ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သမၼတႀကီး အီဘရာဟင္လင္ကြန္းက သူ႔သား ေက်ာင္းစတက္တဲ့ေန႔မွာ အတန္းပိုင္ ဆရာကိုေပးဖို႔ စာတေစာင္

တန္ဖိုး႐ွိတဲ့စာေလးတေစာင္

အေမရိကန္ႏိုင္ငံကို တည္ေထာင္ခဲ့တဲ့
သမၼတႀကီး အီဘရာဟင္လင္ကြန္းက

သူ႔သား ေက်ာင္းစတက္တဲ့ေန႔မွာ အတန္းပိုင္ ဆရာကိုေပးဖို႔ စာတေစာင္ သူ႔သားနဲ႔ ထည့္ေပး ဖူးတယ္။

ဆရာခင္ဗ်ာ… ဒီေန႔ ကြ်န္ေတာ့္သား ေက်ာင္းစတက္ပါေတာ့မယ္။

သားအတြက္ ေက်ာင္းအေတြ႔အၾကံဳဟာ
အရာရာ အစိမ္းသက္သက္။

အသစ္ေတြ ေတြ႔ရမဲ့ ခဏေပါ့။ သားကို ၾကင္ ၾကင္နာနာဆက္ဆံေပးဖို႔ ေမတၱာရပ္ခံပါတယ္။

သူ႔အတြက္ စာသင္ရတာ ကမာၻ႔တိုက္ႀကီး ေတြျဖတ္ေက်ာ္တဲ့ နယ္ေျမသစ္ စြန္႔စားခန္း မ်ိဳးမ်ားလား မသိဘူး။

စြန္႔စားခန္းလို႔ေျပာရင္ စစ္ပြဲေတြ အနိ႒ာ႐ုံေတြ ဝမ္းနည္းပူေဆြးျခင္းေတြ ျဖစ္ရတာမ်ိဳးေတြ ပါလာတယ္။

တကယ္ေတာ့ ဒီဘဝ အသက္ရွင္ေရးအတြက္ ယံုၾကည္ခ်က္ ေမတၱာတရားနဲ႔ သတၱိေတြက
ပိုလိုအပ္ ေနၾကတာပါ။

ဒီေတာ့ ဆရာရယ္ ဆရာ့ေမတၱာတရားနဲ႔ သူ႔လက္ကို ဆြဲလို႔ သူသိသင့္တာေတြ သင္ေပးပါဆရာ။

ျဖစ္ႏိုင္သေရြ႕အၾကင္နာတရား ေရွ႕ထားၿပီး ညင္ညင္သာသာ သင္ေပးပါဗ်ာ၊၊

အခက္အခဲေတြေၾကာင့္ ရန္သူေတြအားလံုး ထဲမွာေတာင္ မိတ္ေဆြ တစ္ေယာက္ေတာ့ ရွာေတြ႔တတ္ေၾကာင္း …

ေလာကမွာ သမာဓိ သစၥာေပ်ာက္တဲ့ လူေတြ မ႐ိုးသားသူေတြကို ေတြ႔တဲ့အခါ သတၱိဗ်တၱိရွိတဲ့ လူစြမ္းေကာင္းေတြလည္း ရွိတယ္။

လိမ္ညာလွည့္ျဖားတတ္တဲ့ ႏိုင္ငံေရးသမား ေတြခ်ည္း မဟုတ္ပဲ …

တိုင္းျပည္တည္ေဆာက္ဖို႔ ရည္ရြယ္ခ်က္
ႀကီးတဲ့ ေခါင္းေဆာင္တေယာက္လည္း ေလာကမွာရွိႏိုင္ေၾကာင္း သူျမင္ေအာင္ သင္ျပေပးပါ ဆရာ။

လမ္းက ေကာက္ရတဲ့ တစ္ေဒၚလာထက္
ကိုယ့္လုပ္ခနဲ႔ရတဲ့ ေငြဆယ္ျပားက ပိုတန္ဖိုး ၾကီးတယ္ ဆိုတဲ့အသိ…

မ႐ိုးမသား အမွတ္ယူတာထက္ ႐ိုး႐ိုးသားသား စာေမးပြဲက်တာ ပိုဂုဏ္ရွိတယ္ဆိုတဲ့အသိ…

က်ရႈံးတဲ့အခါ ဂုဏ္သိကၡာနဲ႔ က်ရႈံးတတ္ဖို႔နဲ႔ ေအာင္ျမင္တဲ့အခါ ေပ်ာ္ရႊင္မႈနဲ႔ ေအာင္ျမင္ တတ္ဖို႔လည္း သင္ေပးပါ ဆရာ။

ဆရာေရ… 

ကြ်န္ေတာ့္သားကို လူေတြကို
ဆက္ဆံရာမွာ ယဥ္ေက်းသိမ္ေမြ႔ဖို႔နဲ႔ …

ခက္ထန္တဲ့ လူေတြနဲ႕ေတြ႔တဲ့အခါ ျပန္မာေၾကာတတ္ဖို႔ …

သူမ်ားပိုင္ဆိုင္မႈေတြအေပၚ သြားၿပီး
ေလာဘနဲ႔ တပ္မက္မႈမရွိေစဖို႔ ပဲ့ကိုင္
ေပးပါ…ဆရာ။

တေယာက္တည္းေနရ ေနရ ပီတိနဲ႔
ေပ်ာ္ရႊင္ေနတတ္ေစတဲ့ လ်ိဳ႕ဝွက္ခ်က္လည္း
သင္ၾကားေပးပါ…ဆရာ။

ဝမ္းနည္းတဲ့အခါ အရယ္အေမာ
မပ်က္ေအာင္ နည္းျပေပးေစခ်င္သလို

မ်က္ရည္က်ျခင္းဟာ သိမ္ငယ္စရာ
မဟုတ္ဘူး ဆိုတာလည္း သင္ေပးပါ။

က်ရႈံးတဲ့အခါ က်ရႈံးျခင္းေတြထဲက 
ေအာင္ျမင္မႈ ဆိုတာ ရွိတယ္။

ေအာင္ျမင္မႈ ေခါင္းစဥ္ေအာက္မွာ
ဆံုးရႈံးျခင္းနဲ႔ ေမ်ွာ္လင့္ခ်က္မဲ့တာေတြ ရွိတယ္ဆိုတဲ့အေၾကာင္း သားသိေစခ်င္တယ္။

မေကာင္းျမင္တတ္တဲ့သူေတြနဲ႔ ေတြ႔တဲ့အခါ မခိုးမခန္႔ ျပံဳးတတ္ဖို႔ သင္ေပးပါ။

စာအုပ္ေတြထဲက အံ့မခန္းပညာေတြကို သင္ေပးရင္း ေကာင္းကင္က ပ်ံေနတဲ့ငွက္ေတြ ေနေရာင္ေအာက္က ပ်ားပိတုန္းေလးေတြနဲ႔

ေတာင္ကုန္းစိမ္းစိမ္းက ပန္းပင္ေတြ သူခံစားတတ္ဖို႔ အခ်ိန္ခ်န္ေပးပါ…ဆရာ။

သူ႔ရဲ႕ အေတြးအေခၚအယူအဆေတြကို
လူေတြ ပ်က္ရယ္ျပဳၾကပါေစ။

အဲ့ဒီအေတြးအေခၚေတြအေပၚ ယံုၾကည္ခ်က္ ယိုင္မသြားတဲ့ စိတ္ဓါတ္မ်ိဳး ေမြးျမဴလာတတ္ ေအာင္ သင္ေပးလိုက္ပါ… ဆရာ။

အမ်ား မိုးခါးေရေသာက္တိုင္း လိုက္
မေသာက္တဲ့ သတၱိမ်ိဳးရွိဖို႔ သင္ေပးပါ။

လူေတြေျပာသမွ်ကို နားေထာင္ႏိုင္စြမ္းအား
ရွိဖို႔ သူ႔ကို ဆရာသင္တဲ့အခါ …

ၾကားသမွ်ကိုလည္း အမွန္တရားဆိုတဲ့
ေရစစ္နဲ႔ စစ္ၿပီး အမွန္တရားေရၾကည္အေပၚသာ သံုးသပ္တတ္တဲ့ ဉာဏ္ပညာရွင္ ျဖစ္လာေအာင္ ေမြးျမဴေပးပါ…ဆရာ။

သူ႔ရဲ႕အတတ္ပညာနဲ႔ ဉာဏ္ပညာကို လုပ္ခ အမ်ားဆံုးေပးသူကို ေရာင္းခ်တတ္ေအာင္ သင္ေပးတဲ့အခါ  …

သူ႔ရဲ႕ခံစားခ်က္ ဝိညာဥ္နဲ႔ ခ်စ္ျခင္းေမတၱာ ေတြဟာ ေစ်းနႈန္းတံဆိပ္ ကပ္ၿပီးေရာင္းဖို႔ မဟုတ္ဘူး ဆိုတာလည္း ဆရာရွင္းျပေပးပါ။

စိတ္ျမန္စရာရွိ ျမန္ဖို႔လိုေပမယ့္ မေၾကာက္
မရြံ႕ စိတ္ရွည္တတ္ဖို႔လည္း လိုေၾကာင္း

မိမိကိုယ္ကို အထင္တၾကီး ယံုၾကည္တတ္ သူေတြသာ တျခားလူေတြနဲ႔ ဘုရားသခင္ကို အထင္ႀကီးမွာမို႔…

ကိုယ့္ယံုၾကည္ခ်က္ ရည္မွန္းခ်က္ေတြဟာ လူေလးစားဖြယ္ရာ ခန္႔ညားမႈ ရွိေၾကာင္း ကိုယ္ကိုယ္ကို ယံုၾကည္တတ္လာေအာင္ သင္ေပးပါ။

ဒီလိုေတြ သင္ေပးပါလို႔ သမၼတတစ္ေယာက္ အေနနဲ႔ ေက်ာင္းဆရာကို အမိန္႔ေပးပါရေစ။

ဒါေပမဲ့ ဆရာ ဘယ္လိုအေကာင္းဆံုး သင္ေပးလဲဆိုတာပဲ ကြ်န္ေတာ္ ၾကည့္မွာပါ။

ကြ်န္ေတာ့္ သားေလးက
တကယ္ခ်စ္စရာ ေကာင္းတဲ့
ကေလးေလးပါ၊ ကြ်န္ေတာ့္ေသြးေပါ့။

အီဗရာဟင္လင္ကြန္း
Abraham Lincoln

Copy နည္းစနစ္တက် ေတြးေခၚနည္း
By Kyaw Swa Min

အဆက္ျမင့္နည္းပညာ့ရပ္ဝန္း
ျပန္လည္ေဝမ်ွပါသည္


Uni font

တန်ဖိုးရှိတဲ့စာလေးတစောင်


အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ 

သမ္မတကြီး အီဘရာဟင်လင်ကွန်းက


သူ့သား ကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင် ဆရာကိုပေးဖို့ စာတစောင် သူ့သားနဲ့ ထည့်ပေး ဖူးတယ်။


ဆရာခင်ဗျာ… ဒီနေ့ ကျွန်တော့်သား ကျောင်းစတက်ပါတော့မယ်။


သားအတွက် ကျောင်းအတွေ့အကြုံဟာ 

အရာရာ အစိမ်းသက်သက်။


အသစ်တွေ တွေ့ရမဲ့ ခဏပေါ့။ သားကို ကြင် ကြင်နာနာဆက်ဆံပေးဖို့ မေတ္တာရပ်ခံပါတယ်။


သူ့အတွက် စာသင်ရတာ ကမ္ဘာ့တိုက်ကြီး တွေဖြတ်ကျော်တဲ့ နယ်မြေသစ် စွန့်စားခန်း မျိုးများလား မသိဘူး။


စွန့်စားခန်းလို့ပြောရင် စစ်ပွဲတွေ အနိဋ္ဌာရုံတွေ ဝမ်းနည်းပူဆွေးခြင်းတွေ ဖြစ်ရတာမျိုးတွေ ပါလာတယ်။


တကယ်တော့ ဒီဘဝ အသက်ရှင်ရေးအတွက် ယုံကြည်ချက် မေတ္တာတရားနဲ့ သတ္တိတွေက

ပိုလိုအပ် နေကြတာပါ။


ဒီတော့ ဆရာရယ် ဆရာ့မေတ္တာတရားနဲ့ သူ့လက်ကို ဆွဲလို့ သူသိသင့်တာတွေ သင်ပေးပါဆရာ။


ဖြစ်နိုင်သရွေ့အကြင်နာတရား ရှေ့ထားပြီး ညင်ညင်သာသာ သင်ပေးပါဗျာ၊၊


အခက်အခဲတွေကြောင့် ရန်သူတွေအားလုံး ထဲမှာတောင် မိတ်ဆွေ တစ်ယောက်တော့ ရှာတွေ့တတ်ကြောင်း …


လောကမှာ သမာဓိ သစ္စာပျောက်တဲ့ လူတွေ မရိုးသားသူတွေကို တွေ့တဲ့အခါ သတ္တိဗျတ္တိရှိတဲ့ လူစွမ်းကောင်းတွေလည်း ရှိတယ်။


လိမ်ညာလှည့်ဖြားတတ်တဲ့ နိုင်ငံရေးသမား တွေချည်း မဟုတ်ပဲ …


တိုင်းပြည်တည်ဆောက်ဖို့ ရည်ရွယ်ချက်

ကြီးတဲ့ ခေါင်းဆောင်တယောက်လည်း လောကမှာရှိနိုင်ကြောင်း သူမြင်အောင် သင်ပြပေးပါ ဆရာ။


လမ်းက ကောက်ရတဲ့ တစ်ဒေါ်လာထက် 

ကိုယ့်လုပ်ခနဲ့ရတဲ့ ငွေဆယ်ပြားက ပိုတန်ဖိုး ကြီးတယ် ဆိုတဲ့အသိ…


မရိုးမသား အမှတ်ယူတာထက် ရိုးရိုးသားသား စာမေးပွဲကျတာ ပိုဂုဏ်ရှိတယ်ဆိုတဲ့အသိ…


ကျရှုံးတဲ့အခါ ဂုဏ်သိက္ခာနဲ့ ကျရှုံးတတ်ဖို့နဲ့ အောင်မြင်တဲ့အခါ ပျော်ရွှင်မှုနဲ့ အောင်မြင် တတ်ဖို့လည်း သင်ပေးပါ ဆရာ။


ဆရာရေ… 


ကျွန်တော့်သားကို လူတွေကို 

ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ဖို့နဲ့ …


ခက်ထန်တဲ့ လူတွေနဲ့တွေ့တဲ့အခါ ပြန်မာကြောတတ်ဖို့ …


သူများပိုင်ဆိုင်မှုတွေအပေါ် သွားပြီး 

လောဘနဲ့ တပ်မက်မှုမရှိစေဖို့ ပဲ့ကိုင်

ပေးပါ…ဆရာ။


တယောက်တည်းနေရ နေရ ပီတိနဲ့ 

ပျော်ရွှင်နေတတ်စေတဲ့ လျို့ဝှက်ချက်လည်း

သင်ကြားပေးပါ…ဆရာ။


ဝမ်းနည်းတဲ့အခါ အရယ်အမော 

မပျက်အောင် နည်းပြပေးစေချင်သလို


မျက်ရည်ကျခြင်းဟာ သိမ်ငယ်စရာ 

မဟုတ်ဘူး ဆိုတာလည်း သင်ပေးပါ။


ကျရှုံးတဲ့အခါ ကျရှုံးခြင်းတွေထဲက  

အောင်မြင်မှု ဆိုတာ ရှိတယ်။


အောင်မြင်မှု ခေါင်းစဉ်အောက်မှာ 

ဆုံးရှုံးခြင်းနဲ့ မျှော်လင့်ချက်မဲ့တာတွေ ရှိတယ်ဆိုတဲ့အကြောင်း သားသိစေချင်တယ်။


မကောင်းမြင်တတ်တဲ့သူတွေနဲ့ တွေ့တဲ့အခါ မခိုးမခန့် ပြုံးတတ်ဖို့ သင်ပေးပါ။


စာအုပ်တွေထဲက အံ့မခန်းပညာတွေကို သင်ပေးရင်း ကောင်းကင်က ပျံနေတဲ့ငှက်တွေ နေရောင်အောက်က ပျားပိတုန်းလေးတွေနဲ့


တောင်ကုန်းစိမ်းစိမ်းက ပန်းပင်တွေ သူခံစားတတ်ဖို့ အချိန်ချန်ပေးပါ…ဆရာ။


သူ့ရဲ့ အတွေးအခေါ်အယူအဆတွေကို 

လူတွေ ပျက်ရယ်ပြုကြပါစေ။


အဲ့ဒီအတွေးအခေါ်တွေအပေါ် ယုံကြည်ချက် ယိုင်မသွားတဲ့ စိတ်ဓါတ်မျိုး မွေးမြူလာတတ် အောင် သင်ပေးလိုက်ပါ… ဆရာ။


အများ မိုးခါးရေသောက်တိုင်း လိုက်

မသောက်တဲ့ သတ္တိမျိုးရှိဖို့ သင်ပေးပါ။


လူတွေပြောသမျှကို နားထောင်နိုင်စွမ်းအား

ရှိဖို့ သူ့ကို ဆရာသင်တဲ့အခါ …


ကြားသမျှကိုလည်း အမှန်တရားဆိုတဲ့ 

ရေစစ်နဲ့ စစ်ပြီး အမှန်တရားရေကြည်အပေါ်သာ သုံးသပ်တတ်တဲ့ ဉာဏ်ပညာရှင် ဖြစ်လာအောင် မွေးမြူပေးပါ…ဆရာ။


သူ့ရဲ့အတတ်ပညာနဲ့ ဉာဏ်ပညာကို လုပ်ခ အများဆုံးပေးသူကို ရောင်းချတတ်အောင် သင်ပေးတဲ့အခါ  …


သူ့ရဲ့ခံစားချက် ဝိညာဉ်နဲ့ ချစ်ခြင်းမေတ္တာ တွေဟာ ဈေးနှုန်းတံဆိပ် ကပ်ပြီးရောင်းဖို့ မဟုတ်ဘူး ဆိုတာလည်း ဆရာရှင်းပြပေးပါ။


စိတ်မြန်စရာရှိ မြန်ဖို့လိုပေမယ့် မကြောက် 

မရွံ့ စိတ်ရှည်တတ်ဖို့လည်း လိုကြောင်း


မိမိကိုယ်ကို အထင်တကြီး ယုံကြည်တတ် သူတွေသာ တခြားလူတွေနဲ့ ဘုရားသခင်ကို အထင်ကြီးမှာမို့…


ကိုယ့်ယုံကြည်ချက် ရည်မှန်းချက်တွေဟာ လူလေးစားဖွယ်ရာ ခန့်ညားမှု ရှိကြောင်း ကိုယ်ကိုယ်ကို ယုံကြည်တတ်လာအောင် သင်ပေးပါ။


ဒီလိုတွေ သင်ပေးပါလို့ သမ္မတတစ်ယောက် အနေနဲ့ ကျောင်းဆရာကို အမိန့်ပေးပါရစေ။


ဒါပေမဲ့ ဆရာ ဘယ်လိုအကောင်းဆုံး သင်ပေးလဲဆိုတာပဲ ကျွန်တော် ကြည့်မှာပါ။


ကျွန်တော့် သားလေးက 

တကယ်ချစ်စရာ ကောင်းတဲ့ 

ကလေးလေးပါ၊ ကျွန်တော့်သွေးပေါ့။


အီဗရာဟင်လင်ကွန်း

Abraham Lincoln


Copy နည်းစနစ်တကျ တွေးခေါ်နည်း

By Kyaw Swa Min


အဆက်မြင့်နည်းပညာ့ရပ်ဝန်း

ပြန်လည်ဝေမျှပါသည်




No comments:

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html