ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဘယ်မောင်းပြောင်းလိုက်ရင်ကားသမားတွေကြုံတွေရမည့်အခက်အခဲများ

" ဘယ်မောင်းပြောင်းလိုက်ရင်ကားသမားတွေကြုံတွေရမည့်အခက်အခဲများ "


မြန်မာနိုင်ငံကကားမောင်းသူတွေမှာသူများနိုင်ငံထက်ထူးနေတဲ့အချက်ကတော့ညာမောင်းလမ်းတွေကို ညာမောင်းကားတွေနဲ့မောင်းနေတာပါပဲ။အမှန်တကယ်ဖြစ်သင့်တာကတော့ညာမောင်းလမ်းဆိုရင် ဘယ်မောင်းကားတွေနဲ့မောင်းရမှာဖြစ်ပြီးဘယ်မောင်းလမ်းတွေမှာညာမောင်းကားတွေနဲ့မောင်းနှင်မှ အဆင်ပြေတာဖြစ်ပါတယ်။အခုလိုညာမောင်းလမ်းမှာညာမောင်းကားတွေနဲ့မောင်းနှင်တဲ့အခါမှာရှေ့ ကားကိုကျော်မယ်ဆိုရင်ရှေ့ကိုကျော်ကြည့်လို့မရဖြစ်နေရတာပေါ့။ဟိုင်းဝေးလမ်းတွေမှာမောင်းမယ် ဆိုရင်ပိုဆိုးပါတယ်။ဒါပေမယ့်လည်းညာမောင်းကားတွေနဲ့ခေါက်ရိုးကျိုးနေတဲ့မြန်မာပြည်လမ်းတွေနဲ့ ကားသမားတွေအတွက်ဘယ်မောင်းသာရုတ်တရက်ပြောင်းလိုက်ရင်ကြုံတွေ့ရမည့်အခက်အခဲ အနည်ငယ်တော့ရှိပါတယ်။ဒါပေမယ့်လည်းဒီအခက်အခဲတွေကယာယီအခက်အခဲတွေသာဖြစ်လို့ အချိန်အတန်သင့်ကြာရင်တော့အဆင်ပြေသွားနိုင်ပါတယ်။

လမ်းကြေးတံတားကြေးပေးဆောင်ရာအခက်အခဲကြုံနိုင်ခြင်း


တိုးလ်ဂိတ်တွေလမ်းကြေးတံတားကြေးကောက်ခံတဲ့နေရာတွေအားလုံးနီးပါးဟာညာမောင်းကားတွေ အတွက်ပဲအဆင်ပြေစေတာကြောင့်ဘယ်မောင်းပြောင်လိုက်ရင်ပိုက်ဆံပေးရခက်သွားပါလိမ့်မယ်။ဘေး မှာထိုင်လိုက်သူပါရင်တော့အဆင်ပြေပေမယ့်တစ်ယောက်ထည်းမောင်းတဲ့အခါမှာပြသနာရှိပါတယ်။ တိုလ်ဂိတ်တွေကိုပုံစံပြောင်းဆောက်မှဖြစ်မယ့်အနေအထားဖြစ်လို့ရေတိုနဲ့ပြေလည်မယ့်ပြသနာ တစ်ခုတော့မဟုတ်ပါဘူး။


ကားပါကင်ထိုးရာတွင်အခက်အခဲအနည်းငယ်ရှိခြင်း


တစ်ချိန်လုံးညာမောင်းနဲ့နေသားကျနေတဲ့ကားသမားတွေအတွက်တော့ဘယ်မောင်းပြောင်တဲ့အခါ ကားပါကင်ထိုးရတာတိုင်တွေပတ်ကုန်နိုင်ပါတယ်။အယူအဆတွေမတူညီတော့လို့အချိန်အတော်ကြာ ပြန်လည်ကျင့်ယူမှကားပါကင်ကိုအဆင်ပြေပြေထိုးနိုင်လာမှာပါ။


အချိန်အဆများလွဲနိုင်ခြင်း


ကားကွေ့တာတွေလမ်းကြောင်းပြောင်းတာတွေအစရှိသဖြင့်အချိန်အဆကြည့်ပြီမောင်းရတဲ့အချိန်တွေ မှာဘယ်မောင်းကားတွေနဲ့ညာမောင်းကားတွေအချိန်အဆမတူတာကြောင့်အခက်အခဲရှိနိုင်ပါတယ်။ ဒီအခက်အခဲတွေကလည်းအချိန်အတိုင်းအတာတစ်ခုအကြာမှာပြေလည်သွားနိုင်တာဖြစ်လို့ သိပ်တော့ ကြီးမားလှတဲ့ပြသနာမဟုတ်ပါဘူး။

Writer by
=========================
Euro Nippon
Car Sale Center

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html