဆုံးဖြတ်ခြင်း(Evaluate) ဟူသော အချက်သုံးချက်ကို လိုက်နာသင့်သည်။

* လေထိုးလေချိန်ခြင်း(Inflate) *

တာယာလေပေါင်မမှန်ခြင်းသည် ယာဉ်အန္တရာယ်ကင်းရှင်းရေးပေါ်တွင် လွှမ်းမိုးရုံသာမက တာယာ၏သက်တမ်းကိုပါ လျော့ကျစေသောကြောင့် လေပေါင်ကို ပုံမှန်စစ်ဆေးပေးသင့်သည်။ ကောင်းမွန်သောအလေ့အကျင့်မှာ အနည်းဆုံးနှစ်ပတ်လျင် တစ်ကြိမ်ခန့် (spare တာယာများ အပါအဝင်) သို့မဟုတ် ခရီးရှည်မထွက်ခင်တိုင်း လေပေါင်ချိန်သင့်သည်။

လေပေါင်ချိန်ရာတွင် ကီလိုမီတာအနည်းငယ်သာမောင်းပြီးချိန် သို့မဟုတ် တာယာအေးနေသောအချိန်တွင်ချိန်သင့် သည်။

တာယာတစ်လုံးသည် ပုံမှန်အခြေအနေမှာပင် တစ်လလျင် လေပေါင် တစ်ပေါင် (1-psi)ခန့်လျော့လေ့ရှိသည့်အပြင် ပြင်ပအပူချိန် 10°F လျော့နည်းသွားတိုင်း လေပေါင်တစ်ပေါင်(1-psi)ခန့် လျော့နည်းသွားလေ့ရှိသည်။

ထိုးသင့်သည့်လေပေါင်ထက်လျော့နည်းနေပါက တာယာ၏ရာဘာသားများ လှုပ်ရှားမှုပို၍များခြင်း (repetitive flexions) ကြောင့် တာယာတွင် အပူချိန်လွန်ကဲမှုဖြစ်စေနိုင်ပြီး တာယာပွင့်ထွက်စေနိုင်သည်။ လေပေါင်နည်းခြင်းကြောင့် တာယာပေါ်တွင် ဝန်ပိုသက်ရောက်စေသည်။ အပူချိန်လွန်ကဲခြင်းသည်လည်းကောင်း၊ ဝန်ပိုထမ်းစေရခြင်းသည်လည်းကောင်း တာယာ၏သက်တမ်းကို ဆိုးဆိုးရွားရွားလျော့ကျစေပြီး မောင်းနေစဉ်အတွင်း တာယာပွင့်ထွက်စေနိုင်သည်။

  လေပေါင် ဆယ်ပေါင်(10-psi)ခန့်ကွာခြားသော တာယာနှစ်လုံးကို သာမန်မျက်စိဖြင့်မခွဲခြားနိုင်ပေ။ ထို့ကြောင့် တာယာ၏လေပေါင်ကိုမျက်စိဖြင့်ဆုံးဖြတ်ခြင်းထက်သင့်တော်သော လေပေါင်စစ်သည့် tire gauge ကိုအသုံးပြု၍ စစ်ဆေးသင့်သည်။ (On-board Tire Pressure Monitoring Systems (TPMS) ပါသောယာဉ်များအတွက်တွင်မူ တာယာ တစ်လုံးခြင်းစီ၏လေပေါင်ကို ကား၏ Monitoring Screen တွင် အချိန် မရွေးဖတ်ရှုနိုင်သည်။

  မိမိမောင်းနှင်မည့်ယာဉ်အတွက်ထိုးရမည့်လေပေါင်ကို ယာဉ်ထုတ်လုပ်သူ၏ user’s manual တွင်လည်းကောင်း၊ အချို့ကားများတွင် ကား၏တံခါးဘောင်ပေါ်တွင်ကပ်ထားသော စတစ်ကာမှတဆင့်လည်းကောင်းသိရှိနိုင်သည်။ တာယာ ပေါ်တွင်ဖော်ပြထားသောလေပေါင်မှာ ၎င်းတာယာ၏အမြင့်ဆုံးခံနိုင်သည့် လေပေါင် (maximum pressure) ဖြစ်ပြီး ယာဉ် အတွက်ထိုးရမည့်လေပေါင်မဟုတ်သည်ကို သတိပြုပါ။

*  တာယာများကို ရှေ့နောက်လှည့်၍အသုံးပြုခြင်း (Rotate) *

တာယာ၏အသုံးပြုနိုင်သောအမြင့်ဆုံးသက်တမ်းကို အပြည့်အဝအသုံးပြုနိုင်ရန်နှင့် ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင် နိုင်စေရန်အတွက် ထုတ်လုပ်သူ၏အခြားအကြံပြုချက်မရှိပါက မိုင် ၅,ဝဝဝ (ကီလိုမီတာ ၈,ဝဝဝ) မောင်းနှင်ပြီးပါက တာယာများကို ရှေ့၊ နောက်လှည့်လည်အသုံးပြုသင့်သည်။ အောက်ပါပုံများတွင် တာယာလှည့်လည်အသုံးပြုသင့်သည့် ပုံစံများကို ဖော်ပြထားသည်။

Tire and Rim Association(TRA)မှ အရွယ်တူသော non-directional tires တပ်ဆင်ထားသော မော်တော်ယာဉ်တော်တော်များများအတွက် တာယာလှည့်လည်အသုံးပြုသင့်သည့် ပုံစံသုံးမျိုးကိုအကြံပြုထားသည်။

ပုံစံ A - Rearward Cross pattern ဟုခေါ်ပြီး rear-wheel and four-wheel drive vehicles များအတွက်သုံးသည်။

ပုံစံ C - Forward Cross pattern ဟုခေါ်ပြီး  front-wheel drive vehicles များအတွက်သုံးသည်။

ပုံစံ B - X-pattern ဟုခေါ်ပြီး ပုံစံ A နှင့် ပုံစံ C အစား အသုံးပြု နိုင်သည်။

  အရွယ်တူသော directional wheels/tires တပ်ဆင်ထားသော မော်တော်ယာဉ်များအတွက် ပုံစံ D (Front-to-Rear pattern) ကို အကြံပြုထားသည်။ ရှေ့ဝန်ရိုးနှင့် နောက်ဝန်ရိုးတွင် အရွယ်မတူသော non-directional tires တပ်ဆင်ထားသော မော်တော်ယာဉ်များအတွက် ပုံစံ E (Side-to-Side pattern) ကို အကြံပြုထားသည်။

* တာယာ၏အခြေအနေကို သုံးသပ်ဆုံးဖြတ်ခြင်း(Evaluate) *

တာယာ၏ပွန်းစားနေမှု အခြေအနေများကို မျက်မြင်စစ်ဆေး၍ လိုအပ်ပါက လဲလှယ်အသုံးပြုပါ။ တာယာ၏ ပန်းပွန်းစား မှုသည် Tread Wear Indicator (TWI) နေရာ၌ရှိသော wear bars များအထိ ပွန်းစားသွားပါက အသစ်လဲလှယ်ရမည်။

အောက်ပါပုံများတွင် တွေ့ရသော ပန်းကွာခြင်း၊ တာယာဆွေး၍ကွဲခြင်း၊ စူထွက်လာခြင်း၊ နက်ရှိုင်းသောပြတ်ရှရာများရှိ ခြင်းစသော အပျက်အစီးများတွေ့ရပါကလည်း တာယာအသစ်လဲလှယ်သင့်သည်။

အတွေ့ရများသော တာယာပွန်းစားပုံများကို အောက်တွင် ဖော်ပြထားသည်။ တချို့သော တာယာပွန်းစားမှုများသည် wheel alignment မမှန်ခြင်းကြောင့်ဖြစ်ရသဖြင့် alignment ကိုမှန်အောင်ပြန်၍ချိန်ညှိပြီးမှသာ တာယာအသစ်ကို တပ်ဆင်သုံးစွဲသင့်သည်။

* တာယာအသစ်လဲလှယ်ခြင်း *

တာယာများအသစ်လဲလှယ်ရမည်ဆိုပါက တာယာအားလုံးကို တချိန်တည်းလဲနိုင်ပါက အကောင်းဆုံးဖြစ်သည်။ တာယာ အားလုံးကို တချိန်တည်းမလဲနိုင်ပါက အနည်းဆုံးဝန်ရိုးတစ်ချောင်းတွင် တပ်ဆင်ထားသောတာယာများကို အစုံလိုက်လဲ သင့်သည်။

အသစ်တပ်ဆင်မည့် တာယာများ၏ထုတ်လုပ်သူ၊ အမျိုးအစား၊ ပန်း၏ပုံသဏ္ဍာန်(tread pattern)၊ အရွယ်အစား(size) စသည်တို့ အနည်းဆုံးတူညီမှုရှိရမည်။ အရေးကြီးသည်မှာ ဝန်ရိုးတစ်ချောင်းတွင် တပ်ဆင်ထားသောတာယာများ၏ ထုတ်လုပ် သူ၊ အမျိုးအစား၊ ပန်း၏ပုံသဏ္ဍာန်၊ အရွယ်အစားတို့တူညီရမည့်အပြင် ပွန်းစားမှုမှာလည်း တူညီလုနီးပါးဖြစ်ရမည်။ အရေးပေါ် အခြေအနေမှလွဲ၍ တာယာတစ်လုံးတည်းလဲလှယ်ခြင်းကို ထောက်ခံအကြံပြုလေ့မရှိပါ။ တာယာများကို အစုံလိုက်သာလဲခိုင်း လေ့ရှိသည်။

အကယ်၍ တာယာနှစ်လုံးတည်းသာအသစ်လဲလှယ်မည်ဆိုပါက တချို့က ရှေ့ဆွဲယာဉ်များ (Front-wheel Drive Vehicles) အတွက် အရှေ့ဝင်ရိုးတွင် တာယာအသစ်များကိုတပ်ဆင်သင့်သည်ဟုယူဆပြီး နောက်ဆွဲယာဉ်များ (Rear-wheel Drive Vehicles)အတွက် အနောက်ဝင်ရိုးတွင် တာယာအသစ်များကိုတပ်ဆင်သင့်သည်ဟုယူဆကြသလို တချို့ကလည်း ပန်းအပါးဆုံး သို့မဟုတ်  damaged ဖြစ်နေသော တာယာနှစ်လုံးနေရာတွင် တပ်ဆင်သင့်သည်ဟု လွဲမှားစွာယူဆကြသည်။

တာယာထုတ်လုပ်သူများနှင့် ယာဉ်ထုတ်လုပ်သူများသည် တာယာနှစ်လုံးတည်းသာ အသစ်လဲမည်ဆိုပါက အသစ် တပ်ဆင်မည့် တာယာများကို ယာဉ်၏နောက်ဝန်ရိုးတွင်သာတပ်ဆင်ရန် (Front-wheel drive, Rear-wheel drive or Four-wheel drive မည်သည့်ယာဉ်အမျိုးအစားမဆို)အကြံပြုလေ့ရှိသည်။

တာယာအသစ်များမှာ ပန်းစားနေသောတာယာအဟောင်းများထက် စွတ်စိုနေသောလမ်းပေါ်တွင် ကုတ်အား(wet grip) ပိုမို၍ကောင်းသည်။ တာယာအသစ်များကို အရှေ့ဝန်ရိုးတွင်တပ်ဆင်ပါက စွတ်စိုချောမွေ့နေသောလမ်းပေါ်တွင်တည်ငြိမ်မှု ထိန်းသိမ်းရန်ခက်ခဲပြီး အရှိန်နူန်းများများဖြင့်မောင်းနှင်ပါက အကွေ့နေရာများတွင် ကားနောက်ပိုင်းရမ်း၍ လမ်းချော်သွားစေနိုင် သည့် အန္တရာယ်ရှိသည်။ ထို့ကြောင့် တာယာအသစ်(သို့မဟုတ်) ပန်းထူသောတာယာများကို ယာဉ်၏ နောက်ဝန်ရိုးတွင် တပ်ဆင်ခြင်းဖြင့်  hydroplaning ကြောင့် ကုတ်အားလျော့နည်းပြီး ကားနောက်ပိုင်းရမ်း၍ လမ်းချော်သွားစေနိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင်သည်။ ထို့အပြင် ပွန်းစားနေသောတာယာများကို အရှေ့ဝန်ရိုးတွင်ထားခြင်းဖြင့် ၎င်းတာယာများ traction lose ဖြစ်ပါက ဒရိုင်ဘာသည် စတီယာရင်ခွေမှတဆင့် ချက်ခြင်းသိရှိခံစားနိုင်ပြီး လိုအပ်သလို အရှိန်လျော့ထိန်းချုပ် မောင်းနှင်နိုင်ပေမည်။

လမ်းပေါ်တွင်ရေတွေတင်ရှိနေချိန်တွင် အရှိန်နူန်းများများဖြင့် ကားမောင်းပါက ကားတာယာက ရေကိုထိုးခွဲလိုက်စဉ်တွင် ကားတာယာ၏အရှေ့မှ ရေ၏တွန်းကန်မှုကြောင့် ကားတာယာနှင့် လမ်းမျက်နှာပြင်ကြားတွင် ပင့်တင်မှုရှိပြီး ၎င်းပင့်တင်မှုအား များလာပါက ကားတာယာနှင့် လမ်းထိတွေ့မှုမရှိတော့ခြင်းကြောင့်ဖြစ်သောလမ်းချော်မှုကို hydroplaning သို့မဟုတ် aquaplaning လို့ခေါ်ပါသည်။

မူရင်း
Writer by

ဝိုင်ကေတီ (စက်မှု)
AutoCar Buyers'Guide Journal

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html