ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားမောင်းသင်စ ညီငယ်တွေတွက် နည်းစနစ်တချို့

ကားတစ်စီး ကို တက်မောင်းပြီဆိုရင်
အလွယ်ကူဆုံး အလုပ်တွေကတော့
လီဗာနင်းတာ ဟွန်းဟောင်တာ နဲ့
ဆစ်ဂနယ် ပြတဲ့ အလုပ်တွေပါပဲ။

Signal Switch ဆိုတာ
ဂွေကိုင်ထားတဲ့လက်ရဲ့အောက်
၂ လက်မ လောက် အကွာမှာပဲ
ရှိနေတာတောင် သူတစ်ပါးအတွက်
သုံးပေးရကောင်း မှန်း မသိတဲ့
လက်ချောင်းတွေ လေဖြတ်နေတဲ့
ငပိန်း ငတုံး အရေအတွက်ဟာ
နေ့စဉ် တိုးတက် များပြားလာနေတော့
ပြောပြန်ရင်လဲ နှိမ်တယ်လို့ပဲ ထင်လိုက်။
အရင်ခေတ်ကားတွေလို ခါးကုန်းပြီး
ဖွင့်ရတဲ့ ခလုတ်မျိုးလဲ မဟုတ်ဘူး။

ကားမျိုးစုံတွေဖောင်းပွပြီး စနစ်တကျ
မောင်းတတ်သူက ရှားပါးလာတော့
ကြုံရာကျဘမ်း ကြုံသလို ခပ်တည်တည်
နဲ့ ဂွေတက်ကိုင် ကြတော့တယ် ။
ဂွေသာတက်ကိုင်တာအချက်ပြ ခလုတ်
ကိုတော့ ကိုင်ရကောင်းမှန်းမသိကြဘူး။
ဘာပညာသားမှ မပါတဲ့အလုပ် ။

ဝမ်းရေးပူစာကြပ်တည်းလို့ တက်ဖြဲရင်လဲ
ယာဉ်/လမ်းစည်းကမ်း မလိုက်နာချင်နေ။
အများသုံး လမ်း ဖြစ်နေတာကြောင့်
"ယာဉ်မောင်း ကျင့်ဝတ်"ဆိုတာကို
နားမလည်ချင်ယောင် ဆောင်ပြီးတော့
ဂွေတက်ကိုင်နေကြလို့ မရသေးဘူး ။

ကျနော့်ရဲ့ ယာဉ်မောင်းသက်တမ်း
အနှစ် ၃၀ ကျော် အတွင်းမှာ လူကအစ
ပုရွက်ဆိတ်အဆုံးအကုန်တိုက်ခဲ့ဖူးတယ်
ပြဌာန်းစည်းကမ်းအားလုံးနီးပါး ချိုးဖေါက်
ခဲဖူးတယ် ။ သို့သော်ငြားလည်း ကျနော်
မလုပ်ဖူးတာ ၂ မျိုး တော့ ရှိတယ် ။
ယာဉ်မောင်းကျင့်ဝတ် မလိုက်နာခြင်း နဲ့
အချက်ပြမီး မပြပဲ ချိုးကွေ့ခြင်း။

ဗမာလို ပြောရရင်
မိမိ ဘယ်ကွေ့ ညာကွေ့ ခြင်းကို
တစ်လောကလုံး သိသာစေရန် နဲ့
အန္တရာယ် ကင်းဝေးစေရန် ကြိုတင်
မောင်းခတ် ကြေငြာ အသိပေးတဲ့ မီး။
မိမိဘာလုပ်မယ်ဆိုတာ ဘယ်သူမှ
အကြားအမြင်ပေါက်ပြီး ကြိုမသိနိုင်ဘူး။

လိုအပ်ရင် မီးပြရုံ မကပဲ လက် /
ခြေထောက် / ခေါင်း တွေပါ
ထုတ်ပြပေး လိုက်တယ် ။

မတတ်သာလို့ သောက်တစ်လွဲ
မောင်းလိုက်ရတဲ့ အခိုက်အတန့်
ယာဉ်မောင်းတိုင်းမှာ ရှိဖူးပါတယ်
မိမိ သောက်တစ်လွဲ လုပ်တော့မယ်
ဆိုရင်လည်း မိမိ သောက်တစ်လွဲ
လုပ်တော့မယ့် သင်္ကေတလေးတော့
ပြပေး ထား လိုက်ရသေးတယ် ။

ဘီးလှိမ့်ပြီး ဖုံးတစ်ဖက်နဲ့
အိမ်လိပ်စာရှာ လမ်းရှာ နေတဲ့ကားက
"စုံမီး" Hazard Light လေးရိုက်ပြထားရင်
ထိုင်ပြီး ကန်တော့ချင်လောက်အောင်
ကျေးဇူး တင်မိတယ် ။

Writer by
Bluish Cloud

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html