ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျပ်စစ်ကြောင့် ဓါတ်လိုက်ခြင်းကို ကာကွယ်နိုင်သော ဘရိတ်ကာ (ELCB or RCD or RCCB )

ဓါတ် မလိုက်သော ဘရိတ် ကာ
(ELCB or RCD or RCCB )
********************************

ဓါတလိုက်တာ  ကို ကာကွယ်လို့ မရဖူးလား။
ရပါတယ် ။
မိန်း အ၀င်မှာ (ELCB or RCD or RCCB ) လို့ခေါ်တဲ့ ဘရိတ် ကာလေး ကို တပ်လိုက်ရုံပါပဲ ။

တပ်ဆင်တာ မှန်ခဲ့ မယ်ဆိုရင် မည့်သည် အကြောင်းနဲ့မှ ဓါတ် မလိုက်နိုင်ပါဖူး။ ( အမှန်ကလိုက်ပါတယ် အန္တာရယ် မဖြစ်ခင်မှာ လျပ်စစ်ဓါတ်ကို ဖြတ်ပေးလိုက်တာပါ )
ELCB or RCD or RCCB က  ဘယ်လို အလုပ် လုပ်ပြီး ကာကွယ် လဲ ။
ELCB or RCD or RCCB က  ဘာကို အခြေခံထားပြီး လုပ်တာလဲ ဆိုရင် အ၀င် အထွက် လျပ်စစ် ဓါတ် ခြားနားမှု ( differential  current ) ကို အခြေ ခံပြီး ပြုလုပ်ထားတာပါ ။ live circuit  ( power ပေးနေတုန်းမှာ )    insulation weak  ဖြစ်တဲ့  အချိန် လျပ်စစ် စီးကြောင်း တန်ဖိုး တွေ မတူတဲ့ အခါ ပါ ။ လျပ်စစ်စီးကြောင်းကို Tore လို့ခေါ်တဲ့ ZCT ထဲ မှာ ဖြတ်ခိုင်ြး့ပီး သတ်မှတ် ထားတဲ့ current ခြားနားချက်ရှိရင် ဘရိတ်ကာမောင်:တံ ကို ဖြုတ်ချစေပြီး အလုပ်လုပ်ပါတယ်။ 

ပထမဆုံး လျပ်စီး သဘောတရား ကို နားလည်အောင် ကြည့်ရအောင် ။  current တခုမှာ  resistance ( load ) တခုကို current  ဖြတ်စီးသွားရင် အဲဒါနဲ့ ညီမျ တဲ့  ဆန့် ကျင်ဖက် current တခု ပြန် ဖြတ်စီးသွားပါတယ် ။ အသွားအပြန်ပေါ့  ။ close loop လို့ လဲခေါ်ပါတယ် ။ အဲဒါမှ လျပ်စီးပတ် လမ်းပြည့် ပြီး လျပ်စစ်ပစ္စည်း အလုပ်လုပ်ပါတယ် ။ 

vector  သဘောတရားပေါ့ ။ တခုနဲ့ တခု လျပ်စီးကြောင်း တန်ဖိုး တူညီ ပြီး ဆန့် ကျင်နေတာ မို့ ပါ ။ တခုက အပေါင်း တခုက အနုတ်။
သင်္ချာ ညီမျချင်းနဲ့  ဆိုရင်  I1+I2= Id  ပေါ့ 
သင်္ချာ ညီမျချင်းနဲ့  ဆိုရင် စုစုပေါင်း current ခြားနားချက်  ( အသွား + အပြန် ) Id=  I1+I2= 0
I1= 10 , I2= -10  Id= 10 + ( -10 ) = ZERO ပါ။
I1 က 10 amp အောက် ကို စီးနေရင် I2 က 10 amp အပေါ် ကို စီးနေတယ်ပေါ့။
အဲဒီအသွားအပြန် ကြိုး ၂ချောင်း ( single phase  နဲ့  ဥပမာပေးမယ် ) ကို core  ( ZCT ) တခုထဲမှာထည့် ထားမယ် ။ သာမန်ချိန် မှာ မခြားနား ZERO  ဖြစ်နေတယ့်  အတွက် ဘာ magnetic flux မှ  ZCT  ထဲမှာ မပေါ် ဖူး ။ အကယ်ရ်ျ ကြိုးပေါက်လို့ ပဲဖြစ်ဖြစ် လျပ်စစ်ပစ္စည်း က Insulation ကျသွားလို့ ပဲဖြစ်ဲဖြစ် လျပ်စစ် current က ground ထဲ ကို စီးသွားရင် လူ ကို ကိုင်မိလို့စီးသွားမယ်ဆိုရင်  ZCT core  ထဲ မှာ ဖြတ်သွားတဲ့  အသွားအပြန် current မတူနိုင်တော့  ဖူး ။ ဥပမာ လူထဲ ထဲ ကို  50 mA လောက် စီးသွားမယ် ဆိုပါ စို့ ။  ဘာကြောင့်လဲ ဆိုတော့  current က ပြန်မလာတော့ပဲ လူကနေ တဆင့်  earth ဆီ ကို စီးသွား လို့ပါ ။ပုံကို ကြည့် ပါ ။ အသွား က ၁၀ ဆိုရင် အပြန်မှာ ၁၀ မရှိတော့ပါဖူး။ ၀.၀၀၅ အမ်ပီယာ က မြေကြီးထဲ ကို စီးသွားလို့ပါ။

သင်္ချာ ညီမျချင်းနဲ့  ဆိုရင်  I1+I2= Id  ပေါ့ 
I1+I2= 50 mili amp ဖြစ်လိမ့်မယ် ။
30 mA မှာ trip ဖြစ်ဖို့  ချိန်ထားရင် magnetic field က solenoid ကို  current ခြားနားချက်ကြောင့် action ရပြီး mechanical arm ကို  trip ဖြစ်အောင်တွန်း ထုတ်လိုက်ပြီး CB ကို ဖြုတ်ချ ပြီး လျပ်စစ် ကို ဖြတ်တောက် ပြစ်လိုက်ပါတယ် ။

အဲတော့ လူ ကို အန္တာရာယ် မဖြစ်တော့ဖူးပေါ့။ ဒါ ကတော့ သီအို ရီ နဲ့ အလုပ်လုပ်လုပ်ပုံပေါ့။
ဒါကြောင့်မို့ အဲဒီ ဓါတ်မလိုက်တဲ့ breaker ကို တပ်ထားမယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ဓါတ် လိုက်ဖို့ကင်းဝေးပါတယ်။

အမျိုးအစားတွေ တန်ဖိုးတွေ အများကြီး ရှိပေမဲ့ အိမ်သုံး ပစ္စည်းတွေ ဆို ခြားနားခြင်း  ၃၀ မီလီ အမ်ပီယာ ရှိတဲ့ ဘရိတ်ကာ အမျိုးအစား ကိုတပ်သင့်ပါတယ်။ 30 miliamp ELCB ပေါ့။

တပ်မယ်ဆိုရင် တကယ် ကျွမ်းကျင်တဲ့ လျပ်စစ် သမား များ ကိုခေါ်တပ်သင့်ပါတယ်။
တချို့တွေ ကတော့ သူ က အပ်ဖေါ့ ဖြစ်ရင် မီးပျက်တပ်တော့ မကြိုက်ကျပါဖူး။

အဲတော့ အန္တာရာယ်ရှိလို့ မီး အပျက်ခံ မလား။ ဒါမှ မဟုတ်ဓါတ်လိုက်ခံ မလား ကြိုက်ရာရွေးပါ။
ပြောရရင် လူတိုင်းတော့ဓါတ် မလိုက်ပါဖူး။ ဓါတ်လိုက်ခံ ရတဲ့ သူထဲ မှာ ကိုယ်မပါဖို့ အရေးကြီးပါတယ်။ပါတဲ့ အခါ ELCB မတတ်ထားရင် တော့ ........ 

😁😁😁😁
အဟင်းဟင်း ပေါ့။

အဲ့ဒီ BREAKER နာမည်ကို
အပ်လိကေ့ ဆားကစ် ဘရိတ် ကာ
Earth leakage Circuit breaker လို့ခေါ်ပါတယ်။

သင့် ဗဟုသုတ နဲ့ နည်းပညာ ရစေရန်သာ
ရည်ရွယ်တင်ပြနေတာပါ

( သင်ကြိုက်ရာရွေးပါ )
ဖတ်ရှုတဲ့ အတွက်ကျေးဇူးတင်ပါသည်။

Writer by
ကျော်ဦး
https://m.facebook.com/story.php?story_fbid=10212519200755993&id=1262187557

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html