ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ပုသိမ် ဟာလဝါ ပြုလုပ်နည်း

ဟာလဝါ
******

ဟာလဝါ မှာဆိုရင် ပုသိမ် ။ ပုသိမ်မှာဆိုရင် ဟာလဝါ မပါရင်မပြီးဘူး ဆိုတာ fri တွေ အားလုံးသိကြပါတယ်နော် ။ ပုသိမ်ကရွှေမြင်းပျံ တံဆိပ် နဲ့ ပုသိမ်ဟာလဝါလေးကို စားဘူးသူတိုင်းနှစ်သက်ကြပါတယ် ။ စားလို့ အရမ်းကောင်းသလို လုပ်ရတာလည်း လက်ဝင်ပါတယ် ဒါပေမဲ့ fri တို့ရေ အခုလုပ်တဲ့ ဟာလဝါက လွယ်ကူလို့ ရွှေမြင်းပျံပုသိမ်ဟာလဝါ ရဲ့ အရသာကိုလည်းမှီလို့ စိတ်ဝင်စားရင်လုပ်ကြည့်ပါလို့ !!!!
ပထမနည်းကတော့ လက်ဝင်တဲ့ နည်းပါ
"ပါဝင်ပစ္စည်း"
ကောက်ညင်းဆန်---နို့ဆီဘူး ၂လုံး
ဆန်---နို့ဆီဘူးတစ်ဝက်
သကြား---၅၀ ကျပ်သား
ဆား---အနည်းငယ်
အုန်းသီး---၂လုံး
ဘိန်းစေ့---၁၅ ကျပ်သား
ဆီ---၁၀ ကျပ်သား
ထောပတ်---၅ ကျပ်သား
မွှေရန်ကြာချိန်---၁နာရီ ၃၀မိနစ်
ရေ ---လိုသလောက်
"ပြုလုပ်ပုံ"
၁---ကောက်ညင်းဆန်နဲ့ ဆန်ကိုရောကြိတ်ပြီး ရေစစ်ထားပါ
၂---အုန်းသီးကိုခြစ် အရည်ညစ်ပြီး ဦးရည် ၂ခါ ယူထားပြီး ကျန်အရည်ကို သပ်သပ်ခွဲ ထားပါ ။(ရေလိုမှ ထပ်ထည့်တဲ့ အခါသုံးရန်အတွက်ပါ)
၃---ဘိန်းစေ့ကို မွှေးလာအောင် နီရောင်သန်းခါနီးထိ လှော်ထားပါ ။
၎---ဒန်အိုးတစ်လုံးနဲ့ မုန့်နှစ်နဲ့ အုန်းနို့ကို ရောမွှေပြီး သကြား ဆား ဆီ ထောပတ် ထည့်မွှေ ပါ ။ မုန့်နှစ်ရည်ကို အုန်းနို့ဦးရည်နဲ့ မပျစ်မကျဲဖျော်ပါ ။ ရေလိုပါက ထပ်ထည့်ပါ ။
၅---မီးအေးအေးနဲ့ ကျိုပါ မပြတ်မွှေပေးနေရပါမယ် ။ အောက်မှာမကပ် အောင် မွှေပေးပါ ။ ၁ နာရီ ခွဲ လောက်ကြာအောင် မွှေနေရပါမယ် ။ မွှေနေရင်းနဲ့ မုန့်သားပြောင်တက်လာပြီး ဆီပြန်ထွက်လာထိ ရေခန်းပြီး မွှေတဲ့ ယောင်းမနဲ့ မုန့်နဲ့ လည်နေရင် ရပါပြီ။
အအေးခံပြီး လိုသလို စားသုံးနိုင်ပါတယ် ။
***အခုနည်းကတော့ လက်ဝင်ပါတယ် ။ ဆန်ကိုကြိတ်ရ အုန်းသီးခြစ်ရနဲ့ မုန့်လုပ်စားဘို့ကို စိတ်ကူးရင် လုပ်ချင်စိတ်မပေါက်တော့ပါဘူး ။
လုပ်ချင်စိတ်ထက် စားချင်စိတ်ကိုမရှိတော့ပါဘူး ။
"ဟာလဝါ "(အလွယ်နည်း)
*****************
ခုခောတ်မှာ ရယ်ဒီမိတ် ထုပ်တွေ ဘာမဆိုအဆင်သင့် ရနေပြီမို့ ရယ်ဒီမိတ်ထုပ်တွေနဲ့ လုပ်မယ်ဆိုရင် မိသားစု အိမ်မှာ တစ်နိုင်တစ်ပိုင် လုပ်ရတာလွယ်ကူသလို ။ လုပ်စားမယ်ဆိုရင်လည်း အချိန်ကုန်သက်သာ ။လုပ်ရတာ လည်းသက်သာပြီး ကိုယ်လိုချင်သလောက်ကလေးကိုဘဲ အနည်းအများ ချင့်ချိန်လုပ်လို့ရလို့ အရမ်းကို အဆင်ပြေစေ ပါတယ် fri တို့ရေ -----
စိတ်ဝင်စားမယ်ဆိုရင် လုပ်ကြည့်ပါနော် ----
ရွှေမြင်းပျံတံဆိပ်နဲ့ ပုသိမ်ဟာလဝါ ရဲ့ အရသာကိုမှီပါ တယ်နော် စမ်းကြည့်ပါလို့!!!!
"ပါဝင်ပစ္စည်း"
မွှေးတံဆိပ် ကောက်ညှင်းမှုန့်---၁ ထုပ်(၁၀ ကျပ်သား)
မွှေးတံဆိပ် ဆန်အစိမ်းမှုန့်---၁ ထုပ်ရဲ့ လေးပုံတစ်ပုံ
အုန်းသီးမှုန့်(ရယ်ဒီမိတ်ထုပ်)---၂ ထုပ်
သကြား---၁၀ ကျပ်သား
ထောပတ်---၂ ကျပ်ခွဲသား
ဆီ---၂ကျပ်ခွဲသား
ဘိန်းစေ့---၅ ကျပ်သား
ဆား--- အနည်းငယ်
ရေ---နို့ဆီဘူး တစ်ဝက်
"ပြုလုပ်ပုံ"
၁---ဘိန်းစေ့ကို မွှေးလာအောင် မီးအေးအေးနဲ့ လှော်ထားပါ
၂---ဇလုံ တစ်လုံးထဲကို ကောက်ညင်းမှုန့် ဆန်မှုန့် အုန်းသီးမှုန့် သကြား ဆား ရေ အားလုံးထည့်ပြီး သမ အောင် ရောမွှေပါ ။
ပြီးရင် နောက်ဇလုံ တလုံးကို ဆီထည့်ပြီး အပေါ်မှလောင်း ထည့်လိုက်ပါ ။
၃---ထည့်ပြီးပြီ ဆိုရင် rice cooker ထဲမှာ ရေထဲ့ပြီး အပေါ်မှာဇလုံထည့်ပြီးပေါင်းပါ ။ဆူပြီး မိနစ်၃၀ ခန့် ပေါင်းပါ ။မုန့် သုံးပုံနှစ်ပုံလောက်ကျက်သွားပါတယ် ။မွှေရ တာ အများကြီးသက်သာပါတယ် ။
၎---ပေါင်းပြီးတဲ့ ဇလုံကို ဆယ်ပြီး ဒန်အိုး တစ်လုံးထဲ ထောပတ်ထည့် မုန့်နှစ်ထည့် ဘိန်းစေ့ထည့်ပြီး မီးဖိုပေါ် တင်ပြီး မီးအေးအေးနဲ့ ကျိုပါ မပြတ်မွှေနေရမယ်နော် ။ အောက်ကိုမကပ်အောင် မွှေနေရပါမယ် ကပ်ရင် မကောင်း ပါဘူး ။ ဆီလိုရင်ထပ်ထည့်ပါ ။ ၁ နာရီလောက်မွှေရင် မုန့်က ရေကုန်ပြီး ဆီပြန် မုန့်သားလည်းမွှတ်လာ စီးပိုင်လာ ရင် ရပါပြီ ။ အအေးခံပြီး လိုသလိုစားသုံးနိုင်ပါတယ် ။
အရသာရှိစွာစားသုံးနိုင်ကြပါစေ။့

By
Lae Cooking Diary
ပြန်​လည်​မျှ​ဝေ

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html