ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အင်္ဂျင်လေစစ် ကာဗွန်လေစစ် Engine Air Filter And Cabin Air Filter

Engine Air Filter And Cabin Air Filter

🚖 🚖 🚖 🚖

မိတ်ဆွေတို့ရေ ကျွန်တော် လေစစ် မရောင်းပါဘူး။ သို့သော် အင်ဂျင်လေစစ် အရေးပါကြောင်း ပြောပါရစေ။ မိမိနှာခေါင်းပိတ်ရင် အသက်ရှုလို့ မဝသလိုပါပဲ။ အင်ဂျင်လေစစ် Engine Air Filter ပိတ်နေရင် အင်ဂျင်လေမရလို့ အောင့်နေပြီး အဆွဲအရုန်းကျနိုင်ပါသည်။

လေစစ်ကို အင်ဂျင်ဝိုင်လဲတိုင်း သန့်ရှင်းရေးလုပ်ခိုင်း၊ လိုအပ်ရင်လဲပေးပါ ခင်ဗျာ။ သူက လေထဲက ဖုန်တွေ မစစ်နိုင်တော့ရင် ဖုန်တွေ အင်ဂျင်ထဲရောက်ပြီး အစိတ်အပိုင်းတွေ ပွတ်စားကုန်တာပေါ့ဗျာ။ ယခုခေတ် ကားသေးအများစုရဲ့ လေစစ်ကလဲ လေပြင်းပြင်းနှင့် မှုတ်ဆေးလို့မသင့်တော်ပါ။ အသစ်လဲပေးမှ ကောင်းမည်လို့ ထင်ပါသည်။

မြန်မာပြည်ကလဲ ဖုန်ထူတော့ ကားဘော်ဒီတွေသာကြည့်ဗျာ။ အစင်းကြောင်းတွေ ပေါ်နေပါမည်။ ထို့နည်းလည်းကောင်း အင်ဂျင်အထဲမှာပေါ်နေရင် သင့်အင်ဂျင် သက်တမ်းတိုပါမည်။ စေတနာ သက်သက်နှင့် အသိပေးတာပါ ခင်ဗျာ။(credit to PTT Myanmar)

နောက်​တစ်​ခုက Cabin air filter လို့​ခေါ်ပြီး air con filter လို့အသိများတဲ့​လေစစ်​ပါ...ဒါလည်းဒီအတိုင်းပါပဲ..သုံးထားတာကြာရင်​​တော့...အသစ်​လဲလှယ်​လိုက်​တာအ​ကောင်းဆုံးပါ...

လေထဲမှာ ​ရေ​ငွေ့​တွေ ဖုန်​မှူန့်​​တွေပါလာ​တော့...ကပ်​​နေပြီး ခါလို့မရ...​လေမှုတ်​ထုတ်​လို့်​မရဖြစ်​တက်​ပါတယ်​...အဲ့ဒါဆိုရင်​...air con ​လေအားမရတာ...အ​အေး​ပေါ့တာ...​လေပိတ်​ပြီးဖွင့်​သ​လောက်​မ​အေးတာ...ဂျီးပိတ်​​နေ​တော့...အ​အေး​ငွေ့က​နေ​ရေဖြစ်​ပြီး​ရေယိုစိမ့်​တာ​တွေဖြစ်​တက်​လို့...အဆင်​​ပြေရင်​​ပြေသလိုလဲလှယ်​သင့်​ပါ​ကြောင်းခင်​ဗျာ...(ကိုယ်​တိုင်​​ရေး 😃)

အဆင်​​ပြေကြပါ​စေခင်​ဗျာ..

Credit
Taix box

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html