ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
Cable and Breaker အကြောင်းလွယ်လွယ်ပြောရအောင်
civil လုပ်ငန်းတွေနဲ့ တွဲဖက်ပါလာတတ်တဲ့ လျပ်စစ် လုပ်ငန်းက   Cable and Breaker အကြောင်းလွယ်လွယ်ပြောရအောင်
**********************************************************
ဥပမာ~~~ ပြောရရင်  ကိုယ်က ဘောင်းဘီရှည်တစ်ထည်ဝယ်မယ်ဆိုပါစို့   ကိုယ့်ခါးဆိုဒ် ဘယ်လောက်လည်း မသိပဲ နဲ့  ခန့် မှန်း ပြီးဝယ်မိရင် အရည်သွေးတော့ ကောင်းပါရဲ့ ကိုယ်နဲ့  အံကိုက်မဖြစ်ဘဲ  ခါးဆိုဒ်ကြီးတာ ၊ ခါးဆိုဒ်သေးနေတာ ဖြစ်နေတတ်လို့ ပါ ။  Cable & Circuit Breaker တွေကိုအသုံးချမယ်ဆိုရင်လည်း ဘယ်လိုဆိုဒ်တွေ လာတတ်တယ်   ဘယ်လောက်ဆိုဒ်သုံးရင် အဆင်ပြေမယ်ဆိုတာ  ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ လိုပါတယ်..သူများရွေးပေးတာပဲသုံးမယ်ကွာ ဆိုရင်တော့  တစ်မျိုးပေါ့  ( ရည်စား ဘွ  ကိုယ့်ကောင်မလေး  ရွေးပေးတဲ့ လက်ဆောင်  မကြိုက်ပေမဲ့   ကြိတ်မှိတ် သုံးရသလို တော့ မဖြစ်စေချင်ဘူးပေါ့   :P ) 
Engineering မှာ  အရေးကြီးဆုံးထဲက တစ်ခုဖြစ်တဲ့   Specifications ( ပစ္စည်းတစ်ခု၏ အရည်အသွေးကို အသေးစိတ်ဖော်ပြထားချက် )  ဆိုတာကိုတော့ မဖြစ်မနေနားလည်ထားဖို့  လိုကို  လိုအပ်ပါတယ်။
ဘယ်အင်ဂျင်နီယာ ဘယ် consultant မှ  ပစ္စည်းမြင်ယုံနဲ့  တန်းပြီး ကွန်မန့် ပေးတာ မျိုး ဆုံးဖြတ်တာမျိုးလုပ်လေ့ မရှိပဲ  ပစ္စည်းပေါ်မှာ ရေးသားထားသော  Specification, Manual တို့ ကို သေချာဖတ်ရှုပြီးမှ သာ ဆုံးဖြတ်ချက်တို့   မှတ်ချက်တို့ ချ လေ့ ရှိတာ သတိပြုစေချင်ပါတယ် ဒါပြောတာက specification ရဲ့ အရေးကြီးပုံကို သိစေချင်တာပါ
ဥပမာ~~~ Cable တစ်ခုတွေ့ လိုက်ရင်ပဲဖြစ်ဖြစ်   Cover က  PVC (Polyvinyl Chloride ) လား ၊uPVC (unplastic Polyvinyl Chloride)လား၊ XLPE ( Cross-linked polyethylene ) လား ,EPR ( Ethylene Propylene Rubber) လား၊ Ambient temperature က 70ံ C လား
One core လား  three core လား စသဖြင့်    Specification ကို သိမှ ကိုယ်ဘယ်ပစ္စည်းအမျိုးစားကိုသုံးသင့်တယ်  ဘယ်ဟာပိုကောင်းနိုင်တယ်
ဘယ်လိုမှာယူအသုံးချသင့်တယ်  ဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။
Cable Sizes ( ၀ါယာကြိုးဆိုဒ်များ )
************************************
ဘယ်လျှပ်စစ်ပစ္စည်းကိုပဲ သုံးသုံး  wire  ကတော့ မပါမဖြစ်တဲ့   ပစ္စည်းတစ်ခုပေါ့ ။ wire တွေကို ပုံမှန်အားဖြင့်  ဈေးကွက်အတွင်းမှာ အခွေလိုက်  မီတာ ၁၀၀  တစ်ခွေ ၊ Cable ဆိုဒ်ကြီးတွေကိုတော့   Drum ဆိုတဲ့ အ၀ိုင်းကြီးနဲ့  စသဖြင့် ၀ယ်ယူနိုင်ပြီး  တကယ့်စီးပွားရေးအဆောက်အအုံ လုပ်ငန်းခွင်မှာအသုံးချတဲ့    Cable  ကြိုးဆိုက်တွေကတော့  PVC, uPVC , XLPE, EPR   cover နဲ့  သူ့  အတွင်းပိုင်း Copperပေါ်မူတည်ပြီးတော့  ဈေးနှုံးနဲ့  Quality လည်းကွာခြားနိုင်ပါတယ်။  
ယနေ့ ခေတ်အခါမှာတော့   အထပ်မြင့်အဆောက်အအုံတွေမှာ ၀ါယာကြိုးဆိုက်အကြီးတွေအစား
Ampere 2500A , Ampere 5000A ခံနိုင်ရည်ရှိတဲ့  Bus duct System တွေစတင်အသုံးပြုနေပါပြီ ။  Cable ကြိုးပေါ်မှာ ကတော့  10 sqmm x 75ံC  220/400V  600W/1000W /XLPE စသဖြင့် ရိုက်နှိပ်ဖော်ပြထားမှာဖြစ်ပြီး
75ံC     ကတော့   ကြိုးရဲ့ အပူချိန်ခံနိုင်ရည်ပါ
220/400V ဆိုတာကတော့   ဒီကြိုးဟာ  220/440V မှာအသုံးပြုဖို့  အားခံနိုင်ရည်ပါ
600/1000W စသဖြင့်ဖော်ပြထားတာကတော့   ဒီလောက် Watt အားရှိတဲ့ လျှပ်စစ်ပစ္စည်းတွက်သုံးလို့ ရနိုင်ပါတယ် ( ဥပမာ  Hotplate =1000W )
XLPE/PVC ဆိုတာကတော့   သူ့ ကြိုးကို cover လုပ်ထားတာက PVC လား XLPE လားဆိုတာကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ ကျနော်ဖော်ပြရေးသားချက်များသည်  ယေဘုံယျ ဖော်ပြထားခြင်းသာဖြစ်ပြီး အသေးစိတ်ကိုတော့  သေချာ ဂရုတစ်စိုက်နဲ့ လေးလာရင် အခြေခံအချက်လက်တွေကို သိရှိလာမှာဖြစ်ပါတယ်။
အလုပ်ခွင်မှာတွေ့ ရမဲ့ ကြိုးဆိုဒ်တွေကတော့ 
  0.75  sqmm  ( ဒီကြိုးဆိုဒ်ကတော့  မီးချောင်း ချုပ်တွေမှာ သုံးတာတွေ့ နိုင် )
   1.0 sqmm 
   1.5 sqmm  ( Lighting တွက် အဓိကထားသုံးစွဲ )
   2.5 sqmm  ( Power Socket  တွေမှာ အများဆုံးအသုံးပြု )
   4.0 sqmm , 6.0 sqmm,10 sqmm     
   16 sqmm  , 25 sqmm , 35 sqmm    
    50  sqmm ,70  sqmm, 95 sqmm, 120 sqmm    
စသဖြင့် ..ဒီထက်ကြီးတဲ့ ကြိုးဆိုဒ်တွေလည်းကျန်ပါသေးတယ် ။
အချို့ ဆိုက်တွေနဲ့  EPC ၀န်ထမ်းတွေကတော့  3.039,7.044 စသဖြင့် ကြိုးတွေကို ခေါ်ဝေါ်သုံးစွဲတတ်ပါတယ်။ အပြန်အလှန် သိရှိမှတ်သားထားနိုင်မှ လုပ်ငန်းခွင်မှာ ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပါကြောင်းနဲ့  ရေပိုက်  အဲကွန်းကြေးပိုက်ေတွဆိုလည်း mm နဲ့ သိထားပေမဲ့  အများခေါ်ဝေါ်ကြတဲ့   မတ် တို့  မူး တို့  ပဲတို့ ဆိုတာလည်း သိမထားရင် တိုင်ပတ် တဲ့ ကိန်းကြုံရဖူးတယ်ဗျ :D :D :D
Circuit Breaker  Sizes   ( Load Breaker အရွယ်အစားများ )
********************************************
လျှပ်စစ်ပစ္စည်းများအသုံးပြုနေရင်း  Load Side ဘက်မှာ  Ampere များနေရင် ၊ အကြောင်းအ
Fuse ကတော့  ပြတ်သွားပြီဆိုရင် အသစ်ပြန်လဲလှယ်ရတာပေါ့ ..တန်ဖိုးကြီး /အရေးကြီး လျှပ်စစ်ပစ္စည်းတွေမှာတော့  Fuse ကိုမဖြစ်မနေ ကြားခံထားရပါတယ်။ Fuse ပြတ်သွားပြီဆိုရင် အလောတကြီး ချက်ချင်း အသစ်လဲလှယ်တပ်ဆင်တာမျိုးကိုတော့    တတ်နို်င်သမျှ ဆိုင်းငံ့ ထားစေချင်ပါတယ်  ဘာကြောင့် Fuse  ပြတ်တယ်ဆိုတာကို  သေချာ  Troubleshoot လုပ်သင့်ပါတယ် သေချာပြီဆိုမှ  Fuse အသစ်လဲလှယ်တာပိုပြီးတော့  ကောင်းပါမယ်…
CB ကတော့ ရှင်းပါတယ်   Load ဆိုဒ်ဘက်မှာ shock ဖြစ်နေရင်  ဖုံး/အုံး /ဖောက်  ဆိုတဲ့ အသံနဲ့   CB ပြန်ချ သွားမှာပါပဲ  အချို့  MCCB တွေဆိုရင်တော့  တန်းပြီးပြုတ်ကျမသွားဘဲ  Trip ဖြစ်သွားတာလည်း ကြုံတွေ့ ရမှာပါ။ Load ဆိုဒ်ဘယ်မှာ  ပြဿနာ ဖြေရှင်းလို့ မပြီးမချင်း  CB   ပြန်တင်လို့ မရနိုင်ပါဘူး .. ( ELCB and RCCB အကြောင်းတော့   ကြုံကြိုက်ရင် နည်းနည်းပြန်ပြီး  ဆွေးနွေးကြတာပေါ့ဗျာ )
Breaker ခဏ ခဏ ကျတတ်တာကတော့   Load Side ( လျှပ်စစ်အသုံးပြုမှု ) မှာ  အသုံးပြုတာ တည်ငြိမ်မှု မရှိရင်  Breaker မကြာမကြာ ကျတတ်ပါတယ်။ Breaker ရဲ့ ခံနိုင်ရည်  Ampere ဟာ Load Side ဘက်မှာရှိတဲ့  Ampere ထက်ခံနိုင်ရည်နည်းနေရင်လည်း  Breaker မကြာမကြာကျနေတတ်ပါတယ် ။..ဥပမာ ~~~ Welding လုပ်ငန်းတွေ လုပ်ကိုင်ရင် အများဆုံးကြုံရနိုင်တာ သိနိုင်မှာပါ။ တစ်ခါက ဆေးရုံတစ်ရုံမှာ ကျနော်အလုပ်လုပ်ပါတယ်။ အစည်းအဝေးတစ်ခုမှာ   Admin က အကြီးတစ်ယောက်က ဘာထပြောလဲဆို  M&E  ဌာနမှာ အသုံးပြုတဲ့    Breaker တွေမကြာခဏ ကျကျနေလို့ တဲ့   Complain လုပ်ပါတယ် ။ အဲ့မှာ အင်ယာက ဘာသေချာပြန်ရှင်းပြရသလဲဆို  Breaker ဆိုတာ Ampere များလာလို့ မနိုင်ဝန်ထမ်းရရင်  ပြုတ်ကျအောင်လုပ်ထားတာလို့    ပြုတ်မကျပဲနေရင်  ကြိုးတွေပူပြီး  မီးလောင်မှာပေါ့လို့    အစည်းအဝေးမှာ ရှင်းပြလိုက်ရတာ အမှတ်ရနေပါသေးတယ်  :P
လုပ်ငန်းခွင်မှာတွေ့ ရမဲ့  Circuit Breaker Ampere Rating  တွေကတော့ 
6 A ,10 A,16 A, 20 A,25 A ,32 A, 40 A
50 A,60 /63  A,80  A,100 A, 125 A, 160 A, 250  A
400  A   ect ., တွေ့ ရမှာပါ ။
တိုက်ခန်းတွေနဲ့  အိမ်အများစုမှာတော့  15A တို့  30A  ဘရိတ်ကာ အနက်လေးတွေလည်း အများစု တပ်ဆင်သုံးစွဲထားကြပါတယ်။ တကယ့် standard ကျကျဆိုရင်တော့  အဲ့ လို ဘရိတ်ကာကို သုံးစွဲတာမတွေ့ ရပါဘူး။
Circuit Breaker Class ( ဘရိတ်ကာတွေကိုအမျိုးအစား/အတန်းစားခွဲခြားခြင်း )
********************************************************
လူလူချင်း လူတန်းစားခွဲခြားတတ်ကြသလို....စမတ်ဖုန်းကိုင်တဲ့ သူအချင်းချင်းလည်း သူက အိုင်ဖုန်း  ဟိုတစ်ယောက်က ဆမ်ဆောင်း  နောက်တစ်ယောက်က ဟွာဝေး စသဖြင့်  အဆင့်အတန်းခွဲခြားတတ်ကြသလို
Circuit Breaker တွေမှာ  class တွေခွဲခြားထားပါသေးတယ်
Breaker ကိုသေချာ ကြည့်ရင် B or C or D  ဆိုပြီးသူ့ အနီးမှာ AmpereRatingလေးတွေရေးထားတတ်ပါတယ်  C20, B32, D50  C100 စသဖြင့်
CB rating လေးနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။
ပြီးတော့  CE ( Conformité Européene) ကတော့  မပါမဖြစ်ပါနေပါမယ်။ နောက်တစ်ခု ဖြစ်တဲ့ 
IEC ဆိုတာက International Electrical Committee ကိုလည်းမဖြစ်မနေ ဖော်ပြထားမှာဖြစ်ပါတယ်။
MCB Breaker တွေကို
B   class  
C   class
D  class  စသဖြင့်သတ်မှတ်ထားပါတယ်
B Class တွေကတော့  Current က သတ်မှတ်ချက်ထက်  သုံးဆကနေ ငါးဆထိမြင့်တက်ရင်
C Class ကတော့  Current က  သတ်မှတ်ချက်ထက်   ငါးဆကနေ ၁၀ ဆထိမြင့်တက်ရင်
D Class ကတော့ Current က သတ်မှတ်ချက်ထက်  ဆယ်ဆကနေ  ကျော်ပြီး အဆ၂၀ ထိမြင့်တက်လာရင် Break လုပ်ပေး သို့ မဟုတ် Trip ဖြစ်ပေးမှာဖြစ်ပါတယ် ။
MCB TYPE TRIPPING CURRENT
TRIP CURVE CLASS B Above  3 to 5 times rated current
TRIP CURVE CLASS C Above  5 to 10 times the rated current
TRIP CURVE CLASS D Above  10 (excluding 10) to 20 times the rated current
TRIP CURVE CLASS K Above 8 to 12 times the rated current
TRIP CURVE CLASS Z Above 2 to 3 times the rated current.
Circuit Breaker  အတိုကောက်စကားလုံးများ
MCB   =  Miniature Circuit Breaker
MCCB = Moulded case Circuit Breaker
RCCB  = Residual Current Circuit Breaker
ELCB  = Earth Leakage Circuit Breaker
OCB   = Oil circuit breaker
ACB   =  Air circuit breaker.
SF6    =  Sulfur hexafluoride circuit breaker.
VCB   = Vacuum circuit breaker.
ကျေနာ့ ရေးသားချက်မှာ  ချွတ်ချော်မှု အားနည်းမှု မှားယွင်းမှုများတွေ့ ပါက အားမနာတမ်း ထောက်ပြဝေဖန် ပြင်ဆင်ပေးဖို့ တောင်းဆိုရင်း
အင်ယာလောကကိုခြေလှမ်းစကြမဲ့  ညီငယ် ညီမငယ်အများအတွက် အနည်းငယ် အသိမြင် အခြေခံ ဗဟုသုတ မှတ်သားဖွယ်ရနိုင်ပါစေကြောင်းရေးသားလိုက်ပါရစေ
         Credit to   Aung Kyaw San
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html