ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ် အင်္ဂျင် (အင်ဂျင်ချနည်း အင်ဂျင်အငြိမ်လုံးနည်း အစအဆုံး)

လိုင်းပေါ် က ပညာသင် လူငယ်များအတွက်

တစ်ကြိမ်ထဲနဲ့ တဆင့်ချင်း
အင်ဂျင်ချနည်း  အင်ဂျင်အငြိမ်လုံးနည်းပါ


အင်ဂျင်ခွဲဖို့အတွက် စပါမယ်..........

၁.  အိပ်ဇော ၁၀ နပ် နှစ်လုံး. ၁၂ နပ် နှစ်လုံး ၁၄ နပ် တစ်လုံး စဖြုပ်ပါမယ်

၂.    ခြေတင်ခုံ ၁၃ နပ် ၄ လုံး
၃.     အင်ဂျင်ဝိုင် ဖောက်ချ ၁၇ နပ် တစ်လုံး
၎.      ကစ်တံ ၁၀ နပ် ဖြုပ်
၅.  ကလပ်အုံအဖုံ့း ၈ခေါင်း ၈ လုံးဖြုပ်
၆.   ဘရိတ်ကိုဖိပြီး ကလပ်အုံအဖုံးကိုခွာ
၇. ကလပ်မောင်းအကောက်လေးနဲ့ ကလပ်ဘောသုံလုံးအထိုင်ကိုဖြုပ်
      ကလပ်အုံအဖုံးထဲထည့်ထား
၈.  ကလပ်အုံကစတားနပ်လေးလုံးဖြုပ် အပြားနဲ့ကလပ်ခွာ
၉.     ကလပ်အုံနပ်ကို အသီး၇ှိအသီး မရျီ၇င် စို့နဲ့၇ိုက်ဖြုပ်
၁၀့.   ကလပ်အုံအောက်က ပင်နယံအသေးနဲ့ဘွတ်ကိုဖြုပ်

သံလိုက်အုံခြမ်းဘက်ပြန်သွား

၁. ဂီယာတံဖြုပ် ၁၀ နပ်
၂.  စပေါ့ကဒ် အဖုံး ၈ ခေါင်း နီစ်လုံးဖြုပ်
၃. သံလိုက်အုံအဖုံး ၈ ခေါင်း ၄ လုံး ဖြုပ် အဖုံးကိုခွာ
၎.  သံလိုက်အုံ ၁၄ နပ်ကိုချွတ် ကရိုင်းနပ်ရစ်နဲ့တစ်ညီထဲဖြစ်အောင်ပြန်တပ်
၅.  ပူလာနဲ့ဖြုပ်
၆.  မော်တာပင်နယံက ကလစ်ကိုဖြုပ် ကရိုင်းက ကီးကိုဖြုပ်
၇.  မော်တာပင်နယံ မော်တာချိန်း ဘောကဒ်ပင်နယံကို အတွဲလိုက်ကိုင်ပြီး. ချွတ်
၈. အဝိုင်းစီးအထိုင် စတားနပ်နှစ်လုံးဖြုပ်
၉.  ချိန်းထောက်နပ် ၁၄ နပ် ဖြုပ် ပုလွေ၇ိုးဆွဲထုတ်

ေ၇ှ့ခြမ်း ဖွင့်ဖို့   ၁၀  ဂွ ယူ

၁.   မန်နယူဖိုး အရင်းက ၁၀ နပ် နီစ်လုံးဖြုပ်
၂.   ပလပ်ဘေးရှိ ၁၀ နပ်အရည်ကိုဖြုပ်၍တိုင်ပင်ချိန်းအဖုံးကိုဖွင့်ပါ
၃.    တိုင်ပင်ပင်နယံက ၉ နပ်သုံးလုံး ဖြုတ် ပင်နယံဆွဲထုတ်
၎.    ဟတ်နပ်လေးလုံး. ၁၀ နပ်တွေကိုဖြုပ်
၅.      ဟတ်ကိုဆွဲထုတ်   စလစိရှိ ၁၀နပ်ကိုဖြုပ်
၆.    စလစ်ဆွဲချွတ်တဲ့အခါ အပေါ်မျက်နှာပြင်မှာ ကော်လန်ဘွတ်အမဲ ပါမပါ  စစ်ပါ
၇. စလစ်အောက်ခြေက ၁၀နပ်ကိုဖြုပ် စလစ်ဆွဲချွတ်
၈.     ပစ်စတင် ကလစ်ဖြုတ်ပစ်စတင်ဆွဲထုတ်
၉ ဂီယာပိုစရှင် သံလိုက်အုံ မော်တာ ဆော့ကဒ်သုံးခုစလုံးဖြုတ် ပလပ်စွတ်ဖြုတ်
်၁၀. တိုင်ပင်ချိန်း ထုတ် အင်ဂျင် အထိုင်နပ်၁၃ နပ်
နှစ်လုံးဖြုတ်အင်ဂျငခ်ျ

အင် ဂျင် ချမယ်

၁.    ခိုပင်နယံ ကျောက်ပြင်ပင်နယံ အကြီး၇ဲ့ ကလစ်ကိုဖြုတ်
၂.   ကြယ်က ၁၀နပ်ကိုဖြုတ် ကြယ်ဖြုတ်

၃.  ဂီယာရှပ် ဆွဲထုတ်
၎. ကွန်ထရိုလာက ပင်လေးတွေကိုသံလိုက်အုံမှာ ကပ်
၅  ကစ်ရှပ်က ကလစ်ကိုဖြုတ်စပရိန်ဖြုတ် ကွန်ထရိုလာက အယ်ကီးနပ်ကိုဖြုတ်
၆. အင်ဂျင်တုံးကို မှောက်ခုံပြန်မှောက်  ၈ နပ်တွေ ဖြုတ်
၇ အချမ်းဆွဲခွာ. ကစ်ရှပ်ကို ဆွဲထုတ်
၈. ဂီယာဘောက်နဲ့ကွန်ထရိုလာကို ဆွဲထုတ်.  ကရိုင်းကို နှဲ့ထုတ်
          ဖြုတ်ထားသမျှ အကုန် ဆေးကြော တစ်ပိုင်းခြင်းပစ္စည်း ခွဲပြီး ပြန်စီထား
၉. ဂီယာဘောက်ပင်နယံအတက်တွေနှူပ်ခမ်းလုံးနေလား ကွန်ထရိုလာဂွတွေ စားနေတာရှိလား. ကလစ်အပေါ်မှာ ဝါရှာ အကုန်အစေ့ပါလား. စပေါ့ကဒ် ရှပ်ရှိ အောက်ဆုံး ပင်နယံအကြီးအောက်မှာ ဝါ၇ှာ ပါလား အပေါ်ဆုံး နံပါတ်လေးပင်နယံနဲ့သုံးပင်နယံကြားမှာဝါ၇ှာပါလား သေချာစစ်
ဂီယာဖရီးမောင်းတက်လေးရှိစပရင် ကျိုးနေလားကျယ်နေလားစစ်
မိန်းဘောအထိုင်များချောင်နေလားစစ်
ချောင်နေရအထိုင်ဘေးပတ်လည်ကို စို့ နဲ့. အရာ လိုက်ပေးထား
ဂက်စ်စကဒ် အစများကို ပြောင်ရှင်းနေအောင်ခြစ်ပါ
ကစ်ရှပ်မှာ ဝါရှာ ပါမပါစစ်ပါ အင်ဂျင်ဝိုင်ပန့် ဆီသွားရာလမ်းကြောင်း
ပိတ်ဆို့နေခြင်းရှိမရှိ.  စစ်ဆေးပါ လေမှူပ်ပါ
ဟတ်နပ်တိုင်ဝင်ရာ အင်ဂျင်ခြမ့်းရှိ အရစ်များ ကောင်းမကောင်း အားနဲချက်ရှိမရှိ စစ်ပါ  အင်ဂျင်ခြမ်း ကွဲခြင်းအက်ခြင်းများရှိမရှိစစ်ပါ
ခြေနင်းကိုင်းနပ်အထိုင်အရစ်များများ အင်ဂျင်ဝိုင်ချက်နပ်
ချိန်းထောက်နပ်.   ချိန်းထောက်မောင်းအထိုင် ၁၇ နပ် များပြုံးမပြုံး
စစ်ပါ. 
ကွန်နတင်း ကောင်းမကောင်း ကွန်နတင်း အတံကို လက်ကမ၍ လက်ဖနောင့်ဖြင့် ထုကြည့်ပါ. ကွပ်ကွပ်ဆို အသံထွက်လျှင် ကရိုင်းလဲဖို့လုပ်ပါ
ဘားဂိုက်များ ချောင်မချောင်လူးမလူးစစ်ပါ ဘားလုံမလုံ ကမ်ရှပ်ဖရီးထား
သို့မဟုတ် ဖြုတ်ထား၍ ဆီထည့်ကြည့်ပါ ဆီထွက်လျှင်ဘားကရိုင်းထားပါ
ဆီကာပြားအထ်ုင် ပေါက်ခြင်းအက်ခြင်း ရှိမရှိစစ်ထားပါ
စတတ်ဘောများ တစ်ခါထဲလဲပါ တိုင်ပင်ချိန်း ရိုလာ ဝိုင်းစီး လဲပါ
ကမ်ရှပ်စားနေခြင်း ရော်ကာအမ်း စားနေခြင်းများ ရှိမရှိစစ်ပါ
နပ်က်ျုးများရှိက တစ်ခါထဲ ထုတ်ထားပါ
ရှေခြ့မ်းတွင်ပါရမည့်သံပိုက်ဘွတ်အတိုလေး  ၅ခု. စုံမစုံစစ်ထားပါ
အင်ဂျင်အခိုးထုတ်ပိုက် တစ်ခါထဲ တပ်ထားပါ
ကလပ်အုံ အထ်ုင်များစားနေခြင်းရှိမရှိကလပ်ပြားကြွေနေပါးနေခြင်းရှိမရှိစစ်ထားပါ
ရှိကလဲဖို့ပြင်ဆင်ထားပါ
ဂီယာရှပ်အထိုင်အောက်ခြေရှိ. ၁၄ နပ်တိုင် လျော့နေခြင်း အထိုင်အက်နေခြင်းရှ်မရျီစစ်ပါ
အငဂျင်ခြမ်းရှိ ဘောထိုင်နှူပ်ခမ်းများ ပဲ့နေခြင်းအက်နေခြင်းရှိမရှိစစ်ဆေးပါ
တိုင်ပင်ချိန့းဘက်ရှိ ပန့်ပင်နယံ အစွယ်များ လုံးနေခြင်း ပြတ်ထွက်နေခြင်းရှိမရှိ စစ်ဆေးထားပါ
ပလပ်ကျင်းအရစ်ကောင်းမကောင်း နာထားလားမနာထားလားစစ်ထားပါနာနေရင်ပလပ်ကျင်းတောက်ပြန်ချထားပါ

OK.   အားလုံးအဆင်သင့်ဖြစ်ရင်. အင်ဂျင် စ.    လုံးပါမယ်

              (      အပိုင်း.  ၂   )

ပထမဆုံးဂီယာဘောက်ဘယ်ခြမ်းမှာ ကရိုင်းကိုအရင်စွပ်ပါ...

ဒုတိယ ဂီယာဘောက်ညာခြမ်းအုပ်၍ နပ် လေးလုံးလောက်ဒေါင့်ဖြတ်ဆွဲပါ...

တတိယ....  ကရိုင်းကို အထက်အောက်ဆွဲကြည့်ပါ.
                   လှူပ်နေသလား ငြိမ်နေသလား စစ်ပါ
                  မြငိမ်နေလျှင်ကရိုင်းဘောမျက်နှာပြင်နှင့်အင်ဂျင်ခြမ်း
                ဘောအထိုင် ထိနေပြီလား လွတ်နေသေးလားကြည့်ပါ
             ကရိုင်းထိပ်ကို သစ်သားတုံးခံ၍တစ်ချက်ထုကြည့်ပါ
              ငြိမ်နေသောကရိုင်းအထက်အောက်.     လှူပ်သွားပြီလားပြန်စစ်ပါ.   လှူပ်သွားလျှင် အင်ဂျင်အထ်ုင်နှင့်ဘောမျက်နှာပြင်ကြားရှိလွတ်သွားသော အနေအထားကိမှတ်သားချိန်ဆ၍ ကရိုင်းအားပြန်ဖြုတ်ပြီးလျှင် ကလပ်အုံဘက်ရှိဘောအား ပူလာဖြင့် ချွတ်ပြီးဘောအောက်ခြေ၌
ဒန်ဝါရှာအပါးလေးတစ်ကွင်းချိန်ဆထည့်ပြီး ပြန်တပ်ပါ
ပြန်လုံးပါ.  ကရိုးငြိမ်သွားပြီလားပြန်စမ်းပါ လှည့်ကြည့်ပါ
လက်ဗလာအားစိုက်လှည့်၍မလည်လျှင် အရမ်းလေနေလျှင် ဝါရှာထူသွားလို့ပါပြန်လျှော့ပါ
လှည့်လျှင်ကရိုင်းလည်ပြီး အနည်းငယ်မျှလောက်လေးသလိုရှိလျှင်လည်းရပါသည်
စက်စနိုးနိုးချင် ကစ်နင်းရတာလေးပြီး စက်နိုးလျှင် စလိုးမှာ စက်သံကျသွားပြီးစက်သေသေသွားတတ်ပါသည်
စလိုးအနည်းငယ်တင်၍နိုးထားပါ ခဏကြာလျှင် စက်သံ ထိုးတက်လာပါလိမ်မည် စလိုးပြန်လျှော့ပါ ဒါဆိုပုံမှန်အတိုင်း ပြန်ပေါ့သွားပါလိမ့်မည်

                
၁.  ခုံမရျီလျှင်.  တုံးနှစ်တုံးပေါ်. အင်ဂျင်ခြမ်း ဘယ်ခြမ်းကို.       အရင်တင်ပါ
၂.    ဂီယာဘောက်နဲ့ ကွန်ထရိုလာကိုကို အတွဲလိုက်ကိုင်၍ဘယ်ဘက်လက်က လက်ညှိုးမှ အောက်ဆုံးပင်နယံရှိ ဝါရှာကို ထိန်းထားပါ
ညာဘက်လက်က ရှပ်နှစ်ခုနဲ့ကွန်ထရိုလာကို အပေါ်ကကိုင်၍ အထိုင်ချလိုက်ပါ ကွန်ထရိုလာပင်လေးများထည့်ရာ အပေါက်ဘက်ကိုအပေါ်ကထားပါ
၃. ကစ်ရှပ်ထည့်ပါ ရှပ်အပေါ်မှာ ဝါရှာထည့်ပါ
၎.  ကရိုင်းကိုနှဲ့ သွင်းပါ ဝိတ်တုံးကို တူနဲ့မထုပါနဲ့ ကွန်နတင်း ကျပ်သွားစီးသွားတတ်ပါသည်
၅.    ဘွတ်အကြီးနှစ်လုံး အရင်တပ်ပါ ဂက်စကဒ်ထည့်ပါ
ဂက်စကဒ်နှူပ်ခမ်းက်ုဖြတ်လိုက်ပါ
ဂက်စကဒ် အပေါ်ဘက်နှူပ်းခမ်းအား အောက်သို့နိမ့်ကျမသွားစေရန်
ကော်သုတ်၍ အခြောက်ခံကပ်ထား ပါ
၆.    အင်ဂျင်ညာခြမ်းအားစအုပ်ပါ. အင်ဂျင်အုပ်သောအချိန်တွင် တိုင်ပင်ချိန်းဘက်ရှိ ပန့်ကိုမောင်းသောပင်နယံအား လက်ကလှည့်ပေး၍ အခြမ်းအားကျြအောင် အုပ်ပါ အင်ဂျင်ခြမ်းနပ်များဆွဲပါ ပင်နယံအားပြန်လှည့်ကြည့်ပါ လည်ရပါမည် ကျပ်မနေရပါ
ကွန်ထရိုလာ အယ်လ်ကီး နပ်အား ကျပ်ထားပါ ပြန်လှည့်ထားပါ
၇ .  ကရိုင်းအထက်အောက်ပြေးမပြေးစစ်ဆေးပါ.   မပြေးပဲငြိမ်နေပါက သေချာအောင် သစ်သားတုံးဖြင့် ကရိုင်းထိပ်အား သုံးချက်ထုကြည့်ပါ
ပြန်ဆွဲကြည့်ပါ ငြိမ်နေလျှင် ကျန်တာဆက်လုံးဖို့အသင့်ဖြစ်ပါပြီ
မငြိမ်လျှင် ကရိုင်းအားဆွဲထုတ်ပါ  ကလပ်အုံဘက်ခြမ်းကရိုင်းဘောအားဖြုတ်၍ ဘောအောက်ခြေ၌ ဝါရှာအပါးတိုင်း၍ထည့်ပေးပြီးပြန်တပ်ပါ. ဝါရှာထူပါက ကရိုင်းလေးသွားကျပ်သွားပါမည်
၈. ကွန်ထရိုလာရှိ ပင်လေးများအား အတိုကိုနောက်ဆုံးမှထား၍ အရှည်တွေကို အရင်ထည့်ပါ. ပင်ထိပ်အားလုံးတစ်ညီထဲဖြစ်ရပါမည်
၉.   ကလပ်အုံဘက်ရှိပင်နယံအကြီးတပ်သောရှပ်အားအထက်အောက်ဆွဲကြည့်ပါ ကစားရပါမည်
၁၀   စပေါ့ကဒ်ရှပ်အားအထက်အောက်ဆွဲကြည့်ပါ ကစားရပါမည်
၁၁.  စပေါ့ကဒ်ရှပ်သည် ပင်နယံအကြီးတပ်သောရှပ်ထက် ပိုကစားရပါမည်.  မကစားလျှင် ဘောအထိုင်ကျမကျ စပေါ့ကဒ်အဝိုင်းစီး
အတွင်းသို့ ဝင်နေမနေ ပြန်စစ်ပါ ရှပ်ကိုထုကြည့်ပါ
၁၂.   ဂီယာရှပ်အတွဲလိုက်ထည့်ပါ ကြယ်တပ်ပါ ကြယ်ရှိ၁၀နပ်အား အပိုင်ကျပ်ပါ. ကြယ်ကို ဖရီးပြန်လှည့်ထားပါ
၁၃.  ကစ်ရှပ်အား ရှေ့သို့အနဲငယ်လှည့်၍  ဂိယာဘောက်ရှပ်အားလှည့်ကြည့်ပါ.  အသံမထွက်ရပါဘူး
ဂီးဂီး. အသံထွက်လျှင် ရှပ်အားရှေ့သို့ ထပ်လှည့်ပါ
၁၄ ကစ်စပရင်နှင့်ကစ်အထိုင် အား အသွားတစိတ် နောက်ဆုပ်၍ ထည့်ပါ တပ်ပါ ကလစ်တပ်ပါ. ကရိုင်းတွင်  သံဘွတ်အထူလေးအား အရင်တပ်ပါ
၁၅.     ခိုပင်နယံအကြီး တပ်ပါ ကလစ်အားပြန်စိ၍ ပြန်တပ်ပါ
ခိုပင်နယံနဲ့ဘွတ်တပ်ပါ မတပ်မှီ. မူလ အရာဟောင်းအားသေချာကြည့်၍တပ်ပါ
ကလပ်အုံ တပ်ပါ ကလပ်အုံနှင့်နှင့်ကရိုင်း လူးမလူးသေချာစစ်ပါ
၁၆.  ကလပ်အုံကလစ်ဝါရှာ နပ် အကုန်တပ်ပါ. နပ်လေးလုံးအဖုံးတပ် ကလပ်ဘောတပ်.  ဘောသုံးလုံးအထိုင်တပ် အမဲဆွီကပ်တပ်
ကလပ်မောင်းကို ဘောသုံးလုံးအထိုင်အလယ်တဲ့တဲ့ ကျအောင်ထည့်
အဖုံးအုပ် နပ် ၈လုံးဆွဲ
၁၇.  တိုင်ပင်ချိန်းထည့် ချိန်းထောက်မောင်းရိုလာအသေးတပ်
   ဆီကာပြားအောက်ခြေ တွင်အဝိုင်းစီး အသေးနှစ်ကွင်းအားကော်သုပ်ထည့်ပါ ဆီကာပြား အဝိုင်းစီးတပ်၍ အုပ်ပါ  မော်တာပင်နယံ မော်တာချိန်းနှင့်ဘောကဒ်ပင်နယံအား အတွဲလိုက်ကိုင်၍ ကရိုင်းအားစွပ်ပါ
၁၈   ဘောကဒ်နပ်များချောင်မချောင်စစ်ပြီး စတတ်ဘောလဲထားပါ
၁၉ ကရိုင်းကီးအား တပ်ပါ ကီးမျက်နှာပြင်တညီထဲဖြစ်မနေရပါ
၂၀ သံလိုက်အုံ ကီးတည့်အောင်ချိန်ပြီး တပ်ပါ  ၁၄ နပ် ကျပ်ပါ
စတတ်ပင်နယံ အထိန်းသံပြားတပ်ပါ မော်တာချိန်းဘိလေးများထည့်ပါ
၂၁.   သံလိုက်အုံအဖုံးမတပ်မှီ  ဝါယာကြိုးများတင်းပြီး သံလိုက်တုံးနှင့် တိုက်နိုင်မတိုက်နိုင်စစ်ပါ. အဖုံးအုပ်ပါ
၂၂    စလစ်အောက်ခြေ ဘယ်ဘက်ထောင့်၌ ဘွတ်နှစ်လုံး တပ်ပါ
        ဂက်စကဒ်တပ်ပါ ဆီးကွင်းအသေးထည့်ပါ
ပစ်စတင် ရိ န်း စလစ်. တပ်ပါ. စလစ်မျက်နှာပြင်တွင် ထောင့်ဖြတ်ဘွတ် နှစ်လုံး  တပ်ထားပါ.  ဂက်စကဒ်တပ်ပါ. ဆီးကွင်းအကြီးထည့်ပါ. ကော်လံဘွတ်နှင့်ဆီးကွင်း တွဲထည့်ပါ. ရိုလာအကြီးတပ်ပါ စလစ် နပ်ဆွဲပါ
၂၃.       ဘားဂိုက်ဝိုင်းဆီး အသစ်လဲပါ. ဟဒ် လုံးပါ ဘားကို တစ်လုံး
ဂိတ်ဆုံးဆင်းတဲ့အချိန် အခြားတစ်လုံးကို ဘေးတိုက်အနဲငယ်လှူပ်တယ်ဆိုယုံလေးချိန်ထားပါ
၂၄      ဟဒ် တပ်ပါ.  ဟတ်ဖု့းတပ်ပါ နပ်၎လုံးဆွဲပါ
၂၅. ပစ်စတင်ထိပ်မှာထားပါ.  ကမ်ရှပ်ကို ဖရီးထားပါ တိုင်ပင်ပင်နယံအမှတ်ကို ဟဒ်အဝိုင်း၏အလယ်တည့်တည့် ကျအောင် ချိန်ပါ. နပ်ပေါက်သုံးပေါက်မတည့်သေးလျှင် သံလိုက်အုံအားလှည့်၍ တည့်အောင်ချိန်လိုက်ပါ နပ်ဆွဲပါ တိုင်ပင်ဖုံးအုပ်ပါ
၂၆.  ကာပရိုက်တာတပ်ပါ.  ဝပိုစရှင်တပ်ပါ ဝါယာလိုင်းများပြန်တပ်ပါ
အင်ဂျင်ဝိုင်ထညိ့ပါ  ကစ် ၁၀ချက်လောက်နင်းပေးထားပါ

အင်ဂျင်လုံးခြင်းပြီးပါပြီ. 
နှိုးလိုက်ပါ. ဘားထပ်ချိန်စရာမလိုအောင် ငြိမ်နေပါလိ့မ်မည်။. ။

ဒီလောက်ဆိုရင်.[   ခြင်ထောင်]   ထဲကနေ{ အင်ဂျင်} ကိုင်လို့ ရပါပြီ

လက်တွေလည်း အတော် ညောင်းသွားပါသည်

နောက်နေ့ကို.{ တူးစတုပ် ဘီးကြီး လိုင်းနဲ့  လေးလုံးထိုး ဘီးကြီးလိုင်း}

အငြိမ်လုံးနည်းတင်ပေးပါအုံးမယ်

......


မိနစ်ပိုင်းအတွင်း.  ပရော်ဖက်ရှင်နယ် စက်ဆရာ. တွေ

ပေါ်ထွန်းလာအောင်.  တင်ပေးပါ အုံးမယ.်}

သင်တန်းမှာသင်တဲ့နည်းပါ.  တစ်ထိုင်ထဲ တတ်ပါသည် မှတ်နိုင်ရင်

Writer by online .. maybe manugmg

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html