ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ရေအနက် အာရုံခံတိုင်းတာခြင်းစနစ် ( Wade Sensing)

ရေအနက် အာရုံခံတိုင်းတာခြင်းစနစ်
( Wade Sensing)
⚡⚡⚡⚡⚡

🚙Wade Sensing ရေအနက် အာရုံခံတိုင်းတာခြင်းစနစ်အား ကမ္ဘာကျော် Land Rover မှ
        " 2014 Range Rover "
တွင် စတင်တပ်ဆင်ခဲ့ပါသည်။
• ထိုစနစ်သည် Driver Information System ၏ အဆင့်မြင့် နည်းပညာတစ်မျိုးဖြစ်ပြီး
> 500mm မှ 900mm အထိ နက်သည့်ရေပြင်အား တိုင်းတာတွက်ချက်ပေးမည့်စနစ် ဖြစ်ပါသည်။

🚙 Wade Sensing စနစ်ကို အသုံးပြုရန်အတွက် (Ultrasonic Sensors) နှုန်းလွန် အသံလှိုင်း အာရုံခံကိရိယာများအား ယာဉ်၏ဘေးဘက် နောက်ကြည့်မှန် (၂) ဘက်တွင် တပ်ဆင်ထားပြီး ၎င်းတို့သည် ယာဉ်ဖြတ်သန်းမည့် ရေ၏အနက်ကို တိုင်းတာပါမည်။

🚙 ထို့နောက် ကွန်ပျူတာမှ ယာဉ်၏အများဆုံးဖြတ်နိုင်မည့် ရေအမြင့်နှင့် တိုင်းတာတွက်ချက်ပြီး Dashboard ပေါ်ရှိ TV-Screen တွင် Graphic ရုပ်ပုံဖြင့် ယာဉ်မောင်းအား ရှင်းလင်းပြသမည် ဖြစ်ပါသည်။

🚙 ထို့နောက် Land Rover Models များ၏ သတ်မှတ်ထားသည့် အမြင့်ခန့်ရှိမည့် (သို့) ကျော်လွန်မည့် ရေအနက်သို့ ရောက်ရှိပါက TV-Screen တွင် သတိပေးစာတန်းဖြင့် သတိပေးထားပြီး (အသံဖြင့်) လည်း ထပ်မံသတိပေးပါမည်။
ထိုစနစ်သည် ယာဉ်အမြန်နှုန်း
> (6mph-10mph) အတွင်း၌သာ အလုပ်လုပ်မည်ဖြစ်ပြီး ထိုထက် ပို၍မြန်သည့်နှုန်းတွင် (အလိုအလျောက်) ပိတ်သွားမည် ဖြစ်ပါသည်။

🚙 Wade Sensing စနစ်အား မြင်နေကျမဟုတ်သည့်
• ရေမြောင်း၊အင်းအိုင်စသည်တို့ကို ဖြတ်သန်းရာ၌လည်းကောင်း၊
• မိုးကြီးသည့်အတွက် ရေလျှံနေသည့်လမ်းများပေါ်တွင် အသုံးပြုရာ၌လည်းကောင်း၊
• မကြည်လင်သည့်ရေအား ဖြတ်သန်းရာ၌လည်းကောင်း၊ ယာဉ်မောင်းအတွက် များစွာအထောက်အကူပြုသည့်
> Driving Assistance Tech ပင်ဖြစ်ပါသည်။

🚙 ၎င်းစနစ်အား Land Rover ၏ Land Rover များ ဖြစ်ကြသည့်
• Range Rover,
• Range Rover Sport,
• Evoque,
• Evoque Convertible တို့တွင် ထည့်သွင်းထားမည် ဖြစ်ပါသည်။
🚘🚘🚘🚘🚘

Credit》》
Seagull Myint
AutoCar Buyers'Guide Journal (Every Thursday)
https://www.facebook.com/officialautocarjournal

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html