ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မီးပွားပလပ် (spark plugs)

မီးပွားပလပ် (spark plugs)
💥💥💥💥💥

🅿သင့်ရဲ့ကားကို စတင်စက် နှိုးဖို့ အခက်ကြုံနေပြီဆိုရင်တော့ အင်ဂျင် မီးပွားပလပ် (Spark Plugs) ဒါမှမဟုတ် အင်ဂျင်မီးပေးစနစ်မှာ ဆက်သွယ်ထားတဲ့ ဝါယာ တွေက ချို့ယွင်းတာဖြစ် နိုင် ပါတယ်။
□ အဲသည်အတွက် သင့်ရဲ့ကား အင်ဂျင်မှာ မီးပွားပလပ်တွေ လဲလှယ်ဖို့ လိုအပ်နေ ပြီဆိုတာကို ညွှန်ပြနေတဲ့ အချက် ခြောက်ချက်ကို သိရှိထားဖို့လိုအပ်ပါတယ်။

🔯အင်ဂျင်မီးပေးစနစ်မှာ ပလပ် ဟာ လျှပ်စစ်စွမ်းအင်ကနေ ပေါက်ကွဲမှုစွမ်းအင် ပြောင်းရာမှာ အဓိကကျပါတယ်။
¤ Ignition Coil က 12 volt DC လျှပ်စစ်အားကို အလွန်မြင့်မားတဲ့ High Voltage 20,000 ကျော်ထုတ်လုပ်ပေးပါတယ်။ မီးကွိုင်ကထွက်လာတဲ့ ဗို့အားမြင့်လျှပ်စီးကြောင်းဟာ ပလပ်ကြိုးကနေပလပ် (plug)ကို ရောက်သွားပြီး မီးပွားဖြစ်ပေါ်စေပါတယ်။
¤ Distributorless Ignition System(DIS) စနစ်မှာ မီးကွိုင်ကထွက်တဲ့ High Voltage ကို ပလပ် (plug) တစ်လုံးစီ အတွက် မီးကွိုင်တစ်ခုချင်းက မီးပေးတာပါ။
¤ အလုံခန်းထဲမှာ လေနဲ့ လောင်စာဆီ အရောကို ပလပ်ကနေ လျှပ်ကူးထုတ် လွှတ်တဲ့စနစ်နဲ့ မီးကူးပေးပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုကို ဖြစ်စေတယ်။
¤ အဲဒါက ပစ် စတင် (pistons) အတွက်တွန်းအားကို ဖြစ်စေပြီး ဘီးတွေကို လည်ပတ်စေရာက ကားကို ရွေ့လျားစေတယ်။

✔အများအားဖြင့်တော့ ပလပ်တစ် လုံးဟာ ကီလို ၄၅,ဝ၀ဝ လောက်သုံးပြီး တာနဲ့ ချို့ယွင်းချက်ရှိမရှိ သတိထားရမှာ ဖြစ်ပါတယ်။

💥ပလပ်အမျိုးအစား (၅)မျိုး

☆1.Copper
ဈေးနှုန်း              =   3000 ဝန်းကျင်
အသုံးခံမှုခန့်မှန်းမိုင်= 30000
☆2.Platinum
ဈေးနှုန်း               =   6000 ဝန်းကျင်
အသုံးခံမှု ခန့်မှန်းမိုင်= 60000
☆3.Double Platinum
ဈေးနှုန်း                =  7000 ဝန်းကျင်
အသုံးခံမှု ခန့်မှန်းမိုင် = 80000
☆4.Laser Cut Platinum
ဈေးနှုန်း                =  9000ဝန်းကျင်
အသုံးခံမှု ခန့်မှန်းမိုင် = 80000
☆5.Iridium
ဈေးနှုန်း                  = 15000 ဝန်းကျင်
အသုံးခံမှု ခန့်မှန်းမိုင် = 100000
(ခန့်မှန်းနှုန်းပါ ။ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်လဲမူတည်ပါသည်)

❎ကိုယ့်ကား အင်ဂျင်နှင့်ကိုက်ညီသော ပလပ် အမျိုးအစား တာ သုံးသင့်ပါသည်။

📌၁။ လည်ပတ်တာ ကြမ်းတမ်းနေရင်

♢ အင်ဂျင် ကို အလွတ်လည်ပတ်ကြည့် တဲ့အခါ ပုံမှန် ထက် ဆူညံတဲ့အသံတွေ ထွက်နေပြီဆိုရင် ပလပ်က ချို့ယွင်းတာ ဖြစ်နိုင်ပါ တယ်။

📌၂။ မနက်စောစော စက်နှိုးဖို့ ခက်နေရင်

♢ အင်ဂျင်ပလပ်က အညစ်အကြေး တွေ ကပ်ငြိနေတာ၊ ဆက်သွယ်ထားတဲ့ ဝါယာတွေ ချို့ယွင်းနေတာတွေက အင်ဂျင်ကို စတင်စက်နှိုးဖို့ မဖြစ်နိုင်ပါဘူး။ စက်နှိုး  တဲ့အချိန်မှာ ဘက်ထရီစွမ်းအင်ကလည်း အပြည့်ရှိနေတာဆိုရင်တော့ မီးပေးစနစ် ဖြစ်တဲ့ ပလပ် ဒါမှမဟုတ် ဝါယာတွေ ချို့ ယွင်းနေတာပါ။

📌၃။ အင်ဂျင်မီးမကူးတာ

♢ ဆလင်ဒါတစ်ခုထဲမှာ ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ ဆလင်ဒါတွေထဲမှာရှိတဲ့ ပလပ်တွေမှာ ကာဘွန်ချိုးတွေကပ်နေ တာက အင်ဂျင်မီးပေးစနစ်ချို့ယွင်းပြီး မီး မကူး  တာဖြစ်တယ်။

📌၄။ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်  နေရင်

♢ အင်ဂျင်ရဲ့ စွမ်းအင်က တစ်ဟုန်ထိုး လည်ပတ်လိုက် တုံ့ဆိုင်းတုံ့ဆိုင်း လည် ပတ်လိုက်ဖြစ်နေပြီဆိုရင်တော့  အင်ဂျင်ရဲ့ လုပ်ဆောင်တဲ့အရည်အသွေးကျဆင်းနေ ပြီဆိုတာကို ပြသတာပါ။
အနီးဆုံး ဝပ် ရှော့ပ်ကို အမြန်သွားရောက်စစ်ဆေးသင့် ပါတယ်။

📌၅။ ဆီစားနှုန်းများနေရင်

♢ ကားရဲ့ ပုံမှန်ဆီစားနှုန်းကို သတိထား သင့်ပါတယ်။ ပုံမှန်ထက် ဆီစားနှုန်းများ နေပြီဆိုရင်တော့ သင့်ကားရဲ့ အင်ဂျင် ပလပ်ကို လဲလှယ်သင့်ပြီဆိုတာကို ပြသ နေတာပါ။

📌၆ ။ အင်ဂျင်ရဲ့ အရှိန်လျော့ကျလာတာ

♢ အင်ဂျင်ရဲ့ လည်ပတ်နှုန်းက နှေးကွေး လေးလံလာတာဟာလည်း ပလပ်တွေ ချို့ ယွင်းချက်ရှိလာတာဖြစ်ပါတယ်။

♈အဲသည်အချက် ခြောက်ချက်ထဲက သင့်ရဲ့ကားမှာ တစ်ချက်မဟုတ်တစ်ချက် ဖြစ်နေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ ဝပ် ရှော့(ပ်) ဆရာနဲ့ စစ်ဆေးပြီး ချို့ယွင်းချက်ရှိ တဲ့ ပလပ်တွေကို အသစ်လဲလှယ်တာ၊ ဝါယာစနစ်တွေပြုပြင်တာတွေ အမြန် ဆောင်ရွက်သင့်တာဖြစ်ပါတယ်။

✅အဲသည် လို စစ်ဆေးပြုပြင်တာတွေ အမြဲပြုလုပ်တာက ခရီးဝေးမောင်းနှင်တဲ့အခါ ဆီစားသက်သာပြီး ကုန်ကျစရိတ်ကို လျှော့ချပေး နိုင်တာ ဖြစ်တယ်။
🚘🚘🚘🚘🚘
ကားချစ်သူ
Credit》》
The Kumudra

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html