ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Horsepower မြင်းကောင်ရေအကြောင်း

လေ့လာနေသူများ အတွက်ပြန်လည်မျှဝေခြင်း…
         Horsepower မြင်းကောင်ရေအကြောင်း
😁😁😁😁😁😁😁😁😁😁😁😁😁😁😁
အင်ဂျင်တစ်လုံးပဲဖြစ်ဖြစ် လျှပ်စစ်မော်တာတစ်လုံးဖြစ်ဖြစ် ဘယ်လောက်အားအလုပ်လုပ်နိုင်လဲဆိုတာ မြင်းကောင်ရေတို့၊ ကီလိုဝပ်တို့နဲ့ တိုင်းတာပါတယ်။ မြင်းကောင်ရေဆိုတာ FPS ယူနစ်ဖြစ်ပြီး KW ကတော့ မက်ထရစ်ယူနစ် ဖြစ်ပါတယ်။ မြင်းကောင်ရေလို့ သတ်မှတ်ချက်ကို အင်္ဂလိပ်လူမျိုး James Watt က တီထွင်အသုံးပြုခဲ့တာပါ။ မြင်းကောင်ရေသည် အလုပ်လုပ်နိုင်တဲ့နှုန်းကို တိုင်းတာခြင်း ဖြစ်ပါသည်။  အလေးချိန် 550 ပေါင်ရှိသော အရာဝတ္ထုတစ်ခုကို 1 ပေအကွာအဝေးသို့ ရောက်သွားအောင် တစ်စက္ကန့်အတွင်း လုပ်နိုင်စွမ်းကို 1HP မြင်းကောင်ရေတစ်ကောင်အားလို့ သတ်မှတ်ပါတယ်။ အဲ့တော့ 1HP = 33,000 ft-lb / min ရှိပါတယ်။ မက်ထရစ်ယူနစ်မှာကျတော့ မြင်းကောင်ရေတစ်ကောင်အားသည် အလေးချိန် 75 Kg လေးတဲ့ အရာဝတ္ထုတစ်ခုကို တစ်မိတာ အကွာအဝေးရွေ့သွားအောင် တစ်စက္ကန့်အတွင်း လုပ်နိုင်စွမ်းကို 1HP မြင်းကောင်ရေ တစ်ကောင်အား ရှိတယ်လို့ သတ်မှတ်ပါတယ်။ အဲ့တော့ 1HP = 75 Kg-m / s = 75 x 9.80665 N-m / s = 735.49875 Watt ရှိပါတယ်။ ဒါပေမယ့် အမေရိကန်က 1HP ကို 746 Watt သတ်မှတ်ပါတယ်။ လျှပ်စစ်မှာလည်း 1HP = 0.746 kW သတ်မှတ်ပါတယ်။
အင်ဂျင်တစ်လုံးရဲ့ လုပ်နိုင်စွမ်းကိုတော့ HP = (Torque x rpm)/5252 နဲ့တွက်ပါသည်။ အင်ဂျင်ရဲ့ Torque သည် Ft-Lb ဖြစ်ပါသည်။

Cred
Htun Myint Htay

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html