ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား ပြစ်ချက် ပြသာနာ ကို ဘယ်လိုဖြေရှင်းမလဲ( Car Problem & Guide Line )

ကား ပြစ်ချက် ပြသာနာ ကို ဘယ်လိုဖြေရှင်းမလဲ
( Car Problem & Guide Line )


မော်တော်ယာဉ်တစ်စီးသည် စနစ်ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော စက်ယန္တရားဖြစ်၍
• ချို့ယွင်းပျက်စီးမှု ပြဿနာများ၊
• အားနည်းသောပြစ်ချက်များ အချိန်မရွေး ဖြစ်ပေါ်နိုင်သည်။
ကားမောင်းနေစဉ် ရုတ်တရက် ဖောက်ပြန်သောရောဂါတစ်ခုခုကြောင့် ကားအင်ဂျင်စက်၏ လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များ ပြောင်းလဲသွားသည်ကို ယာဉ်မောင်းများ တွေ့ကြုံဖူးကြမည်။

® အင်ဂျင်တစ်လုံး၏ စွမ်းဆောင်ချက်များသည် မူမမှန်သော စွမ်းဆောင်ရည် (Performance) ဖြစ်ပေါ်လာပါက အဘယ်ကြောင့် ဖြစ်ရသည်ကို အပြစ်ရှာရသည်မှာ ခေါင်းစားသော ပုစ္ဆာတစ်ပုဒ်ဖြစ်သည်။

ကားအင်ဂျင်တစ်လုံး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းလုပ်ဆောင်သောစနစ်များအကြောင်းကို ထဲထဲဝင်ဝင် သိရှိမထားသော ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများသည် အင်ဂျင်စက်တစ်ခုခု ဖောက်ပြန်လျှင် အပြစ်ရှာမတွေ့ဘဲ အခက်အခဲ ဖြစ်နေတတ်သည်။

® အချို့သောပြဿနာလေးများသည် အသေးအဖွဲ့ ဘာမှမဟုတ်သော်လည်း ထိုအပြစ်ကို ကုစားလိုက်လျှင် ပြန်ကောင်းသွားတတ်သည်။

ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားသော်လည်း သုံးစွဲမှုသက်တမ်း ကြာလာလျှင် ချို့ယွင်းအားနည်းချက်များ ဖြစ်ပေါ်လာတတ်သည်။ 

အင်ဂျင်စက်တစ်လုံး၏
• ပုံမှန်မဟုတ်သောအသံများ၊
• တုန်ခါမှုများ၊
• လည်ပတ်နှုန်းများ၊
• အင်ဂျင်ဆွဲအားရုန်းအားများသည် ယာဉ်မောင်းသူ သတိထားမိလောက်အောင် ထူးခြားစွာ ပြောင်းလဲဖြစ်ပေါ်နေလျှင် ထိုအရာများသည် ရှေ့ပြေးလက္ခဏာများဖြစ်သည်။
® မူမမှန်သော ရှေ့ပြေးလက္ခဏာများကို စူးစမ်းရှာဖွေ ဖော်ထုတ်၍ ထိုပြဿနာများ၏ မူလအရင်းခံ အကြောင်းတရားများကို သိရှိလျှင် ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ပါလိမ့်မည်။
 Complaint (1) 
>> အင်ဂျင်ပါဝါစွမ်းအားသည် ပုံမှန်ကဲ့သို့မဟုတ်ဘဲ အင်ဂျင်ဆွဲအား ကျနေသည်ဟု ထင်ရသည်။
>> ကားမောင်းနေစဉ် ကားစက်ရှိန်မြှင့်ရန် လီဗာနင်းသော်လည်း အင်ဂျင်ဆွဲအား တက်မလာဘဲ ယခင်ကကဲ့သို့ကား ကျော်တက်၍ မကောင်းခြင်း၊ မူမမှန်သော အင်ဂျင်အသံများနှင့် တုန်ခါမှုများလည်း ဖြစ်ပေါ်သည်ကို မတွေ့ရခြင်း။
 ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ
* Air Cleaner လေစစ် (Air Filter) ပိတ်နေသလား။ လေစစ် Filter Element ကို သန့်ရှင်းပေးပါ။ လုံးဝညစ်ပေနေပါက Air Cleaner အသစ်တစ်ခု လဲပါ။
* Plug များကို ဖြုတ်စစ်ပါ။ Spark plug ထိပ်ဖျားများ အလွန်ညစ်ပတ်နေပါက ဆေးကြောသန့်ရှင်းပြီး ပွိုင့် Gap အကွာအဝေးကို ပြန်ချိန်ပါ။ သုံးမရအောင် ပလပ်မီးစားနေပါက အသစ်တစ်လုံး လဲပေးပါ။
* မီးပေးစနစ် အားနည်းနေသလား စစ်ဆေးပါ။ ဒစ်စတြီဗျူတာစနစ်သုံး ရှေးဟောင်းကားဖြစ်ပါက Brake Point ကွန်ဒင်ဆာ၊ Rotor,Cap ဖုံးများကို စစ်ဆေးပါ။ ဒစ်စတြီဗျူတာပွိုင့် စားနေပါက ကွိုင်မှမီးထွက် မမှန်နိုင်ပါ။ Ignition Coil မှ မီးထွက်အားကိုလည်း စမ်းသပ်စစ်ဆေးပါ။
* Plug ကြိုးများကောင်းရမည်။ Plug ကြိုးများ ပေါက်ပြဲကွဲအက်နေပါက ပလပ်သို့ မီးမရောက်နိုင်ပါ။
* ဓာတ်ဆီစစ် (Fuel Filter) ပိတ်နေပါက ဆီလိုက်မမှန်နိုင်ပါ။ ဆီစစ်ဗူးညစ်ပေ ပိတ်ဆို့နေပါက အသစ်လဲပေးပါ။
* အင်ဂျင် Compression ကျနေပါသလား။ Compression Test ကို ၀ပ်ရှော့ပ်တစ်ခုတွင် လုပ်ကြည့်ပါ။
* Exhaust စနစ်နှင့် Catalytic Converter တွင် ကာဗွန်ချိုးများ ပိတ်နေပါသလား။ Catalytic Coverter မပိတ်နေလျှင် အင်ဂျင် Back Pressure ဖြစ်ပြီး အင်ဂျင်လုပ်ဆောင်ချက်ကို ထိခိုက်စေသည်။
 Complaint (2) 
>> အင်ဂျင် Idle Speed တွင် တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်ခြင်းမရှိဘဲ စက်သေသွားတတ်ခြင်း၊
>> အင်ဂျင်အေးနေသော အခြေအနေတွင် လီဗာနင်း၍ စက်နှိုးလိုက်ပါက အင်ဂျင်နှိုး၍ရပြီး လီဗာကို ခြေဖျားလွှတ်လိုက်ပါက အင်ဂျင် Slow (Idle Speed) လည်ပတ်မှုသည် ကြမ်းတမ်းတုန်ခါနေမည်။
>> တစ်ခါတစ်ရံ စက်သေသွားမည်။ အင်ဂျင်ပူသွားသောအခါ၊ အင်ဂျင် Speed တင်လိုက်သောအခါ ထိုကဲ့သို့ပြဿနာမှာ ပျောက်သွားပြီး အင်ဂျင်လည်ပတ်မှု ကောင်းသွားမည်။
 ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ
* ကာပရိုက်တာစနစ် သုံးနေသေးသောကားဖြစ်လျှင် ကာပရိုက်တာမှ ဆီတွန်းပို့ပေးသော Accelerator Pump မကောင်း၍ ဖြစ်နိုင်သည်။ ကာပရိုက်တာ ပြုပြင်ရေးဆိုင်တွင် ပြသစစ်ဆေးပါ။
* အင်ဂျင်လေအ၀င် Vacuum Lines တွင် လေယိုစိမ့်နေသော အပေါက်အကွဲ အက်ကြောင်းရှိနေခြင်း။
* မီးပေးစနစ် (Ignition System) တွင် ပြဿနာများ အားနည်းချက်များ ရှိနိုင်သည်။ ပလပ်၊ ပလပ်ကြိုးကွိုင်နှင့် ဒစ်စတြီဗျူတာ Cap ဖုံးများကို စစ်ဆေးပါ။ အားနည်းနေသောအပိုင်းများကို အစားထိုးလဲပေးပါ။
* မီးတိုင်မင် (lgnition Timing) မှားနိုင်သည်။ ပြန်လည်စစ်ဆေး၍ မီးတိုင်မင် ပြန်ချိန်ပါ။
* Computerized Engine Control System ဖြစ်လျှင် Scan Tool ကိုသုံး၍ အပြစ်ရှိနေသောနေရာကို ရှာဖွေရပါမည်။ ပစ္စည်းစုံလင်သော အဆင့်မြင့်ကားဝပ်ရှော့ပ်များ၌သာ ပြသ၍ ပြုပြင်ပါ။
* Exhaust Gas Recirculation (EGR) Valve မကောင်းလျှင်လည်း ဖြစ်နိုင်သည်။ EGR Valve မကောင်းလျှင် အသစ်လဲရမည်။
* အင်ဂျင် Mechanical ပိုင်းပြဿနာ တစ်ခုခုရှိနိုင်သည်။ အင်ဂျင် Compression Pressure Test လုပ်၍ စစ်ဆေးပါ။
* Idle Speed ချိန်ထားသော အနေအထား မှားယွင်းနိုင်သည်။
* EFI စနစ်သုံး ကားများတွင် ဆီစစ်ဗူးပိတ်ပြီး ဆီဖိအားကျနိုင်သည်။ ဆီဖြန်းပေးသော Injector များ ညစ်ပတ်နေနိုင်သည်။ Injector များ သန့်ရှင်းဆေးကြောပါ။ မကောင်းတော့ပါက Injector အသစ်လဲပါ။
 Complaint (3) 
>> အင်ဂျင် Idles Speed မြန်လွန်းနေသည်။ အင်ဂျင်စက် စတင်နှိုးပြီး ပူလာသည်အထိ ခရီးအတန်သင့် သွားပြီးသော်လည်း အင်ဂျင် Slow လည်ပတ်မှု (Idles Speed) မှာ ပုံမှန်အတိုင်း ပြန်မကျဘဲ မြန်လွန်းနေခြင်း။
 ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ 
* အင်ဂျင်အပူချိန် မြင့်တက်နေခြင်း (Overheating)၊ အင်ဂျင်အအေးခံစနစ်ကို စစ်ဆေးပါ။
* ဆီလိုင်းတွင် ဆီ Pressure ကျနေခြင်း၊ Fuel Pressure Regulator ကို စစ်ဆေးပါ။
* မီးတိုင်မင် မှားယွင်းနေခြင်း Ignition Timing ကို ပြန်ချိန်ပါ။
* မီးပေးစနစ် (Ignition System) တွင် အားနည်းချက်များရှိခြင်း
* ကွန်ပျူတာ ထိန်းကျောင်းစနစ်သုံး ကားများတွင် Control System မှားနေခြင်း။
* အင်ဂျင် Vaccum Leak ဖြစ်နေခြင်း
* Idle Speed Control Unit မကောင်းခြင်း
 Complaint (4) 
>> အင်ဂျင်ဝိုင် အစားများနေပြီး အိတ်ဇောမီးခိုးတွင် အင်ဂျင်ဝိုင်စားသောလက္ခဏာ မတွေ့ရခြင်း။

 ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ 
* PCV စနစ် ကောင်းကောင်း အလုပ်မလုပ်ခြင်း။ PCV ဆိုသည်မှာ Positive Crankcase Valve ကို ခေါ်သည်။
* အင်ဂျင် Compression ကျနေခြင်း (Valve မလုံခြင်း၊ Oil Ring များ၊ Compression Rings များစားနေခြင်း)
* အင်ဂျင် Head မှ Valve Seal များ ဆီမလုံတော့ခြင်း။
* အင်ဂျင် Head ဂတ်စ်ကတ် ပျက်စီး၍ Seal မလုံတော့ခြင်း၊
(အင်ဂျင် Head ဖွင့်၍ အသေးစိတ်စစ်ဆေးပြီး လိုအပ်ချက်များကို ပြုပြင်ရန်)
 Complaint (5) 
>> ကားမောင်းနေရင်း ဘရိတ်နင်းလိုက်ချိန်တွင်
• အင်ဂျင်စက် သေသွားခြင်း၊
• စက်ထိုးရပ်သွားခြင်း၊
• ကားမောင်းသွားနေစဉ် အင်ဂျင်စက် ပုံမှန်ကောင်းနေသော်လည်း လီဗာနင်းထားသော ညာဘက်ခြေကို ကြွ၍ ဘရိတ်ခြေနင်းတံကို နင်းလိုက်သောအခါ အင်ဂျင် တုန်ခါလာမည်။ တစ်ခါတစ်ရံ စက်သေသွားမည်။
• စက်သေသွားခြင်းသည် ပါဝါစတီယာရင် အလုပ်မလုပ်နိုင်စေ၍ ကောင်းသောလက္ခဏာ မဟုတ်ပါ။
 ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ 
* အင်ဂျင် Vaccum Line တွင် ကြီးမားသော လေယိုစိမ့် ၀င်ရောက်မှုရှိနေသည်။ Vaccum ပိုက်များ ကွဲအက်ပျက်စီးမှု ရှိသလား စစ်ဆေးပါ။
* ကွန်ပျူတာစနစ်သုံးသောကားများ အင်ဂျင်ထိန်းချုပ်စနစ် မကောင်း၍ ဖြစ်နိုင်သည်။ Scan Tool ဖြင့် အပြစ်ရှာဖွေရမည်။
* အင်ဂျင် Vaccum Line နှင့် ဆာဗိုယူနစ် ဆက်သွယ်သော ပိုက်လိုင်းတစ်လျှောက်တွင် လေယိုစိမ့်မှု ရှိနိုင်သည်။
 Complaint (6) 
>> အင်ဂျင် တုံ့ဆိုင်း တုံ့ဆိုင်းဖြစ်နေခြင်း၊
>> အင်ဂျင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်၍ စက်ရှိန် မြင့်တက်မလာခြင်း
 ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ 
* Air Cleaner ပိတ်နိုင်သည်။ လေစစ် Filter ကို သန့်ရှင်းပေးပါ။ မကောင်းပါက အသစ်လဲပေးပါ။ လေစစ်ပိတ်နေလျှင် အင်ဂျင် အသက်ရှူကျပ်မည်။
* ပလပ်များ မကောင်းပါက မီးပွား Spark ကောင်းကောင်း မဖြစ်ပါ။
* ပလပ်ကြိုးများကောင်းမှ ကွိုင်မှဗို့အားများသည် ပလပ်သို့ရောက်နိုင်ပါမည်။ ပလပ်ကြိုးပြတ်ခြင်း၊ ကွဲအက်နေခြင်းများ ဖြစ်ပါက ကြိုးသစ်လဲပါ။
* မီးပေးစနစ် (Ignition System) မကောင်းပါက အင်ဂျင်လည်ပတ်မှု မမှန်နိုင်ပါ။
* ဓာတ်ဆီတွင် ရေများ ရောနှောပါဝင်လာခြင်း
ဆီတိုင်ကီမှ ရေဖောက်ချပါ။ ဆီစစ်ဗူးတွင် ရေကို ခွဲခြားထုတ်ပစ်နိုင်သောစနစ်ကို သုံးပါ။
* ဆီစစ်ဗူးပိတ်နေခြင်း
ဆီလိုက်မမှန်ပါက အင်ဂျင်စက်သံ မမှန်နိုင်ပါ။ ဆီစစ်ဗူးတွင် အမှိုက်များ ပိတ်နေပါက အသစ်လဲပေးပါ။
* အိတ်ဇောပိုက် ပိတ်နေခြင်း
Catalytic Converter ပိတ်နေခြင်းများ ဖြစ်ပါက အင်ဂျင် Back Pressure ဖြစ်ပြီး စက်သံမမှန်နိုင်ပါ။
အင်ဂျင်စက်သံ လည်ပတ်မှု၊ စွမ်းဆောင်မှု အပြည့်အ၀ ကောင်းမွန်နေစေရန်အတွက်
 လောင်စာဆီပို့စနစ် (Fuel System)၊
 မီးပေးစနစ် (Ignition)၊
 အင်ဂျင်အအေးခံစနစ် (Cooling System)၊
 ချောဆီပို့စနစ် (Lubrication System) များ ကောင်းရပါမည်။
ကွန်ပျူတာထိန်းချုပ်သော ကားများတွင် Engine Control System များ ကောင်းရပါမည်။
ထိုစနစ်များကို ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းနိုင်လျှင် အင်ဂျင်ဒုက္ခ ကင်းဝေးပါမည်။

#ကားချစ်သူ
Credit》》
ခရူဇာ (Auto-Trade)
AutoCar Buyers'Guide Journal

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html