ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအဲကွန်း အခန်း(၆) Evaporator ခေါ် အအေးကွိုင်အကြောင်း

ညီလေးတို့အတွက် ကားအဲကွန်း အခန်း(၆)

#Chapter(6)
#Evaporator ခေါ် အအေးကွိုင်အကြောင်း

Expansion valve ကနေဖြတ်သန်းပြီးရောက်လာတဲ့ ဖိအားနိမ့်အပူချိန်နိမ့်(<40'F)ထက်နိမ်တဲ့
အဲကွန်းဂက်စ်အရည်အခြေအနေ(Low pressure and low temperature liquid) ဟာ Evporator ခေါ်အအေးကွိုင်ထဲကို ရောက်ရှိလာပါတယ်။
အဲဒီအခါ Evporator ထဲက အေးနေတဲ့
အဲကွန်း ဂက်စ်အရည်ဟာ
ကားသေးဆိုDashboard ထဲမှာရှိတဲ့၊
ကားကြီးဆိုရင် အမိုးထဲမှာထားလေ့ရှိတဲ့ Evaporator Blower ကနေအခန်းထဲက စုပ်ယူလို့ Evporator ကွိုင်ကိုဖြတ်သွားတဲ့ လေထဲက အပူကို စုပ်ယူပြီး ဆူပွက်လို့ အရည်ကနေအငွေ့အဖြစ်ပြောင်းသွားပါတယ်။အပူကိုစုပ်လိုက်ပေမယ့်
စုပ်လိုက်တဲ့အပူကို အရည်အခြေအနေကနေ အငွေ့အဖြစ်ပြောင်းရာမှာသုံးလိုက်ရလို့(Latent heat of Vapourization)ကြောင့်
အပူချိန်အနေနဲ့ကတော့ Expansion valve ကဝင်လာတုန်းကနဂိုအခြေထက်အပြောင်းအလဲသိပ်မရှိပါဘူး။ဒါပေမယ့်အခန်းထဲကအပူကတော့ အငွေ့အခြေအနေနဲ့အတူ စုပ်ယူပြီးပါလာပါတယ်။အဲဒါကြောင့်
အခန်းထဲကနေ Blower ကစုပ်ယူပြီး အအေးကွိုင်ကိုဖြတ်လိုက်တဲ့အခါ ပါလာတဲ့အပူတွေကို
အအေးကွိုင်ထဲက အဲကွန်းဂက်စ် ကစုပ်လိုက်လို့
အအေးကွိုင်ကိုဖြတ်သန်းပြီးတဲ့အခါ အေးမြတဲ့
လေအဖြစ် အခန်းထဲကို ရောက်ရှိသွားတာပါ။
အဲဒါကိုပဲ လေးအေးပေးတယ်၊ လေအေးပေးစက်ဆိုပြီးပြောကြတာပါ။

အဓိကမှတ်ရမှာကတော့ အအေးကွိုင်လို့ခေါ်တဲ့
Evaporator ထဲမှာ Blower မော်တာတခုရယ်၊
Expansion valve ကလာမယ့် ဖိအားနိမ့်
အဲကွန်းဂက်စ် အရည် ဖြတ်သန်းမယ့်
အလူမီနီယမ်ကွိုင်ရယ် ပါဝင်ပြီး အခန်းထဲကလေကို
Blower ကစုပ်ယူပြီး အအေးကွိုင်ကိုဖြတ်မယ်
လေထဲကအပူကို ကွိုင်ထဲက ဂက်စ်အရည်ကစုပ်ပြီး
အငွေ့ဖြစ်သွားတယ်ဆိုတာမှတ်ထားဖို့ပါပဲ။
အဲဒီအချိန်မှာ အခန်းထဲက လာတဲ့ပူတဲ့လေနဲ့
အအေးကွိုင်တို့ထိတွေတဲ့အခါ အခန်းထဲကလေနဲ့အတူပါလာတဲ့ ရေခိုးရေငွေ့တွေဟာ
ရေအဖြစ်ပြောင်းသွားပြီး အအေးကွိုင်ရဲ့
အပူဖြန့် ဆူးတောင်(Fin)တွေကတဆင့် ရေကျလာပါတယ်။ ဒါကိုချွေးကျတယ် ၊ Dew ကျတယ်လို့ခေါ်ကြပါတယ်။ အိမ်သုံးအဲကွန်းတွေမှာဆိုရင်တော့
အောက်ခံရေခံခွက် (Drain pan) ထဲကိုရောက်ပြီး
အပြင်ရေ ရေကျပေါက် (Drain pipe)ကတဆင့်ထုတ်ပစ်ရပါတယ်။ကားအဲကွန်းတွေမှာ လည်းထုတ်ပစ်ရပါတယ်။ အဲဒါကြောင့် ကားအဲကွန်းတွေ အဲကွန်းဖွင့်မောင်းရင် အောက်မှာရေအိုင်နေတာတွေ့ရမှာပါ။

ဒီနေရာမှာတခုမှတ်ထားသင့်တာက အဲကွန်းတွေရဲ့
အအေးကွိုင်က ရေမကျရင် အဲကွန်းမအေးဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

#ပြည်တွင်ဝင်ရောက်နေတဲ့ကားအဲကွန်းအများစုမှာသုံးတဲ့ Evaporator အမျိုးအစားတွေကတော့

#Serpentine Evaporator
#Plate & Fin laminated Evaporator ဆိုပြီး
နှစ်မျိုးအများဆုံးတွေ့ရပါတယ်။

#Serpentine Evaporator အမျိုးအစားကတော့
ရိုးရှင်းပါတယ်။ အလူမီနိယမ်ပိုက်ကိုခွေထားပြီး
အပေါ်မှာ ဆူးတောင်(Fin) သို့်မဟုတ် အလူမီနီယမ်အချောင်းလေးနဲ့ထိမ်းထားအပူကိုဖြန့်ထားပြီး ကွိုင်အခွေမပျက်အောင်ထိန်းထားတဲ့ပုံစံပါ။

#Plate & Fin Laminated. အမျိုးအစားကတော့
အဲကွန်းဂက်စ်ဖြတ်တဲ့ လမ်းကြောင်းကို ပိုက်ပုံစံထက်
အပြားပုံစံလမ်းကြောင်း လုပ်ထားပြီး အပူကို ဆူးတောင်တွေကရော၊ ပိုက်အပြားကိုယ်တိုင်ကပါ
ဖြန့်ပြီး စုပ်ယူပေးတဲ့ ပုံစံပါ။
ဒီအမျိုးအစားကတော့ Blower ကစုပ်ယူလိုက်တဲ့
အခန်းထဲကလေမှာပါလာတဲ့ အပူကိုစုပ်တဲ့
မျက်နှာပြင် ဧရိယာပိုကျယ်ပါတယ်။အဲကွန်းဂက်စ်
R-134a သုံး မော်တော်ယာဉ်များမှာအများဆုံးသုံးပါတယ်။
ကားလေးအဲကွန်းမှာတော့ ဒီအပိုင်းက Dashboard
ထဲမှာတပ်ဆင်ထားတာမလို့ ဖြုတ်ရတာ အရမ်းခက်ခဲတဲ့အစိတ်အပိုင်းတခုပါပဲ။ကားအဲကွန်းလောကမှာတော့ ကားမျိုးစုံရဲ့ Evaporator ကိုဖြုတ်တပ်ကျွမ်းကျင်ရင်၊ ကားအဲကွန်းရဲ့ လျှပ်စစ်စနစ်ကျွမ်းရင်
ကားအဲကွန်းကျွမ်းတယ်လို့တောင်ဆိုလေ့ရှိပါတယ်။

Credit to ကိုနန္ဒမိုး

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html