ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင့်ရဲ့ကား Auto Gear Oil လဲရခြင်း အကြောင်းရင်းများ

Auto Gear Oil လဲရခြင်း အကြောင်း

Belta ကား နှစ်စီးလုံးတစ်နေ့ထဲလာလဲဖြစ်လို့ ရိုက်ထားတာ
Auto Gear oil filter လဲရမလား မလဲရဘူးလား မေးနေကြသူများအတွက်ပါ။
Like & Share ခြင်းဖြင့်  သိစေနိုင်ပါတယ် ...
(မသိသောသူများအတွက်ပါ သိသူများ ကျော်သွားပါရန်)

တစ်စီးက ကီလို ၄ သောင်းတစ်ခါလဲတော့ အဆင်ပြေတယ် ဂီယာဝိုင်လဲတိုင်း filter လဲတယ်ပေါ့။

အဖြူတစ်စီးကတော့ ကီလို ၁ သိန်းတစ်ခါလဲတယ် ၀ယ်ထားတာ (၅)နှစ် တစ်ခါပဲ ဂီယာဝိုင်လဲဖူးတယ် ဇကာဖြုတ်ဆေးဖူးတယ် ကားလေးပြီး ဂုံးတက်ကိုဂီယာချိန်း နောက်ကျသလိုဖြစ်လို့ ဂီယာဝိုင်လဲ ဇကာလဲ လိုက်တယ် . . . 
ဂီယာပင်နီယံများမှ ထွက်ရှိသောအမှုံများကို သံလိုက်တုံးကလေးများဖြင့် ဆွဲထားပေးခြင်းဖြင့်
ဂီယာအတွင်းထပ်မံ ပျက်စီးမှုမျိုးမရှိအောင်ကာကွယ်ထားပါတယ်။
ကားအောက်ပိုင်းတိုက်မိထားတာဖြစ်ဖြစ် ဖြုတ်ပြီးမပါရင်တော့ သံလိုက်လေးပြန်ထည့်ပေးရပါတယ်။

ဒီကားကိုတော့ ဂီယာဝိုင်လဲ ဇကာလဲပြီး Xado ဂီယာဝိုင်ဆေးထိုပေးပြီး မောင်းစမ်းကြည့်တော့ အရင်ထက်အများကြီးသိသာစွာ ဂီယာပြန်ချိန်းတယ်။
Xado ဂီယာဝိုင်အားဖြည့်ဆီ မောင်းရင်းနဲ့ ပြန်ပြီး ကောင်းသွားနိုင်လို့ ကီလို
၁၀၀၀ ၀န်းကျင်လောက်မောင်းပြီးရင် ပိုသိသာသွားနိုင်ပါတယ်။

ဒါကလည်း ပုံမှန်မလဲဘဲအသုံးပြုတာရယ် မကုန်သင့်တာမကုန်အောင်
မိမိလဲလှယ်သော အချိန်ကာလ၊ ကီလိုမီတာကို မှတ်တမ်းတင်ပြီး
ဂရုစိုက်ရင် အချိန်ကုန် ငွေကုန်သက်သာပါတယ်။

ဂီယာဝိုင်လဲတော့မည်ဆိုရင်...
အရင်ဆုံး မိမိကားက Steel oil filter (or) paper filter လားဆိုတာ သိထား ဖို့လိုပါတယ်။

Toyota မှာ ATF အများစုက Steel filter ဖြင့်လာပြီး CVT Gear ကို paper filter
ဖြင့် အသုံးပြုထားပါတယ်။

Steel filter ကို အကြိမ်ကြိမ်ဆေးကြောတယ် ပြန်အသုံးပြုတယ် အဆင်ပြေပါတယ်။
Paper filter ကိုတော့ လဲလှယ်သင့်ပါတယ် (ပြန်လည်ဆေးကြောခြင်းကို တစ်ကြိမ်လောက်သာ အသုံးပြုသင့်ပါတယ်)

ဂီယာဝိုင်ကြောင့်
ဂီယာချိန်းနောက်ကျခြင်း
အသံများထွက်ပေါ်ခြင်း
အင်ဂျင်ပိုမိုရုန်းရသောကြောင့် ကားဆီပိုမိုစားနေခြင်း
ဂီယာဆောင့်ထွက်ခြင်းတွေဖြစ်လာတက်ပါတယ်။

ဂီယာဝိုင်ကို အကောင်းတွေအသုံးပြုထားရင်တော့
ကီလို (၄၀၀၀၀)မှ (၆၀၀၀၀) အတွင်းလဲလှယ်နိုင်ပါတယ်...

ဈေးသက်သာပြီး လွယ်ကူစွာဝယ်ယူနိုင်သော ဂီယာဝိုင်များကတော့
ကီလို (၂၀၀၀၀)မှ (၄၀၀၀၀) အတွင်းသာအသုံးပြုသင့်ပါတယ် . . .

ဂီယာဝိုင်က semi & full synthetic ဆိုပြီး (၂)မျိုးလာပါတယ်...
အင်ဂျင်ဝိုင်ထက်ပိုမိုအလုပ်လုပ်ပြီး အချိန်ကြာမြင့်စွာထားရှိရသောကြောင့်
အမျိုးအစားမှန်တာကို ရွေးချယ်ထည့်ခြင်းသည် ဂီယာဘောက်သက်တမ်းစေ့
အသုံးပြုနိုင်ပါတယ်...

ဂီယာဝိုင်စစ်ဆေးနည်းများလည်းရှိပါတယ်။
ဂီယာဝိုင် ရဲ့အရောင်ကို အဓိကထားခွဲခြားပြီး ကောင်းမကောင်း လဲလှယ်သင့် မသင့်
ဆုံးဖြတ်နိုင်ပါတယ်။
တိုင်းတာပုံနှင့် အရောင်များကို ပုံများဖြင့် ကြည့်ရှုတိုက်စစ်နိုင်ပါတယ်...
သက်တမ်းစေ့အသုံးပြုခြင်းသည် ငွေကိုချွေတာရာရောက်ပါတယ်...

Credit
https://www.facebook.com/aoneautoone

Please Like & Share with your friends
Ph: 01 536919, 09 775 908050, 09 775 908040

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html