ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ်တစ်စီးရဲ့ over heat ပြသနာများ ဖြစ်ရတဲ့အကြောင်းများ

ဟိတက်ခြင်း over heat ပြသနာများ။

ဟိတက်ခြင်းဆိုတာဘာလဲ မိတ်ဆွေ။ ဟိတက်တယ်ဆိုတာ သာမန် အပူချိန်ထက် ပိုပီး ပူတာကို ဆိုလိုပါတယ်။ ပြင်ဆရာသက်တမ်းတစ်လျှောက် ဟိတက်တဲ့ဆိုင်ကယ်တွေအကြောင်းကို ပြောပြတဲ့နေရာမှာ လိုအပ်ချက် လစ်ဟာမူတစ်ခုခုရှိခဲ့မယ်ဆိုရင် တော့ စာရေးသူကျွန်တော့်ရဲ့ လိုအပ်ချက်သာဖြစ်ပါကြောင်း ကြိုတင် အသိပေးပါရစေ။
ဟိတက်ခြင်းဆိုတာ ကာလံဒေသံ ကွဲ့ပြားပြီး အဖြစ်ချင်း ဆင်တူနေသော်လည်း                      
အိုဗာဟိ ဖြစ်တယ် အပူလွန်ကဲစွာ ထွက်တယ်ဆိုတာ အရာများစွာအပေါ်မှီခိုနေပါသေးတယ်။ အရေးကြီးဆူံးက ဆိုငိကယ်ရဲ့ လိုအပ်တဲ့ ပါဝါ အင်အားနဲ့
မောင်းတဲ့လမ်း အနေအထား
နောက်တစ်ခုက မောင်းနေတဲ့လူရဲ့ အထာပါးနပ်မူတွေပါ။စက်တွေအကြောင်းပဲပြောကြပါစို့။
ဆိုင်ကယ်မှာ  oil cooled /air cooled နဲ့ water cooled ဆိုပြီး နှစ်မျိုးပဲ ခွဲခြားနိုငိပါတယ်။
coolent စနစ်တွေအကြောင်းကိုရှင်းပြရရင် ရေတိုင်ကီ ရေလှယ်အုံ ပါတဲ့စနစ် ရေတိုငိကီလုံးဝ မပါပဲ ဆီလှည့်ပါတ်ခြင်းဖြင့် အပူလျော့စေတဲ့စနစ် လေအေးခံစနစ် စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။
water cooled အကြောင်း မစခင်မှာ မူရင်းကုမ္ပဏီ တွေဟာ ထုတ်လုပ်လိုက်တဲ့ ဆိုင်ကယ်တစ်စီးဟာ ဘယ်နိုင်ငံ ဘယ်ရာသီဥတုမှာ အဆင်ပြေပြေစီးနိုင်ပီးတော့ ဘယ်နိုင်ငံ ဘယ်ရာသီမှာတော့ အဆင်မပြေနိုင် ဆိုပီး ခွဲခြားထုတ်လုပိပါတယ်။ အဲ့လိုခွဲခြားထုတ်လုပ်ရခြင်းဟာ မူလ ကွာလတီ ကိုထိမ်းသိမ်းတဲ့သဘောပါ။ ကဲ water cooled တွေအကြောင်းပြောရအောင် ဗျာ။ water cooled ဆိုတာက ရေတိုင်ကီ ထဲမှာ ရေ အပြည့်နီးပါးရှိနေမယ် ပန့်အကူကညီနဲ့ အပူပြင်းထန်တဲ့စလစ်တွေ ဟက်တွေကြားဝင်ထွက်သွားလာနေပီး မောင်းနေချိန်မှာ ထွက်လာတဲ့အပူကို သယ်ဆောင်တဲ့ကြားခံ ရေ တစ်မျိုးပါ။ သယ်လာတယ် ရေတိုင်ကီထဲဝင်တဲ့အချိန် ရေလိုင်းပါးပါးလေးတွေကြား တိုးနေတဲ့ လေအကူအညီနဲ့ ပြန်လည်အပူလျော့စေတဲ့စနစ်ပေါ့လေ။ဆိုင်ကယ်တွေ အနေနဲ့ကတော့ တစ်လုံးနှစ်လုံး သုံးလုံး လေးလုံး အကုန်လုံးမှာ သင့်လျှော်သလိုထည့်သွင်းအသုံးပြု လာကြပါတယ်။ အင်ဂျင်ပါဝါကြီးရင်ကြီးသလို အပူမြန်မြန်လျော့ စေဖို့ တိုငိကီကြီးကြီး သုံးပေးထားကြတယ်။ အပူတက်ခြင်း အတွက် တော့ အင်မတန့် အသုံးဝငိတဲ့ နည်းတစ်ခုပါ။ ရေတိုင်ကီမှာ အပူဆင်ဆာလေးတပ်ထားပီးတော့ အပူတက်လာတာနဲ့ အော်တို ပန်ကာကိုလှည့်ပေးတဲ့စနစ်လေးလဲပါပါသေးတယိ။
coolent fan လေးက ဘထရီနဲ့ဒါရိုက် ရလေး ခံပီးမောင်းတာမို့ ဟိတက်လို့ဖန်လည်နေချိန် ခင်ဗျားသော့ပိတ်လဲ သူလိုတဲ့အပူလျော့ဖို့ ဆက်လည်နေပါပါလိမ့်မယ်။သတ်မှတ်အပူကိုရောက်မှ အော်တိုပိတ်သွားမှာပါ။ ဆငိဆာပျက်လို့ ခလုပ်နဲ့တပ်ထားသူတွေအနေနဲ့တော့မပြောလို။
ဟုတ်ပီ ဒါဆို အားနည်းချက်ကဘာလဲဆိုတော့ အဲယားကိုး တွေထကိ အထိခိုက် မခံနိုငိဘူး အပူမျှ တက်နေတဲ့ အတွက်  တရိပ်ရိပ် တက်နေတဲ့အပူချိန်မှာ တည်ငြိမ် အပူဒါဏ်ကို မောင်းနှင်သူက ခံရမယ်။ ပီးတော့ သန်ံရှင်းရေး လုပ်ပေးရတာတွေ အပေါက်ပြဲဒါဏိတွေကိုခံကြရတယ်။
air cooled ကျတော့ အထက်က ကိစ္စတွေ မရှိတော့ မခံစားရတော့ဘူး ဒါပေမယ့် ဟိတက်ချိန်မှာ မတူတဲ့ အပူတက်တဲ့ ပုံစံကိုအပြည်အဝ ခံစားရတယ်။ အရာဝတ္ထုတွေဟာ ပူလာရင် ပွတဲ့ သဘောရှိတာမို့ ပွလာတယ် ကျပ်လာတယ်တင်းလာတယ် အဲ့ဒုက္ခတွေကို ခံစားရပါမယ်။ အင်ဂျင်တစ်လုံး နိုးထားချိန်မှာ ဟိတက်လာတယ်  အဲ့ဟိက နေရာပေါ်မူတည်ပီး အနိမ့်အမြင့်ကွာခြားသေးတယ် စက်နိုးထားတဲ့ ဆိုငိကယ်တစ်စီးမှာ အပူ ဆုံးနေရာက ပင်စင် သတ္တု အိုးပါ  နောက်လိုက်တာက ဟက်တုံး အပူ လျော့တဲ့ နေရာက စလစ်ပါ။ water cooled ကကျတော့ အပူကမျှ ပီးရေထဲ မှာသယ်ဆောင်လှည့်လည်နေလို့ တရိပ်ရိပ် အပူကို ခံရမယ်လို့ ပြောပေမယ့် air cooled မှာကျတော့ အပူလွန်ကဲ ထဲတစ်နေရာက ဝုန်းခနဲ ထပူတာမျိုးပါ။
ကဲကောင်းပီ  ဒါဆ်ု အပူတက်တယ်  အပူတက်တာဘာတွေဖြစ်နိုင်လဲ။ ဆိုင်ကယ်လေးတွေမှာက အပူအရမ်းတက်နေရင် ပင်စင်တွေ ပွလာပီး ကျပ်လာတယ် ဘီးက တင်းတင်းကြီးဖြစ်လာမယ် နောက် ထိုးရပ်မယ် ပင်စင်မှာအပွန်း အဆင်းတွေထင်ကုန်မယ်။ အပူတက်နေပီ ဆိုတည်းကိုက သတိထားပီးစစ်ရတော့မယ့် အပိုင်းတွေများသားပါ။ ကရိုင်းကေ့စ် ထဲကနေ အင်ဂျင်ဝိုင်ကို ပန့်နဲ့ စုပ်တင်တယ် ပီးတော့ ဟက်တုံး ကရိုင်း ပေါက် ကွန်နတင်း အစရှိတဲ့နေရာတွေကို ဆီရောက်အောင်တွန်းပို့တယ်။ အဲ့လိုပို့တဲ့လမ်းတစ်လျှောက်မှာ လမ်းမှာ ထိသမျှ အပူကိုလဲ စုပ်ယူသွားသလို အေးနေတဲ့ သတ္တု သားတွေနဲ့ထိတွေ့ရင်လဲ အင်ဂျငိဝိုင်ထဲက အပူက လျော့ကျသွားတယ်။ ဟက်တုံးထိတက်လာတဲ့အင်ဂျင်ဝိုင်ရဲ့ တာဝန်ကနှစ်မျိုးဗျ  တစ်မျိုးက ဟက်တုံးထဲမှာရှိနေတဲ့ ကင်းမရှပ်တွေ ဘားလက်တွေ တိုငိပင်ချိန်းတွေ ကိုချောဆီအနေနဲ့ အပွန်းစားခုခံပေးပီးတော့ လမ်းကအပူကိုလဲ စုပ်ယူသွားတယ် ကရိုငိးကေ့ထဲ အထိပေါ့လေ။အဲ့သည့်မှာ အင်ဂျင်ဝိုင် အပြစ်အကျဲ  ပြသနာစတာပဲ။ ဟိတက်တတ်လွန်းတဲ့ ဘီးတွေအနေနဲ့ အကျဲ ကို အသုံးပြုတာဟာ မျှ တ စေတယ်။အရမ်းပြစ်စေးတဲ့ အင်ဂျငိဝိုင်ဟာ အပူတက်ပီး တော်တော်နဲ့မအေးနိုင်လို့ အင်ဂျငိကို အပူတက်စေတယ်။ အဲ့တော့ ဝိသေသ လက္ခဏာတွေ တွေက အရမ်း ဟိတကိတဲ့ဘီးတွေက အိုဗာဟိ ဖြစ်လာရင် အင်ဂျငိ ထိုးရပ်တဲ့အထိ ဖြစ်တတ်တယ်။ အပူကြောင့် သတ္တုသားတွေ ရုန်းကန်နေတာမျိုးတွေ ကျွတ်ဆတ်ကုန်တာမျိုးတွေရှိတတ်တယ်။ ပီးတော့ မန်နျူဖို့ ကိုသရေ ပိုက်အသုံးပြုထားရင် အဲ့ပိုကိကလေးတွေ ကျွတ်ဆတ်ပီး လေမလုံတာ ပြတ်ထွက်တာတွေဖြစ်တတ်တယ်။ ဘယ်လိုပြုပြင်ကြမလဲ  အိုဗာဟိပြသနာကို။ Water cooled တွေမှာဆိုရင် အင်ဂျင် ဝိုင် နည်းလွန်းနေသလား အရင်စစ်သင့်တယ်။ အင်ဂျင်ဝိုင်နည်းရင်လဲ အပူသယ်ဆောင်မယ့်ထုထည်ပမာဏနည်းတဲ့အတွက် ဟိတက်တယ်။ အင်ဂျင်ဝိုင်အမျိုးအစားကိုလဲရွေးချယ်သုံးစွဲသင့်တယ်။နောက်တစ်မျိုးကတော့ ရေတိုင်ကီ တွေပိတ်နေလာ ရေလှယ်အုံတွေ အလုပ်လုပ်လားစစ်ရမယ်။သုံးသင့်တဲ့ရေ အမျိုးအစားရော မှန်ရဲ့လား သတိထားသင့်တယ်။
နောက်ဆုံးတစ်ချက်ကတော့  ရေတိုင်ကီfan အလုပ်လုပ်လား ကြည့်ရမယ်။ inline four စလင်ဒါတွေအနေနဲ့ ဟိက တော့ ရှိမှာပဲ အိုဗာဟိဖြစိရင်သာ ဂရုစိုက်သင့်တာ။  ကောင်းပီ ဒါဆို air cooled စနစ် ဆိုင်ကယ်တွေဟိတက်ရင်ကော
အင်ဂျင်ပတ်ကားလုပ်ထားတဲ့ဘီးတွေဟိတက်ပါတယ်။ အင်ဂျငိဝိုင် အတက်နည်းရင်လဲဟိတက်ပါတယ်။
အင်ဂျင်ဝိုင် နည်းတာကျဲတာတော့ပြောပီးပါပီ။ နောက်ဆုံးပြသနာကတော့ မီးအနိမ့်အမြင့် ပါ။ မီးမြင့်နေပီး ပင်စင် tdc မရောက်ခင်ပွတ်သီကာသီလေး ကပ်ပေါက်နေရင် pre-ignation ဖြစ်တာကြောင့်ဟိတက်ပါတယ်။ multicylinder တွေမှာ ဟက်ဂတ်စကက်ပေါက်တာနဲ့ over heat ဖြစ်ပါတယ်။ မကြာခဏထိုးရပ်မယ် ခဏနေမှပြန်နိုးလို့ရမယ်။အဲ့လက္ခဏာတွေပါ။ လေးလုံးအင်ဂျင်တွေမှာ ကာဘရိုက်တာ vacuum ချိန်တာမမှန်ရင်လဲ ဟိတက်ပါတယ်။ ပလပ်ကွိုင်အဝင်ထွက်တွေမမှန်ရင်လဲဟိတက်ပါတယ်။
ဟိတက်တာဟာ ဘီးကြီးတိုင်းမှာကြဲုံတွေ့နေကျလို့တောင်ပြောလို့ရပါတယ်။
စစ်ဆေးစရာတွေကအများသားပါ။ အဲကလင်တာအလွန်အမင်းပိတိနေတာ။ ဆီကျွေးမမှန်တာတွေကလဲ ဟိတက်စေပါတယ်။ နဂိုကကို အပူများတဲ့ ဆိုင်ကယ်အမျိုးအစားတွေလဲရှိပါတယ်။ ဥပမာ Yamaha တွေပေါ့။ air cooled နဲ့လာတဲ့ယာမဟာအတော်များများဟာ နောက်ဆုံး trucker 250တွေအထိ ဟိက သာမန်ထက်ကိုပိုပါတယ်။ ယာမဟာရဲ့ဟိဟာ ဆိုငိကယ်အမျိုးစားထဲမှာအများဆုံးလို့တောငိပြောလို့ရပီးတော့ ဒုတိယ လိုက်တာဆူဇူကီးပါ။ ယာမဟာ ဆီးရိုး 225 လေးနဲ့ တိုငိပါတ်အောင်ဟိဖျောက်ဖူးပါတယ်။ အတော်ကုန်မှ မူရင်းဝဘ်မှာလဲ feed back တွေတွေ့တော့မှ လက်လျှော့လိုက်တာပါ။ အဲ့တော့ dragstar 400-750 လို VTwin တွေ ပီးတော့ serow စီးရီးတွေနဲ့ air cooled မှန်သမျှ ယာမဟာစီးရီးတိုင်းကိုစီးမယ်ဆို စီးမယ့်သူက ကလပ်ဆွဲ လေအေးခံ မြန်မြန်စီးပေးရပါတယ်။ ဖြေးဖြေးမောင်းမယ်ဆို ခြေသလုံးမွှေးတေလိမ်ကုန်တာကိုယ်တွေ့ပါ။
ခုပြောပြတာက အိုဗာဟိ မဟုတ်ပါပဲ မူရင်းကကို အပူတက်တဲ့မျိုးမို့ပါ။ အိုဗာဟိ ဖြစ်လာရင် အင်ဂျင်ဝိုင် ဆီလေအရောနဲ့ တိုင်ပင်တွေစစ်သင့်တယ်ဆိုတာကိုတော့ သိလောက်ပီထင်ပါရဲ့လေ။

အားလုံးပဲဆိုင်ကယ်ဗဟုသုတပြည့်ဝကြပါစေ။

Writer by
ရဲရင့်သာဝေပိုင်

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html