ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအောက်ပိုင်း Suspension အစိတ်အပိုင်း ချို့ယွင်းချက်များကို ရှာဖွေစစ်ဆေးခြင်း

ကားအောက်ပိုင်း Suspension အစိတ်အပိုင်း ချို့ယွင်းချက်များကို ရှာဖွေစစ်ဆေးခြင်း


ကားအောက်ပိုင်း Suspension အစိတ်အပိုင်းများသည် ကားရွေ့လျား သွားလာနေစဉ် လမ်းအဆောင့်ဒဏ် များကြောင့် ပွန်းစားပျက်စီးမှုများရှိ သည်။ ပွန်းစားမှုအခြေအနေများ ဆိုး ရွားလာလျှင် အောက်ပိုင်းချောင်ပြီး အန္တရာယ်ပင်  ဖြစ်လာနိုင်သည်။

 အောက်ပိုင်းစားပြီး ချောင်လွန်းလျှင် နောက်ဆက်တွဲ ထိခိုက်မှုများဖြစ်သော
• စတီယာရင် ထိန်းချုပ်၍မကောင်း ခြင်း၊
• ကားစီး၍  မကောင်းခြင်း၊
• တာယာပွန်းစားမှု  မမှန်ကန်ခြင်း၊
• ဘရိတ်ဖမ်း၍ မကောင်းခြင်း၊
• ကား မောင်းနေစဉ် တစ်ဘက်သို့ ဆွဲချသွား ခြင်းနှင့် ဘီးအလိုင်းမင့်များ မှန်ကန်မှု မရှိတော့ခြင်းများ ဖြစ်ပေါ်လာမည်။

ယာဉ်ပိုင်ရှင် အများစုသည် ကားတစ်စီး၏ ဖွဲ့စည်းအလုပ်လုပ်ပုံကို နားမလည်ကြ၍  ကားအောက်ပိုင်း ထိန်းသိမ်းခြင်းကို နောက်ကျမှအချိန် လွန်မှ လာရောက် လုပ်ကိုင်ကြသည်။ ကားအောက်ပိုင်း စစ်ဆေးခြင်းကို ဂရု စိုက်သင့်ကြောင်း မေ့လျော့နေလေ့ရှိ သည်။ 

> အောက်ပိုင်း ချောင်နေသော် လည်း ကားမောင်း၍ရနေသေး၍ မှေး မောင်းနေကြသည်။
ကားအောက်ပိုင်း အစိတ်အပိုင်း များတွင် တိုက်ရော့၊ ဘောလ်ဂျွိုင်း များချောင်နေလျှင် ဂရုစိုက်သင့်သည်။ စတီယာရင် တိုက်ရော့ ပြုတ်ထွက်၍ ကြီးမားသော ယာဉ်တိုက်မှုကြုံရမှ နောင်တမရသင့်ပါ။
® ဘောလ်ဂျွိုင်း ပြုတ်ထွက်၍ လမ်းပေါ်တွင် ကားယား ကြီးဖြစ်နေသော ကံဆိုးမိုးမှောင်အခြေ အနေမှ ရှောင်ရှားနိုင်ပါမည်။

ကားအောက်ပိုင်း အစိတ်အပိုင်း များတွင်
• စပရိန်လေးထုပ်နှင့် တော ရှင်းဘားများ၊
• ရာဘာပွတ်များ၊
• ဘောလ် ဂျွိုင်းများ၊
• ရှော့ဘားများ၊
• စတီယာ ရင်အဆက်များ၊
• Strut များ၊
• ချုပ်တန်း များ၊
• ဘက်တာဖလိုင်းများ၊
• ဒူးဆစ် များ၊
• ဘောလ်များ ပါဝင်သည်။

 အောက်ပိုင်းချွတ်ယွင်းချက်များကို သိရှိနိုင်သော ရှေ့ပြေးလက္ခဏာများ မှာ
 ကားစီးရသည်မှာ ညင်သာမှု မရှိဘဲ ကြမ်းတမ်းခုန်ပေါက်နေခြင်း (ရှော့ဘားနှင့် Strut များ မကောင်းပါ က လမ်းအဆောင့်ဒဏ်များကို တိုက် ရိုက်ခံစားရသည်။)
 ကားလမ်းအချိုးအကွေ့များ တွင် တစ်ဖက်သို့ဆွဲသွားခြင်း၊ ကား ကွေ့၍မကောင်းခြင်း။

 ကားဘရိတ်နင်း၍ ရပ်တန့် လျှင် အောက်ပိုင်းမှ အသံများမြည်နေ ခြင်း၊ လမ်းကြမ်းများတွင် မောင်းပါ က အသံထွက်ခြင်း။

 စတီယာရင်တိုက်ရော့ခါခြင်း၊ ဘောလ်ဂျွိုင်းခါခြင်း၊ တုန်ခါခြင်းများ သည် စတီယာရင်ကွင်းမှ တစ်ဆင့် ယာဉ်မောင်း လက်ကိုင်ထားသော နေရာတွင် သိသာစွာခံစားရခြင်း

 တာယာပန်းသားများ ခုတ် စားနေခြင်း၊ တာယာပွန်းစားမှုမညီ မညာဖြစ်နေခြင်း
 ကားအောက်ပိုင်း ရှော့ဘား နှင့် Strut များတွင် ဆီများယိုစိမ့် နေခြင်း
ရှေ့ပြေး လက္ခဏာများထဲမှ တစ်စုံတစ်ခု ဖြစ်နေလျှင် အောက်ပိုင်း Suspension  မကောင်းသည်မှာ သေချာသည်။   အောက်ပိုင်းတွင် အစိတ်အပိုင်း များစွာရှိသည်။ မည် သည့်အစိတ်အပိုင်းများ ချွတ်ယွင်း အားနည်းနေသည်ကို  အသေးစိတ် ထပ်မံစစ်ဆေးရပါမည်။

၁။ တာယာများကို စစ်ဆေးခြင်း
တာယာပန်းသားများ မူမမှန် ပွန်းစားခြင်းသည်  အောက်ပိုင်း မကောင်းခြင်း၏  လက္ခဏာပြဖြစ် သည်။ အထူးသဖြင့် 

>> ရှေ့ဘီးတာယာ ပန်းသားများ  တစ်ခြမ်းစားခြင်း၊
>> တာယာပုခုံးပန်းသားများ ခုတ်စားနေ ခြင်းများသည် အလိုင်းမင့်မှားနေသော ပြဿနာဖြစ်သည်။
• တိုက်ရော့တန်း ထိပ်ဖျားမှ ဂေါ်လီသီး (Ball Joint) များစားခြင်း၊

• strut အထိုင်ဘောလ် ဂျွိုင်းစားခြင်း၊
• ကမ်ဘာအောက်နေ ခြင်း၊
• Control Arm များမှ ရာဘာ ဘွတ်ခ်ျများစား၍ချောင်နေခြင်း စသော ချွတ်ယွင်းချက်များသည် ကားရှေ့ဘီး တာယာများ၏ အလိုင်းမန့် မှားစေ သော အကြောင်းတရားများဖြစ်သည်။
® ထို အားနည်းချက်များကို အစားထိုး ပြုပြင်မှသာ အလိုင်းမန့်မှန်ပြီး တာယာ ပွန်းစားမှု သက်သာမည်။
၂။ စတီယာရင်စစ်ဆေးခြင်း
ကားပေါ်တွင်  Full Load  တင် ၍
>> စတီယာရင်အလွတ်ကစားခြင်း၊
>> တိုက်ရော့အဖျား   ဂေါ်လီသီးများ ကစားခြင်းများကို စစ်ဆေးနိုင်သလို Rack & Pinion Steering Gear  အမျိုးအစားသည် စစ်ဆေးရခက်ခဲ သည်။ ကျွမ်းကျင်သောကားဝပ်ရှော့ပ် တွင်ပြသ၍စစ်ဆေးပါ။
• Reciproca-ting Ball Steering အမျိုးအစားတွင် Idler Arm နှင့် Pitman Arms များ အလွတ်ကစားမှုရှိ \ မရှိ စစ်ဆေးကြည့် ပါ။ စတီယာရင်စနစ်တွင်သုံးသော တိုက်ရော့အဖျား  ဂေါ်လီသီးနှင့် ဘောလ်ဂျွိုင်းများကို  ပြန်ပြင်၍ မသုံး ပါနှင့်။
* အသစ်ဖြင့်သာ အစားထိုးလဲ လှယ်တပ်ဆင်ပါ။
 ပါဝါ စတီယာရင်စနစ်တွင် ပါဝါပန့်၊ ဆီပိုက်လိုင်းနှင့် ပါဝါဂန်း များ ဆီယိုစိမ့်မှုရှိ /   မရှိစစ်ဆေးပါ။
ပါဝါစတီယာရင် စစ်ဆေးလျှင် ကား စက်နှိုးထားပါ။
ကားပေါ်တွင်  Full Load တင်၍စစ်ရပါမည်။
လူစီးကား ငယ်များ၊ လူအပြည့်ထိုင်၍ စတီယာ ရင်ကို စစ်ဆေးပါ။
ပါဝါပန့်တွင်သုံးသော ပါဝါဆီ သည် ကြာလာလျှင် အရောင်ရင့်ပြီး ညစ်ပတ်လာမည်။ ပါဝါဆီညံ့လျှင် ပါဝါပန့်ပျက်စီးမှု မြန်မည်။
• ပါဝါဆီ မကောင်းပါက ဆီသစ် လဲပေးပါ။ ကျွမ်းကျင်သော ပါဝါပန့် ပြင်ဆိုင်တွင် ပြသပါ။
၃။ Hub Ball Bearing များစစ်ဆေးခြင်း
ရှေ့ဘီး Hub ဘောလ်များစား ပြီး အလွတ်ကစားမှု များနေလျှင် တာယာအလိုင်းမန့် မမှန်နိုင်ပါ။
ရှေ့ ဘီးတာယာများ ကွေ့၍မကောင်းပါ။
တစ်ဖက်သို့ ဆွဲနေတတ်သည်။
Hub ဘောလ်များစစ်ဆေးပါ။
အမဲဆီ အခြေအနေပါစစ်ဆေးပါ။
® ခရီးမိုင် (၃၀၀၀၀) ကျော် မောင်းပြီးတိုင်း Hub ဘောလ်များစစ်ဆေး၍အမဲဆီအသစ် လဲပေးပါ။
၄။ Ball Joints များစစ်ဆေးခြင်း
Ball Joints များသည် ကား အောက်ပိုင်းပစ္စည်းများတွင် အဓိက ကျသော အစိတ်အပိုင်းဖြစ်သည်။ လမ်းအဆောင့်ဒဏ်များကို တိုက်ရိုက် ခံစားပြီး ကားအလေးချိန်ကိုလည်း ထမ်းဆောင်ထားရသည်။
>> လှုပ်ရှားမှု များသဖြင့် ကြာလာလျှင် Ball Joints ဂေါ်လီသီးများ၊ အခံခွက်များချောင် လာမည်။ Ball Joints များချောင်လွန်း လျှင် ဂေါ်လီသီးပြုတ်ထွက်သွားတတ် သည်။ လူခန္ဓာကိုယ်အရိုးတည် ဆောက်ပုံတွင်လည်း Ball Joints များ ရှိသည်။  ပြင်းထန်သော ထိခိုက် ဒဏ်ရာရလျှင် သဘာဝအရိုးနေရာတွင် စတီးအရိုးကို အစားထိုး၍ ခွဲစိတ်ကုသ ရသည်။
ကားအောက်ပိုင်း Suspension စနစ်တွင် Ball Joints များကို လိုအပ် သလိုအသုံးပြုထားသည်။ ကားအမျိုး အစားအလိုက် အောက်ပိုင်းဖွဲ့စည်းပုံ ဒီဇိုင်းပုံစံ  အမျိုးမျိုးကွဲပြားပါသည်။


• Toyota နှင့် Nissan မတူသလို
• Honda နှင့် Mazda လည်းမတူနိုင်ပါ။ သူ့ကိုယ်ပိုင်ဒီဇိုင်းနှင့်သူရှိကြပါသည်။ Ball Joint Spare Part ကိုလည်း သူ့အမျိုးအစားနှင့်သူ အစားထိုးလဲ လှယ်ရပါသည်။ အချို့ Ball Joint များသည် အမဲဆီထိုးရန် အပေါက်ပါ ပြီး အချို့မှာလုံးဝမပါပါ။ တစ်ခါသုံး ဖြစ်ပါသည်။
* ယနေ့တိုင်  ကားအောက် ပိုင်းပြင်ပေးသော ၀ပ်ရှော့ပ်များသည် Ball Joint အဟောင်းကို ပြန်လည် ပြုပြင်ပေး၍သုံးနေကြပါသည်။ စား နေသော ဂေါ်လီသီးကို သံဂဟေပြန် ဆော်၍ သံသားတင်သည်။ အေးသွား လျှင် တွင်ခုံတွင်စက်ခုတ်စား (Mach-inning) ပြီး ပြန်လည်၍ တပ်ဆင်ပေး သည်။ မူလအော်ရီဂျင်နယ် ပစ္စည်း ဘောလ်လောက်မကောင်းပါ။
* Safety  လည်းမဖြစ်ပါ။ အကောင်းဆုံးမှာ အော်ရီဂျင်နယ်ဘောလ်ဂျွိုင်းကို အစားထိုးလဲပေးခြင်းသာဖြစ်ပါသည်။


၅။ ချုပ်တန်းနှင့်ရာဘာဘွတ် ရှင်းများ
ကားအောက်ပိုင်း Suspension  တွင်
• (Control Arms) ချုပ်တန်းများ၊
• ဘေးတိုက် အထိန်းတန်း (Lateral Links) များ
• Sway Bars တန်းများ ဖြင့် ကားတစ်စီးလုံးကို တည်ငြိမ်စွာ လှုပ်ရှားနိုင်ရန်  ထိန်းချုပ်ထားသည်။ ချုပ်တန်းများအားလုံး ဆက်သွယ်ရာ တွင် ရာဘာဘွတ်ခ်ျများခံပြီး Bolt & Nuts များဖြင့် ဖမ်းတွယ်ထားသည်။
>> ရာဘာဘွတ်ခ်ျများသည် ကြာလာလျှင် ကွဲအတ်ပွန်းစားပြီး ချောင်လာတတ် သည်။ ရာဘာဘွတ်ခ်ျများ ချောင်လျှင် အလွတ်ကစားမှုများ၍ ကားကိုယ် ထည် လူးလိမ့်သည်။
• ပွန်းစားသွား သော ရာဘာဘွတ်ခ်ျများကို အစားထိုး လဲလှယ်ပေးရသည်။
• ဘွတ်ခ်ျများ ချောင် / မချောင်စစ်ဆေးနိုင်သည်။
• ကားကြီးတာယာသားများကို ပြန်လှီး ထည့်သော ရာဘာဘွတ်များမှာ အော်ရီဂျင်နယ် ဘွတ်ခ်ျလောက် မကောင်းပါ။ ကြာကြာမခံပါ။
® မူလ အော်ရီဂျင်နယ် ဘွတ်ခ်ျများကိုသာ အစားထိုး လဲသင့်သည်။


၆။ ရှော့ဘားနှင့ှ်Struts  များ စစ်ဆေးခြင်း
ကားကိုယ်ထည် တစ်ခုလုံး၏ အပေါ်အောက်လှုပ်ရှားမှုများနှင့် လမ်း အဆောင့်ဒဏ်များကို လျော့ပါးသက် သာစေသောအရာမှာ ရှော့ဘားများ ဖြစ်သည်။ ရှော့ဘားမကောင်းလျှင် ကားစီး၍ မကောင်းပါ။ လမ်းကြမ်းများ တွင် ပို၍သိသာပါသည်။ ကားရွေ့လျား နေသရွေ့ရှော့ဘားများ အမြဲတမ်း အ လုပ်ရသည်။ ကြာလျှင်ပျက်စီးသည်။
ရှော့ဘားကောင်း / မကောင်းကို အလွယ်တကူ  စစ်ဆေးနိုင်သည်။ ဆလွန်းကား၊ လူစီးကားငယ်များတွင် ရှေ့ဘီးအထိုင်  ရှော့ဘားများကို "Bounce Test"လုပ်၍စစ်ဆေးနိုင် သည်။ ကားခေါင်းစက်ဖုံးကို လက်နှစ် ဖက်ထောက်၍ အားစိုက်ပြီးဖိချပါ။ ကားခေါင်းပိုင်းကို အပေါ် /အောက် ကစားခိုင်းပါ။
• ရှော့ဘားမကောင်း လျှင် အကြိမ်ပေါင်းများစွာ ခုန်နေမည်။
• ရှော့ဘားထိန်းပါက (၂) ချက်၊ (၃) ချက်အတွင်းပြန်ငြိမ်သွားမည်။ အသံ မြည်နေသော၊ ဆီယိုနေသော ရှော့ဘား များသည် မကောင်းသည်က များပါ သည်။ ရှေ့ဘီးအထိုင် Mac Pherson Strut အမျိုးအစားသုံးသော Suspension တွင် ရှော့ဘားသညှ် Strut Body  ထဲ၌မြှုပ်ထားသည်။
® အထူးကျွမ်းကျင် သော ၀ပ်ရှော့ပ်တွင်သာပြသ၍ ရှော့ဘား လဲလှယ်သင့်သည်။
ကားအောက်ပိုင်း Suspension အစိတ်အပိုင်းများသည် ရွေ့လျားနေ သော ကားတစ်စီးအတွက် အရေးကြီး သော Safety ဖြစ်ပါသည်။
• အောက် ပိုင်းမကောင်းလျှင် အန္တရာယ်ဖြစ်နိုင် ပါသည်။
• အချိန်မှန်မှန်စစ်ဆေးထိန်း သိမ်းပြုပြင်လျှင် လုံခြုံစိတ်ချရသော ကားတစ်စီးဖြစ်နေပါမည်။



#ကားချစ်သူ
Credit》》
awjmyanmar


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html