ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအောက်ပိုင်းက နှုတ်ခမ်းမွှေးတန်း (Stabilizer bar/Sway bar) နှင့် လင့် (Stabilizer link)

ကားအောက်ပိုင်းမှာ အပြောများနေတဲ့ နှုတ်ခမ်းမွှေးတန်း (Stabilizer bar/Sway bar) နှင့် လင့် (Stabilizer link)

ကားအောက်ပိုင်း တွေထဲမှာ အပျက်အများဆုံးထဲက တစ်ခုလို့ ပြောနိုင်တာကတော့ လင့်လို့ခေါ်တဲ့ Stabilizer link ပဲဖြစ်ပါတယ်။ လင့်လို့ပြောလိုက်တာနဲ့ မပြောမဖြစ်တဲ့ဟာ တစ်ခုရှိပါသေးတယ်။ သူကတော့ နှုတ်ခမ်းမွေးတန်းလို့ခေါ်တဲ့ Stabilizer bar ပါပဲဗျာ...။
နှုတ်ခမ်းမွှေးတန်း (Stabilizer bar)က ဘာတွေ လုပ်ဆောင်ပေးလဲ???
ကျွန်တော်တို့ မြန်မာဝပ်ရှော့ဆရာတွေ နာမည်ပေးပုံလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်လည်း Stabilizer bar က နှုတ်ခမ်းမွှေးပုံစံလေးဖြစ်နေပါတယ်။ ပုံမှာ ကြည့်ကြည့်ပါဗျာ.. ။
နှုတ်ခမ်းမွှေးတန်းက...
 ကားတစ်စီး မလူးအောင် ငြိမ်အောင် လုပ်ဆောင်ပေးတဲ့ အထဲမှာ နှုတ်ခမ်းမွှေးတန်းက အဓိကပါပါတယ်။
 ကားကွေ့တဲ့အခါမှာ တည်ငြိမ်အောင် တဖက်စောင်းနင်း မဖြစ်အောင် ထိန်းပေးပါတယ်။ (ပုံမှာ ကြည့်ပါ)
နှုတ်ခမ်းမွှေးတန်းက ကားဘီးတွေနား တစ်ဖက် တစ်ချက်စီမှာ ချိတ်ဆက်ထားပါတယ်။ ဘီးတစ်ခုက ချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ် ကမူလေးပေါ်တင်မိလို့ပဲဖြစ်ဖြစ် သေချာတာကတော့ ကားက တစ်ဖက်စောင်းသွားမှာပါ... အဲဒီမှာ နှုတ်ခမ်းမွှေးတန်းက ကားကို တအားကြီး မစောင်းသွားအောင် ကားဘောဒီ ဖရိမ်ကို ပြန်မတင်ပေးထားပါတယ်။
ကားက အရှိန်နဲ့ ကွေ့လိုက်တဲ့ အခါမှာဆိုရင် inertia သဘောတရားအရ ကွေ့လိုက်တဲ့ ဘီးဖက်က နိမ့်ဆင်းသွားပါတယ်... အလွန်အမင်း နိမ့်ဆင်းသွားရင် ယာဉ်အန္တရာယ်ဖြစ်နိုင်ပါတယ်။ အဲဒီလို အလွန်အမင်း မနိမ့်ဆင်းဖို့ နှုတ်ခမ်းမွှေးတန်းက ပြန်ထိန်းထားပေးပါတယ်။
လင့် (Stabilizer link)က ဘာတွေ လုပ်ဆောင်ပေးလဲ???
ကားမောင်းနေချိန်မှာ ကားကို ငြိမ်အောင်ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ ဘောလေးပါတဲ့ လင့်တွေဆိုရင် ချိုင့်တွေ ကမူတွေကနေ ဖြစ်ပေါ်လာတဲ့ အတက်အကျလေးတွေကို လျှော့ချအောင် လုပ်ဆောင်ပေးပါတယ်။ နှုတ်ခမ်းမွှေးတန်းက ပြန်ထိန်းထားပေးတာကို လင့်တွေကနေတဆင့် လုပ်ဆောင်တာပါ။ (ပုံမှာကြည့်ပါ) ကားတော်တော် များများမှာ နှုတ်ခမ်းမွှေးတန်းကို လက်ဝါးကိုင်း (သို့) ရှော့ဘားတွေကို လင့်ကနေတစ်ဆင့် ချိတ်ဆက်ထားတာပါ။
နှုတ်ခမ်းမွှေးတန်းနဲ့ လင့်တွေ မကောင်းရင် ဘာဖြစ်မလဲ???
အပျက်အများဆုံး ဖြစ်တဲ့ လင့်ကတော့ ဘောဆံလေးတွေ ချောင်ပြီး အပျက်များပါတယ်။ နှုတ်ခမ်းမွှေးတန်းကတော့ ကျိုးခဲပေမဲ့ ကျိုးတတ်ပါတယ်။ နှုတ်ခမ်းမွှေးတန်းကို ထိန်းထားတဲ့ ခွဲဘွတ်လေးတွေတော့ ပျက်တတ်ပါတယ်။
နှုတ်ခမ်းမွှေးတန်း(ဘွတ်)နဲ့ လင့်တွေ မကောင်းရင်...
 ကားက ပုံမှန်မဟုတ်ပဲ လူးနေပါမယ်
 ချိုင့်တွေကျရင် ဘီးပတ်ဝန်းကျင်နားက တုတ်တုတ်နဲ့ အသံမည်ပါမယ်
 ချိုင့်တွေကျရင် အောက်ဖရိမ်နားက တုတ်တုတ်နဲ့ အသံမည်ပါမယ်
 ကားက ကွေ့ရတာ တဖက်စောင်းနေပြီး ကွေ့လို့ မကောင်းဘူးဖြစ်နေတတ်ပါတယ်
ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင် လင့်နဲ့ နှုတ်ခမ်းမွှေးတန်း(ဘွတ်)ကိုလည်း စစ်ဆေးပါလို့ ဆန္ဒပြုတိုက်တွန်းရင်း....
လေးစားစွာဖြင့်....


Credit to
Auto King (Keep It Safe!)

Thank you all
Good luck

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html