သိထားသင့်သော Car Aircon အကြောင်း
❄❄❄❄❄
❄❄❄❄❄
❄ ကားအဲကွန်းကို အနည်းဆုံး တစ်ပတ်တစ်ခါ မိနစ်ပိုင်း အနည်းငယ်လောက် ဖွင့်ပြီး အသုံးပြု သင့်ပါသည်။
အဲကွန်း မဖွင့်တာ ကြာရင် ဂတ်စ်နှင့်တကွ စက်ကိရိယာ အစိတ်အပိုင်းတွေက အလုပ် မလုပ်သောကြောင့် ချို့ယွင်းမှုများ ဖြစ်ပွား တတ်ပြီး ပြန်ဖွင့် အသုံးပြုသောအခါ ဂတ်စ်စီးဆင်း လည်ပတ်မှု လမ်းကြောင်း ပိတ်ဆို့နေတတ် ပါသည်။
ထိုအခါ အဲယားကွန်း စနစ်မှ အင်ဂျင်ပါဝါကို ပိုမိုရယူ အသုံးပြုရ သောကြောင့် ကား အင်ဂျင်သည် သာမန်ထက် ပိုပူလာတတ် ပါသည်။
ထို့အပြင် နေပူထဲ ကားရပ်ထားပြီး ပြန်မောင်း မထွက်ခင်တွင် ကားမှန်များ ချထားပြီး အဲကွန်းကို အမြင့်ဆုံး အမှတ်မှာထား၍ ကားအတွင်းမှ လေပူများ အပြင်ထွက်စေရန် ခဏတာ ဖွင့်ထား သင့်ပါသည်။
အထူးအရေးကြီးသည့် အချက်အနေဖြင့် ပြင်ပ အပူချိန်နှင့် ကားအတွင်း အပူချိန်ကို များစွာ ကွာခြားအောင် မထားသင့်ပါ၊ ထို့အပြင် အရေပြားထိခိုက်ခြင်း မဖြစ်စေရန် မျက်နှာ နှင့် ကိုယ်ခန္ဓာ တည့်တည့်သို့ အဲကွန်း လေများ တိုက်ရိုက် မကျရောက်စေရန် လေထွက်ပေါက်ကို လွှဲထား ပေးထား ရပါမည်။
#ကားချစ်သူ
Credit》》
Pyae Phyo Aung
Motor.com.mm