ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မိမိ​မောင်းနေတဲ့ကား ဘာတွေဖြစ်နေသလဲ ဆိုတာ သိနားလည်ရန် လိုအပ်ချက်များ

မိမိ​မောင်းနေတဲ့ကား ဘာတွေဖြစ်နေသလဲ
:):):):):):):):)

လိုင်​စင်​ကားဝယ်​မည်​ဆို စာဖတ်​ဖို့လိုမယ်​။Withoutကားဆို
မိမိသ​ဘောရှိ ​ရွေးခြယ်​ပါ။
ကားဆရာ တစ်ယောက်ဟာ ကားမောင်းနေစဉ်မှာ အာရုံငါးပါးကို အသုံးချပြီး ကားတစ်စီးရဲ့ ထူးခြားမှု ဖြစ်စဉ်တွေကို အမြဲဂရုစိုက်ရပါတယ်။ အင်ဂျင် အပူတက်နေပြီလား။ ဘယ် နားက ညှော်နံရနေတာလဲ။ ဘာတွေ ညှော်နေတာလဲ။ ဒီအသံက ထူးခြား တယ်။ သာမန်ကြားနေကျ အသံ မဟုတ်ဘူး။ ကလပ်ခ်ျကလား၊ ဘရိတ် ကလား၊ အင်ဂျင်ကလား။ တုန်နေ တာ၊ ခါနေတာ ဘာကြောင့်လဲ။ တာယာဘီးကလား၊ ကားအောက် ပိုင်းကလား။ ကား လူးနေတယ်။ စတီ ယာရင်ချိုးလို့ မကောင်းဘူး။ အိတ်ဇော က ဘာသံထွက်နေတာလဲ စသည်ဖြင့် ပေါ့။ ကိုယ်ကိုင်နေတဲ့ကားကို ဂရု တစိုက် စစ်ဆေးနေရပါတယ်။ထူးခြား မှုဖြစ်စဉ်ဆိုတာ ကားတစ်စီး ချွတ် ယွင်းတော့မယ့် ရှေ့ပြေးလက္ခဏာပါ ပဲ။ ဒီလိုထူးခြားတာမျိုးကို ဂရုစိုက် တတ်မှ အာရုံခံတတ်မှတကယ့်ကား ဆရာ ၀ါရင့်တစ်ယောက်ဖြစ်ပါတယ်။ ပရော်ဖယ်ရှင်နယ် ဒရိုင်ဘာတစ်ယောက် ဖြစ်ပါတယ်။
ကားကို ဂရုစိုက်ထိန်းသိမ်း တတ်မှ ကားသက်သမ်းရှည်ပါတယ်။ ကားပဲမောင်းတတ်ပြီး ကားဘာဖြစ်နေ တယ်ဆိုတာ နားမလည်ခဲ့ရင် ဒီကား ကို ဒီဒရိုင်ဘာလက်ထဲအပ်လိုက်တာ နဲ့ မြန်မြန်ပျက်စီးသွားနိုင်ပါတယ်။
ကားဆိုတဲ့အမျိုးက စနစ်ပေါင်းများ စွာနဲ့ ဖွဲ့စည်းထားတဲ့ ယန္တရားအစု အဝေးကြီးပါ။ စနစ်တစ်ခု ချွတ်ယွင်း ပျက်စီသွားရင် ကျန်တဲ့ဆက်နွှယ်နေ တဲ့ စနစ်တစ်ခုကို သွားပြီးထိခိုက်တတ် ပါတယ်။ ကားဆရာတစ်ဦးဟာ ကား တစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ကားအုံနာမှာ လည်း တာဝန်ရှိပါတယ်။
ကားဆိုတဲ့ စက်ယန္တရားအစု အဝေးဟာ အချိန်တန်ရင် ပွန်းစား ပျက်စီးသွားတာ သဘာဝပါပဲ။ ကား အင်ဂျင်တစ်လုံး ချောမွေ့စွာလည်ပတ် ဖို့ချောဆီပို့စနစ်က အင်ဂျင်ဝိုင်တွေကို ဖိအားတစ်ခုနဲ့ ဆီလိုင်းတွေအားလုံးကို ရောက်အောင် တွန်းပို့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် ချောဆီပို့ စနစ်မှာ ချွတ်ယွင်းအားနည်းမှုတွေ ဖြစ်လာခဲ့ရင် အင်ဂျင်ဆီငတ်တဲ့ ပြဿနာဖြစ်လာပါတယ်။ ချောဆီ ငတ်ရာကနေ အင်ဂျင်အစိတ်အပိုင်းတွေ ပွတ်တိုက် ပွန်းစားချောင်သွား တတ် ပါတယ်။
လည်ပတ်စေခိုင်းနေတဲ့ အင်ဂျင် တစ်လုံးက ထူးခြားတဲ့ ဆူညံသံ (Noise)တွေကြားရရင် သတိထား ပြီး စစ်ဆေးပါ။ အင်ဂျင်အသံပုံမှန် ရှိနေရာကနေ အသံပြောင်းသွားတာ ထူးခြားမှုတစ်ခုခုရှိနေလို့ပါပဲ။ ဒီ အသံ ဘယ်ကလာတာလဲ၊ အင်ဂျင်ံHead အပေါ်ပိုင်း Camshaft အဖုံး ကလား၊ အင်ဂျင်ထဲကလား၊ ဘယ်လို အခြေအနေမှာ ဒီလိုမျိုးမူမမှန်တဲ့အသံ ကိုကြားနေရတာလဲ၊ အင်ဂျင်လည် ပတ်နှုန်း (Speed) ကို အမျိုးမျိုး ပြောင်းပြီးလှည့်ကြည့်ပါ။ အင်ဂျင် မြန်ရင် အသံပိုကျယ်လာတာလား။
အင်ဂျင် Clicking Noise ဆူညံသံ
ကားစက်နိုးပြီး လီဗာတဖြည်း ဖြည်းနင်း၍ အင်ဂျင် Speed ကို မြှင့် လိုက်ပါက ဗားတိုက်ပစ်တိုက်သံ ]ကလစ်}၊ ]ကလစ်} ဟူသော မြည်သံ ထွက်နေလျှင် မူမမှန်သော အသံဖြစ် ပါတယ်။ ပထမဆုံး စစ်ဆေးကြည့် ရမှာက Camshaft နဲ့ Valve တွေ အထိ အင်ဂျင်ဝိုင်တက် ^မတက်ပါပဲ။ Oil Pump က တွန်းပို့တဲ့ ဆီဖိအား နည်းနေတာလား။ အင်ဂျင်ဆီခံခွက် (Oil Pan)ထဲမှာကိုက အင်ဂျင်ဝိုင် Level ကျနေတာလား။
ဆီတိုင်းတဲ့ ထောက်တံနဲ့ တိုင်းကြည့်ပါ။ ဆီလိုင်း တစ်လျှောက်တစ်နေရာမှာ ဆီပိတ်နေ တာလား။ Oil Pump မကောင်းလို့ ဆီတွန်းပို့ပေးတဲ့ Pressure မပြည့် တာလား။ အင်ဂျင်ဝိုင်တွေ စေးပျစ် လွန်းနေတာလား။ အင်ဂျင်ဝိုင်အစစ် ဘူးမှာ ပိတ်နေတာလား။ Oil Cooler သုံးတဲ့အင်ဂျင်ဆိုရင် Oil Cooler မှာ ဆီချေးတွေ အနယ်ထိုင်ပြီး ပိတ်ဆို့နေ တတ်ပါတယ်။
OHC အင်ဂျင်တွေမှာ Camshaft နှင့် Valve Train ကို အင်ဂျင်ဝိုင် အရောက်နည်းတာ၊ အင်ဂျင်ဝိုင်ရောက် တာနောက်ကျလွန်းတာတွေကြောင့် ကြာလာရင် ပွန်းစားမှုများပြီး ချောင် လာတတ်ပါတယ်။ Valve lifter နဲ့ ဗားတိုင်ကြားလွတ်အကွာအဝေးကို ပြန်ချိန်ပေးရပါတယ်။ တစ်ခါတစ်ရံ ဗားစပရိန်ကျိုးနေတာ၊ Pushrod ကောက်နေတာကြောင့်လည်း အသံ ထွက်နိုင်ပါတယ်။ ခရီးမိုင် (၃၀၀၀၀) လောက်မောင်းပြီးတိုင်း Valve Lash အကွာအဝေးကို ပြန်ချိန်ပေးသင့်ပါ တယ်။ ဗားအကွာအဝေး အလွတ် ကစားတာကိုတိုင်းဖို့ Feeler Gauge ကိုသုံးရပါတယ်။ ဘယ်လောက်အကွာ အဝေးထားရမယ်ဆိုတာ အင်ဂျင် အမျိုးအစားအလိုက် ထုတ်လုပ်သူက Shop Manual မှာ ဖော်ပြထားပါ တယ်။
အင်ဂျင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မူမမှန်တဲ့ အသံတွေကို သာမန်နားနဲ့ မကြားနိုင်ပါဘူး။ ဘာကြောင့်ဖြစ် တယ်၊ ဘယ်နေရာကဖြစ်နေတယ်ဆို တာမျိုး စုံစမ်းလို့ရအောင် Listening Rod (or) Stethoscope နားကြပ်သုံး ရပါတယ်။ ဆရာဝန်ကိုင်တဲ့ နားကြပ်နဲ့တော့ မတူပါဘူး။ မက္ကင်း နစ်ဆရာကိုင်တဲ့နားကြပ်က ထောက် တံ အရှည်ကြီးပါနေပါတယ်။ လူနာ တစ်ယောက်ရဲ့ ကိုယ်ခန္ဓာထဲမှာ ဖြစ် ပေါ်နေတဲ့အသံတွေကို ဆရာဝန်က နားကြပ်နဲ့နားထောင်ပြီး စမ်းသပ် စစ် ဆေးပါတယ်။ ဒီလိုသဘောမျိုးပါ ပဲ။ မက္ကင်းနစ်ဆရာတွေလည်း အင်ဂျင်တစ် လုံး၏အသံတွေကို စမ်းသပ်စစ်ဆေး ဖိှု့ Stethoscope ကို သုံးရပါ တယ်။
အင်ဂျင်မီးခေါက်သံ (Detonation)
တောင်ကုန်းတက်လမ်းတွေမှာ ၀န်ကုန်ချိန် (Load) ကိုရုန်းတက်ရတဲ့ အခြေအနေမျိုးမှာ ဂီယာမပြောင်းဘဲ ဆက်မောင်းရင် အင်ဂျင်မီးခေါက်သံ ထွက်လာပါတယ်။  အင်ဂျင်ပူလွန်းရင်၊ ဖိအားများလွန်း ရင် မီးခေါက်သံ ထွက်တတ်ပါတယ်။ အောက်တိန်းနံပါတ် နိမ့်လွန်းတဲ့ သာမန်ဓာတ်ဆီတွေကြောင့်လည်း မီး ခေါက်သံထွက်နိုင်ပါတယ်။
ပစ္စတင်ရိန်းအသံ (Ring Noise)
အင်ဂျင်ထဲမှာ အပေါ်တက် အောက်ဆင်းလှုပ်ရှားနေတာ ပစ္စတင် ပါ။ ပစ္စတင်နဲ့ ဆလင်ဒါကြားမှာ Ring တွေရှိပါတယ်။ Ring ကျိုးနေ မယ်၊ Ring ချောင်နေမယ်ဆိုရင် ရိန်း မြည်သံထွက်နိုင်ပါတယ်။ Ring ကွင်း တွေကြောင့် အသံထွက်တာဟုတ် ^မဟုတ် စမ်းသပ်နည်းကတော့ ပလပ် တွေဖြုတ်ပြီး အင်ဂျင်ဝိုင်(15 CC)လောက်ကို ဆင်လင်ဒါတိုင်းမှာ လောင်းထည့်ပေးပါ။ ပြီးရင် ပလပ် တွေ ပြန်တပ်ပြီး စက်နိုးကြည့်ပါ။
ဆူညံသံတွေ လျော့သွားတယ်ဆိုရင် Ring ကြောင့်ထွက်တဲ့ အသံဆိုတာ သေချာပါတယ်။ ပိုပြီးသေချာအောင် အင်ဂျင် Compression Test လုပ် ကြည့်ပါ။
Connecting Rod မြည်သံ
ကွန်နတ်တိန်းဘယ်ရင် စားပြီး ချောင်နေတာကြောင့် ဒီအသံမျိုးတွေ ထွက်ပေါ်လာတာပါ။ ပစ္စတင် (၄) လုံးထိုးအင်ဂျင်ဆိုရင် ကွန်နတ်တိန်း ရော့တ် ဘယ်နံပါတ်မှာ ဖြစ်နေတာလဲ ဆိုတာ စုံစမ်းဖို့လိုပါတယ်။ Spark Plug (၁) လုံးချင်းကို မီးမပေးဘဲ စမ်း သပ်ကြည့်နိုင်ပါတယ်။ Plug ထိပ်ဖျား မှာ ၀က်အူလှဲ့ တစ်ချောင်းနဲ့ ထောက် ပြီး Short လုပ်ကြည့်ပါ။
ဆူညံသံ လျော့သွားခဲ့ရင် အဲ့ဒီပစ္စတင်နဲ့တွဲ ထားတဲ့ ကွန်နတ်တိန် ဘယ်ရင် မကောင်းတာ သေချာပါတယ်။
Plug မီးမပွင့်တဲ့အတွက် ပါဝါ စတုတ်မှာ အလုပ်မလုပ်တော့ပါဘူး။ ဒီအချိန်မှာ ဆူညံသံလျော့သွားရင် ဒီနေရာက Connecting Rod ဘယ် ရင်တွေစားပြီး ချောင်နေတယ်လို့ ယူဆလို့ရပါတယ်။
ပစ္စတင် Pin မှ ဆူညံသံ
ပစ္စတင်နဲ့ ကွန်နတ်တိန်းရော့ ကို Pin နဲ့ ဆက်ထားပါတယ်။ ပစ္စတင် Pin ရော၊ ဘွတ်ပါ ပွန်းစားပြီးချောင် နေခဲ့ရင် အင်ဂျင်လည်တဲ့ အချိန်မှာ ဆူညံသံထွက်ပါတယ်။
အင်ဂျင် Slow လည်တဲ့ အချိန်မှာပိုပြီး သိသာပါ တယ်။ ဒီလိုမျိုး ပစ္စတင် Pin ပွန်းစား သွားတာ အင်ဂျင်ဝိုင အတက်နည်းနေ လို့ဖြစ်ပါတယ်။ ကားမောင်းနေတဲ့ အမြန်နှုန်း 30 mph လောက်မှာ ဒီ အသံကို ပိုပြီးကြားရပါတယ်။
ပစ္စတင်ရိုက်သံ (Piston Slop)
ပစ္စတင်အပေါ် ^အောက်ရွေ့ လျားနေစဉ်မှာပဲ ဘေးတိုက်ရှေ့တိုး၊ နောက်ဆုတ်ရွေ့လျားတာကြောင့် ဆလင်ဒါနဲ့ ရိုက်တဲ့အသံ ထွက်လာ တာပါ။ ပစ္စတင်ပွန်းစားတာ ဆလင် ဒါစလစ်ပွန်းစားပြီး ချောင်နေတာ၊ ကွန်နတ်တိန်းရှော့ကောက်နေတာ၊ ပစ္စတင်စကပ်လိမ်နေတာတွေကြောင့် ဒီလို ရိုက်သံထွက်လာရတာ ဖြစ်ပါ တယ်။
အရည်အသွေးညံ့လွန်းတဲ့ အင်ဂျင်ဝိုင်သုံးစွဲပြီး အင်ဂျင်ဝိုင် မှန်မှန်မလဲနိုင်တာကြောင့် အင်ဂျင် အတွင်းပိုင်းမှာ ပွန်းစားသွားတာဖြစ် နိုင်ပါတယ်။ Air Cleaner မကောင်း တာကြောင့် လေနဲ့အတူ ဖုန်တွေ၊ သဲ တွေအင်ဂျင်ထဲကို ၀င်ရောက်ရာကနေ ပွန်းစားမှုမြန်တာလည်း ဖြစ်နိုင်ပါ တယ်။
အင်ဂျင်ဘယ်ရင်အသံ
အသုံးပြုတာကြာလာတဲ့ အင်ဂျင် အဟောင်းတွေမှာ အင်ဂျင် ဘယ်ရင် ခြမ်းတွေစားပြီး ကရိုင်းရှပ်ခါတဲ့အသံ ထွက်လာပါတယ်။ ကွန်နတ်တိန်း အတံနဲ့ ကရိုင်းရှပ်ဆက်သွယ်တဲ့ ဘယ်ရင်ခြမ်းတွေလည်း ပွန်းစားပြီး ချောင်လာတတ်ပါတယ်။ ဘယ်ရင် စားပြီးချောင်နေရင် အင်ဂျင်လည်တဲ့ အချိန်မှာ ဆူညံသံထွက်လာပါတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းရင်းက တော့ အင်ဂျင်ဝိုင်ပန့်မကောင်းရာကနေ ချောဆီလိုင်းတွေထဲကို အင်ဂျင်ဝိုင် အလုံအလောက်မရောက်လို့ ပွန်းစား ကုန်တာဖြစ်ပါတယ်။ အရည်အသွေး ကောင်းတဲ့ အင်ဂျင်ဝိုင်ကိုသုံးပြီး ပုံမှန် ဆီလဲပေးဖို့ ဆီစစ်ဘူးပါ လဲဖို့လိုပါ တယ်။
ဘယ်ရင်တွေ ပွန်းစားပြီး ချောင်လွန်းရင် ကွန်နတ်တိန်းထိပ်ဖျား နဲ့ ပစ္စတက် Pin အထိအင်ဂျင်ဝိုင် အတတ်နည်းသွားနိုင်ပါတယ်။ အင်ဂျင် ဘယ်ရင်တွေစားပြီး ချောင်လွန်းရင် တော့ အင်ဂျင်ချပြီး အကြီးစားပြင် ရပါတော့မယ်။ ဘဲဥပုံလိုက်နေတဲ့ ကရိုင်းရှပ်ကို စက်စားပေးဖို့လိုပါတယ်။ ကရိုင်းရှပ် Size ကျန်သလောက် သင့်လျော်တဲ့ဘယ်ရင် Size ကို ပြန် သုံးရပါတယ်။
အင်ဂျင်တစ်လုံးရဲ့ မူမမှန်တဲ့ အသံတွေဟာ အင်ဂျင်ပျက်စီးစေမယ့် ရှေ့ပြေး လက္ခဏာတွေဖြစ်ပါတယ်။ ဒီအသံတွေကို စမ်းသပ်ရှာဖွေစစ်ဆေး ပြီး မက္ကင်းနစ်စက်ဆရာနဲ့ တိုင်ပင် ဆွေးနွေးရပါတယ်။ ဒီအပြစ်တွေ ပျောက်အောင်ဘာတွေပြုပြင်သင့် သလဲ စဉ်းစားဆုံးဖြတ်ရပါတယ်။ ကားအင်ဂျင်တစ်လုံး သက်တမ်း ကြာကြာခံသုံးနိုင်ဖို့ အရေးကြီးတဲ့ အချက်ကတော့ ပုံမှန်ပြုပြင်ထိန်းသိမ်း တာတွေလုပ်ပေးဖို့ပါပဲ။ အရည် အသွေးကောင်းတဲ့အင်ဂျင်ဝိုင်ကိုသုံး ပါ။
အင်ဂျင်ဝိုင်မှန်မှန်လဲပါ။ အင်ဂျင် အပူချိန်မြင့်တက်မသွားအောင် ဂရု စိုက်ထိန်းသိမ်းပေးပါ။
Crd;Minba GyiAHO ✔

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html