ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင္ကယ္ကို ေရ႐ွည္ခံႏိုင္ေအာင္ ထိန္းသိမ္းေမာင္ႏွင္အသုံးျပဳနည္း

ဆိုင္ကယ္အင္ဂ်င္ေတြ
 ရည္ရွည္ခံေအာင္ထိန္းသိမ္းေမာင္းႏွင္ႀကမယ္။
ဆိုင္ကယ္အင္ဂ်င္သက္တမ္း ၾကာရွည္ခံေစဖုိ႔ . . .

#carandcycleinformation
    ျမန္မာလူမ်ိဳးတို႔ရဲ႕ အႀကိဳက္ ပစၥည္းတစ္ခု၀ယ္ရင္ ဘာပစၥည္းပဲျဖစ္ေနေန ေစ်းသက္သာၿပီး တာရွည္ခံတာမ်ဳိးကုိ လုိခ်င္ၾကပါတယ္။ ေစ်းသက္သာတာကုိသာ ေရြးခ်ယ္ဖို႔ ဆံုးျဖတ္ၾကတာက ပုိမ်ားပါတယ္။ ဆိုင္ကယ္တစ္စီး ၀ယ္တဲ့အခါမွာလည္း ၿမိဳ႕ၾကီးေတြကလြဲရင္ နယ္ၿမိဳ႕ေတြမွာ ေစ်းသက္သာေလ ၾကိဳက္ေလ ဆိုတဲ့ အက်င့္က လူေတာ္ေတာ္မ်ားမ်ားမွာ စြဲျမဲေနၾကပါတယ္။ ဆိုင္ကယ္တစ္စီးမွာလည္း ေစ်းႏႈန္းနဲ႔ထပ္တူ Brand အလိုက္ ေစ်းေကာင္းရင္ ေကာင္းသလို အရည္အေသြးကြာျခားပါတယ္။ ဆိုင္ကယ္တစ္စီးရဲ႕ အရည္အေသြးဆိုတဲ့ေနရာမွာ အဓိက ဆိုင္ကယ္အင္ဂ်င္ ရုန္းအားဆြဲအားနဲ႔ ၾကာရွည္အသံုးခံမႈကို ၾကည့္ရွုၾကၿပီး တည္ေဆာက္မႈမွာ ပါ၀င္တဲ့ သံဖရိမ္နဲ႔ ကာဗာေတြ ၾကံ႕ခိုင္မႈရွိမရွိကို ဒုတိယအေနနဲ႔ ၾကည့္ရွဳေလ့ရွိၾကပါတယ္။ လက္ရွိ ျမန္မာနိုင္ငံေစ်းကြက္မွာ ေရာင္းခ်ေနတဲ့ ဆိုင္ကယ္ေတြကို ေလ့လာၾကည့္ရင္ တရုတ္ဆိုင္ကယ္ထဲမွာ Haojue ဆိုင္ကယ္တစ္မ်ိဳးတည္းသာ အင္ဂ်င္ ၂ နွစ္အာမခံေပးၿပီး KenBo, Lifan. ZongShen စတဲ့ နာမည္ရ Brand ေတြကေတာ့ အင္ဂ်င္ ၁ နွစ္အာမခံေပးၾကတာ ေတြ႔ရပါတယ္။ လက္ရွိ ေစ်းကြက္ထဲ မေရမတြက္နိုင္ေအာင္ ၀င္ေရာက္ေနတဲ့ တရုတ္တံဆိပ္သစ္ဆိုင္ကယ္ေတြမွာေတာ့ အင္ဂ်င္ ၅ လအာမခံ၊ ၃ လအာမခံေပးၾကသလို အမ်ားစုကေတာ့ အင္ဂ်င္ Warranty မေပးၾကပါဘူး။ အင္ဂ်င္ Warranty မေပးတဲ့ တရုတ္တံဆိပ္သစ္ဆိုင္ကယ္ေတြကို ေလ့လာၾကည့္ရင္ Spare Parts ရရွိမႈပါ ခက္ခဲေနတတ္တာ ေလ့လာေတြ႔ရွိရပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုးကေတာ့ ရုန္းအားဆြဲအားေကာင္းတဲ့ အင္ဂ်င္ကို ရရွိခ်င္တယ္ သင့္ဆိုင္ကယ္ကို ၾကာရွည္အသံုးခံခ်င္တယ္ဆိုရင္ ေစ်းႏႈန္းထက္ အရည္အေသြးေကာင္းမြန္မယ့္ နာမည္ရ Brand ေတြကို ေရြးခ်ယ္၀ယ္ယူစီးနင္းဖို႔ လိုပါတယ္။ နာမည္ရ Brand ေတြ ၀ယ္စီးရံုနဲ႔မၿပီးဘဲ ပံုမွန္ထိန္းသိမ္းတတ္ဖို႔ပါလိုအပ္တာေၾကာင့္ C & C Info ရဲ႕ ဆိုင္ကယ္ခ်စ္သူေတြအတြက္  ဆိုင္ကယ္အင္ဂ်င္သက္တမ္းၾကာရွည္ခံခ်င္တယ္ဆိုရင္ လုိက္နာက်င့္သံုးရမယ့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
Brand New ဆိုင္ကယ္တိုင္း အင္ဂ်င္က်င့္ေပးရပါတယ္
    ဆင္ေပါက္စေလးတစ္ေကာင္ ေမြးၿပီး လသားအရြယ္မွာတင္ သြားနိုင္ေအာင္ ခိုင္းတာလုပ္တတ္ေအာင္ ေလ့က်င့္ေပးရသလိုပဲ ဆိုင္ကယ္တစ္စီးမွာလည္း စတင္၀ယ္ယူခါစ Brand New ဆိုင္ကယ္ရဲ႕ အင္ဂ်င္ကို ေလ့က်င့္ေပးရပါတယ္။ သက္ရွိသတၱ၀ါမဟုတ္ဘူး စက္ပစၥည္း ငါခိုင္းရင္ ခိုင္းသလို လုပ္ေပးမွ ငါေမာင္းခ်င္သလို ေမာင္းမွာပဲ ဆိုတဲ့စိတ္ရွိေနရင္ေတာ့ သင့္ဆိုင္ကယ္ရဲ႕ အင္ဂ်င္သက္တမ္းဟာ ၾကာရွည္ခံမွာ မဟုတ္သလို ေငြေၾကးေပါင္း သိန္းခ်ီေပးၿပီး ၀ယ္ရက်ိဳးလည္း နပ္မွာ မဟုတ္ပါဘူး။ ေနာက္ဆက္တြဲအေနနဲ႔ ျပင္ဆင္စရိတ္ေတြပါ ကပ္ပါလာမွာျဖစ္ပါတယ္။ စတင္၀ယ္ယူခါစ Brand New ဆိုင္ကယ္ရဲ႕ အင္ဂ်င္သက္တမ္းၾကာရွည္ခံခ်င္တယ္ဆိုရင္ စတင္ေမာင္းခ်ိန္ကတည္းက လအနည္းၾကာသည္အထိ အရွိန္ျပင္းျပင္း ေမာင္းတာထက္ သာမန္အရွိန္ႏႈန္းသာရွိတဲ့ ကီလိုအနည္းငယ္ပဲ ေမာင္းနွင္ဖို႔လိုပါတယ္။ နာမည္ရ Brand ေတြရဲ႕ Techanical ပညာရွင္ေတြ သတ္မွတ္ထားတာကေတာ့ စတင္၀ယ္ယူခါစမွာ ကီလို 0 ရွိတာေၾကာင့္ ကီလို 0 ကေန 160 ကီလိုမီတာအတြင္းဆိုရင္ တစ္နာရီကို ၃၅ ကီလိုမီတာ
အျမန္ႏႈန္းနဲ႔သာ အသံုးျပဳေမာင္းႏင္သင့္ၿပီး ကီလို 160 မွ 800 ကီလိုမီတာအတြင္းဆိုရင္ေတာ့ တစ္နာရီ ၄၅ ကီလိုမီတာ အျမန္ႏႈန္းနဲ႔ပဲ ေမာင္းနွင္သင့္တယ္လို႔ အၾကံျပဳထားၾကပါတယ္။ အဲဒီလိုပဲ ဒိုင္ခြက္မွာ ျပသေပးေနတဲ့ ကီလို 800 အတြင္းကေန 1600 အတြင္းဆိုရင္ တစ္နာရီ ၅၅ ကီလိုမီတာအျမန္ႏႈန္းနဲ႔သာ ေမာင္းနွင္သင့္သလို ကီလို 1600 အတြင္းကာလထိ High Way ထြက္တာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ ဘာလို႔လဲဆိုရင္ High Way သြားၿပီဆိုကတည္းက ဘယ္သူမဆို အျမန္ေရာက္ခ်င္ၾကတာျဖစ္လို႔ ဒိုင္ခြက္မွာျပေနတဲ့ ကီလိုမီတာ အျမန္ႏႈန္းကို သတိမျပဳေတာ့ဘဲ လမ္းေကာင္းရင္ ေကာင္းသလို ယာဥ္ေၾကာရွင္းရင္ ရွင္းသလို အျမန္ေမာင္းနွင္တတ္ၾကတာေၾကာင့္ Service ကၽြမ္းက်င္ပညာရွင္ေတြက အခုလို သတိေပးထားတာပဲျဖစ္ပါတယ္။ အင္ဂ်င္က်င့္ရမယ့္ ကီလို 1600 ကာလအတြင္းမွာ အကယ္၍ ကီလိုအလိုက္ သတ္မွတ္အျမန္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းနွင္ခဲ့မယ္ဆိုရင္ လပိုင္းအနည္းငယ္အတြင္းမွာပဲ အင္ဂ်င္စက္သံနဲ႔ အိပ္ေဇာကေန ထြက္လာတဲ့ အသံဟာ ဆူဆူညံညံေတြ ထြက္ေပၚလာတတ္ပါတယ္။ တခ်ဳိ႕ Honda ဆိုင္ကယ္ Brand New ၀ယ္စီးၿပီး လအနည္းငယ္အတြင္းမွာ စက္သံဆူညံေနလို႔ဆိုတဲ့ ျပႆနာရဲ႕ အရင္းအျမစ္က အင္ဂ်င္က်င့္ရမယ့္ ကာလမွာ ျမန္ႏႈန္းျမင့္ေမာင္းမိတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆိုင္ကယ္ခ်စ္သူေတြအေနနဲ႔ အင္ဂ်င္က်င့္ရမယ့္ကာလ ကီလို 1600 အတြင္းမွာ High Way ထြက္တာမ်ိဳးမလုပ္ဘဲ သူ႔သတ္မွတ္ကီလိုအလိုက္ အျမန္ႏႈန္းကို အတိုင္းအတာတစ္ခုအထိသာ ေမာင္းနွင္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

အရည္အေသြးမီ အင္ဂ်င္၀ိုင္ကို ထည့္ပါ

    ဆိုင္ကယ္ Brand New စ၀ယ္ၿပီဆိုတာနဲ႔ တခ်ဳိ႕က ဆိုင္ကယ္မွာပါတဲ့ အင္ဂ်င္မွာပါရွိၿပီးသား အင္ဂ်င္က်င့္ဆီကို ၅ ရက္(သို႔) တစ္ပတ္ခန္႔ စီးနင္းခိုင္းတာလည္းရွိသလို တခ်ဳိ႕၀ပ္ေရွာ့ဆရာေတြက အင္ဂ်င္၀ိုင္အသစ္တစ္ဘူးကို ခ်က္ခ်င္းလဲေပးလိုက္တာလည္း ရွိပါတယ္။ အေကာင္းဆံုးက အင္ဂ်င္မွာ Original ပါရွိတဲ့ အင္ဂ်င္က်င့္ဆီဟာ က်င့္ဆီလို႔ သတ္မွတ္တာေၾကာင့္ High Way သြားတာမ်ိဳးမဟုတ္ခဲ့ရင္ တစ္ပတ္ခန္႔ စီးနင္းၿပီးမွ အင္ဂ်င္၀ိုင္အသစ္တစ္ဘူးကို လဲလွယ္သင့္ပါတယ္။ အင္ဂ်င္၀ိုင္အသစ္တစ္ဘူးရဲ႕ ဆီအရည္အေသြးနဲ႔ Original က်င့္ဆီရဲ႕ ဆီအရည္အေသြး မတူသလို က်င့္ဆီဟာ က်င့္ဆီလို႔ သတ္မွတ္တာေၾကာင့္ တစ္ပတ္ခန္႔စီးနင္း အင္ဂ်င္က်င့္ခိုင္းၿပီးမွ အင္ဂ်င္၀ိုင္အသစ္တစ္ဘူးကို လဲလွယ္ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။ အဲဒီလိုပဲ အင္ဂ်င္၀ိုင္အသစ္တစ္ဘူး လဲလွယ္တဲ့အခါမွာလည္း ေစ်းႏႈန္းခ်ိဳသာတာထက္ အရည္အေသြးေကာင္းတဲ့ ကုမၸဏီေတြကေန တိုက္ရိုက္ေရာင္းခ်တဲ့ဆိုင္ ဒါမွမဟုတ္ ကုမၸဏီေတြရဲ႕ အေရာင္းကိုယ္စားလွယ္ဆိုင္ေတြမွာသာ ၀ယ္ယူသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိ ျမန္မာျပည္မွာ အင္ဂ်င္၀ိုင္အမ်ိဳးအစားေပါင္း မေရမတြက္နိုင္ေအာင္ ထြက္ရွိေနသလို နာမည္ရ Brand ေတြအတိုင္း နာမည္တူနဲ႔ တံဆိပ္တုေတြထြက္ရွိေနတာေၾကာင့္ ကုမၸဏီရဲ႕ အေရာင္းကိုယ္စားလွယ္ဆိုင္ေတြနဲ႔ ယံုၾကည္စိတ္ခ်ရတဲ့ ဆိုင္ေတြမွာသာ အရည္အေသြးမီ အင္ဂ်င္၀ိုင္ကို ေရြးခ်ယ္ ၀ယ္ယူသင့္ပါတယ္။

မိုင္းလစ္ႀကိဳးတပ္စီးၿပီး ကီလို ၃၀၀၀ ျပည့္တိုင္း အင္ဂ်င္၀ိုင္တစ္ခါ လဲလွယ္ပါ

    ဘယ္ဆိုင္ကယ္ပဲစီးစီး စတင္၀ယ္ယူကတည္းက နွစ္မည္မွ်ၾကာေနပါေစ မိုင္းလစ္ႀကိဳးတပ္စီးဖို႔လိုသလို ကီလို ၃၀၀၀ ျပည့္တိုင္း အင္ဂ်င္၀ိုင္တစ္ခါလဲလွယ္ဖို႔လိုပါတယ္။ တခ်ဳိ႕က သံုးလတစ္ခါ အင္ဂ်င္၀ိုင္လဲလွယ္ရမယ္၊ ႏွစ္လတစ္ခါ  အင္ဂ်င္လဲလွယ္ရမယ္ဆိုတဲ့ အယူအဆဟာ မွားယြင္းေနၿပီး ဒိုင္ခြက္မွာျပသေနတဲ့ ကီလိုမီတာကိုၾကည့္ၿပီး ကီလို ၃၀၀၀ ျပည့္တိုင္း အင္ဂ်င္၀ိုင္တစ္ခါလဲလွယ္ဖို႔လိုပါတယ္။ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ၿပီး ဖြံ႔ျဖိဳးၿပီး ျပည္ပနိုင္ငံအခ်ိဳ႕မွာေတာ့ ကီလို ၅၀၀၀(သို႔) ကီလို ၆၀၀၀ ျပည့္မွ အင္ဂ်င္၀ိုင္တစ္ၾကိမ္လဲလွယ္ၾကေပမဲ့ ျမန္မာနိုင္ငံရဲ႕ လမ္းအေနအထား၊ သံုးစြဲမႈအေျခအေန ကြာျခားမႈေတြေၾကာင့္ အၾကမ္းဖ်ဥ္း ကီလို ၃၀၀၀ ျပည့္တိုင္း လဲလွယ္သင့္တယ္လို႔ အၾကံျပဳရျခင္းပဲျဖစ္ပါတယ္။
Kk


လီဗာေဆာင့္ဆြဲၿပီး ေမာင္းထြက္တာမ်ိဳး မလုပ္ပါနဲ႔

    ပန္႔စနစ္နဲ႔ အလုပ္လုပ္တာမ်ိဳးမဟုတ္တဲ့ Manual ဂီယာသံုး ဆိုင္ကယ္ေတြမွာေတာ့ လီဗာေဆာင့္ဆြဲတဲ့အခါေတြမွာ ဂီယာနံပါတ္နိမ့္ရင္ ေဆာင့္ထြက္တာမ်ိဳးရွိတတ္ေပမယ့္ ဂီယာနံပါတ္ 4 လို ဂီယာျမင့္ျဖစ္ေနရင္ လီဗာ ရုတ္တရက္ဆြဲလိုက္ရင္ေတာင္ ေဆာင့္ထြက္တာ အလြန္နည္းပါးလွပါတယ္။ ပန္႔စနစ္နဲ႔အလုပ္လုပ္တာ မဟုတ္တဲ့အတြက္ ဂီယာျမင့္မွာ လီဗာ ရုတ္တရက္ေဆာင့္ဆြဲလိုက္ရင္ စက္သံ၀ပ္သြားတာကလြဲၿပီး အျမန္ထထြက္သြားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ EFI Type (PGM-FI) သံုး Honda, YAMAHA စတဲ့ ဆိုင္ကယ္ေတြမွာေတာ့ လီဗာေဆာင့္ဆြဲလိုက္ရင္ ဆြဲလိုက္သလို ထထြက္သြားတတ္ပါတယ္။ အခုေခတ္မွာ အထူးသျဖင့္ Honda Click, Scoopyi စီးတဲ့ လူငယ္ေတြမွာ စထြက္ခ်ိန္ကတည္းက လီဗာကို ေတာက္ေလွ်ာက္တင္ၿပီး ျပန္မေလွ်ာ့ေတာ့ဘဲ အခ်ိန္ၾကာၿပီး အရွိန္ျပင္းနဲ႔ ေမာင္းနွင္ၾကတာေတြ
ေတြ႔ေနရပါတယ္။ အဲဒီလို လီဗာကို ရုတ္တရက္တင္ ေဆာင့္ထြက္ၿပီး လီဗာျပန္မေလွ်ာ့ေပးျခင္းဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် အင္ဂ်င္ကေန ထုတ္ေပးတဲ့ ကရိုင္းရွုပ္နဲ႔ဆက္ထားတဲ့ ၆ လံုးေဘာတို႔၊ ဂါပနာရွဴးတို႔ ပတ္သားၾကိဳးတို႔၊ ကေရာင္းအံုထဲက ပင္နယံတို႔ စတဲ့အစိတ္အပိုင္းေတြ ပ်က္စီးေစနိုင္ပါတယ္။ ပ်က္စီးေစနိုင္တယ္ဆိုတဲ့ေနရာမွာ ခ်က္ျခင္းၾကီး ပ်က္စီးသြားမွာမ်ိဳးမဟုတ္ဘဲ ေရရွည္မွာ အထိနာလာတာနဲ႔အမွ် အင္ဂ်င္ရုန္းအားဆြဲအားေတြမွာ က်ဆင္းေစနိုင္ပါတယ္။ ဆိုင္ကယ္တစ္စီးရဲ႕ အင္ဂ်င္သက္တမ္း ပံုမွန္ထိန္းသိမ္းၿပီး ေမာင္းရင္ ငါးနွစ္ခံမယ္ဆိုရင္ လီဗာေဆာင့္ဆြဲၿပီး ျပန္မေလွ်ာ့ဘဲ အရွိန္ျပင္းေမာင္းတဲ့ဆိုင္ကယ္ဟာ ၃ နွစ္ခြဲ၀န္းက်င္ဆိုရင္ကို အင္ဂ်င္ အနည္းငယ္က်ေနတတ္ပါတယ္။ အဲဒီလို အင္ဂ်င္ရုန္းအားဆြဲအား က်ဆင္းသြားၿပီဆိုရင္ သင့္အေနနဲ႔ ျပန္ေရာင္းခ်ိန္မွာ မိုဒယ္တူ၊ အမ်ိဳးအစားတူဆိုင္ကယ္ေတြထက္ကို  အနည္းဆံုး တစ္သိန္းကေန သံုးသိန္းၾကား ေစ်းနွိမ္ခံရေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ဆိုင္ကယ္အင္ဂ်င္သက္တမ္း ၾကာရွည္ခံခ်င္တယ္ဆိုရင္ လီဗာေဆာင့္ဆြဲၿပီး ထြက္တာမ်ိဳးေတြ၊ လီဗာတင္ထားၿပီး လီဗာျပန္မေလွ်ာ့ဘဲ ေတာက္ေလွ်ာက္အရွိန္ျပင္းေမာင္းနွင္တာမ်ိဳးေတြ ေရွာင္ၾကဥ္ဖို႔လိုပါတယ္။

    ေရွ႕မွာေျပာျပခဲ့တဲ့ Brand New စတင္၀ယ္ယူခ်ိန္ကတည္းက အင္ဂ်င္က်င့္ရမယ့္ကာလမွာ ကီလိုမီတာအလိုက္ ဂရုျပဳေမာင္းနွင္မယ္၊ အရည္အေသြးမီ အင္ဂ်င္၀ိုင္ကို ပံုမွန္လဲလွယ္မယ္၊ လီဗာေဆာင့္ဆြဲၿပီး အရွိန္ျပင္းေမာင္းထြက္တာမ်ိဳးေတြ ေရွာင္ၾကဥ္မယ္စတဲ့ လိုက္နာဖြယ္ရာေတြကိုသာ က်င့္သံုးသြားမယ္ဆိုရင္ သင့္ဆိုင္ကယ္ အင္ဂ်င္သက္တမ္း ၾကာရွည္ခံေစမွာျဖစ္သလို Brand အလိုက္ စက္ရံုေတြက သတ္မွတ္ထားတဲ့ သက္တမ္းအျပည့္ စီးနင္းနိုင္မွာျဖစ္ပါတယ္။ ဆိုင္ကယ္အင္ဂ်င္သက္တမ္းလည္း ၾကာရွည္ခံမယ္၊ ပ်က္စီးမႈလည္း နည္းပါးၿပီဆိုရင္ သင့္အတြက္ ျပန္ေရာင္းခ်ိန္မွာ ေစ်းေကာင္းရရွိေစမွာျဖစ္သလို ျပင္ဆင္ရမႈနည္းပါးတာနဲ႔အမွ် ကုန္က်စရိတ္ပါ သက္သာေစမွာျဖစ္ပါတယ္။ ေငြေၾကးကုန္က်မႈနည္းပါးတာနဲ႔အမွ် ဆိုင္ကယ္ေန႔စဥ္အသံုးျပဳေနတဲ့ သင့္အတြက္ ဘယ္ေနရာ ဘယ္ခရီးသြားသြား စိတ္ခ်မ္းသာမႈရေနေစမွာ ဧကန္ပါပဲ။

Writer by UNKNOWN from Online


Hh

Uni fonts
ဆိုင်ကယ်အင်ဂျင်တွေ ရည်ရှည်ခံအောင်ထိန်းသိမ်းမောင်းနှင်ကြမယ်။
ဆိုင်ကယ်အင်ဂျင်သက်တမ်း ကြာရှည်ခံစေဖို့ . . .
#carandcycleinformation
    မြန်မာလူမျိုးတို့ရဲ့ အကြိုက် ပစ္စည်းတစ်ခုဝယ်ရင် ဘာပစ္စည်းပဲဖြစ်နေနေ ဈေးသက်သာပြီး တာရှည်ခံတာမျိုးကို လိုချင်ကြပါတယ်။ ဈေးသက်သာတာကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်ကြတာက ပိုများပါတယ်။ ဆိုင်ကယ်တစ်စီး ဝယ်တဲ့အခါမှာလည်း မြို့ကြီးတွေကလွဲရင် နယ်မြို့တွေမှာ ဈေးသက်သာလေ ကြိုက်လေ ဆိုတဲ့ အကျင့်က လူတော်တော်များများမှာ စွဲမြဲနေကြပါတယ်။ ဆိုင်ကယ်တစ်စီးမှာလည်း ဈေးနှုန်းနဲ့ထပ်တူ Brand အလိုက် ဈေးကောင်းရင် ကောင်းသလို အရည်အသွေးကွာခြားပါတယ်။ ဆိုင်ကယ်တစ်စီးရဲ့ အရည်အသွေးဆိုတဲ့နေရာမှာ အဓိက ဆိုင်ကယ်အင်ဂျင် ရုန်းအားဆွဲအားနဲ့ ကြာရှည်အသုံးခံမှုကို ကြည့်ရှုကြပြီး တည်ဆောက်မှုမှာ ပါဝင်တဲ့ သံဖရိမ်နဲ့ ကာဗာတွေ ကြံ့ခိုင်မှုရှိမရှိကို ဒုတိယအနေနဲ့ ကြည့်ရှုလေ့ရှိကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချနေတဲ့ ဆိုင်ကယ်တွေကို လေ့လာကြည့်ရင် တရုတ်ဆိုင်ကယ်ထဲမှာ Haojue ဆိုင်ကယ်တစ်မျိုးတည်းသာ အင်ဂျင် ၂ နှစ်အာမခံပေးပြီး KenBo, Lifan. ZongShen စတဲ့ နာမည်ရ Brand တွေကတော့ အင်ဂျင် ၁ နှစ်အာမခံပေးကြတာ တွေ့ရပါတယ်။ လက်ရှိ ဈေးကွက်ထဲ မရေမတွက်နိုင်အောင် ဝင်ရောက်နေတဲ့ တရုတ်တံဆိပ်သစ်ဆိုင်ကယ်တွေမှာတော့ အင်ဂျင် ၅ လအာမခံ၊ ၃ လအာမခံပေးကြသလို အများစုကတော့ အင်ဂျင် Warranty မပေးကြပါဘူး။ အင်ဂျင် Warranty မပေးတဲ့ တရုတ်တံဆိပ်သစ်ဆိုင်ကယ်တွေကို လေ့လာကြည့်ရင် Spare Parts ရရှိမှုပါ ခက်ခဲနေတတ်တာ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရုန်းအားဆွဲအားကောင်းတဲ့ အင်ဂျင်ကို ရရှိချင်တယ် သင့်ဆိုင်ကယ်ကို ကြာရှည်အသုံးခံချင်တယ်ဆိုရင် ဈေးနှုန်းထက် အရည်အသွေးကောင်းမွန်မယ့် နာမည်ရ Brand တွေကို ရွေးချယ်ဝယ်ယူစီးနင်းဖို့ လိုပါတယ်။ နာမည်ရ Brand တွေ ဝယ်စီးရုံနဲ့မပြီးဘဲ ပုံမှန်ထိန်းသိမ်းတတ်ဖို့ပါလိုအပ်တာကြောင့် C & C Info ရဲ့ ဆိုင်ကယ်ချစ်သူတွေအတွက်  ဆိုင်ကယ်အင်ဂျင်သက်တမ်းကြာရှည်ခံချင်တယ်ဆိုရင် လိုက်နာကျင့်သုံးရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Brand New ဆိုင်ကယ်တိုင်း အင်ဂျင်ကျင့်ပေးရပါတယ်
    ဆင်ပေါက်စလေးတစ်ကောင် မွေးပြီး လသားအရွယ်မှာတင် သွားနိုင်အောင် ခိုင်းတာလုပ်တတ်အောင် လေ့ကျင့်ပေးရသလိုပဲ ဆိုင်ကယ်တစ်စီးမှာလည်း စတင်ဝယ်ယူခါစ Brand New ဆိုင်ကယ်ရဲ့ အင်ဂျင်ကို လေ့ကျင့်ပေးရပါတယ်။ သက်ရှိသတ္တဝါမဟုတ်ဘူး စက်ပစ္စည်း ငါခိုင်းရင် ခိုင်းသလို လုပ်ပေးမှ ငါမောင်းချင်သလို မောင်းမှာပဲ ဆိုတဲ့စိတ်ရှိနေရင်တော့ သင့်ဆိုင်ကယ်ရဲ့ အင်ဂျင်သက်တမ်းဟာ ကြာရှည်ခံမှာ မဟုတ်သလို ငွေကြေးပေါင်း သိန်းချီပေးပြီး ဝယ်ရကျိုးလည်း နပ်မှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲအနေနဲ့ ပြင်ဆင်စရိတ်တွေပါ ကပ်ပါလာမှာဖြစ်ပါတယ်။ စတင်ဝယ်ယူခါစ Brand New ဆိုင်ကယ်ရဲ့ အင်ဂျင်သက်တမ်းကြာရှည်ခံချင်တယ်ဆိုရင် စတင်မောင်းချိန်ကတည်းက လအနည်းကြာသည်အထိ အရှိန်ပြင်းပြင်း မောင်းတာထက် သာမန်အရှိန်နှုန်းသာရှိတဲ့ ကီလိုအနည်းငယ်ပဲ မောင်းနှင်ဖို့လိုပါတယ်။ နာမည်ရ Brand တွေရဲ့ Techanical ပညာရှင်တွေ သတ်မှတ်ထားတာကတော့ စတင်ဝယ်ယူခါစမှာ ကီလို 0 ရှိတာကြောင့် ကီလို 0 ကနေ 160 ကီလိုမီတာအတွင်းဆိုရင် တစ်နာရီကို ၃၅ ကီလိုမီတာ
အမြန်နှုန်းနဲ့သာ အသုံးပြုမောင်းနင်သင့်ပြီး ကီလို 160 မှ 800 ကီလိုမီတာအတွင်းဆိုရင်တော့ တစ်နာရီ ၄၅ ကီလိုမီတာ အမြန်နှုန်းနဲ့ပဲ မောင်းနှင်သင့်တယ်လို့ အကြံပြုထားကြပါတယ်။ အဲဒီလိုပဲ ဒိုင်ခွက်မှာ ပြသပေးနေတဲ့ ကီလို 800 အတွင်းကနေ 1600 အတွင်းဆိုရင် တစ်နာရီ ၅၅ ကီလိုမီတာအမြန်နှုန်းနဲ့သာ မောင်းနှင်သင့်သလို ကီလို 1600 အတွင်းကာလထိ High Way ထွက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုရင် High Way သွားပြီဆိုကတည်းက ဘယ်သူမဆို အမြန်ရောက်ချင်ကြတာဖြစ်လို့ ဒိုင်ခွက်မှာပြနေတဲ့ ကီလိုမီတာ အမြန်နှုန်းကို သတိမပြုတော့ဘဲ လမ်းကောင်းရင် ကောင်းသလို ယာဉ်ကြောရှင်းရင် ရှင်းသလို အမြန်မောင်းနှင်တတ်ကြတာကြောင့် Service ကျွမ်းကျင်ပညာရှင်တွေက အခုလို သတိပေးထားတာပဲဖြစ်ပါတယ်။ အင်ဂျင်ကျင့်ရမယ့် ကီလို 1600 ကာလအတွင်းမှာ အကယ်၍ ကီလိုအလိုက် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့မယ်ဆိုရင် လပိုင်းအနည်းငယ်အတွင်းမှာပဲ အင်ဂျင်စက်သံနဲ့ အိပ်ဇောကနေ ထွက်လာတဲ့ အသံဟာ ဆူဆူညံညံတွေ ထွက်ပေါ်လာတတ်ပါတယ်။ တချို့ Honda ဆိုင်ကယ် Brand New ဝယ်စီးပြီး လအနည်းငယ်အတွင်းမှာ စက်သံဆူညံနေလို့ဆိုတဲ့ ပြဿနာရဲ့ အရင်းအမြစ်က အင်ဂျင်ကျင့်ရမယ့် ကာလမှာ မြန်နှုန်းမြင့်မောင်းမိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်ချစ်သူတွေအနေနဲ့ အင်ဂျင်ကျင့်ရမယ့်ကာလ ကီလို 1600 အတွင်းမှာ High Way ထွက်တာမျိုးမလုပ်ဘဲ သူ့သတ်မှတ်ကီလိုအလိုက် အမြန်နှုန်းကို အတိုင်းအတာတစ်ခုအထိသာ မောင်းနှင်ဖို့ တိုက်တွန်းချင်ပါတယ်။
အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ထည့်ပါ
    ဆိုင်ကယ် Brand New စဝယ်ပြီဆိုတာနဲ့ တချို့က ဆိုင်ကယ်မှာပါတဲ့ အင်ဂျင်မှာပါရှိပြီးသား အင်ဂျင်ကျင့်ဆီကို ၅ ရက်(သို့) တစ်ပတ်ခန့် စီးနင်းခိုင်းတာလည်းရှိသလို တချို့ဝပ်ရှော့ဆရာတွေက အင်ဂျင်ဝိုင်အသစ်တစ်ဘူးကို ချက်ချင်းလဲပေးလိုက်တာလည်း ရှိပါတယ်။ အကောင်းဆုံးက အင်ဂျင်မှာ Original ပါရှိတဲ့ အင်ဂျင်ကျင့်ဆီဟာ ကျင့်ဆီလို့ သတ်မှတ်တာကြောင့် High Way သွားတာမျိုးမဟုတ်ခဲ့ရင် တစ်ပတ်ခန့် စီးနင်းပြီးမှ အင်ဂျင်ဝိုင်အသစ်တစ်ဘူးကို လဲလှယ်သင့်ပါတယ်။ အင်ဂျင်ဝိုင်အသစ်တစ်ဘူးရဲ့ ဆီအရည်အသွေးနဲ့ Original ကျင့်ဆီရဲ့ ဆီအရည်အသွေး မတူသလို ကျင့်ဆီဟာ ကျင့်ဆီလို့ သတ်မှတ်တာကြောင့် တစ်ပတ်ခန့်စီးနင်း အင်ဂျင်ကျင့်ခိုင်းပြီးမှ အင်ဂျင်ဝိုင်အသစ်တစ်ဘူးကို လဲလှယ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုပဲ အင်ဂျင်ဝိုင်အသစ်တစ်ဘူး လဲလှယ်တဲ့အခါမှာလည်း ဈေးနှုန်းချိုသာတာထက် အရည်အသွေးကောင်းတဲ့ ကုမ္ပဏီတွေကနေ တိုက်ရိုက်ရောင်းချတဲ့ဆိုင် ဒါမှမဟုတ် ကုမ္ပဏီတွေရဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာသာ ဝယ်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာပြည်မှာ အင်ဂျင်ဝိုင်အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ထွက်ရှိနေသလို နာမည်ရ Brand တွေအတိုင်း နာမည်တူနဲ့ တံဆိပ်တုတွေထွက်ရှိနေတာကြောင့် ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေနဲ့ ယုံကြည်စိတ်ချရတဲ့ ဆိုင်တွေမှာသာ အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။
မိုင်းလစ်ကြိုးတပ်စီးပြီး ကီလို ၃၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်တစ်ခါ လဲလှယ်ပါ
    ဘယ်ဆိုင်ကယ်ပဲစီးစီး စတင်ဝယ်ယူကတည်းက နှစ်မည်မျှကြာနေပါစေ မိုင်းလစ်ကြိုးတပ်စီးဖို့လိုသလို ကီလို ၃၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်တစ်ခါလဲလှယ်ဖို့လိုပါတယ်။ တချို့က သုံးလတစ်ခါ အင်ဂျင်ဝိုင်လဲလှယ်ရမယ်၊ နှစ်လတစ်ခါ  အင်ဂျင်လဲလှယ်ရမယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းနေပြီး ဒိုင်ခွက်မှာပြသနေတဲ့ ကီလိုမီတာကိုကြည့်ပြီး ကီလို ၃၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်တစ်ခါလဲလှယ်ဖို့လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဖွံ့ဖြိုးပြီး ပြည်ပနိုင်ငံအချို့မှာတော့ ကီလို ၅၀၀၀(သို့) ကီလို ၆၀၀၀ ပြည့်မှ အင်ဂျင်ဝိုင်တစ်ကြိမ်လဲလှယ်ကြပေမဲ့ မြန်မာနိုင်ငံရဲ့ လမ်းအနေအထား၊ သုံးစွဲမှုအခြေအနေ ကွာခြားမှုတွေကြောင့် အကြမ်းဖျဉ်း ကီလို ၃၀၀၀ ပြည့်တိုင်း လဲလှယ်သင့်တယ်လို့ အကြံပြုရခြင်းပဲဖြစ်ပါတယ်။
လီဗာဆောင့်ဆွဲပြီး မောင်းထွက်တာမျိုး မလုပ်ပါနဲ့
    ပန့်စနစ်နဲ့ အလုပ်လုပ်တာမျိုးမဟုတ်တဲ့ Manual ဂီယာသုံး ဆိုင်ကယ်တွေမှာတော့ လီဗာဆောင့်ဆွဲတဲ့အခါတွေမှာ ဂီယာနံပါတ်နိမ့်ရင် ဆောင့်ထွက်တာမျိုးရှိတတ်ပေမယ့် ဂီယာနံပါတ် 4 လို ဂီယာမြင့်ဖြစ်နေရင် လီဗာ ရုတ်တရက်ဆွဲလိုက်ရင်တောင် ဆောင့်ထွက်တာ အလွန်နည်းပါးလှပါတယ်။ ပန့်စနစ်နဲ့အလုပ်လုပ်တာ မဟုတ်တဲ့အတွက် ဂီယာမြင့်မှာ လီဗာ ရုတ်တရက်ဆောင့်ဆွဲလိုက်ရင် စက်သံဝပ်သွားတာကလွဲပြီး အမြန်ထထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် EFI Type (PGM-FI) သုံး Honda, YAMAHA စတဲ့ ဆိုင်ကယ်တွေမှာတော့ လီဗာဆောင့်ဆွဲလိုက်ရင် ဆွဲလိုက်သလို ထထွက်သွားတတ်ပါတယ်။ အခုခေတ်မှာ အထူးသဖြင့် Honda Click, Scoopyi စီးတဲ့ လူငယ်တွေမှာ စထွက်ချိန်ကတည်းက လီဗာကို တောက်လျှောက်တင်ပြီး ပြန်မလျှော့တော့ဘဲ အချိန်ကြာပြီး အရှိန်ပြင်းနဲ့ မောင်းနှင်ကြတာတွေ
တွေ့နေရပါတယ်။ အဲဒီလို လီဗာကို ရုတ်တရက်တင် ဆောင့်ထွက်ပြီး လီဗာပြန်မလျှော့ပေးခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ အင်ဂျင်ကနေ ထုတ်ပေးတဲ့ ကရိုင်းရှုပ်နဲ့ဆက်ထားတဲ့ ၆ လုံးဘောတို့၊ ဂါပနာရှူးတို့ ပတ်သားကြိုးတို့၊ ကရောင်းအုံထဲက ပင်နယံတို့ စတဲ့အစိတ်အပိုင်းတွေ ပျက်စီးစေနိုင်ပါတယ်။ ပျက်စီးစေနိုင်တယ်ဆိုတဲ့နေရာမှာ ချက်ခြင်းကြီး ပျက်စီးသွားမှာမျိုးမဟုတ်ဘဲ ရေရှည်မှာ အထိနာလာတာနဲ့အမျှ အင်ဂျင်ရုန်းအားဆွဲအားတွေမှာ ကျဆင်းစေနိုင်ပါတယ်။ ဆိုင်ကယ်တစ်စီးရဲ့ အင်ဂျင်သက်တမ်း ပုံမှန်ထိန်းသိမ်းပြီး မောင်းရင် ငါးနှစ်ခံမယ်ဆိုရင် လီဗာဆောင့်ဆွဲပြီး ပြန်မလျှော့ဘဲ အရှိန်ပြင်းမောင်းတဲ့ဆိုင်ကယ်ဟာ ၃ နှစ်ခွဲဝန်းကျင်ဆိုရင်ကို အင်ဂျင် အနည်းငယ်ကျနေတတ်ပါတယ်။ အဲဒီလို အင်ဂျင်ရုန်းအားဆွဲအား ကျဆင်းသွားပြီဆိုရင် သင့်အနေနဲ့ ပြန်ရောင်းချိန်မှာ မိုဒယ်တူ၊ အမျိုးအစားတူဆိုင်ကယ်တွေထက်ကို  အနည်းဆုံး တစ်သိန်းကနေ သုံးသိန်းကြား ဈေးနှိမ်ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ဆိုင်ကယ်အင်ဂျင်သက်တမ်း ကြာရှည်ခံချင်တယ်ဆိုရင် လီဗာဆောင့်ဆွဲပြီး ထွက်တာမျိုးတွေ၊ လီဗာတင်ထားပြီး လီဗာပြန်မလျှော့ဘဲ တောက်လျှောက်အရှိန်ပြင်းမောင်းနှင်တာမျိုးတွေ ရှောင်ကြဉ်ဖို့လိုပါတယ်။
    ရှေ့မှာပြောပြခဲ့တဲ့ Brand New စတင်ဝယ်ယူချိန်ကတည်းက အင်ဂျင်ကျင့်ရမယ့်ကာလမှာ ကီလိုမီတာအလိုက် ဂရုပြုမောင်းနှင်မယ်၊ အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ပုံမှန်လဲလှယ်မယ်၊ လီဗာဆောင့်ဆွဲပြီး အရှိန်ပြင်းမောင်းထွက်တာမျိုးတွေ ရှောင်ကြဉ်မယ်စတဲ့ လိုက်နာဖွယ်ရာတွေကိုသာ ကျင့်သုံးသွားမယ်ဆိုရင် သင့်ဆိုင်ကယ် အင်ဂျင်သက်တမ်း ကြာရှည်ခံစေမှာဖြစ်သလို Brand အလိုက် စက်ရုံတွေက သတ်မှတ်ထားတဲ့ သက်တမ်းအပြည့် စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဆိုင်ကယ်အင်ဂျင်သက်တမ်းလည်း ကြာရှည်ခံမယ်၊ ပျက်စီးမှုလည်း နည်းပါးပြီဆိုရင် သင့်အတွက် ပြန်ရောင်းချိန်မှာ ဈေးကောင်းရရှိစေမှာဖြစ်သလို ပြင်ဆင်ရမှုနည်းပါးတာနဲ့အမျှ ကုန်ကျစရိတ်ပါ သက်သာစေမှာဖြစ်ပါတယ်။ ငွေကြေးကုန်ကျမှုနည်းပါးတာနဲ့အမျှ ဆိုင်ကယ်နေ့စဉ်အသုံးပြုနေတဲ့ သင့်အတွက် ဘယ်နေရာ ဘယ်ခရီးသွားသွား စိတ်ချမ်းသာမှုရနေစေမှာ ဧကန်ပါပဲ။
Kk


Hh

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html