ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အလင်းဖောက် ဆပ်ပြာလုပ်နည်း

အလင်းဖောက်ဆပ်ပြာလုပ်နည်း
#transparent soap

1. ရေ 304 ဂရမ်
2. Lye 117.7 ဂရမ်
3. ၀က်ဆီ/အမဲဆီ 440 ဂရမ်
4. ကြက်ဆူဆီ 200 ဂရမ်
5. အုန်းဆီ 160 ဂရမ်
6. ဂလစ်စရင်း 120 ဂရမ် ( 98 ဂရမ် ကနေ 147 ဂရမ် ကြား)
7. အရက်ပြန် 300 ဂရမ် (275 ဂရမ် ကနေ 321 ဂရမ် ကြား)
8. သကြား 90 ဂရမ် + ရေ 180 ဂရမ်(သကြားရည်)


ပြုလုပ်ပုံအဆင့်ဆင့်
1. Lye အလေးချိန်ကို ချိန်ခွက်ထဲထည့်ချိန်ပါ။
2. ရေကိုလဲ ချိန်ထားပါ။ ပြီးရင် သူ့ထဲ lye ထည့်မွှေမှာပါ။
3. ချိန်ထားတဲ့ lye ကို ရေထဲထည့်ပါ။ lye ထဲကို ရေမထည့်ရပါ။ လက်အိတ်၊ မျက်မှန် တပ်ပြီးမှ လုပ်ပါ။ လေ၀င်လေထွက်ကောင်းတဲ့ နေရာဖြစ်ပါစေ။ lye ပျော်သွားတဲ့အထိ မွှေပေးပါ။ သိပ်ပူလာလို့ အငွေ့ထွက်လာရင်လဲ စိတ်မပူပါနဲ့။ ခဏနေရင် အေးသွားပါလိမ့်မယ်။ 
4. Lye ကိုအအေးခံထားချိန်မှာ ဆီတွေကို ချိန်ပါ။
5. ချိန်ပြီးရင် ဆီတွေအားလုံး slow cooker ထဲမှာ အပူပေးပါ။
6. ဆီတွေအရည်ပျော်ပြီ ဆိုရင် Lye ကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ပထမဆုံး ယောင်းမနဲ့သာ မွှေပေးပါ။ သုံးမိနစ်လောက်နေမှ stick blender နဲ့ စမွှေပါ။ 
7. Trace ဖြစ်တဲ့အထိ stick blender နဲ့မွှေပေးပါ။ ပြီးရင် slow cooker ကို အဖုံးဖုံးပြီး 3 နာရီလောက်တည်ထားပါ။ ဒီအထိက HP နည်းနဲ့ ဆပ်ပြာချက်နေသလိုပါပဲ။ 


အလင်းဖောက်ရန် ပျော်ရည်
1. Alcohol နဲ့ glycerin ကိုချိန်ထားပါ။ 3 နာရီကြာချက်ထားတဲ့ ဆပ်ပြာထဲကို alcohol နဲ့ glycerin လောင်းထည့်ပါ။ (**အယ်လ်ကိုဟောလ်မရှိရင် တစ်ချို့က ဗော်ဒ်ကာ ထည့်ချက်တာ မြင်ဖူးတယ်ဗျ ကျွန်တော်တော့ မစမ်းဖူးသေးဘူး။ :D ) 
2. ခဏနေရင် အရည်ပေါ်မှာ အခဲလေးတွေဖြစ်လာတာမြင်ရပါလိမ့်မယ်။ တတ်နိုင်သလောက် ချေကြည့်ပေးပါ။ stick blender နဲ့ ချေလဲ ရပါတယ်။ ထွက်လာတဲ့ အငွေ့က ဘေးဥပဒ်ဖြစ်စေတတ်လို့  လေ၀င်လေထွက်ကောင်းတဲ့နေရာမှာတော့ လုပ်ပါ။ alcohol က မီးလောင်လွယ်လို့ မီးလဲ (အထူး) သတိထားပေးပါ။
3. ခဏနေရင် Slow cooker ကို အဖုံးပြန်ဖုံးပါ။ လုံနိုင်သမျှလုံပါစေ။ တချို့ကလဲ ပလတ်စတစ်စခံပြီး ဖုံးကြတယ်။ alcohol တွေ အငွေ့ပျံမသွားအောင်ပါ။   
4. အဲ့ဒီအတိုင်း နာရီဝက်လောက်ဆက်တည်ထားပါ။
5. ဒီကြားထဲမှာ သကြားနဲ့ရေ ကို မီးအေးအေးနဲ့ တည်ထားပါ။
6. မိနစ်သုံးဆယ်လဲ ကွက်တိ သကြားရည်လဲ ရလာရင် ဆပ်ပြာအိုးထဲ သကြားရည်ကိုလောင်းထည့်ပါ။ ဖြည်းဖြည်းပဲမွှေပေးပါ။ သိပ်မြန်မြန်မွှေရင် အမြှုပ်တွေထလာတတ်ပါတယ်။
7. ဒါပြီးရင်တော့ ဆပ်ပြာကြည်မကြည်ကို ဖန်ခွက်ပေါ်ဆပ်ပြာရည်နည်းနည်းတင်ကြည့်ပါ။ ၁၀ စက္ကန့်လောက်ထားပါ။ အေးသွားရင် ကြည်ပြီလား မကြည်သေးဘူးလား ဆုံးဖြတ်လို့ ရပါတယ်။ သတိထားရမှာကတော့ ဖန်ခွက်ပေါ်တင်တာက အလွှာပါးပါးလေးမို့ တကယ့်ဆပ်ပြာတုံးကြီးအနေနဲ့ဆို အလင်းဖောက်မဖောက် သေချာဆုံးဖြတ်ပြီးမှ မီးဖိုပေါ်ကချပါ။
8. အရောင်တွေ အနံ့တွေ တခြားထည့်လိုရာထည့်ချင်ရင် ဒီအချိန်မှာထည့်လို့ရပါပြီ။ ဒီနည်းက အကြာကြီးချက်ရတော့ saponification ဖြစ်စဉ်ကို ဖြတ်ကျော်ပြီးသားဖြစ်လို့ cp နည်းနဲ့လုပ်သလို ငါထည့်လိုက်တဲ့ ပစ္စည်းက lye နဲ့ ဓါတ်ပြုသွားမလားဘာလားညာလား စိတ်မပူရတော့ပါဘူး။
9. နောက်ဆုံးအဆင့်ကတော့ မိုထဲ ထည့်ချိန်မှာ အတတ်နိုင်ဆုံး ဖြည်းဖြည်းလေးလောင်းထည့်ပါ။ မဟုတ်ရင် အမြုပ်ထတတ်လို့ ဆပ်ပြာက ကြည်သင့်သလောက်မကြည်တော့ပါဘူး။
10. မိုသေးသေးသုံးမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။
11. တစ်ညလောက်မိုထဲထား။ နောက်နေ့မနက် မာပြီလား တစ်ချက်ကြည့်ပါ။ ရပြီဆိုရင် မိုထဲကထုတ် လို့ရပါပြီ။
12. Hp နည်းနဲ့ ချက်တယ်ဆိုပေမယ့် ချက်ချင်းမသုံးပါနဲ့ဦး။ chemical process တွေကျန်နေနိုင်သေးလို့ curing time အနေနဲ့ ရက်သတ္တပါတ် နည်းနည်းကြာကြာထားပြီးမှ သုံးပါ။
ကျေးဇူးတင်ပါသည်။


Credit
PanWai Paing

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html