ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ်တစ်စီးရဲ့ Carburetor ( ကာဘရိုက်တာ ) နဲ့ EFI စနစ်ရဲ့ အလုပ်လုပ်ပုံ ဘယ်လိုကွာခြားလဲ

ဆိုင်ကယ်တစ်စီးရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ ဆီလောင်ကျွမ်းမှု ဖြစ်စဉ်ကို အဓိကထောက်ပံ့ပေးတဲ့ Carburetor ( ကာဘရိုက်တာ ) နဲ့ EFI စနစ်ရဲ့ အလုပ်လုပ်ပုံကို အနည်းငယ် ရှင်းပြပေးချင်ပါတယ်။

ကာဘရိုက်တာ ဆိုတာ ပထမဆုံး ပေါ်တဲ့ ဆီလောင်ကျွမ်းမှု နည်းပညာဖြစ်ပြီး သာမန်ဆိုင်ကယ်တွေမှာ အများဆုံး အသုံးပြုကြပါတယ်။

ဆီတိုင်ကီထဲက ဆီနဲ့ ပြင်ပကလေပေါင်းစပ် ကာ  အင်ဂျင်ဆီကို ပေးပို့ပြီး လောင်ကျွမ်းမှုကို ဆောင်ရွက်ရပါတယ်။ အင်ဂျင်ထဲ က ပစ်စတန် ရဲ့ လှုပ်ရှား မှုကြောင့် ဖိအားတွေ ဖြစ်ပေါ်လာပြီး ဆီလောင်ကျွမ်းကာ အင်ဂျင်ပါဝါကို ထုတ်ပေးပါတယ်။ ထို ကာဘရိုက်တာ စနစ်ရဲ့ အားသာချက်က ထုတ်လုပ်မှု အကုန်အကျ သက်သာပြီး ပြင်ရတာလွယ်ပါတယ်။ မသန့်တဲ့ ဆီတွေကိုလည်း အတိုင်းအတာတခုထိ လက်ခံလောင်ကျွမ်းပါတယ်။ဒါပေမဲ့ စက်နှိုးရတာ ခက်ခဲတတ်ပြီး Choke (ချုပ်) ရဲ့ အကူအညီနဲ့ စက်နှိုးရလေ့ရှိပါတယ်။ အေးတဲ့ရာသီတွေဆို ပိုဆိုးပါတယ်။ နောက်ထပ် အားနည်းချက်တစ်ခုက ဆီအစားများတာ ဖြစ်ပြီး ဆီပေါက်ပိတ်တာတွေ လည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ ခုနောက်ပိုင်း မှာ ကာဘရိုက်တာ အစား EFI ကို ပြောင်းလဲ သုံးစွဲ လာခဲ့ကြပါတယ်။
EFI ရဲ့ အရှည်က Electronic Fuel Injection ဖြစ်ပြီး ကွန်ပျူတာစနစ်နဲ့ တိတိကျကျ ဆီပက်ဖြန်းလောင်ကျွမ်းစေတာ ဖြစ်ပါတယ်။သူ့မှာ Oxygen  ၊ အပူချိန် စတာတွေကို အာရုံခံတဲ့ Sensors တွေပါရှိပြီး ရလာတဲ့ အချက်အလက်တွေကို ECU ( Electroic Control Unit ) ကို ပေးပို့ရပါတယ်။

ECU သည် Fuel Injection စနစ်ရဲ့ အဓိက မဏ္ဍိုင် ဖြစ်ပြီး တကယ်လိုအပ်မဲ့ ဆီနဲ့ လေအရောအနှောကို အင်ဂျင်ဆီပို့လွှတ် လောင်ကျွမ်းစေတာကြောင့်ဖြစ်ပါတယ်။ ဆီပက်ဖြန်းမှု ပိုမိုတိကျပြီး ကာဘရိုက်တာစနစ်ထက် အင်ဂျင် ပါဝါပိုမို ထုတ်ပေးနိုင်တာကြောင့် အဆင့်မြင့် Bike တွေမှာ အသုံးပြုကြပါတယ်။ ဘယ်လောက်အေးခဲခဲ စက်နှိုးရလွယ်ကူပြီး Choke လည်းမလိုအပ်ပါဘူး။ ထုတ်လုပ်စရိတ်များပြားတာကြောင့် သာမန်ဆိုင်ကယ်တွေမှာ တပ်ဆင်လေ့မရှိပါဘူး။အဆင့်မြင့်နည်းပညာဖြစ်တာမို့ သန့်ရှင်းတဲ့ ဆီ ထည့်ပေးဖို့တော့ လိုအပ်ပါတယ်။

ကဲ .. Carburetor နဲ့ EFI ရဲ့ ကွာခြားချက်ကို သိပြီဆိုတော့ ဘယ်ဟာက ပိုကောင်းလဲဆိုတာ ပြောဖို့ မလိုလောက်တော့ပါဘူး။

Writer by
#Auto_EFI


Part 2


ဒီနေ့ည ကျွန်တော်ကို မေးကြတဲ့ အစ်ကိုတွေ auto ဘီးတွေစီးပြီး အခန့် မသင့် တဲ့ အခါ စီးရတာ အဆင်မပြေ ဖြစ်ကြတော့ မေးလာတာ ကို ဖတ်ဖူးသမျှ ပြန်မျှဝေတာ ပါ  စက်ဆရာ များလိုတော့ အလုံးစုံ မသိပါ ခင်ဗျာ EFI လောင်စာဆီပို့စနစ် အခြေခံ

အကြောင်းလေးပါ။


ခေတ်ဟောင်းကားတွေမှာ လောင်စာဆီပို့စနစ်ကို ကာပရိုက်တာ ကလုပ်ပေးပါတယ်။ ဓာတ်ဆီအင်ဂျင် တစ်လုံးမှာ လေနဲ့ ဓာတ်ဆီအချိုးကျ ရောစပ်ပေးတဲ့အလုပ်ကို ကာပရိုက် တာလုပ်ပေးပါတယ်။ ဓာတ်ဆီအင် ဂျင်တစ်လုံးရဲ့ လည်ပတ်နေတဲ့အခြေ အနေအမျိုးမျိုးကိုလိုက်ပြီး လိုအပ်တဲ့ လေနဲ့ လောင်စာအချိုးကို ကာပရိုက် တာစနစ်က အကောင်းဆုံးလုပ်မပေး နိုင်ပါဘူး။ ဆီများသွားတာလည်းရှိ မယ်။ ဆီနည်းတာလဲရှိမယ်။ အား နည်းချက်တွေကတော့ အများကြီးပါ ဘဲ။ ဆီရောစပ်ပေးနိုင်တာမမှန်တဲ့အ တွက် အိတ်ဇောအီမစ်ရှင်းတွေများပြီး လေထုညစ်ညမ်းမှုတွေဖြစ်စေပါတယ်။ EFI စနစ်ကတော့ အင်ဂျင်လည်ပတ် မှုအခြေအနေကိုလိုက်ပြီး လေနဲ့ လောင်စာဆီအချိုးအစားရောစပ်မှုကို အကောင်းဆုံးလုပ်ပေးနိုင်တယ်။ EFI ဆိုတဲ့စကားလုံးက Electronic Fuel Injection ရဲ့ အတိုကောက်ခေါ်ဆို တာပါ။ EFI စနစ်မှာ Injector တွေ က လောင်စာဓာတ်ဆီကို အမှုန်အ မွှားလေးတွေအဖြစ် ဖြန်းပေးတယ်။ ဆီပမာဏနဲ့ ဆီပန်းပေးတဲ့ Timing အချိန်ကိုက်ကို ကွန်ပျူတာက ထိန်းချုပ်ပြီး အမိန့်ပေးပါတယ်။ အင်ဂျင်မှာ တပ်ဆင်ထားတဲ့ အာရုံခံဆင်ဆာ တွေက အင်ဂျင်ရဲ့ အခြေအနေသတင်းအချက်အလက်တွေကို ထောက် လှမ်းအာရုံခံပြီး ကွန်ပျူတာကို သတင်း ပို့ပေးတယ်။ ကွန်ပျူတာက အဲဒီအ ချက်အလက်တွေကို အခြေခံပြီး အင် ဂျင် speed, ရုန်းကန်ပေးရမဲ့ဝန်အား (load) နဲ့ အင်ဂျင်လည်ပတ်မှုအခြေ အနေအမျိုးမျိုးကို ဆုံးဖြတ်ပေးပါ တယ်။


ဓာတ်ဆီလောင်စာသုံး၊ အင်ဂျင် တစ်လုံးမှာ လေနဲ့ လောင်စာဆီရော စပ်မှုအမျိုးအစားက အရေးကြီးပါ တယ်။

အကောင်းဆုံးပြည့်ဝစွာ မီး လောင်ပါက်ကွဲမှုတစ်ခုဖြစ်ဖို့အတွက် လေနဲ့ လောင်စာဆီ(ဓာတ်ဆီ)အချိုး အစားဟာ (14.7:1) ဖြစ်ရပါတယ်။ လောင်စာဆီ ၁ ဆကို လေ(အောက် ဆီဂျင်) (14.7) ဆနဲ့ ရောနှောထား တဲ့ Air Fuel mixture ဖြစ်မှာ အပြည့်အဝမီးလောင်ကျွမ်းပါတယ်။

ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ ဆလင်ဒါအတွင်းကို လေနဲ့ လောင်စာဆီအချိုးကျရောစပ်ထားတဲ့ လေ လောင်စာဆီအရောအနှောဝင်ရောက်ပြီး ပစ္စတင်ပြန်တက်လာတဲ့ Compression Stroke အဆုံးမှာ spark plug မှ အချိန်ကိုက်မီးပွားပွင့်ပေးတာ ကြောင့် မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ပတ်တာဖြစ်တယ်။ ဆီများ ပြီး လေနည်းတဲ့ အရောအနှောကို Rich mixture လို့ခေါ်ပါတယ်။ ဆီနည်းတဲ့ အရောအနှောကို Lean mixture လို့ခေါ်ပါတယ်။ Rich mixture မှာ လေနည်းပြီး ဆီပမာဏများ နေတဲ့အတွက် အပြည့်အဝမီးမလောင် နိုင်ပါဘူး။ အောက်ဆီဂျင်နည်းနေတဲ့ အတွက် မီးလောင်ပြီးထွက်လာတဲ့ အိတ်ဇောဓာတ်ငွေ့တွေမှာ ကာဗွန် မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေ ပါနေတာ ကြောင့် လေထုညစ်ညမ်းမှုဖြစ်မယ်။ ဆီနည်းတဲ့ Lean mixture အရော အနှောမှာလည်း ပေါက်ကွဲအားကျ ဆင်းပြီး ပါဝါစွမ်းအား အထွက်နည်း နေမယ်။


ဓာတ်ဆီအင်ဂျင်တစ်လုံးဟာ လည်ပတ်မှုအခြေအနေအမျိုးမျိုးမှာ အကောင်းဆုံး လေ၊ လောင်စာအချိုး (14.7:1) ဖြစ်ပေါ်နေမှ စွမ်းအားအ ပြည့်အဝရရှိပြီး အပြည့်အဝလောင် ကျွမ်းမှုကြောင့် လေထုညစ်ညမ်းမှု လျော့နည်းစေပါတယ်။ လောင်စာဆီ ထိရောက်မှုရှိပြီး ဆီစားသက်သာပါ တယ်။ ဒီလိုအခြေအနေမျိုးကို ကာပ ရိုက်တာစနစ်က လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ EFI စနစ်ကသာ အင်ဂျင် အခြေအနေအမျိုးမျိုးအတွက် လိုအပ် တဲ့ဆီပမာဏကို ကွန်ပျူတာက ထိန်း ကျောင်းပြီး ပို့ပေးနိုင်ပါတယ်။

EFI စနစ်က ၁၉၈၀ ခုနှစ် လောက်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမဆုံး စတင်ပေါ်ပေါက်တဲ့စနစ်က Throttle Body Injection စနစ်ပါ။ Intake Manifold အဝင်သင့်လျော် တယ်။ ဘော်ဒီမှာ အပေါက်ဖောက် ပြီး Injector ၁ လုံး သို့မဟုတ် ၂ လုံးက လောင်စာဆီကိုဖြန်းပေးပါ တယ်။ ဒီစနစ်မှာလည်း အားနည်း ချက်တွေရှိတာကြောင့် Multiport fuel Injection စနစ်ကို တီထွင်လာ ကြပါတယ်။ စတင်ပေါ်စက အီလက် ထရွန်နစ်နည်းကို အပြည့်အဝအသုံး မချနိုင်သေးပါဘူး။ ၁၉၈၀ ဖြည့်လွန် နောက်ပိုင်း ၁၉၉၀ လောက်မှာ အီ လက်ထရွန်နစ်စနစ်ကို အပြည့်အဝ သုံးထားတဲ့ EFI စနစ်တွေပေါ်လာပါ တယ်။ ဒီကနေ့မျက်မှောက်ကာလမှာ တော့ ကွန်ပျူတာထိန်းချုပ်တဲ့ အီလက်ထရွန်နစ်စနစ်သုံး Injector တွေဘဲ သုံးလာကြပါတယ်။ 


၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းမှာ Gasoline Direct Injection (GDI) စနစ်ဆိုပြီး တီထွင်ခဲ့ကြပါတယ်။ ဒီစနစ်မှာတော့ ဆလင်ဒါတစ်လုံးချင်းကို Injector တစ်လုံးချင်းက တိုက်ရိုက် ဆီဖြန်းပေးတာဖြစ်ပါတယ်။ အင်ဂျင် မီးလောင်ပေါက်ကွဲခန်းထဲအရောက် Injector က လောင်စာဆီတိုက်ရိုက် ဖြန်းပေးတာပါ။ GDI စနစ်မှာ ဒီဇယ် အင်ဂျင်နဲ့ ပုံစံတူပါတယ်။ Injector တွေက ဆီဖြန်းပေးတဲ့ Pressure ဖိအားက Multiport Fuel Injection စနစ်ထက် ပိုများပါတယ်။ လောင်စာ ဆီစားနှုန်းသက်သာမှုနဲ့ ပါဝါစွမ်းအင် ပိုမိုရရှိမှုမှာတော့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်အထိ တိုးတက် လာပါတယ်။ GDI စနစ်ကို အသုံးပြု ထားတဲ့ ကားအမျိုးအစားတွေကတော့ Vosklwagen TDI, Mazda direct injection engine, Chevrolet Eco Tech အင်ဂျင်၊ Ford Eco Boost နဲ့ Mitsubishi Pajero GDI အင်ဂျင်များ ဘဲ ဖြစ်ပါတယ်။ 


EFI (Electronic Fuel Injection) စနစ်ဖွဲ့စည်းတည်ဆောက်ပုံ ဒီဇိုင်းတွေဟာ ထုတ်လုပ်တဲ့ကုမ္ပဏီ ကိုလိုက်ပြီး အသေးစိတ်လုပ်ဆောင် ပုံနည်းစနစ်တွေမှာ ကွဲပြားခြားနားနိုင် ပါတယ်။ ဒါပေမဲ့ အခြေခံသဘော တရားတွေကတော့ အားလုံးအတူတူ ပါဘဲ။ EFI စနစ်မှာ လောင်စာဆီကို ကွန်ပျူတာထိန်းချုပ်ပြီး Injector တွေကနေ တစ်ဆင့် ဆလင်ဒါတစ် လုံးချင်းကို လောင်စာဆီဖြန်းပေးတယ်။

EFI စနစ်မှာ အင်ဂျင်လည်ပတ် ဖို့ အခြေအနေတွေဖြစ်တဲ့ အင်ဂျင်လည်ပတ်နှုန်း (RPM)၊ အဝင်လေအပူချိန်၊ အအေးခံရည်ရဲ့အပူချိန်၊ Throttle Valve Position, အိတ်ဇော အငွေ့ထဲမှပါလာတဲ့ အောက်ဆီဂျင် ပမာဏစတဲ့ အချက်အလက်တွေကို မူတည်ပြီး ကွန်ပျူတာက ဆီပို့ပေးရ မယ့်ပမာဏနဲ့ ဆီဖြန်းတိုင်မင်တွေကို တွက်ချက်ပြီး အမိန့်ပေးညွှန်ကြား တယ်။ ECU (Electronic Control Unit) ခေါ် ကွန်ပျူတာက ညွှန်ကြား တဲ့အတိုင်း Injector တွေက တိကျ တဲ့လောင်စာပမာဏကို ဖြန့်ဝေပေး တယ်။ ဒါကြောင့် EFI အင်ဂျင်တွေ ဟာ ပြောင်းလဲနေတဲ့အခြေအနေတွေ အပေါ်မှာမူတည်ပြီး ယာဉ်မောင်းသူ စေခိုင်းသမျှကို လိုအပ်သလို အ ကောင်းဆုံးလုပ်ပေးနိုင်တယ်။ ဆီစား သက်သာပြီး အီမစ်ရှင်းထုတ်လွှတ်မှု လည်းနည်းတယ်။ EFI စနစ်က ကာပ ရိုက်တာစနစ်ထက် Fuel Efficiency အပြည့်အဝပေးနိုင်တယ်။


EFI စနစ်ကို Fuel Supply System, Sensing System နဲ့ Data Procesing Fuel Metering System ဆိုပြီး အကြမ်းအားဖြင့် ၃ မျိုးခွဲ ပြီး ရှင်းလင်းပါ့မယ်။


Fuel Supply System

အင်ဂျင်အတွက် ဆီဖြန့်ဝေပေး ဖို့ အခြေခံအစိတ်အပိုင်းတွေပါဝင်ပါ တယ်။ Electrical Fuel Pump ကို လောင်စာဆီတိုင်ကီထဲမှာထားတယ်။ ဆီထဲမှာနစ်မြှုပ်နေတဲ့ Fuel Pump က ကားသော့ဖွင့်လိုက်တာနဲ့ ဆီတွေ မောင်းပို့တယ်။ ဆီပိုက်လိုင်းကတစ်ဆင့် ဆီစစ်ဘူးကိုဖြတ်ပြီး သန့်စင်စေတယ်။ သန့်စင်ပြီးလောင်စာဆီတွေ ဟာ Fuel Rail လိုင်းထဲမှာ သတ်မှတ် ဖိအားအတိုင်းရှိတယ်။ Fuel Rail နဲ့ Injector တစ်လုံးချင်းကို ပိုက်နဲ့ဆက် ထားတယ်။ ကွန်ပျူတာညွန်ကြား ထိန်းကျောင်းမှုအောက်မှာရှိနေတဲ့ Injector တွေဟာ အင်ဂျင်လည်ပတ် မှုအခြေအနေပေါ်မူတည်ပြီး ဆီဖြန်း ပေးတယ်။ Fuel Rail လိုင်းထဲမှာရှိတဲ့ လောင်စာဆီတွေရဲ့ ဖိအား Pressure ကို Regulator က ထိန်းချုပ်ပေး တယ်။ ပိုလျှံတဲ့ဆီတွေကို Return ပိုက်လိုင်းကနေတဆင့် ဆီတိုင်ကီထဲ ပြန်ဝင်တယ်။


Sensing System

အင်ဂျင် ECU (Electronic Control Unit) နဲ့ ဆက်သွယ်ထားတဲ့ အာရုံခံဆင်ဆာတွေဟာ အင်ဂျင်ရဲ့ လည်ပတ်မှုအခြေအနေတွေကို သတင်းပေးပို့နေတဲ့ ထောက်လှမ်းရေး တွေဖြစ်တယ်။ အာရုံခံဆင်ဆာတွေက သတင်းအချက်အလက်တွေရမှ ECU က တွက်ချက်ပြီး အင်ဂျင်ကို ထိန်း ချုပ်ညွန်ကြားနိုင်မယ်။ အာရုံခံဆင်ဆာ တွေကတော့ Air Flow Sensor, Oxygen Sensor, Throttle Position Sensor, Coolant temperature Sensor, Engine Speed Sensor, Manifold Absolute Pressure Sensor, Voltage Sensor, Intake Air Temperature Sensor တို့ဖြစ်ပါတယ်။


Data Procesing Fuel Metering System

ကွန်ပျူတာ ECU ဟာ အာရုံခံ ဆင်ဆာတွေကနေ ပေးပို့လာတဲ့ အင်ဂျင်ရဲ့ အခြေအနေအချက်အလက် တွေကို Memory မှာ မှတ်သားထား ပြီး အင်ဂျင်အတွက် အကောင်းဆုံး လေ၊ လောင်စာဆီအချိုး (14.7:1) ရဖို့ တွက်ချက်ပေးတယ်။ ပြီးတော့ Injector တွေကို အမိန့်ပေးညွန်ကြား တယ်။ Injector Valve ဖွင့်ချိန်၊ ပိတ် ချိန်ဟာ မီလီစက္ကန့်လောက်ဘဲ အချိန်အရမ်းတိုတောင်းတယ်။ 


Injector တစ်လုံးပွင့်တာ၊ ပိတ် တာဟာ Duty Cycle တစ်ခုဘဲ အင်ဂျင်အတွက် လောင်စာဆီများများလို အပ်ချိန်မှာ Injector ဖွင့်ချိန် (Pusle Width) ကို များပေးထားပြီး ပိတ်ချိန် ကို နည်းပေးထားတယ်။ EFI စနစ်မှာ သုံးတဲ့ Injector ပုံစံအမျိုးမျိုးရှိတယ်။ လျှပ်စစ်သံလိုက်နဲ့ အဖွင့်၊ အပိတ် လုပ်ပေးတဲ့ Solenoid Operated Injector တွေဖြစ်တယ်။ Solenoid ဆိုတာ သေးမျှင်တဲ့ဝါယာကွိုင်ခွေတစ် ခုပါဘဲ။ D.C လျှပ်စစ်ဓာတ်ပေးလိုက်ရင် ဝါယာကွိုင်ဟာ လျှပ်စစ်သံလိုက် ဖြစ်သွားပြီး အာမေချာကိုဆွဲမပေးတာ ကြောင့် Injector Needle Valve ကို ပွင့်သွားစေတယ်။ Needle Valve ပွင့်သွားတာနဲ့ ဖိအားနဲ့ တွန်းထားတဲ့ လောင်စာဆီတွေ Injector ထိပ်ဖျား အပေါက်ကလေးကနေ ပန်းဖြာပြီး ထွက်လာတယ်။ ECU က လျှပ်စစ် ဓာတ်ကိုဖြတ်တောက်လိုက်တာနဲ့ Solenoid ထဲမှာ သံလိုက်ဓာတ် ပျောက်သွားပြီး စပရိန်တွန်းကန်အား ကြောင့် Needle Valve ပြန်ပိတ်သွား တယ်။ 


Injector ထိပ်မှာ ဓာတ်ဆီတွေ ယိုစိမ့်ရာကနေ မလောင်ဘဲ ဗားနစ်ချိုး လိုကပ်တွယ်ပြီး အပေါက်ပိတ်စေ တယ်။ Injector ဆီဖြန်းပေးတဲ့ ဆီးပန်း spray ပုံစံကို ဖျက်စီးစေတယ်။ Injector မှာ ချေးပိတ်နေပြီး ဆီ ကောင်းကောင်းဖြန်းမပေးနိုင်ရင် အင် ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ ချွတ်ယွင်းချက်ဖြစ်လာနိုင်ပါတယ်။ Injector တွေ သန့်ရှင်းနေအောင် ထိန်းသိမ်းပေးလမှ EFI စနစ်ကောင်း ကောင်း အလုပ်လုပ်နိုင်ပါတယ်။ လောင်စာဆီထဲမှာ Injector Cleaner ဆေးရည်ရောစပ်ပြီးသုံးရင် ထိပ်ကချေးတွေကို သန့်ရှင်းစေပါ တယ်။ 


#Auto_EFI

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html